မန်ယူဂန္ထဝင် ဖာဂူဆန်နှင့် အိမ်နီးချင်း လီဗာပူးကြယ်ပွင့် အင်ဒီ ရောဘတ်ဆန်၏ ပေါင် ၃ သန်းတန် စံအိမ်

မန်ယူဂန္ထဝင် ဖာဂူဆန်နှင့် အိမ်နီးချင်း လီဗာပူးကြယ်ပွင့် အင်ဒီ ရောဘတ်ဆန်၏ ပေါင် ၃ သန်းတန် စံအိမ် - Property News in Myanmar from iMyanmarHouse.com
12 May 2022 11:29 am တွင် တင်ခဲ့သည်
1403 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပရီးမီးယားလိဂ်ဘောလုံးအသင်း လီဗာပူးခံစစ်မှူး အင်ဒီ ရောဘတ်ဆန်သည် ပေါင် ၃ ဒသမ ၃ သန်းတန် စံအိမ်ကို ဝယ်ယူခဲ့ရာတွင် မန်ချက်စတာ ယူနိုက်တက်အသင်း၏ ဂန္ထဝင်ကြီး ဆာအဲလက်စ် ဖာဂူဆန်နှင့် အိမ်နီးချင်းဖြစ်နေကြောင်း သိရသည်။

အင်ဒီရောဘတ်ဆန် (မွေး-၁၉၉၄) ၏ အမည်ရင်းမှာ အင်ဒရူး ဟင်နရီ ရောဘတ်ဆန်ဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် လီဗာပူး၏ နောက်တန်း ဝဲစွန် ခံစစ်မှူးဖြစ်ကာ စကော့တလန်အမျိုးသား ဘောလုံးအသင်း၏ အသင်းခေါင်းဆောင်လည်း ဖြစ်သည်။

အင်ဒီရောဘတ်ဆန်သည် ကမ္ဘာ့အကောင်းဆုံး နောက်တန်းဝဲစွန် ခံစစ်မှူးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံရသည်။

အင်ဒီရောဘတ်ဆန် သူ့လမ်းအတွင်း ပြောင်းရွှေ့လာမှုတွင် အိမ်နီးချင်းအသစ်သည် ဆူဆူညံညံမရှိသောသူတစ်ဦးဖြစ်လိမ့်မည်ဟု ဆာအဲလက်စ်ဖာဂူဆန်မှ မျှော်လင့်နေဖွယ်ရှိသည်။

အင်ဒီရောဘတ်ဆန်၏ နေအိမ်သည် မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကြီး၏အိမ်နှင့် များစွာမဝေးလှ။

(ဆာအဲလက်စ်ဖာဂူဆန်၏ လမ်းသို့ ပြောင်းရွှေ့ခဲ့သူ လီဗာပူခံစစ်မှူး အင်ဒီရောဘတ်ဆန်)

(ဖာဂူဆန်၏ စံအိမ်မှာ မန်ချက်စတာမြို့၏ တောင်ဘက် ၁၁ မိုင်အကွာ Wilmslow အမည်ရှိ ဈေးမြို့ကလေးတွင် တည်ရှိသည်)

မန်ချက်စတာယူနိုက်တက်နှင့် လီဗာပူးတို့မှာ ပြိုင်ဖက်ကြီးများဖြစ်သော်လည်း ဖာဂီနှင့် ရောဘတ်ဆန်တို့မှာ စကော့လူမျိုးများဖြစ်ကြရာ ပရီးမီးယားလိဂ်အကြောင်း စကားမစပ်လိုပါက စကော့တလန်နှင့် ပတ်သက်၍ စကားလက်ဆုံကျနိုင်သေးသည်။

Wilmslow မှ စိမ်းလန်းအုံ့ဆိုင်းသော လမ်းကလေးသို့ ပြောင်းရွှေ့ခဲ့သည်မှာ အင်ဒီရောဘတ်ဆန်အပြင် အခြား လီဗာပူးကြယ်ပွင့်တစ်ဦးလည်း ရှိသေးသည်။

လီဗာပူးကွင်းလယ်ကစားသမား အဲလက်စ် အော့စလေး ချိန်ဘလင် (Alex Oxlade-Chamberlain) နှင့် သူ၏ချစ်သူ Little Mix မိန်းကလေးဂီတအဖွဲ့မှ Perrie Edwards တို့လည်း ထိုလမ်းတွင်ပင် နေထိုင်ကြသည်။

ချိန်ဘလင်က ထိုလမ်းအတွင်းရှိ စံအိမ်တစ်လုံးကို ပြီးခဲ့သောနှစ် သြဂုတ်လအတွင်းက ပေါ့ပ်ကြယ်ပွင့် ချစ်သူနှင့်အတူ ပေါင် ၃ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဆာအဲလက်စ်ဖာဂူဆန်နှင့် အိမ်နီးချင်းများ ဖြစ်လာကြသည့်အပေါ် ပရိသတ်တစ်ဦးက ထင်မြင်ချက်ပေးရာတွင် ဖာဂူဆန်မှာ လူတိုင်းသိကြသည့်အတိုင်း ဘောလုံးဝါသနာအိုးဖြစ်သည်မှာ သေချာသော်လည်း Little Mix ၏ ဂီတကို သဘောကျ မကျမှာမူ မသေချာကြောင်း မှတ်ချက်ပြုသည်။

ဆာအဲလက်စ်က ၂၀၁၂ ခုနှစ်အတွင်း ထုတ်ဖော်ဝန်ခံခဲ့ဖူးသည်မှာ သူ့တွင် ဖရန့် စီနာထရာ၊ နတ်ကင်းကိုးလ်နှင့် ဝီလီ နယ်လ်ဆင်တို့၏ နာမည်ကြီးတေးများ အပြည့်ထည့်ထားသည့် iPod တစ်ခုရှိကြောင်း ဝန်ခံခဲ့ဖူးသည်။

(လီဗာပူးကြယ်ပွင့် ၂ ဦး နှစ်သက်ကြသည့် Wilmslow ၏ အလှတရား)

အင်ဒီ ရောဘတ်ဆန်သည် ၂၀၁၇ ခုနှစ်အတွင်း ဟူးလ်စီးတီးမှ လီဗာပူးသို့ ပေါင် ၁၀ သန်းဖြင့် ရွှေ့ပြောင်းခဲ့အပြီး သူ၏ ဘောလုံးသမားဘဝမှာ ထိုးတက်သွားသည်။

သူသည် မန်နေဂျာ ယာဂန်ကလော့၏ ပထမပွဲထွက်စာရင်းတွင် ပါဝင်သူတစ်ဦးအမြဲဖြစ်ပြီး ဥရောပ၏ အကောင်းဆုံး နောက်တန်းဝဲအစွန်လူများထဲတွင် တစ်ဦးဖြစ်သည်။

မန်ယူဂန္ထဝင်ကြီး ဖာဂီသည် သူ့အိမ်ဝန်းကျင်တွင် ဆူညံပူညံဖြစ်ခြင်းမျိုး မနှစ်မြို့ချေ။

မကြာသေးမီ နှစ်များက သူ့အိမ်အနီးတွင် ၂ ထပ်အိမ်ကို ဖြိုဖျက်ကာ ၃ ထပ်အိမ်ဆောက်လုပ်ရန် စီစဉ်မှုကို ဖာဂူဆန်က တရားရုံးသို့ တိုင်ကြားသည်အထိ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ဖူးသည်။

(ယခုအခါ ဘောလုံးကြယ်ပွင့် ၃ ဦး၏ စံအိမ်များမှာ တစ်ဦးနှင့်တစ်ဦး ခဲတစ်ပစ်စာ အကွာအဝေးသာ ရှိကြသည်။)

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Liverpool ace Andy Robertson becomes neighbours with Man Utd legend Sir Alex Ferguson after £3.3m mansion purchase (thesun)

 

[Zawgyi]

မန္ယူဂႏၳဝင္ ဖာဂူဆန္ႏွင့္ အိမ္နီးခ်င္း လီဗာပူးၾကယ္ပြင့္ အင္ဒီ ေရာဘတ္ဆန္၏ ေပါင္ ၃ သန္းတန္ စံအိမ္

ပရီးမီးယားလိဂ္ေဘာလံုးအသင္း လီဗာပူးခံစစ္မွဴး အင္ဒီ ေရာဘတ္ဆန္သည္ ေပါင္ ၃ ဒသမ ၃ သန္းတန္ စံအိမ္ကို ဝယ္ယူခဲ့ရာတြင္ မန္ခ်က္စတာ ယူႏိုက္တက္အသင္း၏ ဂႏၳဝင္ၾကီး ဆာအဲလက္စ္ ဖာဂူဆန္ႏွင့္ အိမ္နီးခ်င္းျဖစ္ေနေၾကာင္း သိရသည္။

အင္ဒီေရာဘတ္ဆန္ (ေမြး-၁၉၉၄) ၏ အမည္ရင္းမွာ အင္ဒရူး ဟင္နရီ ေရာဘတ္ဆန္ျဖစ္ျပီး ပရီးမီးယားလိဂ္ကလပ္ လီဗာပူး၏ ေနာက္တန္း ဝဲစြန္ ခံစစ္မွဴးျဖစ္ကာ စေကာ့တလန္အမ်ဳိးသား ေဘာလံုးအသင္း၏ အသင္းေခါင္းေဆာင္လည္း ျဖစ္သည္။

အင္ဒီေရာဘတ္ဆန္သည္ ကမၻာ့အေကာင္းဆံုး ေနာက္တန္းဝဲစြန္ ခံစစ္မွဴးမ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံရသည္။ အင္ဒီေရာဘတ္ဆန္ သူ႔လမ္းအတြင္း ေျပာင္းေရႊ႕လာမႈတြင္ အိမ္နီးခ်င္းအသစ္သည္ ဆူဆူညံညံမရွိေသာသူတစ္ဦးျဖစ္လိမ့္မည္ဟု ဆာအဲလက္စ္ဖာဂူဆန္မွ ေမွ်ာ္လင့္ေနဖြယ္ရွိသည္။

အင္ဒီေရာဘတ္ဆန္၏ ေနအိမ္သည္ မန္ခ်က္စတာယူႏိုက္တက္ ဂႏၳဝင္ၾကီး၏အိမ္ႏွင့္ မ်ားစြာမေဝးလွ။

(ဆာအဲလက္စ္ဖာဂူဆန္၏ လမ္းသို႔ ေျပာင္းေရႊ႕ခဲ့သူ လီဗာပူခံစစ္မွဴး အင္ဒီေရာဘတ္ဆန္)

(ဖာဂူဆန္၏ စံအိမ္မွာ မန္ခ်က္စတာျမိဳ႕၏ ေတာင္ဘက္ ၁၁ မိုင္အကြာ Wilmslow အမည္ရွိ ေစ်းျမိဳ႕ကေလးတြင္ တည္ရွိသည္)

မန္ခ်က္စတာယူႏိုက္တက္ႏွင့္ လီဗာပူးတုိ႔မွာ ျပိဳင္ဖက္ၾကီးမ်ားျဖစ္ေသာ္လည္း ဖာဂီႏွင့္ ေရာဘတ္ဆန္တို႔မွာ စေကာ့လူမ်ဳိးမ်ားျဖစ္ၾကရာ ပရီးမီးယားလိဂ္အေၾကာင္း စကားမစပ္လိုပါက စေကာ့တလန္ႏွင့္ ပတ္သက္၍ စကားလက္ဆံုက်ႏိုင္ေသးသည္။

Wilmslow မွ စိမ္းလန္းအံု႔ဆိုင္းေသာ လမ္းကေလးသို႔ ေျပာင္းေရႊ႕ခဲ့သည္မွာ အင္ဒီေရာဘတ္ဆန္အျပင္ အျခား လီဗာပူးၾကယ္ပြင့္တစ္ဦးလည္း ရွိေသးသည္။

လီဗာပူးကြင္းလယ္ကစားသမား အဲလက္စ္ ေအာ့စေလး ခ်ိန္ဘလင္ (Alex Oxlade-Chamberlain) ႏွင့္ သူ၏ခ်စ္သူ Little Mix မိန္းကေလးဂီတအဖြဲ႔မွ Perrie Edwards တို႔လည္း ထိုလမ္းတြင္ပင္ ေနထိုင္ၾကသည္။

ခ်ိန္ဘလင္က ထိုလမ္းအတြင္းရွိ စံအိမ္တစ္လံုးကို ျပီးခဲ့ေသာႏွစ္ ၾသဂုတ္လအတြင္းက ေပါ့ပ္ၾကယ္ပြင့္ ခ်စ္သူႏွင့္အတူ ေပါင္ ၃ ဒသမ ၈ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဆာအဲလက္စ္ဖာဂူဆန္ႏွင့္ အိမ္နီးခ်င္းမ်ား ျဖစ္လာၾကသည့္အေပၚ ပရိသတ္တစ္ဦးက ထင္ျမင္ခ်က္ေပးရာတြင္ ဖာဂူဆန္မွာ လူတိုင္းသိၾကသည့္အတုိင္း ေဘာလံုးဝါသနာအိုးျဖစ္သည္မွာ ေသခ်ာေသာ္လည္း Little Mix ၏ ဂီတကို သေဘာက် မက်မွာမူ မေသခ်ာေၾကာင္း မွတ္ခ်က္ျပဳသည္။

ဆာအဲလက္စ္က ၂၀၁၂ ခုႏွစ္အတြင္း ထုတ္ေဖာ္ဝန္ခံခဲ့ဖူးသည္မွာ သူ႔တြင္ ဖရန္႔ စီနာထရာ၊ နတ္ကင္းကိုးလ္ႏွင့္ ဝီလီ နယ္လ္ဆင္တို႔၏ နာမည္ၾကီးေတးမ်ား အျပည့္ထည့္ထားသည့္ iPod တစ္ခုရွိေၾကာင္း ဝန္ခံခဲ့ဖူးသည္။

(လီဗာပူးၾကယ္ပြင့္ ၂ ဦး ႏွစ္သက္ၾကသည့္ Wilmslow ၏ အလွတရား)

အင္ဒီ ေရာဘတ္ဆန္သည္ ၂၀၁၇ ခုႏွစ္အတြင္း ဟူးလ္စီးတီးမွ လီဗာပူးသုိ႔ ေပါင္ ၁၀ သန္းျဖင့္ ေရႊ႕ေျပာင္းခဲ့အျပီး သူ၏ ေဘာလံုးသမားဘဝမွာ ထိုးတက္သြားသည္။

သူသည္ မန္ေနဂ်ာ ယာဂန္ကေလာ့၏ ပထမပြဲထြက္စာရင္းတြင္ ပါဝင္သူတစ္ဦးအျမဲျဖစ္ျပီး ဥေရာပ၏ အေကာင္းဆံုး ေနာက္တန္းဝဲအစြန္လူမ်ားထဲတြင္ တစ္ဦးျဖစ္သည္။

မန္ယူဂႏၳဝင္ၾကီး ဖာဂီသည္ သူ႔အိမ္ဝန္းက်င္တြင္ ဆူညံပူညံျဖစ္ျခင္းမ်ဳိး မႏွစ္ျမိဳ႕ေခ်။

မၾကာေသးမီ ႏွစ္မ်ားက သူ႔အိမ္အနီးတြင္ ၂ ထပ္အိမ္ကို ျဖိဳဖ်က္ကာ ၃ ထပ္အိမ္ေဆာက္လုပ္ရန္ စီစဥ္မႈကို ဖာဂူဆန္က တရားရံုးသို႔ တိုင္ၾကားသည္အထိ ျပင္းျပင္းထန္ထန္ ကန္႔ကြက္ခဲ့ဖူးသည္။

(ယခုအခါ ေဘာလံုးၾကယ္ပြင့္ ၃ ဦး၏ စံအိမ္မ်ားမွာ တစ္ဦးႏွင့္တစ္ဦး ခဲတစ္ပစ္စာ အကြာအေဝးသာ ရွိၾကသည္။)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Liverpool ace Andy Robertson becomes neighbours with Man Utd legend Sir Alex Ferguson after £3.3m mansion purchase (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service