ကမ္ဘာကျော်တို့၏ မအောင်မြင်မီနှင့် အောင်မြင်ပြီးနောက် နေထိုင်ကြသော နေအိမ်များ ကွာခြားပုံ

ကမ္ဘာကျော်တို့၏ မအောင်မြင်မီနှင့် အောင်မြင်ပြီးနောက် နေထိုင်ကြသော နေအိမ်များ ကွာခြားပုံ - Property News in Myanmar from iMyanmarHouse.com
10 May 2022 11:02 am တွင် တင်ခဲ့သည်
3075 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

TikTok ဗွီဒီယိုတစ်ခုတွင် ရီဟားနားနှင့် အမေရိကန်အဆိုတော်မလေး Ariana Grande တို့အပါအဝင် အကျော်အမော်တို့၏ မအောင်မြင်မီနှင့် အောင်မြင်ပြီးနောက် နေအိမ်များ အံ့ဖွယ်ကွာခြားပုံကို နှိုင်းယှဉ်ပြသထားရာ လူမှုကွန်ရက်အသုံးပြုသူတို့အကြား များစွာပျံ့နှံ့ဂယက်ရိုက်ခဲ့သည်။

CatherineTheCrazy အမည်ဖြင့် TikTok သုံးစွဲသူက မျှဝေခဲ့သော ဗွီဒီယိုဖိုင်တွင် ဆယ်လီတို့၏ မအောင်မြင်မီနှင့် အောင်မြင်ပြီးနေအိမ်များဟု caption ရေးသားကာ မျှဝေခဲ့ခြင်း ဖြစ်သည်။

ထိုအကျော်အမော်တို့၏ ဘဝပြောင်းလဲသွားမှုမှာ အံ့ဖွယ်ပင်။ သာမာန်နေအိမ်မျိုးမှသည် ရင်သပ်ရှုမောဖွယ် ရေကူးကန်ကြီးများနှင့် အချို့ဆိုလျှင် သီးသန့်လေယာဉ်ကွင်းပင် ပါဝင်သော ကြီးမားလှသည့် ခေတ်မီ စံအိမ်ကြီးများနှင့် နေထိုင်သည့်ဘဝမျိုးသို့ ပြောင်းလဲသွားကြသည်။

အောက်ပါတို့မှာ အံ့သြဖွယ်ရာ အကောင်းဆုံး ပြောင်းလဲသွားသူများဖြစ်ကြသည်။

(အမေရိကန် ရက်ပ်အဆိုတော် Eminem ၏ ကလေးဘဝနေအိမ်နှင့် အောင်မြင်ပြီး နောက်ပိုင်းနေအိမ်တို့မှာ မယုံနိုင်ဖွယ်အကောင်းဆုံး ကွာခြားသွားချက်ပင်။ ဝဲဘက်ပုံမှာ Eminem မအောင်မြင်မီကနေထိုင်ခဲ့သော Detroit မြို့မှ ရေချိုးခန်း ၁ ခန်းပါ နေအိမ်ဖြစ်ပြီး ယာဘက်ပုံမှာ အောင်မြင်ပြီးနောက်ပိုင်း နေထိုင်ခဲ့သော မီချီဂန်ပြည်နယ်၊ Rochester Hills မှ စံအိမ်ဖြစ်သည်။ အဆိုပါစံအိမ်ကို ၂၀၁၇ ခုနှစ်အတွင်း ပြန်လည်ရောင်းချခဲ့သည်။)

(Eminem သည် ၆ ဧကကျယ်ဝန်းသည့် စံအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ် သော်လည်း အရောင်းဈေးကွက်တင်ရာတွင် ကန်ဒေါ်လာ ၁ ဒသမ ၉ သန်းသာ ဈေးခေါ်ခဲ့သည်။)

(Eminem ၏ စံအိမ်တွင် အိပ်ခန်း ၅ ခန်းပါဝင်ပြီး ရေတံခွန်ပါသည့် ရေကူးကနှ်ကြီးတစ်ခုလည်း ရှိသည်။)

(Eminem ၏ စံအိမ်သည် ၁၉၈၆ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စတုရန်းပေ ၁၅၀၀ ကျယ်ဝန်းသည့် ၂ ထပ် ဖျော်ဖြေရေးခန်းမ၊ ရေချိုးခန်း ၈ ခန်းနှင့် ကား ၃ စင်းဆန့် ကားဂိုထောင်တစ်ခုလည်း ပါဝင်သည်)

(အဆိုတော် ရီဟားနား၏ ဘဝအပြောင်းအလဲမှာလည်း အံ့အားသင့်ဖွယ်ပင်။ မအောင်မြင်မီက ဘန်ဂလိုအိမ်ငယ်ကလေး (ဝဲပုံ) တွင် နေထိုင်ခဲ့ရရာမှ အောင်မြင်ပြီးနောက်ပိုင်း လော့စ်အိန်ဂျလိမြို့တွင် ကန်ဒေါ်လာ ၆ ဒသမ ၈ သန်းတန် ကြီးမားလှသော စံအိမ်ကြီး (ယာပုံ) တွင် နေထိုင်သည့် ဘဝမျိုးသို့ ပြောင်းလဲသွားသည်။ ရီဟားနား၏ စံအိမ်မှာ စတုရန်းပေ ၇၁၃၀ ရှိပြီး အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၈ ခန်း ပါဝင်သည်)

(ရီဟားနားသည် အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းဖြင့် ပြန်လည်ရောင်းချရာ ရောင်းမထွက် သောကြောင့် ၂၀၁၉ ခုနှစ်တွင် တစ်လလျှင် ကန်ဒေါ်လာ ၃၅၀၀၀ ဖြင့် အငှားချထားခဲ့သည်။)

(ရီဟားနား၏ စံအိမ်အတွင်း အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၈ ခန်းပါဝင်သည်။)

(ရီဟားနား၏ ဧည့်ခန်းတွင် တန်ဖိုးကြီး ကော်ဇော၊ တန်ဖိုးကြီးခုံတန်းများ၊ မီးလင်းဖိုတစ်ခုအပြင် ပီယာနိုတစ်လုံးလည်းရှိရာ တစ်နေ့တာ အလုပ်ပင်ပန်းခဲ့သမျှ အနားယူဖြေလျှော့နိုင်မည့်နေရာလည်း ဖြစ်သည်။)

(အမေရိကန်အဆိုတော်မလေး Ariana Grande သည် သူ၏ အသံ ၄ ပြန် သီဆိုနိုင်သည့် အသံရှိမှု (four-octace vocal range) ဖြင့် နာမည်ကျော်သူဖြစ်သည်။ Grande ကလေးဘဝက နေထိုင်ခဲ့သော နေအိမ်တွင် ရေကူးကန်တစ်ခုပါဝင်သည် (ဝဲပုံ) ။ သို့သော် အောင်မြင်ပြီးနောက်ပိုင်း နေထိုင်သည့်စံအိမ်နှင့် နှိုင်းယှဉ်လျှင် ကလေးဘဝနေအိမ်မှာ များစွာသေးငယ်သည်။)

(Grande ၏ နေအိမ်မှာ ကန်ဒေါ်လာ ၁၃ ဒသမ ၇ သန်း တန်ကြေးရှိသည်။ အဆိုပါ နေအိမ်မှတဆင့် လော့စ်အိန်ဂျလိမြို့ကြီး၏ မြင်ကွင်းကို မြင်ကွင်းကျယ် တွေ့မြင်နိုင်သည်။ ယခုမူ အဆိုပါစံအိမ်တွင် နေထိုင်ခြင်း မရှိတော့။ Montecito သို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။ )

( Grande ၏ စံအိမ်အတွင်း ကျန်းမာရေးလေ့ကျင့်ခန်းမ၊ ဝိုင်ပုလင်း ၃၀၀ ဆန့် သိုလှောင်ခန်းတို့ ပါဝင်သည်)

(Grande ၏ စံအိမ်တွင် ရင်သပ်ရှုမောဖွယ် ရှုခင်းများ ပိုင်ဆိုင်ထားသည့် အလွန်တရာ ကျယ်ဝန်းလှသော ရေကူးကန်ကြီးလည်း ရှိသည်)

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: From humble homes to massive mansions: Viral TikTok video reveals where stars such as Rihanna lived before they found fame (dailymail)

 

[Zawgyi]

 

ကမၻာေက်ာ္တို႔၏ မေအာင္ျမင္မီႏွင့္ ေအာင္ျမင္ျပီးေနာက္ ေနထုိင္ၾကေသာ ေနအိမ္မ်ား ကြာျခားပံု

TikTok ဗြီဒီယိုတစ္ခုတြင္ ရီဟားနားႏွင့္ အေမရိကန္အဆိုေတာ္မေလး Ariana Grande တို႔အပါအဝင္ အေက်ာ္အေမာ္တို႔၏ မေအာင္ျမင္မီႏွင့္ ေအာင္ျမင္ျပီးေနာက္ ေနအိမ္မ်ား အံ့ဖြယ္ကြာျခားပံုကို ႏႈိင္းယွဥ္ျပသထားရာ လူမႈကြန္ရက္အသံုးျပဳသူတို႔အၾကား မ်ားစြာပ်ံ႕ႏွံ႔ဂယက္ရိုက္ခဲ့သည္။

CatherineTheCrazy အမည္ျဖင့္ TikTok သံုးစြဲသူက မွ်ေဝခဲ့ေသာ ဗြီဒီယိုဖိုင္တြင္ ဆယ္လီတို႔၏ မေအာင္ျမင္မီႏွင့္ ေအာင္ျမင္ျပီးေနအိမ္မ်ားဟု caption ေရးသားကာ မွ်ေဝခဲ့ျခင္း ျဖစ္သည္။

ထိုအေက်ာ္အေမာ္တို႔၏ ဘဝေျပာင္းလဲသြားမႈမွာ အံ့ဖြယ္ပင္။ သာမာန္ေနအိမ္မ်ဳိးမွသည္ ရင္သပ္ရႈေမာဖြယ္ ေရကူးကန္ၾကီးမ်ားႏွင့္ အခ်ဳိ႕ဆိုလွ်င္ သီးသန္႔ေလယာဥ္ကြင္းပင္ ပါဝင္ေသာ ၾကီးမားလွသည့္ ေခတ္မီ စံအိမ္ၾကီးမ်ားႏွင့္ ေနထိုင္သည့္ဘဝမ်ဳိးသို႔ ေျပာင္းလဲသြားၾကသည္။

ေအာက္ပါတို႔မွာ အံ့ၾသဖြယ္ရာ အေကာင္းဆံုး ေျပာင္းလဲသြားသူမ်ားျဖစ္ၾကသည္။

(အေမရိကန္ ရက္ပ္အဆိုေတာ္ Eminem ၏ ကေလးဘဝေနအိမ္ႏွင့္ ေအာင္ျမင္ျပီး ေနာက္ပိုင္းေနအိမ္တို႔မွာ မယံုႏိုင္ဖြယ္အေကာင္းဆံုး ကြာျခားသြားခ်က္ပင္။ ဝဲဘက္ပံုမွာ Eminem မေအာင္ျမင္မီကေနထိုင္ခဲ့ေသာ Detroit ျမိဳ႕မွ ေရခ်ဳိးခန္း ၁ ခန္းပါ ေနအိမ္ျဖစ္ျပီး ယာဘက္ပံုမွာ ေအာင္ျမင္ျပီးေနာက္ပိုင္း ေနထိုင္ခဲ့ေသာ မီခ်ီဂန္ျပည္နယ္၊ Rochester Hills မွ စံအိမ္ျဖစ္သည္။ အဆိုပါစံအိမ္ကို ၂၀၁၇ ခုႏွစ္အတြင္း ျပန္လည္ေရာင္းခ်ခဲ့သည္။)

(Eminem သည္ ၆ ဧကက်ယ္ဝန္းသည့္ စံအိမ္ကို ကန္ေဒၚလာ ၄ ဒသမ ၈ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ ေသာ္လည္း အေရာင္းေစ်းကြက္တင္ရာတြင္ ကန္ေဒၚလာ ၁ ဒသမ ၉ သန္းသာ ေစ်းေခၚခဲ့သည္။)

(Eminem ၏ စံအိမ္တြင္ အိပ္ခန္း ၅ ခန္းပါဝင္ျပီး ေရတံခြန္ပါသည့္ ေရကူးကန္ွၾကီးတစ္ခုလည္း ရွိသည္။)

(Eminem ၏ စံအိမ္သည္ ၁၉၈၆ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး စတုရန္းေပ ၁၅၀၀ က်ယ္ဝန္းသည့္ ၂ ထပ္ ေဖ်ာ္ေျဖေရးခန္းမ၊ ေရခ်ဳိးခန္း ၈ ခန္းႏွင့္ ကား ၃ စင္းဆန္႔ ကားဂိုေထာင္တစ္ခုလည္း ပါဝင္သည္)

(အဆိုေတာ္ ရီဟားနား၏ ဘဝအေျပာင္းအလဲမွာလည္း အံ့အားသင့္ဖြယ္ပင္။ မေအာင္ျမင္မီက ဘန္ဂလိုအိမ္ငယ္ကေလး (ဝဲပံု) တြင္ ေနထုိင္ခဲ့ရရာမွ ေအာင္ျမင္ျပီးေနာက္ပိုင္း ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ ကန္ေဒၚလာ ၆ ဒသမ ၈ သန္းတန္ ၾကီးမားလွေသာ စံအိမ္ၾကီး (ယာပံု) တြင္ ေနထုိင္သည့္ ဘဝမ်ဳိးသို႔ ေျပာင္းလဲသြားသည္။ ရီဟားနား၏ စံအိမ္မွာ စတုရန္းေပ ၇၁၃၀ ရွိျပီး အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၈ ခန္း ပါဝင္သည္)

(ရီဟားနားသည္ အဆိုပါစံအိမ္ကို ကန္ေဒၚလာ ၇ ဒသမ ၅ သန္းျဖင့္ ျပန္လည္ေရာင္းခ်ရာ ေရာင္းမထြက္ ေသာေၾကာင့္ ၂၀၁၉ ခုႏွစ္တြင္ တစ္လလွ်င္ ကန္ေဒၚလာ ၃၅၀၀၀ ျဖင့္ အငွားခ်ထားခဲ့သည္။)

(ရီဟားနား၏ စံအိမ္အတြင္း အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၈ ခန္းပါဝင္သည္။)

(ရီဟားနား၏ ဧည့္ခန္းတြင္ တန္ဖိုးၾကီး ေကာ္ေဇာ၊ တန္ဖိုးၾကီးခံုတန္းမ်ား၊ မီးလင္းဖိုတစ္ခုအျပင္ ပီယာႏိုတစ္လံုးလည္းရွိရာ တစ္ေန႔တာ အလုပ္ပင္ပန္းခဲ့သမွ် အနားယူေျဖေလွ်ာ့ႏိုင္မည့္ေနရာလည္း ျဖစ္သည္)

(အေမရိကန္အဆိုေတာ္မေလး Ariana Grande သည္ သူ၏ အသံ ၄ ျပန္ သီဆိုႏိုင္သည့္ အသံရွိမႈ (four-octace vocal range) ျဖင့္ နာမည္ေက်ာ္သူျဖစ္သည္။ Grande ကေလးဘဝက ေနထိုင္ခဲ့ေသာ ေနအိမ္တြင္ ေရကူးကန္တစ္ခုပါဝင္သည္ (ဝဲပံု) ။ သို႔ေသာ္ ေအာင္ျမင္ျပီးေနာက္ပိုင္း ေနထိုင္သည့္စံအိမ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ ကေလးဘဝေနအိမ္မွာ မ်ားစြာေသးငယ္သည္။)

(Grande ၏ ေနအိမ္မွာ ကန္ေဒၚလာ ၁၃ ဒသမ ၇ သန္း တန္ေၾကးရွိသည္။ အဆိုပါ ေနအိမ္မွတဆင့္ ေလာ့စ္အိန္ဂ်လိျမိဳ႕ၾကီး၏ ျမင္ကြင္းကို ျမင္ကြင္းက်ယ္ ေတြ႔ျမင္ႏိုင္သည္။ ယခုမူ အဆိုပါစံအိမ္တြင္ ေနထိုင္ျခင္း မရွိေတာ့။ Montecito သို႔ ေျပာင္းေရႊ႕သြားျပီ ျဖစ္သည္။ )

( Grande ၏ စံအိမ္အတြင္း က်န္းမာေရးေလ့က်င့္ခန္းမ၊ ဝိုင္ပုလင္း ၃၀၀ ဆန္႔ သိုေလွာင္ခန္းတို႔ ပါဝင္သည္)

(Grande ၏ စံအိမ္တြင္ ရင္သပ္ရႈေမာဖြယ္ ရႈခင္းမ်ား ပိုင္ဆိုင္ထားသည့္ အလြန္တရာ က်ယ္ဝန္းလွေသာ ေရကူးကန္ၾကီးလည္း ရွိသည္)

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: From humble homes to massive mansions: Viral TikTok video reveals where stars such as Rihanna lived before they found fame (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service