ဗန်ဒိန်း၏ ကနေဒါတိုက်ခန်း ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ရောင်းမည်

ဗန်ဒိန်း၏ ကနေဒါတိုက်ခန်း ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
4 May 2022 11:46 am တွင် တင်ခဲ့သည်
1232 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တည်နေရာ- ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့

ဈေးနှုန်း- ကနေဒါဒေါ်လာ ၈ ဒသမ ၂၈ သန်း (ကန်ဒေါ်လာ ၆ ဒသမ ၅၂ သန်း)

အက်ရှင်ကြယ်ပွင့် ယန်း ကလော့ ဗန်ဒိန်း (Jean-Claude Van Damme) ၏ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ တိုက်ခန်းသည် One Wall Center အဆောက်အအုံ ၃၆ ထပ်တွင် တည်ရှိပြီး ပင်လယ်၊ ဗန်ကူးဗားမြို့နှင့် တောင်တန်းရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၇ ခန်းပါဝင်သော ဗန်ကူးဗားမြို့လယ် ကွန်ဒိုခန်းကို အက်ရှင်ကြယ်ပွင့် ယန်း ကလော့ ဗန်ဒိန်း တချိန်က ပိုင်ဆိုင်ခဲ့ဖူးသည်။

၂၀၀၂ ခုနှစ်တွင် One Wall Tower ကွန်ဒို ဆောက်လုပ်ပြီးချိန်၌ ဝယ်ယူခဲ့ကြသူများတွင် ဗန်ဒိန်းလည်း ပါဝင်ခဲ့သည်။

“သူက အခန်း ၃ ခန်းကို ပေါင်းစပ်လိုက်ပြီး သူလိုချင်တဲ့ပုံစံအတိုင်း မွမ်းမံခဲ့ပါတယ်။ ဒီမှာ နှစ်အနည်းငယ် နေထိုင်သွားတယ်”ဟု ဗန်ဒိန်း၏ ကွန်ဒိုခန်းကို အရောင်းဈေးကွက်တင်ပေးသည့် Christie’s International Real Estate မှ အကျိုးဆောင် Boris Yip က ပြောသည်။

စတုရန်းပေ ၄၆၇၄ ပေရှိကာ ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသည့် ပြတင်းများတပ်ဆင်ထားရာ မြို့၏ ကောင်းကင်ရှုခင်းများ ပိုင်ဆိုင်ထားသည်။ နှစ်ဖက်ဖွင့် လျှပ်စစ်မီးလင်းဖိုတစ်ခုက ဧည့်ခန်းနှင့် ညစာစားခန်းကို ပိုင်းခြားပေးထားသည်။

“မစ္စတာဗန်ဒိန်းက ဒီဇိုင်နာတစ်ယောက်နဲ့ ပူးတွဲပုံဖော်ခဲ့တာဖြစ်တဲ့အတွက် အခန်းတိုင်းကို အလွယ်တကူ ခွဲခြားသိနိုင်ပါတယ်” ဟု မစ္စတာ Yip က ပြောသည်။

မီးဖိုဆောင်အတွင်း Viking ရေခဲသေတ္တာ၊ Viking Ultraline အမျိုးအစား built-in oven တစ်ခု၊ မိုက္ကရိုဝေ့ဗ်မီးဖိုတို့ ပါဝင်သည်။

မီးဖိုဆောင်သို့ သီးခြားဝင်ပေါက်တစ်ခုလည်းရှိရာ စားဖိုမှူးများ၊ အစားအသောက်စီစဉ်သူများအတွက် လူသူမသိဘဲ ဝင်ရောက်နိုင်မည် ဖြစ်သည်။

စိတ်ကြိုက်ဆောက်လုပ်ထားသည့် နံရံကပ်ဗီရိုများတွင် ပစ္စည်းပစ္စယများပြားစွာ ထားသို သိမ်းဆည်းနိုင်မည် ဖြစ်သည်။

ကွန်ဒိုခန်းတွင် ကွဲပြားသည့်ခံစားမှု ပေးစွမ်းသော ဒုတိယမြောက် ဧည့်ခန်းတစ်ခန်းလည်း ပါဝင်ကြောင်း၊ ထို့အပြင် အရက်ဘားတစ်ခုနှင့် မီဒီယာနေရာတို့လည်း ပါဝင်ကြောင်း မစ္စတာ Yip က ပြောသည်။

“တကယ်ကို လှပတဲ့ ပင်လယ်ရေပြင်ရှုမျှော်ခင်းပိုင်ဆိုင်ထားပြီး မြောက်ဘက်ကို ကြည့်မယ်ဆိုရင် English Bay ကို တွေ့မြင်ရမှာဖြစ်ပါတယ်”

English Bay တွေင် နှစ်စဉ် ဇူလိုင်လသို့ ရောက်လျှင် မီးရှုးမီးပန်းပွဲတော် ကျင်းပလေ့ရှိရာ ပွဲတော်မှလွှတ်တင်သော မီးရှုးမီးပန်းများကို ကောင်းကင်မြင်ကွင်းမှ တွေ့မြင်ရမည် ဖြစ်သည်။

“နှစ်တိုင်း မိတ်ဆွေသူငယ်ချင်းတွေကိုပါ အိမ်လည်ခေါ်ပြီး ဒီပွဲတော်ကို ကြည့်ရှုခံစားလို့ရပါတယ်။ သိပ်လှတဲ့ မြင်ကွင်းပါ”

ပင်မအိပ်ခန်းမှာ အလွန်ကြီးမားကျယ်ဝန်းသည့်အခန်းကြီးဖြစ်ပြီး လမ်းလျှောက်ဝင်နိုင်သည့် အဝတ်အစားထားသိုခန်း၊ ဓာတ်ငွေ့သုံး မီးလင်းဖို၊ ရွှေအစင်းဖောက် စကျင်ကျောက်ပြားခင်း ရေချိုးခန်းတို့ ပါဝင်သည်။

ဗန်ဒိန်း၏ အမည်ရင်းမှာ ယန်း ကလော့ဒီ ကမီလီ ဖရန်ဆွာ ဗန် ဗာရန်ဘာ့ဂျ်ဖြစ်ပြီး အနုပညာအမည်မှာ ယန်း ကလော့ဒီ ဗန်ဒိန်းဖြစ်ကာ JCVD ဟု အတိုကောက်ခေါ်ကြသည်။

၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၈ ရက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် မွေးဖွားသည်။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် အထင်ရှားဆုံးဇာတ်ကားများမှာ Bloodsport (၁၉၈၈), Kickboxer (၁၉၈၉), Lionheart (၁၉၉၀), Double Impact (၁၉၉၁), Universal Soldier (၁၉၉၂), Hard Target (၁၉၉၃), Street Fighter (၁၉၉၄), Timecop (၁၉၉၄), Sudden Death (၁၉၉၅), JCVD (၂၀၀၈) နှင့် The Expendables 2 (၂၀၁၂) တို့ ဖြစ်ကြသည်။

(ဆက်စပ်သတင်း)

https://www.imyanmarhouse.com/news/read/692493

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jean-Claude Van Damme’s Former Vancouver Apartment Has Ocean, City and Mountain Views (mansionglobal)

 

 

[Zawgyi]

ဗန္ဒိန္း၏ ကေနဒါတိုက္ခန္း ကန္ေဒၚလာ ၆ သန္းေက်ာ္ျဖင့္ ေရာင္းမည္

တည္ေနရာ- ကေနဒါႏိုင္ငံ၊ ဗန္ကူးဗားျမိဳ႕

ေစ်းႏႈန္း- ကေနဒါေဒၚလာ ၈ ဒသမ ၂၈ သန္း (ကန္ေဒၚလာ ၆ ဒသမ ၅၂ သန္း)

အက္ရွင္ၾကယ္ပြင့္ ယန္း ကေလာ့ ဗန္ဒိန္း (Jean-Claude Van Damme) ၏ ကေနဒါႏိုင္ငံ၊ ဗန္ကူးဗားျမိဳ႕ တိုက္ခန္းသည္ One Wall Center အေဆာက္အအံု ၃၆ ထပ္တြင္ တည္ရွိျပီး ပင္လယ္၊ ဗန္ကူးဗားျမိဳ႕ႏွင့္ ေတာင္တန္းရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၇ ခန္းပါဝင္ေသာ ဗန္ကူးဗားျမိဳ႕လယ္ ကြန္ဒိုခန္းကို အက္ရွင္ၾကယ္ပြင့္ ယန္း ကေလာ့ ဗန္ဒိန္း တခ်ိန္က ပိုင္ဆိုင္ခဲ့ဖူးသည္။ ၂၀၀၂ ခုႏွစ္တြင္ One Wall Tower ကြန္ဒို ေဆာက္လုပ္ျပီးခ်ိန္၌ ဝယ္ယူခဲ့ၾကသူမ်ားတြင္ ဗန္ဒိန္းလည္း ပါဝင္ခဲ့သည္။

“သူက အခန္း ၃ ခန္းကို ေပါင္းစပ္လိုက္ျပီး သူလိုခ်င္တဲ့ပံုစံအတိုင္း မြမ္းမံခဲ့ပါတယ္။ ဒီမွာ ႏွစ္အနည္းငယ္ ေနထိုင္သြားတယ္”ဟု ဗန္ဒိန္း၏ ကြန္ဒိုခန္းကို အေရာင္းေစ်းကြက္တင္ေပးသည့္ Christie’s International Real Estate မွ အက်ဳိးေဆာင္ Boris Yip က ေျပာသည္။

စတုရန္းေပ ၄၆၇၄ ေပရွိကာ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားသည့္ ျပတင္းမ်ားတပ္ဆင္ထားရာ ျမိဳ႕၏ ေကာင္းကင္ရႈခင္းမ်ား ပိုင္ဆိုင္ထားသည္။ ႏွစ္ဖက္ဖြင့္ လွ်ပ္စစ္မီးလင္းဖိုတစ္ခုက ဧည့္ခန္းႏွင့္ ညစာစားခန္းကို ပိုင္းျခားေပးထားသည္။

“မစၥတာဗန္ဒိန္းက ဒီဇိုင္နာတစ္ေယာက္နဲ႔ ပူးတြဲပံုေဖာ္ခဲ့တာျဖစ္တဲ့အတြက္ အခန္းတိုင္းကို အလြယ္တကူ ခြဲျခားသိႏိုင္ပါတယ္” ဟု မစၥတာ Yip က ေျပာသည္။

မီးဖိုေဆာင္အတြင္း Viking ေရခဲေသတၱာ၊ Viking Ultraline အမ်ဳိးအစား built-in oven တစ္ခု၊ မိုကၠရိုေဝ့ဗ္မီးဖိုတို႔ ပါဝင္သည္။

မီးဖိုေဆာင္သို႔ သီးျခားဝင္ေပါက္တစ္ခုလည္းရွိရာ စားဖိုမွဴးမ်ား၊ အစားအေသာက္စီစဥ္သူမ်ားအတြက္ လူသူမသိဘဲ ဝင္ေရာက္ႏိုင္မည္ ျဖစ္သည္။

စိတ္ၾကိဳက္ေဆာက္လုပ္ထားသည့္ နံရံကပ္ဗီရိုမ်ားတြင္ ပစၥည္းပစၥယမ်ားျပားစြာ ထားသို သိမ္းဆည္းႏိုင္မည္ ျဖစ္သည္။

ကြန္ဒိုခန္းတြင္ ကြဲျပားသည့္ခံစားမႈ ေပးစြမ္းေသာ ဒုတိယေျမာက္ ဧည့္ခန္းတစ္ခန္းလည္း ပါဝင္ေၾကာင္း၊ ထို႔အျပင္ အရက္ဘားတစ္ခုႏွင့္ မီဒီယာေနရာတို႔လည္း ပါဝင္ေၾကာင္း မစၥတာ Yip က ေျပာသည္။

“တကယ္ကို လွပတဲ့ ပင္လယ္ေရျပင္ရႈေမွ်ာ္ခင္းပိုင္ဆိုင္ထားျပီး ေျမာက္ဘက္ကို ၾကည့္မယ္ဆိုရင္ English Bay ကို ေတြ႔ျမင္ရမွာျဖစ္ပါတယ္”

English Bay ေတြင္ ႏွစ္စဥ္ ဇူလိုင္လသို႔ ေရာက္လွ်င္ မီးရႈးမီးပန္းပြဲေတာ္ က်င္းပေလ့ရွိရာ ပြဲေတာ္မွလႊတ္တင္ေသာ မီးရႈးမီးပန္းမ်ားကို ေကာင္းကင္ျမင္ကြင္းမွ ေတြ႔ျမင္ရမည္ ျဖစ္သည္။

“ႏွစ္တိုင္း မိတ္ေဆြသူငယ္ခ်င္းေတြကိုပါ အိမ္လည္ေခၚျပီး ဒီပြဲေတာ္ကို ၾကည့္ရႈခံစားလို႔ရပါတယ္။ သိပ္လွတဲ့ ျမင္ကြင္းပါ”

ပင္မအိပ္ခန္းမွာ အလြန္ၾကီးမားက်ယ္ဝန္းသည့္အခန္းၾကီးျဖစ္ျပီး လမ္းေလွ်ာက္ဝင္ႏိုင္သည့္ အဝတ္အစားထားသိုခန္း၊ ဓာတ္ေငြ႔သံုး မီးလင္းဖို၊ ေရႊအစင္းေဖာက္ စက်င္ေက်ာက္ျပားခင္း ေရခ်ဳိးခန္းတို႔ ပါဝင္သည္။

ဗန္ဒိန္း၏ အမည္ရင္းမွာ ယန္း ကေလာ့ဒီ ကမီလီ ဖရန္ဆြာ ဗန္ ဗာရန္ဘာ့ဂ္်ျဖစ္ၿပီး အႏုပညာအမည္မွာ ယန္း ကေလာ့ဒီ ဗန္ဒိန္းျဖစ္ကာ JCVD ဟု အတိုေကာက္ေခၚၾကသည္။

၁၉၆၀ ျပၫ့္ႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္တြင္ ဘယ္လ္ဂ်ီယမ္ႏိုင္ငံ၊ ဘရပ္ဆဲလ္ၿမိဳ႔တြင္ ေမြးဖြားသည္။

ရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာ ပါဝင္သရုပ္ေဆာင္ခဲ့သၫ့္အနက္ အထင္ရွားဆံုးဇာတ္ကားမ်ားမွာ Bloodsport (၁၉၈၈), Kickboxer (၁၉၈၉), Lionheart (၁၉၉၀), Double Impact (၁၉၉၁), Universal Soldier (၁၉၉၂), Hard Target (၁၉၉၃), Street Fighter (၁၉၉၄), Timecop (၁၉၉၄), Sudden Death (၁၉၉၅), JCVD (၂၀၀၈) ႏွင့္ The Expendables 2 (၂၀၁၂) တို႔ ျဖစ္ၾကသည္။

(ဆက္စပ္သတင္း)

https://www.imyanmarhouse.com/news/read/692493

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jean-Claude Van Damme’s Former Vancouver Apartment Has Ocean, City and Mountain Views (mansionglobal)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service