King Richard ဖြင့် အော်စကာဆု ရရှိသွားသူ ဝီလ်စမစ်၏ လော့စ်အိန်ဂျလိမှစံအိမ်

King Richard ဖြင့် အော်စကာဆု ရရှိသွားသူ ဝီလ်စမစ်၏ လော့စ်အိန်ဂျလိမှစံအိမ် - Property News in Myanmar from iMyanmarHouse.com
29 Mar 2022 12:30 pm တွင် တင်ခဲ့သည်
1904 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မတ်လ ၂၇ ရက်က ကျင်းပခဲ့သော ၉၄ ကြိမ်မြောက် အော်စကာဆုချီးမြှင့်ပွဲတွင် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို King Richard ဇာတ်ကားဖြင့် ဝီလ်စမစ်က ရရှိသွားရာ ပိုမိုအောင်မြင်သည့် သရုပ်ဆောင်တစ်ဦးဘဝသို့ ရောက်ရှိသွားသည်။

ဝီလ်စမစ်သည် အဆိုပါ ဆုပေးပွဲတွင် အခမ်းအနားတင်ဆက်သူ လူရွှင်တော် ခရစ္စရော့ခ်အား စင်ပေါ်တက်၍ ပါးရိုက်ခဲ့ရာ ကမ္ဘာတစ်ဝန်းဂယက်ရိုက်သွားခဲ့သည်။

ဟာသလူရွှင်တော် ခရစ္စရော့ခ်က ဝီလ်စမစ်၏ ဇနီး ဂျာဒါ ပင်ကက်စမစ်၏ ဆံပင်အပေါ် စင်ပေါ်မှတဆင့် လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။

ဂျာဒါပင်ကက်သည် ခန္ဓာကိုယ်ခုခံအားစနစ်ချွတ်ယွင်းမှုကြောင့် ဆံပင်ကျွတ်သည့် ရောဂါရရှိနေရာ ဆံပင်တိုနေခြင်းအပေါ် လူရွှင်တော် ခရစ္စရော့ခ်က “ဂျာဒါ...မင်းကို ချစ်တယ်။ ဒုတိယ GI Jane လေး။ မင်းကိုတွေ့ရဖို့ မစောင့်နိုင်တော့ဘူး” ဟု လှောင်ပြောင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပြောလိုက်ချိန်တွင် ပင်ကက်၏ ခင်ပွန်း ဝီလ်စမစ်က စင်ပေါ်သို့တက်သွားကာ ခရစ္စရော့ခ်၏ မျက်နှာကို ပါးရိုက်လိုက်ခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအတွင်း အော်စကာဆုပေးပွဲ ရုပ်သံလွှင့်နေမှုတွင် အသံပိုင်းဆိုင်ရာကို လျင်မြန်စွာ ပိတ်လိုက်သော်လည်း သြစတေးလျနှင့် ဂျပန်မှ ကြည့်ရှုနေသူများကမူ ဝီလ်စမစ်က ခရစ္စရော့ခ်အား ပြောလိုက်သည့် စကားသံကို ကြားလိုက်ကြရသည်။

“မင်းရဲ့ ေ×ာက်ပါးစပ်ကနေ ငါ့မိန်းမနာမည် မထွက်မိစေနဲ့” ဟု ပြောကာ ထိုးကြိတ်ခဲ့ခြင်း ဖြစ်သည်။

အော်စကာပွဲကို စောင့်ကြည့်သူ သန်းပေါင်းများစွာက ဝီလ်စမစ်၏ လုပ်ရပ်ကို ထောက်ခံပြောဆိုမှုများ ရှိသည်။

အော်စကာဆုရှင် ဝီလ်စမစ်နှင့် ဇနီးဖြစ်သူ ဂျာဒါပင်ကက်တို့ နေထိုင်သောစံအိမ်မှာ ကန်ဒေါ်လာ ၄၂ သန်း တန်ကြေးရှိသည်။

နာမည်ကျော်ကြယ်ပွင့်များ အခြေချရာ လော့စ်အိန်ဂျလိမြို့၊ ကာလာဘက်ဆက်စ်အရပ်တွင် တည်ရှိသည်။

အဆိုပါ စံအိမ်အကြောင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

(လော့စ်အိန်ဂျလိမြို့၊ Hidden Hills မှ စံအိမ်)

ဝီလ်စမစ်တို့ စုံတွဲသည် လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ်မှ စံအိမ်တစ်လုံးကိုလည်း ကန်ဒေါ်လာ ၁၁ ဒသမ ၃ သန်းဖြင့် ဝယ်ယူထားသေးသည်။ ၂၀၂၀ ပြည့်နှစ်ကမှ ဆောက်လုပ်ပြီးစီးခဲ့သည့်စံအိမ်ဖြစ်ပြီး စံအိမ်အကျယ်အဝန်းမှာ ၁၀၄၁၇ စတုရန်းပေအထိရှိသည်။

ခြံအကျယ်အဝန်း ၁ ဒသမ ၁၉ ဧကရှိပြီး နေအိမ်အတွင်း အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၇ ခန်း ပါဝင်သည်။

ဝီလ်စမစ်တို့စုံတွဲသည် အမေရိကန်ပြည်ထောင်စုတဝန်း နေအိမ်ပေါင်း အနည်းဆုံး ၈ လုံးခန့် ပိုင်ဆိုင်ထားသည်။

သို့တိုင်အောင် ဝီလ်စမစ်တို့စုံတွဲမှာ နေအိမ်များ ဆက်လက်ဝယ်ယူနေဆဲ ဖြစ်သည်။

Hidden Hills မှ စံအိမ်မှာ ဂိတ်ဝန်းခတ်ထားသော အိမ်ရာဝန်းတစ်ခုတွင် တည်ရှိပြီး ဒရိတ်ခ်၊ Kaley Cuoco တို့မှစကာ Kylie Jenner တို့အထိ နေထိုင်လျက်ရှိသောနေရာဖြစ်သည်။

အဆိုပါစံအိမ်ကြီးသည် ၂၀၂၀ ပြည့်နှစ် ဇွန်လကတည်းက အရောင်းဈေးကွက်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး မူလခေါ်ဈေး ကန်ဒေါ်လာ ၁၂ ဒသမ ၂ သန်းမှ ဒေါ်လာ ၁ သန်းနီးပါးလျှော့ဈေးဖြင့် ဝီလ်စမစ် ရလိုက်ခြင်း ဖြစ်သည်။

ခြံဝန်းအကျယ် ၁ ဒသမ ၂ ဧကရှိသော ခြံအတွင်းမှ ဆန်ဖာနန်ဒိုတောင်ကြား၏ ကျယ်ပြောသော ရှုမျှော်ခင်းများကို တွေ့မြင်ခံစားနိုင်သည်။

စံအိမ်အတွင်း ချက်ပြုတ်ခုံ ၂ ခုပါသည့် မီးဖိုဆောင်၊ အသံလုံ ရုပ်ရှင်ရုံ၊ အရက်ဘားပါဝင်သော ဂိမ်းကစားခန်း၊ ရေပန်းရေချိုးခန်းပါသော အားကစားလေ့ကျင့်ခန်းမ၊ အအေးပေးစနစ်ပါသော ဝိုင်သိုလှောင်ခန်း ထည့်သွင်းထားသည့် ညစာစားခန်းတို့ ပါဝင်သည်။

ဝီလ်စမစ်၏ နေအိမ် ၆ လုံးရှိ အိပ်ခန်း အားလုံးတွင် ကိုယ်ပိုင်ရေချိုးခန်း ပါဝင်ပြီး၊ မီးလင်းဖို၊ နားနေဆောင်၊ အဝတ်လဲခန်း ၂ ခု၊ နံရံမြှုပ်ရေခဲသေတ္တာနှင့် ကော်ဖီဘားတို့ ပါဝင်သည်။

ယခုစံအိမ်တွင် BBQ အကင်နေရာပါသည့် ဟင်းလင်းပြင် မီးဖိုဆောင်၊ ရေကူးကန်တို့လည်း ပါဝင်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Will Smith, Jada Pinkett Smith Pay $11.3 Million for All-New Hidden Hills Mansion(dirt.com)

 

 

[Zawgyi]

 

King Richard ျဖင့္ ေအာ္စကာဆု ရရွိသြားသူ ဝီလ္စမစ္၏ ေလာ့စ္အိန္ဂ်လိမွစံအိမ္

မတ္လ ၂၇ ရက္က က်င္းပခဲ့ေသာ ၉၄ ၾကိမ္ေျမာက္ ေအာ္စကာဆုခ်ီးျမွင့္ပြဲတြင္ အေကာင္းဆံုးအမ်ဳိးသား ဇာတ္ေဆာင္ဆုကို King Richard ဇာတ္ကားျဖင့္ ဝီလ္စမစ္က ရရွိသြားရာ ပိုမိုေအာင္ျမင္သည့္ သရုပ္ေဆာင္တစ္ဦးဘဝသို႔ ေရာက္ရွိသြားသည္။

ဝီလ္စမစ္သည္ အဆိုပါ ဆုေပးပြဲတြင္ အခမ္းအနားတင္ဆက္သူ လူရႊင္ေတာ္ ခရစၥေရာ့ခ္အား စင္ေပၚတက္၍ ပါး႐ိုက္ခဲ့ရာ ကမၻာတစ္ဝန္းဂယက္ရိုက္သြားခဲ့သည္။

ဟာသလူရႊင္ေတာ္ ခရစၥေရာ့ခ္က ဝီလ္စမစ္၏ ဇနီး ဂ်ာဒါ ပင္ကက္စမစ္၏ ဆံပင္အေပၚ စင္ေပၚမွတဆင့္ ေလွာင္ေျပာင္ခဲ့ျခင္းျဖစ္သည္။

ဂ်ာဒါပင္ကက္သည္ ခႏၶာကိုယ္ခုခံအားစနစ္ခၽြတ္ယြင္းမႈေၾကာင့္ ဆံပင္ကၽြတ္သည့္ ေရာဂါရရွိေနရာ ဆံပင္တိုေနျခင္းအေပၚ လူရႊင္ေတာ္ ခရစၥေရာ့ခ္က “ဂ်ာဒါ...မင္းကို ခ်စ္တယ္။ ဒုတိယ GI Jane ေလး။ မင္းကိုေတြ႔ရဖို႔ မေစာင့္ႏိုင္ေတာ့ဘူး” ဟု ေလွာင္ေျပာင္ခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ေျပာလိုက္ခ်ိန္တြင္ ပင္ကက္၏ ခင္ပြန္း ဝီလ္စမစ္က စင္ေပၚသို႔တက္သြားကာ ခရစၥေရာ့ခ္၏ မ်က္ႏွာကို ပါး႐ိုက္လိုက္ျခင္း ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုအတြင္း ေအာ္စကာဆုေပးပြဲ ရုပ္သံလႊင့္ေနမႈတြင္ အသံပိုင္းဆိုင္ရာကို လ်င္ျမန္စြာ ပိတ္လိုက္ေသာ္လည္း ၾသစေတးလ်ႏွင့္ ဂ်ပန္မွ ၾကည့္ရႈေနသူမ်ားကမူ ဝီလ္စမစ္က ခရစၥေရာ့ခ္အား ေျပာလိုက္သည့္ စကားသံကို ၾကားလိုက္ၾကရသည္။

“မင္းရဲ႕ ေ×ာက္ပါးစပ္ကေန ငါ့မိန္းမနာမည္ မထြက္မိေစနဲ႔” ဟု ေျပာကာ ထုိးၾကိတ္ခဲ့ျခင္း ျဖစ္သည္။

ေအာ္စကာပြဲကို ေစာင့္ၾကည့္သူ သန္းေပါင္းမ်ားစြာက ဝီလ္စမစ္၏ လုပ္ရပ္ကို ေထာက္ခံေျပာဆိုမႈမ်ား ရွိသည္။

ေအာ္စကာဆုရွင္ ဝီလ္စမစ္ႏွင့္ ဇနီးျဖစ္သူ ဂ်ာဒါပင္ကက္တို႔ ေနထိုင္ေသာစံအိမ္မွာ ကန္ေဒၚလာ ၄၂ သန္း တန္ေၾကးရွိသည္။

နာမည္ေက်ာ္ၾကယ္ပြင့္မ်ား အေျခခ်ရာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ကာလာဘက္ဆက္စ္အရပ္တြင္ တည္ရွိသည္။

အဆိုပါ စံအိမ္အေၾကာင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။

 

(ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hidden Hills မွ စံအိမ္)

ဝီလ္စမစ္တို႔ စံုတြဲသည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hidden Hills အရပ္မွ စံအိမ္တစ္လံုးကိုလည္း ကန္ေဒၚလာ ၁၁ ဒသမ ၃ သန္းျဖင့္ ဝယ္ယူထားေသးသည္။ ၂၀၂၀ ျပည့္ႏွစ္ကမွ ေဆာက္လုပ္ျပီးစီးခဲ့သည့္စံအိမ္ျဖစ္ျပီး စံအိမ္အက်ယ္အဝန္းမွာ ၁၀၄၁၇ စတုရန္းေပအထိရွိသည္။

ျခံအက်ယ္အဝန္း ၁ ဒသမ ၁၉ ဧကရွိျပီး ေနအိမ္အတြင္း အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၇ ခန္း ပါဝင္သည္။

ဝီလ္စမစ္တို႔စံုတြဲသည္ အေမရိကန္ျပည္ေထာင္စုတဝန္း ေနအိမ္ေပါင္း အနည္းဆံုး ၈ လံုးခန္႔ ပိုင္ဆိုင္ထားသည္။

သို႔တိုင္ေအာင္ ဝီလ္စမစ္တို႔စံုတြဲမွာ ေနအိမ္မ်ား ဆက္လက္ဝယ္ယူေနဆဲ ျဖစ္သည္။

Hidden Hills မွ စံအိမ္မွာ ဂိတ္ဝန္းခတ္ထားေသာ အိမ္ရာဝန္းတစ္ခုတြင္ တည္ရွိျပီး ဒရိတ္ခ္၊ Kaley Cuoco တို႔မွစကာ Kylie Jenner တို႔အထိ ေနထိုင္လ်က္ရွိေသာေနရာျဖစ္သည္။

အဆိုပါစံအိမ္ၾကီးသည္ ၂၀၂၀ ျပည့္ႏွစ္ ဇြန္လကတည္းက အေရာင္းေစ်းကြက္သို႔ ေရာက္ရွိေနျခင္းျဖစ္ျပီး မူလေခၚေစ်း ကန္ေဒၚလာ ၁၂ ဒသမ ၂ သန္းမွ ေဒၚလာ ၁ သန္းနီးပါးေလွ်ာ့ေစ်းျဖင့္ ဝီလ္စမစ္ ရလိုက္ျခင္း ျဖစ္သည္။ ျခံဝန္းအက်ယ္ ၁ ဒသမ ၂ ဧကရွိေသာ ျခံအတြင္းမွ ဆန္ဖာနန္ဒိုေတာင္ၾကား၏ က်ယ္ေျပာေသာ ရႈေမွ်ာ္ခင္းမ်ားကို ေတြ႔ျမင္ခံစားႏိုင္သည္။

စံအိမ္အတြင္း ခ်က္ျပဳတ္ခံု ၂ ခုပါသည့္ မီးဖိုေဆာင္၊ အသံလံု ရုပ္ရွင္ရံု၊ အရက္ဘားပါဝင္ေသာ ဂိမ္းကစားခန္း၊ ေရပန္းေရခ်ဳိးခန္းပါေသာ အားကစားေလ့က်င့္ခန္းမ၊ အေအးေပးစနစ္ပါေသာ ဝိုင္သိုေလွာင္ခန္း ထည့္သြင္းထားသည့္ ညစာစားခန္းတို႔ ပါဝင္သည္။

ဝီလ္စမစ္၏ ေနအိမ္ ၆ လံုးရွိ အိပ္ခန္း အားလံုးတြင္ ကိုယ္ပိုင္ေရခ်ဳိးခန္း ပါဝင္ျပီး၊ မီးလင္းဖို၊ နားေနေဆာင္၊ အဝတ္လဲခန္း ၂ ခု၊ နံရံျမွဳပ္ေရခဲေသတၱာႏွင့္ ေကာ္ဖီဘားတို႔ ပါဝင္သည္။

ယခုစံအိမ္တြင္ BBQ အကင္ေနရာပါသည့္ ဟင္းလင္းျပင္ မီးဖိုေဆာင္၊ ေရကူးကန္တို႔လည္း ပါဝင္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Will Smith, Jada Pinkett Smith Pay $11.3 Million for All-New Hidden Hills Mansion(dirt.com)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service