ကြောင်တွေအတွက် ကမ္ဘာ့အဆင့်အမြင့်ဆုံးအိမ်လေလား

ကြောင်တွေအတွက် ကမ္ဘာ့အဆင့်အမြင့်ဆုံးအိမ်လေလား - Property News in Myanmar from iMyanmarHouse.com
14 Mar 2022 11:16 am တွင် တင်ခဲ့သည်
1192 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ကြောင်ချစ်သူတစ်ဦးဟာ ဆယ်စုနှစ်များနှင့်ချီကြာ၊ ဒေါ်လာ ၁ သိန်းကျော်အကုန်ခံကာ သူ့အိမ်ကို ကြောင်တွေအတွက် အဆင့်အမြင့်ဆုံးအိမ်အဖြစ် ပြောင်းလဲစေခဲ့ပါပြီ။

House of Nekko ဟာ ဆန်တာဘာဘရာမြို့မြောက်အရပ်ရှိ စတုရန်းပေ ၃ ထောင်ကျယ်ဝန်းတဲ့ အိမ်တစ်အိမ်ပဲ ဖြစ်ပါတယ်။ အပြင်ဘက်ကကြည့်ရင်တော့ သာမန်အိမ်လှလှလေးတစ်လုံးအဖြစ်ပဲ မြင်ရမှာပေမဲ့ တကယ်တမ်းကတော့ ကမ္ဘာ့အံ့အားဖွယ်အကောင်းဆုံးကြောင်အိမ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

စုစုပေါင်း ပေ ၃၀၀ ကျော်ရှည်လျားတဲ့ ကြောင်လျှောက်လမ်းတွေ၊ ၁၅ ပေ ရှည်လျားတဲ့ လိုဏ်ခေါင်းတွေ၊ တံတား ၈ စင်း၊ နံရံပေါ်မှာတွဲလောင်းကျနေတဲ့ တစ်ကောင်ချင်းစီ အစာစားတဲ့နေရာတွေနဲ့ ကြောင်တွေအတွက် အခြားစိတ်ဝင်စားဖွယ်နေရာတွေနဲ့ ပြည့်နှက်နေတဲ့ House of Nekko ဟာ ကျွန်ုပ်တို့တွေ့မြင်ဖူးသမျှ အိမ်တွေနဲ့ မတူတာတော့ အမှန်ပါပဲ။

ဝယ်သူစိတ်ကြိုက်အထူးဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ပီတာကိုဟင်က ၎င်းအိမ်ကို သူ့အစ်ကိုနဲ့အတူစပ်ပြီး ၁၉၉၈ ခုနှစ်က ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဝယ်ယူခဲ့စဉ်တုန်းကတော့ သေချာပြန်ပြင်ကာ အမြန်ပြန်တင်ရောင်းဖို့ ရည်ရွယ်ချက်နဲ့ ဝယ်ယူခဲ့တာဖြစ်ပေမဲ့ ဝယ်ယူပြီးနောက်မှာတော့ ပီတာကိုဟင်တစ်ယောက် စိတ်ကူးပြောင်းသွားခဲ့ပါတယ်။

House of Nekko ဖြစ်လာမယ့်အိမ်ကို ဝယ်ယူပြီးစ အစောပိုင်းနှစ်တွေမှာ ပီတာကိုဟင်က လူအများစု‌ရှောင်ကြတဲ့ ကြောင်မည်း၊ အရှက်အကြောက်ကြီးတဲ့ကြောင်လိုမျိုး ကြောင်တွေကို သူကိုယ်တိုင်လည်းနေတဲ့ အဲဒီအိမ်မှာ မွေးမြူထားခဲ့တာ တဖြည်းဖြည်းနဲ့ စုစုပေါင်း ၂၄ ကောင်တောင် ရှိလာခဲ့ပါတယ်။

နောက်တော့ ၁၉၉၅ ခုနှစ်က သူဖတ်ခဲ့ရဖူးတဲ့၊ စာရေးဆရာ Bob Walker ရဲ့ The Cat’s House စာအုပ်ကနေ စိတ်ကူးဉာဏ်ကွန့်မြူးပြီး House of Nekko ကို ဖန်တီးဖြစ်ခဲ့ပါတော့တယ်။ စာရေးဆရာ Bob Walker ရဲ့ The Cat’s House စာအုပ်ဟာဆိုရင် ကြောင်တွေအတွက် ကြောင်လျှောက်လမ်းတွေနဲ့ပြည့်နှက်နေတဲ့ အိမ်တစ်အိမ်အကြောင်းပဲဖြစ်ပါတယ်။

၎င်းစာအုပ်ထဲက အိမ်အတိုင်းပဲ ကြောင်တွေသိပ်ချစ်တဲ့ ကြောင်လျှောက်လမ်းတွေ၊ အခန်းတစ်ခုနဲ့တစ်ခုကြား ချိတ်ဆက်ထားတဲ့ လိုဏ်ခေါင်းတွေ၊ ကြည့်စင်မြင့်တွေနဲ့ ကြောင်တွေချစ်တဲ့အရာအားလုံးကို House of Nekko မှာ ပီတာကိုဟင်ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးထားတာဖြစ်ပါတယ်။

“ကြောင်ပြတိုက်တစ်ခုမှာ နေထိုင်ရသလိုမျိုးဖြစ်နေတာကို ကျွန်တော်က ကြိုက်နှစ်သက်ပါတယ်။ ကျွန်တော့်အပေါ်နဲ့ ကျွန်တော်နံဘေးမှာ အမြဲလိုလို ကြောင်တွေ ရှိပါတယ်။ ကြောင်တစ်ကောင်ကို အခန်းတစ်ခန်းထဲ ခင်ဗျားထည့်လိုက်မယ်ဆိုရင် ကြောင်က အခန်းရဲ့အမြင့်ဆုံးနေရာကို သဘာဝအတိုင်းသွားလိမ့်မယ်ဗျ။ ကြောင်လျှောက်လမ်းတွေကတော့ ကြောင်တွေကို ကြမ်းပြင်ပေါ်ဘဲနေနေရမယ့်အစား ရှုထောင့်သုံးမျိုးစလုံးမှာ နေထိုင်ခွင့်ပေးပါတယ်” လို့ ကြောင်ချစ်သူ ပီတာကိုဟင်က အိမ်မွေးတိရစ္ဆာန်ဝက်ဘ်ဆိုက် Daily Paws ကို ပြောပါတယ်။

“သူတို့နဲ့နေရတာ ပျော်စရာကောင်းတယ်ဗျ။ တစ်နေ့တာစိတ်ဖိစီးမှုတွေကိုလည်း ကြောင်တွေက အမြဲသက်သာလျော့ပါးစေတယ်။ ကျွန်တော်က ဆောက်လုပ်ရေးသမား၊ အနုပညာကိုနှစ်သက်တယ်။ ကြောင်လျှောက်လမ်းတွေဟာ သက်ရှိပန်းပုတွေနဲ့တူတယ်ဆိုတဲ့အချက်ကို သဘောကျတယ်။ ကြောင်တွေကလည်း အဲဒီကြောင်လျှောက်လမ်းတွေကို ကြိုက်ကြတာသေချာပါတယ်။ ကျွန်တော်ကလည်း ကြိုးစားတည်ဆောက်ပေးထားသလို အိမ်ထဲမှာ ကြောင်လျှောက်လမ်းတွေ၊ ဥမင်တွေရှိနေတာကိုလည်း ကျွန်တော်ကြိုက်တယ်။ ကြောင်တွေရောကျွန်တော်ရော နှစ်ဦးနှစ်ဖက်အဆင်ပြေတာပေါ့ဗျာ” လို့ ပီတာကိုဟင်က ကြောင်မဂ္ဂဇင်း Catster သို့လည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Perfect Cat House Doesn’t Exis…

 

 

[Zawgyi]

 ေၾကာင္ေတြအတြက္ ကမ႓ာ့အဆင့္အျမင့္ဆုံးအိမ္ေလလား

အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္က ေၾကာင္ခ်စ္သူတစ္ဦးဟာ ဆယ္စုႏွစ္မ်ားႏွင့္ခ်ီၾကာ၊ ေဒၚလာ ၁ သိန္းေက်ာ္အကုန္ခံကာ သူ႕အိမ္ကို ေၾကာင္ေတြအတြက္ အဆင့္အျမင့္ဆုံးအိမ္အျဖစ္ ေျပာင္းလဲေစခဲ့ပါၿပီ။

House of Nekko ဟာ ဆန္တာဘာဘရာၿမိဳ႕ေျမာက္အရပ္႐ွိ စတုရန္းေပ ၃ ေထာင္က်ယ္ဝန္းတဲ့ အိမ္တစ္အိမ္ပဲ ျဖစ္ပါတယ္။ အျပင္ဘက္ကၾကည့္ရင္ေတာ့ သာမန္အိမ္လွလွေလးတစ္လုံးအျဖစ္ပဲ ျမင္ရမွာေပမဲ့ တကယ္တမ္းကေတာ့ ကမ႓ာ့အံ့အားဖြယ္အေကာင္းဆုံးေၾကာင္အိမ္ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

စုစုေပါင္း ေပ ၃၀၀ ေက်ာ္႐ွည္လ်ားတဲ့ ေၾကာင္ေလွ်ာက္လမ္းေတြ၊ ၁၅ ေပ ႐ွည္လ်ားတဲ့ လိုဏ္ေခါင္းေတြ၊ တံတား ၈ စင္း၊ နံရံေပၚမွာတြဲေလာင္းက်ေနတဲ့ တစ္ေကာင္ခ်င္းစီ အစာစားတဲ့ေနရာေတြနဲ႔ ေၾကာင္ေတြအတြက္ အျခားစိတ္ဝင္စားဖြယ္ေနရာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ House of Nekko ဟာ ကြၽႏ္ုပ္တို႔ေတြ႕ျမင္ဖူးသမွ် အိမ္ေတြနဲ႔ မတူတာေတာ့ အမွန္ပါပဲ။

ဝယ္သူစိတ္ႀကိဳက္အထူးေဆာက္လုပ္ေရးလုပ္ငန္းလုပ္ကိုင္သူ ပီတာကိုဟင္က ၎အိမ္ကို သူ႕အစ္ကိုနဲ႔အတူစပ္ၿပီး ၁၉၉၈ ခုႏွစ္က ဝယ္ယူခဲ့တာျဖစ္ပါတယ္။

ဝယ္ယူခဲ့စဥ္တုန္းကေတာ့ ေသခ်ာျပန္ျပင္ကာ အျမန္ျပန္တင္ေရာင္းဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဝယ္ယူခဲ့တာျဖစ္ေပမဲ့ ဝယ္ယူၿပီးေနာက္မွာေတာ့ ပီတာကိုဟင္တစ္ေယာက္ စိတ္ကူးေျပာင္းသြားခဲ့ပါတယ္။

House of Nekko ျဖစ္လာမယ့္အိမ္ကို ဝယ္ယူၿပီးစ အေစာပိုင္းႏွစ္ေတြမွာ ပီတာကိုဟင္က လူအမ်ားစု‌ေ႐ွာင္ၾကတဲ့ ေၾကာင္မည္း၊ အ႐ွက္အေၾကာက္ႀကီးတဲ့ေၾကာင္လိုမ်ိဳး ေၾကာင္ေတြကို သူကိုယ္တိုင္လည္းေနတဲ့ အဲဒီအိမ္မွာ ေမြးျမဴထားခဲ့တာ တျဖည္းျဖည္းနဲ႔ စုစုေပါင္း ၂၄ ေကာင္ေတာင္ ႐ွိလာခဲ့ပါတယ္။

ေနာက္ေတာ့ ၁၉၉၅ ခုႏွစ္က သူဖတ္ခဲ့ရဖူးတဲ့၊ စာေရးဆရာ Bob Walker ရဲ႕ The Cat’s House စာအုပ္ကေန စိတ္ကူးဉာဏ္ကြန္႔ျမဴးၿပီး House of Nekko ကို ဖန္တီးျဖစ္ခဲ့ပါေတာ့တယ္။ စာေရးဆရာ Bob Walker ရဲ႕ The Cat’s House စာအုပ္ဟာဆိုရင္ ေၾကာင္ေတြအတြက္ ေၾကာင္ေလွ်ာက္လမ္းေတြနဲ႔ျပည့္ႏွက္ေနတဲ့ အိမ္တစ္အိမ္အေၾကာင္းပဲျဖစ္ပါတယ္။

၎စာအုပ္ထဲက အိမ္အတိုင္းပဲ ေၾကာင္ေတြသိပ္ခ်စ္တဲ့ ေၾကာင္ေလွ်ာက္လမ္းေတြ၊ အခန္းတစ္ခုနဲ႔တစ္ခုၾကား ခ်ိတ္ဆက္ထားတဲ့ လိုဏ္ေခါင္းေတြ၊ ၾကည့္စင္ျမင့္ေတြနဲ႔ ေၾကာင္ေတြခ်စ္တဲ့အရာအားလုံးကို House of Nekko မွာ ပီတာကိုဟင္ကိုယ္တိုင္ စိတ္ႀကိဳက္ဖန္တီးထားတာျဖစ္ပါတယ္။

“ေၾကာင္ျပတိုက္တစ္ခုမွာ ေနထိုင္ရသလိုမ်ိဳးျဖစ္ေနတာကို ကြၽန္ေတာ္က ႀကိဳက္ႏွစ္သက္ပါတယ္။ ကြၽန္ေတာ့္အေပၚနဲ႔ ကြၽန္ေတာ္နံေဘးမွာ အၿမဲလိုလို ေၾကာင္ေတြ ႐ွိပါတယ္။ ေၾကာင္တစ္ေကာင္ကို အခန္းတစ္ခန္းထဲ ခင္ဗ်ားထည့္လိုက္မယ္ဆိုရင္ ေၾကာင္က အခန္းရဲ႕အျမင့္ဆုံးေနရာကို သဘာဝအတိုင္းသြားလိမ့္မယ္ဗ်။ ေၾကာင္ေလွ်ာက္လမ္းေတြကေတာ့ ေၾကာင္ေတြကို ၾကမ္းျပင္ေပၚဘဲေနေနရမယ့္အစား ႐ႈေထာင့္သုံးမ်ိဳးစလုံးမွာ ေနထိုင္ခြင့္ေပးပါတယ္” လို႔ ေၾကာင္ခ်စ္သူ ပီတာကိုဟင္က အိမ္ေမြးတိရစၧာန္ဝက္ဘ္ဆိုက္ Daily Paws ကို ေျပာပါတယ္။

“သူတို႔နဲ႔ေနရတာ ေပ်ာ္စရာေကာင္းတယ္ဗ်။ တစ္ေန႔တာစိတ္ဖိစီးမႈေတြကိုလည္း ေၾကာင္ေတြက အၿမဲသက္သာေလ်ာ့ပါးေစတယ္။ ကြၽန္ေတာ္က ေဆာက္လုပ္ေရးသမား၊ အႏုပညာကိုႏွစ္သက္တယ္။ ေၾကာင္ေလွ်ာက္လမ္းေတြဟာ သက္႐ွိပန္းပုေတြနဲ႔တူတယ္ဆိုတဲ့အခ်က္ကို သေဘာက်တယ္။ ေၾကာင္ေတြကလည္း အဲဒီေၾကာင္ေလွ်ာက္လမ္းေတြကို ႀကိဳက္ၾကတာေသခ်ာပါတယ္။ ကြၽန္ေတာ္ကလည္း ႀကိဳးစားတည္ေဆာက္ေပးထားသလို အိမ္ထဲမွာ ေၾကာင္ေလွ်ာက္လမ္းေတြ၊ ဥမင္ေတြ႐ွိေနတာကိုလည္း ကြၽန္ေတာ္ႀကိဳက္တယ္။ ေၾကာင္ေတြေရာကြၽန္ေတာ္ေရာ ႏွစ္ဦးႏွစ္ဖက္အဆင္ေျပတာေပါ့ဗ်ာ” လို႔ ပီတာကိုဟင္က ေၾကာင္မဂၢဇင္း Catster သို႔လည္း ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Perfect Cat House Doesn’t Exis…

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service