ရိုးရိုးအိမ်သာသုံးစွဲသူတွေမှာ အရိုးကျိုးနှုန်း ပိုနည်းပါသတဲ့
ရိုးရိုးအိမ်သာသုံးစွဲသူတွေမှာ အရိုးကျိုးနှုန်း ပိုနည်းပါသတဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
1 Mar 2022 3:16 pm တွင် တင်ခဲ့သည်
1292 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ထိုင်လိုက်ထလိုက် လုပ်ခြင်းက ကိုယ်ခန္ဓာစွမ်းအင်၊ ပျော့ပျောင်းမှု၊ ဟန်ချက်ညီမှုတွေကိုဖြစ်စေပြီး အရိုးကျိုးနှုန်းကို ကျဆင်းစေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ရံဖန်ရံခါမှလုပ်တာတွေက အရေးမကြီးပေမယ့် နိစ္စဓူဝလုပ်ကိုင်နေတာတွေက အရေးကြီးတယ်ဆိုတာ ကြားဖူးမှာပေါ့။ တကယ်တော့ ဒီစကားက လုံးဝမှန်ပါတယ်။ ထုံးတမ်းဓလေ့တွေက လူတွေရဲ့နေ့စဉ်ဘဝတွေကို လွှမ်းမိုးထားပါတယ်။ အခု တကယ်အရေးကြီးတဲ့အလုပ်တစ်ခုနဲ့ သူ့ရဲ့အရိုးပေါ် ကျန်မာရေးသက်ရောက်မှုကို ပြောပြမယ်နော်။
အပြည်ပြည်ဆိုင်ရာ အရိုးရောဂါဆွေးနွေးမှုမှာ ဖွံ့ဖြိုးစနိုင်ငံတွေ အထူးသဖြင့် အာရှမှာ အရိုးကျိုးနှုန်း ပိုများလာတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် စက်ရုံဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အရိုးကျိုးတာက ဆူနာမီလှိုင်းလုံးကြီးလို တိုးတက်လာတာကို တွေ့ရတယ်။ ဟောင်ကောင်၊ စင်ကာပူ၊ ဂျပန်နိုင်ငံတွေရဲ့ သက်ကြီးရွယ်အိုတွေ အရိုးကျိုးနှုန်းဟာ အနောက်နိုင်ငံတွေနဲ့ တူလာပါပြီ။
ဒီတော့ မေးခွန်းက ဘာလို့စက်မှုလက်မှုလုပ်ငန်းတွေ တိုးတက်လာပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလာချိန်မှာမှ အရိုးကျိုးနှုန်းပိုတိုးလာတာလဲပေါ့။ တချို့ကတော့ လယ်ကွင်းတွေကနေ စက်ရုံ၊ အလုပ်ရုံကို ပြောင်းလာတဲ့အခါ လှုပ်ရှားမှုနည်းသွားလို့လို့ ဆိုကြတယ်။ တချို့က ဗီတာမင်ဒီကို လက်ညှိုးညွှန်ကြသလို တချို့ကလည်း ဆေးလိပ်အသောက်များလာတာ၊ ရိုးရာမုန့်တွေ ဖျော်ရည်တွေထက် ကိုလာတွေ၊ အမြန်စား၊ အသင့်အစားအသောက်တွေကြောင့်လို့ ပြောကြတယ်။ ဒီထဲမှာ လေ့လာသူတစ်ယောက်က ရိုးရိုးဆောင့်ကြောင့်ထိုင် အိမ်သာကနေ ဘိုထိုင်အိမ်သာ ပြောင်းလဲသုံးစွဲလာကြတာကို ညွှန်ပြပါတယ်။ ဒီတော့မှ ဆောင့်ကြောင့်ထိုင်တဲ့ အမူအကျင့်ဆိုတာကို ပြန်စဉ်စားကြည့်မိတယ်။ အနောက်နိုင်ငံကလူတွေဟာ ဆောင့်ကြောင့်ထိုင်လိုက်ထလိုက် တစ်နေ့ အကြိမ်ကြိမ် လုပ်နိုင်ပါ့မလားလို့ပေါ့။
အရင်က အလုပ်တူတူတွဲလုပ်ဖူးတဲ့ မက်စီကန်အနွယ်လူမျိုးတစ်ယောက်အကြောင်းကို စဉ်းစားမိတယ်။ သူတို့အိမ်မှာ အိမ်ထောင်ပရိဘောဂရယ်လို့ သိပ်မရှိဘူး။ စကားပြောတာ၊ လက်ဖက်ရည်ကြမ်းသောက်တာ၊ အနားယူတာ အကုန်လုံးကို ကြမ်းပြင်မှာ ဆောင့်ကြောင့်ထိုင်ရက် လုပ်တတ်ကြတယ်။ ဂျပန်အမျိုးသမီးတစ်ယောက်ဟာလည်း မတ်တတ်အနေအထားကနေ ဒူးထောက်လျက်အနေအထားကို လက်ဖက်ရည်ဖိတ်မကျဘဲ အိန္ဒြေရရ ထိုင်နိုင်တယ်။ ပါကင်စတန်နိုင်ငံမှာတောင် အခုချိန်ထိ ကြမ်းပြင်ပေါ်မှာ ထိုင်တုန်း၊ စားတုန်း၊ ဆောင့်ကြောင့်အိမ်သာထိုင်တုန်းပါတဲ့။ ဒါကြောင့် စဉ်းစားကြည့်လိုက်မယ်ဆိုရင် အနောက်တိုင်းကလူတွေမှာ မရှိတော့တဲ့ ခွန်အား၊ ဟန်ချက်နဲ့ ပျော့ပျောင်းမှုတွေရှိနေတယ်လို့ ဆိုရပါမယ်။
ဟောင်ကောင်မှာ အရိုးကျိုးနှုန်း များလာတာနဲ့အမျှ ချော်လဲနှုန်းလည်း ပိုများလာတယ်။ အဓိကအားဖြင့်တော့ ကိုယ်ခန္ဓာစွမ်းအင်၊ ပျော့ပျောင်းမှု၊ ဟန်ချက်ညီမှုတွေ အားနည်းလာတာကြောင့် ပိုပိုချော်လဲလာကြပြီး ပိုပိုအရိုးကျိုးလာကြတာပါလို့ ပညာရှင်တွေက ယူဆကြပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: drmyanmar (Dr. Mya Phoo Ngon )
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service