ဘီးတဲလ်အဖွဲ့ကြီးမှ ဂစ်တာသမား ဂျော့ချ် ဟဲရစ်ဆန်၏ ကလေးဘဝနေအိမ်

ဘီးတဲလ်အဖွဲ့ကြီးမှ ဂစ်တာသမား ဂျော့ချ် ဟဲရစ်ဆန်၏ ကလေးဘဝနေအိမ် - Property News in Myanmar from iMyanmarHouse.com
1 Mar 2022 10:33 am တွင် တင်ခဲ့သည်
1241 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘီးတဲလ် (The Beatles) အဖွဲ့ကြီးမှ ဂစ်တာသမား ဂျော့ချ် ဟဲရစ်ဆန် (ကွယ်လွန်) ၏ ကလေးဘဝက နေထိုင်ခဲ့သော နေအိမ် အရောင်းဈေးကွက်သို့ ရောက်ရှိနေပြီး ကန်ဒေါ်လာ ၂၆၉၀၀၀ ခန့် ရရှိဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့ ဆင်ခြေဖုံးတွင် တည်ရှိသော အဆိုပါစံအိမ်ကလေးသည် ဘီးတဲလ်၏ အစောပိုင်းကာလ သီချင်းတိုက်ရာနေရာတစ်ခုလည်း ဖြစ်ခဲ့သည်။

လီဗာပူးမြို့ပြင် ၈ မိုင်ခန့်အကွာ Speke အရပ်တွင် တည်ရှိသော အိပ်ခန်း ၃ ခန်းပါ နေအိမ်သည် ဗြိတိသျှ ဂီတသမိုင်း၏ အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည့်နေရာတစ်ခုဟု ဆိုနိုင်သည်။

ဘီးတဲလ်အဖွဲ့သားများဖြစ်သော ဂျွန်လင်နွန်၊ ပေါလ် မက္ကာတနေးနှင့် ဟဲရစ်ဆန်တို့သည် ဆယ်ကျော်သက်အရွယ်တွင် အတူတကွ သီချင်းများလေ့ကျင့်သီဆိုကြရင်း ပထမဆုံးဖွဲ့စည်းခဲ့ကြသည်မှာ The Quarrymen ဟူသောအမည်ဖြင့် တီးဝိုင်းဖြစ်သည်။

 

ထိုသို့ဖွဲ့စည်းပြီး တစ်နှစ်အကြာတွင်မှ ဒရမ်သမား ရင်ဂိုစတား (Ringo Starr) ရောက်လာကာ ဘီးတဲလ် Beatles ဖြစ်လာခြင်း ဖြစ်သည်။

ဟဲရစ်ဆန်၏ မိသားစုသည် Upton Green လမ်း၊ အမှတ် ၂၅ တွင် တည်ရှိသော ယခုစံအိမ်ကလေးသို့ ၁၉၅၀ ပြည့်နှစ်တွင် ပြောင်းရွှေ့အခြေချခဲ့ကြခြင်း ဖြစ်သည်။

ဘီးတဲလ်၏ အနာဂတ် ဂစ်တာကြယ်ပွင့်လောင်းလျာကလေးမှာ ထိုစဉ်က ၆ နှစ်သား အရွယ်သာရှိသေးပြီး အဆိုပါနေအိမ်ကလေးသို့ ပြောင်းရွှေ့ပြီးနောက် ၁၂ နှစ်ကြာနေထိုင်ခဲ့ကြောင်း ယခုအိမ်ကို လေလံတင်သည့် Omega Auctions လေလံအဖွဲ့၏ ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါစံအိမ်ကို ပြုပြင်ုမွမ်းမံမှုများ ပြုလုပ်ခဲ့သော်လည်း ဟဲရစ်ဆန်နေထိုင်ခဲ့စဉ်ကအတိုင်း မူရင်းလက်ရာများစွာကို ဆက်လက်ထိန်းသိမ်းထားရာ ရေချိုးခန်း၊ ရေစိမ်ကန်၊ အချို့သော တံခါးမများနှင့် မီးဖိုဆောင် ဗီရိုစင်ကြီးတစ်ခုတို့လည်း အပါအဝင်ဖြစ်သည်။

ခန့်မှန်းဈေးနှုန်းဖြစ်သော ကန်ဒေါ်လာ ၂၆၉၀၀၀ မှာ Speke ဒေသကလေးရှိ အိမ်ခြံမြေအများစုထက် များစွာဈေးကြီးနေကြောင်း ဗြိတိသျှအိမ်ခြံမြေကုမ္ပဏီ Rightmove က သုံးသပ်သည်။

အဆိုပါဒေသတွင် ၂၀၂၀ ပြည့်နှစ်အတွင်း လုံးချင်းအိမ်တစ်လုံး၏ အကြမ်းဖျင်းပေါက်ဈေးမှာ ကန်ဒေါ်လာ ၁၄၆၄၄၆ သာ ဖြစ်သည်။

ယခုနေအိမ်မှာ ဗြိတိသျှသမိုင်းဝင်နေရာတစ်ခုဖြစ်ရာ ပိုင်ရှင်သစ်အနေဖြင့် နေအိမ်အတွက် သမိုင်းဝင် အထိမ်းအမှတ် အပြာရောင်တံဆိပ်ပြား လျှောက်ထားနိုင်ကြောင်း၊ ထိုသို့လျှောက်ထားပါက ဝယ်လက်များကို ဆွဲဆောင်နိုင်မည့်အပြင် နေအိမ်ဈေးနှုန်းလည်း မြင့်တက်လာနိုင်ကြောင်း ဈေးကွက်တင်သည့် လေလံအဖွဲ့က ထောက်ပြသည်။

ဘီးတဲလ်အဖွဲ့သားများ၏ နေအိမ်များ အရောင်းဈေးကွက်သို့ ရောက်ရှိမှု ရှားပါးလှသည်။

ဂျွန်လင်နွန်နှင့် ပေါလ်မက္ကာတနေးတို့၏ ကလေးဘဝနေအိမ်များကို ဗြိတိသျှ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးလုပ်ငန်းပြုလုပ်နေသည့် အကျိုးအမြတ်အတွက် ဖွဲ့စည်းထားခြင်းမဟုတ်သော National Trust က ပိုင်ဆိုင်ထားပြီး အဆိုပါ နေအိမ်များသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုခွင့် ပေးထားသည်။

၂၀၁၆ ခုနှစ်အတွင်းကမူ ဒရမ်မာ ရင်ဂိုစတား၏ ကလေးဘဝနေအိမ်ကို ဘီးတဲလ်၏ အမာခံပရိသတ်တစ်ဦးက ကန်ဒေါ်လာ ၉၅၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။

အဆိုပါ ပရိသတ်သည် ဂျွန်လင်နွန်၊ ဟဲရစ်ဆန်တို့၏ မိဘများနှင့် ဆက်နွှယ်နေသော အိမ်ခြံမြေများကိုလည်း ဝယ်ယူပိုင်ဆိုင်ထားကြောင်း ဘီဘီစီသတင်းဌာန၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဟဲရစ်ဆန်ကို ဝစီပိတ်ဘီးတဲလ်ဟုလည်း လူသိများသည်။ ဘီးတဲလ်၏ အခြားအဖွဲ့သားများနှင့်ယှဉ်လျှင် ဟဲရစ်ဆန်မှာ စကားနည်းသည်။

ဘီးတဲလ်၏ သီချင်းအများစုကို ဂျွန်လင်နွန်နှင့် ပေါလ်မက္ကာတနေးတို့က ရေးသားကြသော်လည်း ဟဲရစ်ဆန်သည်လည်း “Something” နှင့် “Here Comes The Sun”တို့ကဲ့သို့ ဘီးတဲလ်၏ အကျော်ကြားဆုံး သီချင်းများကို ရေးသားခဲ့သည်။

ဂျော့ချ် ဟဲရစ်ဆန်သည် ၂၀၀၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့ရှိ သူ၏စံအိမ်တွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ်သာ ရှိသေးသည်။

ဘီးတဲလ်အဖွဲ့ကြီး မရှိတော့သည့်နောက်ပိုင်း ရာစုနှစ်တစ်ဝက်နီးပါးရှိလာသည့်တိုင် ဘီးတဲလ်နှင့် ပတ်သက်သည့် အမှတ်တရပစ္စည်းများမှာ ရေပန်းစားနေဆဲဖြစ်သည်။

၂၀၂၀ ပြည့်နှစ်အတွင်း Hey Jude သီချင်းကို ရေးသားထားသည့် သီချင်းစာသား လက်ရေးမူကို လေလံတင်ရောင်းချရာ ကန်ဒေါ်လာ ၉၀၀၀၀၀ ကျော် ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ဘီးတဲလ်အဖွဲ့ကြီး၏ သီချင်းများကို ပြန်လည်သီဆိုမှု အလွန်များပြားသည်။ မြန်မာနိုင်ငံမှ ပြန်လည်သီဆိုမှု အများဆုံးတေးဂီတအဖွဲ့များတွင် ဘီးတဲလ်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု ဆိုနိုင်သည်။

ဘီးတဲလ်၏ သီချင်းများကို ပြန်လည်သီဆိုမှုများအနက် iMyanmarHouse.com မှ စုစည်းရရှိထားသော စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အောက်ပါစာရင်းမှာ မပြည့်စုံသေးပါ။ များစွာကျန်ရှိနေပါသေးသည်။ ကျန်ရှိသော သီချင်းများကိုလည်း ကွန်မန့်မှာ ရေးသားပေးခဲ့ကြပါဦး။

When I'm sixty four ကိုင်ဇာ- ရွှေရတုအချစ် (တေးရေး- စောဘွဲ့မှူး)၊ အဆိုပါသီချင်းကိုပင် ဘိုဘို နှင့် ညီပုလေးတို့၏ မိုးတိမ်များအကြောင်း စီးရီးတွင် မမချာတိတ်ဟူသောအမည်ဖြင့် သီဆိုထားသေးသည်။

(ဘိုဘိုဟန်၏ ပြန်လည်သီဆိုမှုများ)

I saw her standing there -ဂဏန်းတွက်ပါ နှုတ်ခမ်းနီမဆိုးနဲ့ Love me do -ကျောပိုးအိတ်တစ်လုံး အသည်းနှလုံးတစ်ခုနဲ့ Imagine -မိုးထဲလေထဲ နှစ်ယောက်ထဲ Come together- တတိယမြောက် ရည်းစားစကားနိဒါန်း

(ပလေးဘွိုင်းသန်းနိုင်၏ ပြန်လည်သီဆိုမှုများ)

Something- အလှကြိုက်သူလူမိုက်

Obla di Obla da - အချစ်ရူး

Getback - ခေါက်ထား

No reply - တခြမ်းပဲ့အသည်း

Let it be - ခွင့်လွှတ်တယ်

Don't let me down- အရက်စက်ဆုံး

Lady Maddona - သံယောင်မလိုက်နဲ့

Ticket to ride- ကပ်ခွါလေး

I want to hold your hand -R ဇာနည် တစ်စက္ကန့်

All my loving ဟေမာနေဝင်း -အိပ်မက်ရှင်

Obla di Obla da ပလေးဘွိုင်းသန်းနိုင် အချစ်ရူး/ ပိုးဒါလီသိန်းတန်-လမ်း

သရဲလို့ မပြောပါနဲ့ / ဖြူဖြူကျော်သိန်း -ပျော်ပါစေ

Come together မင်းမင်းလတ်- အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း ( ဇော်ဝင်းထွဋ်လည်းသီဆိုထား)/ ဘိုဘိုဟန်ကလည်း တတိယမြောက် ရည်းစားစကားနိဒါန်းဟူသောအမည်ဖြင့် သီဆို

The ballad of John and Yoko ဇော်ဝင်းထွဋ် -အချစ်နဲ့ကျွန်တော့်ရဲ့ပြဇာတ် Norwegian wood မြန်မာပြည်သိန်းတန် -သူကအဝင် ကိုယ်ကအထွက်

You give me your money တူးတူး -မုန်းချင်မုန်းလိုက်

Here come the sun တူးတူး -နေဝန်းနီပေါ်ထွက်ပြီ/ ဂျေမောင်မောင် ချစ်ကံဆိုးတယ်

Rock N' Roll music တူးတူး- ရက်စက်နှုတ်ထွက် မုန်းလိုက်သငိ့ပြီ

When my guitar gently weeps မာရဇ္ဇ - ငိုပေဉီးတော့ ဂစ်တာလေး

Let it be ရင်ဂို -အချစ်ခါးတဲ့နေ့/ပလေးဘွိင်းသန်းနိုင်- ခွင့်လွှတ်တယ်

Don't let me down ချစ်ကောင်း-လွဲချော်ခြင်း/ ပိုးဒါလီသိန်းတန်-အသည်း

ယူစမ်း/ ပလေးဘွိုင်းသန်းနိုင်- အရက်စက်ဆုံး/ ကျော်ဟိန်း-မညှင်းဆဲပါနဲ့

I saw her standing there တော်မီကျော်နိုင် -တော်မီရဲ့ Disco

A heard days night........ဂရေဟမ် -အချစ်မီး

(ဂျေမောင်မောင်၏ ပြန်လည်သီဆိုမှုများ)

It won't belong - မေ့လို့မရပါ

Thank you girl - ကျေးဇူးပဲ

A world without love - လုပ်ရက်တယ်

Across the universe - စကြာဝဠာကို ဖြတ်သန်းခြင်း ( ဖြိုးပြည့်စုံကလည်း ပြောင်းလဲခြင်းမဲ့အချစ်ဟု သီဆိုထား)

Yesterday ပြန်ဆုံမယ် -ဇော်ပိုင် နှင့် ချောစုခင်တို့၏ အကြင်နာအင်အားစီးရီးမှ Crying waiting hoping ရဲသွင်-ဘယ်အချိန် ဘယ်နေရာ ဘယ်ကမ္ဘာ

(သင်္ကြန်သီချင်းအဖြစ် သီဆိုထားမှုများ)

Rock N Roll -သင်္ကြန်အကြိုနေ့မနက်

Long tall sally- မြူးမယ်

Drive my car ဖရန်ကို-အချစ်သည် တခါတရံ၌ ကားတစ်စီးဖြစ်သည်

Here,there and everywhere တက္ကသိုလ်အေးမောင် -ရင်ခွင်ကင်းတဲ့အချစ်

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: George Harrison’s Childhood Home, An Early Beatles Rehearsal Space, Could Sell For $269,000 (forbes)

 

[Zawgyi]

ဘီးတဲလ္အဖြဲ႔ၾကီးမွ ဂစ္တာသမား ေဂ်ာ့ခ်္ ဟဲရစ္ဆန္၏ ကေလးဘဝေနအိမ္

 

ဘီးတဲလ္ (The Beatles) အဖြဲ႔ၾကီးမွ ဂစ္တာသမား ေဂ်ာ့ခ်္ ဟဲရစ္ဆန္ (ကြယ္လြန္) ၏ ကေလးဘဝက ေနထိုင္ခဲ့ေသာ ေနအိမ္ အေရာင္းေစ်းကြက္သို႔ ေရာက္ရွိေနျပီး ကန္ေဒၚလာ ၂၆၉၀၀၀ ခန္႔ ရရွိဖြယ္ရွိေၾကာင္း ခန္႔မွန္းထားသည္။

အဂၤလန္ႏိုင္ငံ၊ လီဗာပူးျမိဳ႕ ဆင္ေျခဖံုးတြင္ တည္ရွိေသာ အဆိုပါစံအိမ္ကေလးသည္ ဘီးတဲလ္၏ အေစာပိုင္းကာလ သီခ်င္းတိုက္ရာေနရာတစ္ခုလည္း ျဖစ္ခဲ့သည္။

လီဗာပူးျမိဳ႕ျပင္ ၈ မိုင္ခန္႔အကြာ Speke အရပ္တြင္ တည္ရွိေသာ အိပ္ခန္း ၃ ခန္းပါ ေနအိမ္သည္ ျဗိတိသွ် ဂီတသမိုင္း၏ အေရးပါေသာ အခန္းက႑တြင္ ပါဝင္သည့္ေနရာတစ္ခုဟု ဆိုႏိုင္သည္။

ဘီးတဲလ္အဖြဲ႔သားမ်ားျဖစ္ေသာ ဂၽြန္လင္ႏြန္၊ ေပါလ္ မကၠာတေနးႏွင့္ ဟဲရစ္ဆန္တို႔သည္ ဆယ္ေက်ာ္သက္အရြယ္တြင္ အတူတကြ သီခ်င္းမ်ားေလ့က်င့္သီဆိုၾကရင္း ပထမဆံုးဖြဲ႔စည္းခဲ့ၾကသည္မွာ The Quarrymen ဟူေသာအမည္ျဖင့္ တီးဝိုင္းျဖစ္သည္။

ထိုသို႔ဖြဲ႔စည္းျပီး တစ္ႏွစ္အၾကာတြင္မွ ဒရမ္သမား ရင္ဂိုစတား (Ringo Starr) ေရာက္လာကာ ဘီးတဲလ္ Beatles ျဖစ္လာျခင္း ျဖစ္သည္။

ဟဲရစ္ဆန္၏ မိသားစုသည္ Upton Green လမ္း၊ အမွတ္ ၂၅ တြင္ တည္ရွိေသာ ယခုစံအိမ္ကေလးသို႔ ၁၉၅၀ ျပည့္ႏွစ္တြင္ ေျပာင္းေရႊ႕အေျခခ်ခဲ့ၾကျခင္း ျဖစ္သည္။

ဘီးတဲလ္၏ အနာဂတ္ ဂစ္တာၾကယ္ပြင့္ေလာင္းလ်ာကေလးမွာ ထိုစဥ္က ၆ ႏွစ္သား အရြယ္သာရွိေသးျပီး အဆိုပါေနအိမ္ကေလးသို႔ ေျပာင္းေရႊ႕ျပီးေနာက္ ၁၂ ႏွစ္ၾကာေနထုိင္ခဲ့ေၾကာင္း ယခုအိမ္ကို ေလလံတင္သည့္ Omega Auctions ေလလံအဖြဲ႔၏ ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

အဆိုပါစံအိမ္ကို ျပဳျပင္ုမြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ဟဲရစ္ဆန္ေနထိုင္ခဲ့စဥ္ကအတိုင္း မူရင္းလက္ရာမ်ားစြာကို ဆက္လက္ထိန္းသိမ္းထားရာ ေရခ်ဳိးခန္း၊ ေရစိမ္ကန္၊ အခ်ဳိ႕ေသာ တံခါးမမ်ားႏွင့္ မီးဖိုေဆာင္ ဗီရိုစင္ၾကီးတစ္ခုတို႔လည္း အပါအဝင္ျဖစ္သည္။

ခန္႔မွန္းေစ်းႏႈန္းျဖစ္ေသာ ကန္ေဒၚလာ ၂၆၉၀၀၀ မွာ Speke ေဒသကေလးရွိ အိမ္ျခံေျမအမ်ားစုထက္ မ်ားစြာေစ်းၾကီးေနေၾကာင္း ျဗိတိသွ်အိမ္ျခံေျမကုမၸဏီ Rightmove က သံုးသပ္သည္။

အဆိုပါေဒသတြင္ ၂၀၂၀ ျပည့္ႏွစ္အတြင္း လံုးခ်င္းအိမ္တစ္လံုး၏ အၾကမ္းဖ်င္းေပါက္ေစ်းမွာ ကန္ေဒၚလာ ၁၄၆၄၄၆ သာ ျဖစ္သည္။

ယခုေနအိမ္မွာ ျဗိတိသွ်သမိုင္းဝင္ေနရာတစ္ခုျဖစ္ရာ ပိုင္ရွင္သစ္အေနျဖင့္ ေနအိမ္အတြက္ သမိုင္းဝင္ အထိမ္းအမွတ္ အျပာေရာင္တံဆိပ္ျပား ေလွ်ာက္ထားႏိုင္ေၾကာင္း၊ ထိုသို႔ေလွ်ာက္ထားပါက ဝယ္လက္မ်ားကို ဆြဲေဆာင္ႏိုင္မည့္အျပင္ ေနအိမ္ေစ်းႏႈန္းလည္း ျမင့္တက္လာႏိုင္ေၾကာင္း ေစ်းကြက္တင္သည့္ ေလလံအဖြဲ႔က ေထာက္ျပသည္။

ဘီးတဲလ္အဖြဲ႔သားမ်ား၏ ေနအိမ္မ်ား အေရာင္းေစ်းကြက္သို႔ ေရာက္ရွိမႈ ရွားပါးလွသည္။

ဂၽြန္လင္ႏြန္ႏွင့္ ေပါလ္မကၠာတေနးတို႔၏ ကေလးဘဝေနအိမ္မ်ားကို ျဗိတိသွ် ယဥ္ေက်းမႈ အေမြအႏွစ္မ်ား ထိန္းသိမ္းေရးလုပ္ငန္းျပဳလုပ္ေနသည့္ အက်ဳိးအျမတ္အတြက္ ဖြဲ႔စည္းထားျခင္းမဟုတ္ေသာ National Trust က ပိုင္ဆိုင္ထားျပီး အဆိုပါ ေနအိမ္မ်ားသို႔ အမ်ားျပည္သူ ဝင္ေရာက္ၾကည့္ရႈခြင့္ ေပးထားသည္။

၂၀၁၆ ခုႏွစ္အတြင္းကမူ ဒရမ္မာ ရင္ဂိုစတား၏ ကေလးဘဝေနအိမ္ကို ဘီးတဲလ္၏ အမာခံပရိသတ္တစ္ဦးက ကန္ေဒၚလာ ၉၅၀၀၀ ျဖင့္ ဝယ္ယူခဲ့သည္။

အဆိုပါ ပရိသတ္သည္ ဂၽြန္လင္ႏြန္၊ ဟဲရစ္ဆန္တို႔၏ မိဘမ်ားႏွင့္ ဆက္ႏႊယ္ေနေသာ အိမ္ျခံေျမမ်ားကိုလည္း ဝယ္ယူပိုင္ဆိုင္ထားေၾကာင္း ဘီဘီစီသတင္းဌာန၏ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ဟဲရစ္ဆန္ကို ဝစီပိတ္ဘီးတဲလ္ဟုလည္း လူသိမ်ားသည္။ ဘီးတဲလ္၏ အျခားအဖြဲ႔သားမ်ားႏွင့္ယွဥ္လွ်င္ ဟဲရစ္ဆန္မွာ စကားနည္းသည္။

ဘီးတဲလ္၏ သီခ်င္းအမ်ားစုကို ဂၽြန္လင္ႏြန္ႏွင့္ ေပါလ္မကၠာတေနးတို႔က ေရးသားၾကေသာ္လည္း ဟဲရစ္ဆန္သည္လည္း “Something” ႏွင့္ “Here Comes The Sun”တို႔ကဲ့သို႔ ဘီးတဲလ္၏ အေက်ာ္ၾကားဆံုး သီခ်င္းမ်ားကို ေရးသားခဲ့သည္။

ေဂ်ာ့ခ်္ ဟဲရစ္ဆန္သည္ ၂၀၀၁ ခုႏွစ္တြင္ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ သူ၏စံအိမ္တြင္ အဆုတ္ကင္ဆာေရာဂါျဖင့္ ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၅၈ ႏွစ္သာ ရွိေသးသည္။

ဘီးတဲလ္အဖြဲ႔ၾကီး မရွိေတာ့သည့္ေနာက္ပိုင္း ရာစုႏွစ္တစ္ဝက္နီးပါးရွိလာသည့္တိုင္ ဘီးတဲလ္ႏွင့္ ပတ္သက္သည့္ အမွတ္တရပစၥည္းမ်ားမွာ ေရပန္းစားေနဆဲျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္အတြင္း Hey Jude သီခ်င္းကို ေရးသားထားသည့္ သီခ်င္းစာသား လက္ေရးမူကို ေလလံတင္ေရာင္းခ်ရာ ကန္ေဒၚလာ ၉၀၀၀၀၀ ေက်ာ္ ရရွိခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ဘီးတဲလ္အဖြဲ႔ၾကီး၏ သီခ်င္းမ်ားကို ျပန္လည္သီဆိုမႈ အလြန္မ်ားျပားသည္။ ျမန္မာႏိုင္ငံမွ ျပန္လည္သီဆိုမႈ အမ်ားဆံုးေတးဂီတအဖြဲ႔မ်ားတြင္ ဘီးတဲလ္လည္း တစ္ခုအပါအဝင္ျဖစ္သည္ဟု ဆိုႏိုင္သည္။

ဘီးတဲလ္၏ သီခ်င္းမ်ားကို ျပန္လည္သီဆုိမႈမ်ားအနက္ iMyanmarHouse.com မွ စုစည္းရရွိထားေသာ စာရင္းမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။ ေအာက္ပါစာရင္းမွာ မျပည့္စံုေသးပါ။ မ်ားစြာက်န္ရွိေနပါေသးသည္။ က်န္ရွိေသာ သီခ်င္းမ်ားကိုလည္း ကြန္မန္႔မွာ ေရးသားေပးခဲ့ၾကပါဦး။

When I'm sixty four ကိုင္ဇာ- ေရႊရတုအခ်စ္ (ေတးေရး- ေစာဘြဲ႔မွဴး)၊ အဆိုပါသီခ်င္းကိုပင္ ဘိုဘို ႏွင့္ ညီပုေလးတို႔၏ မိုးတိမ္မ်ားအေၾကာင္း စီးရီးတြင္ မမခ်ာတိတ္ဟူေသာအမည္ျဖင့္ သီဆိုထားေသးသည္။

(ဘိုဘိုဟန္၏ ျပန္လည္သီဆိုမႈမ်ား)

I saw her standing there -ဂဏန္းတြက္ပါ ႏႈတ္ခမ္းနီမဆိုးနဲ႔ Love me do -ေက်ာပိုးအိတ္တစ္လံုး အသည္းႏွလံုးတစ္ခုနဲ႔ Imagine -မိုးထဲေလထဲ ႏွစ္ေယာက္ထဲ Come together- တတိယေျမာက္ ရည္းစားစကားနိဒါန္း

(ပေလးဘိြဳင္းသန္းႏိုင္၏ ျပန္လည္သီဆိုမႈမ်ား)

Something- အလွႀကိဳက္သူလူမိုက္

Obla di Obla da - အခ်စ္ရူး

Getback - ေခါက္ထား

No reply - တျခမ္းပဲ့အသည္း

Let it be - ခြင့္လႊတ္တယ္

Don't let me down- အရက္စက္ဆံုး

Lady Maddona - သံေယာင္မလိုက္နဲ႔

Ticket to ride- ကပ္ခြါေလး

I want to hold your hand -R ဇာနည္ တစ္စကၠန္႔

All my loving ေဟမာေနဝင္း -အိပ္မက္ရွင္

Obla di Obla da ပေလးဘြိဳင္းသန္းႏိုင္ အခ်စ္ရူး/ ပိုးဒါလီသိန္းတန္-လမ္း

သရဲလို႔ မေျပာပါနဲ႔ / ျဖဴျဖဴေက်ာ္သိန္း -ေပ်ာ္ပါေစ

Come together မင္းမင္းလတ္- အေပၚထပ္နဲ႔ေအာက္ထပ္ဇာတ္လမ္း ( ေဇာ္ဝင္းထြဋ္လည္းသီဆိုထား)/ ဘိုဘိုဟန္ကလည္း တတိယေျမာက္ ရည္းစားစကားနိဒါန္းဟူေသာအမည္ျဖင့္ သီဆို

The ballad of John and Yoko ေဇာ္ဝင္းထြဋ္ -အခ်စ္နဲ႔ကြၽန္ေတာ့္ရဲ့ျပဇာတ္ Norwegian wood ျမန္မာျပည္သိန္းတန္ -သူကအဝင္ ကိုယ္ကအထြက္

You give me your money တူးတူး -မုန္းခ်င္မုန္းလိုက္

Here come the sun တူးတူး -ေနဝန္းနီေပၚထြက္ၿပီ/ ေဂ်ေမာင္ေမာင္ ခ်စ္ကံဆိုးတယ္

Rock N' Roll music တူးတူး- ရက္စက္ႏႈတ္ထြက္ မုန္းလိုက္သငိ့ၿပီ

When my guitar gently weeps မာရဇၨ - ငိုေပၪီးေတာ့ ဂစ္တာေလး

Let it be ရင္ဂို -အခ်စ္ခါးတဲ့ေန႔/ပေလးဘိြင္းသန္းႏိုင္- ခြင့္လႊတ္တယ္

Don't let me down ခ်စ္ေကာင္း-လြဲေခ်ာ္ျခင္း/ ပိုးဒါလီသိန္းတန္-အသည္း

ယူစမ္း/ ပေလးဘိြဳင္းသန္းႏိုင္- အရက္စက္ဆံုး/ ေက်ာ္ဟိန္း-မၫွင္းဆဲပါနဲ႔

I saw her standing there ေတာ္မီေက်ာ္ႏိုင္ -ေတာ္မီရဲ့ Disco

A heard days night........ဂေရဟမ္ -အခ်စ္မီး

(ေဂ်ေမာင္ေမာင္၏ ျပန္လည္သီဆိုမႈမ်ား)

It won't belong - ေမ့လို႔မရပါ

Thank you girl - ေက်းဇူးပဲ

A world without love - လုပ္ရက္တယ္

Across the universe - စၾကာဝဠာကို ျဖတ္သန္းျခင္း ( ၿဖိဳးျပည့္စံုကလည္း ေျပာင္းလဲျခင္းမဲ့အခ်စ္ဟု သီဆိုထား)

Yesterday ျပန္ဆံုမယ္ -ေဇာ္ပိုင္ ႏွင့္ ေခ်ာစုခင္တို႔၏ အၾကင္နာအင္အားစီးရီးမွ Crying waiting hoping ရဲသြင္-ဘယ္အခ်ိန္ ဘယ္ေနရာ ဘယ္ကမ႓ာ

(သၾကၤန္သီခ်င္းအျဖစ္ သီဆိုထားမႈမ်ား)

Rock N Roll -သၾကၤန္အႀကိဳေန့မနက္

Long tall sally- ျမဴးမယ္

Drive my car ဖရန္ကို-အခ်စ္သည္ တခါတရံ၌ ကားတစ္စီးျဖစ္သည္

Here,there and everywhere တကၠသိုလ္ေအးေမာင္ -ရင္ခြင္ကင္းတဲ့အခ်စ္

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: George Harrison’s Childhood Home, An Early Beatles Rehearsal Space, Could Sell For $269,000 (forbes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service