အော်စကာဆုရှင် ဆန်ဒရာ ဘူးလော့ခ် လော့စ်အိန်ဂျလိကွန်ဒိုခန်းကို ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းချ

အော်စကာဆုရှင် ဆန်ဒရာ ဘူးလော့ခ် လော့စ်အိန်ဂျလိကွန်ဒိုခန်းကို ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
15 Feb 2022 10:40 am တွင် တင်ခဲ့သည်
1465 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အော်စကာဆုရှင် ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဆန်ဒရာ ဘူးလော့ခ် ပိုင်ဆိုင်ထားသော အိမ်ခြံမြေများမှာ များပြားလှသည်။

နှစ်ပေါင်းများစွာကာလအတွင်း ဆန်ဒရာ ဘူးလော့ခ်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်၊ တက္ကဆပ်၊ လူဝီစီယားနား၊ ဝိုင်ယောမင်းနှင့် ဂျော်ဂျီယာပြည်နယ်များအပြင် ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ နေရာအနှံ့အပြားတွင် နေအိမ်များ ဝယ်ယူပိုင်ဆိုင်ထားခဲ့သည်။

ယခုအခါ လော့စ်အိန်ဂျလိမြို့၊ အနောက်ဟောလိဝုဒ်ရှိ Sierra Towers မိုးမျှော်တိုက်မှ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၄ ဒသမ ၄ သန်းဖြင့် ရောင်းချလိုက်သည်။

ယခုနှစ်အတွင်း အဆိုပါအခန်းမှ ဒုတိယမြောက်ကွန်ဒိုခန်းကို ရောင်းချခဲ့ခြင်းဖြစ်သော်လည်း ယခု ရောင်းချမှုတွင်မှ အမြတ်ရခဲ့ခြင်းလည်း ဖြစ်သည်။

လွန်ခဲ့သော ဇန်နဝါရီလအတွင်းကလည်း ဆန်ဒရာ ဘူးလော့ခ်သည် ယခုအခန်းမှ အထပ်အနည်းငယ်သာ ကွာဝေးပြီး ယခုအခန်းထက် အနည်းငယ်ကြီးမားသောအခန်းကို ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းဖြင့် ရောင်းချခဲ့သေးသည်။

ထိုစဉ်က ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း ဝယ်ယူခဲ့စဉ်က ဈေးနှုန်းအောက် ကန်ဒေါ်လာ ၁ ဒသမ ၅၃ သန်းနည်းပါးသော ဈေးဖြင့် ရောင်းချခဲ့ရခြင်းဖြစ်ရာ အရှုံးပေါ်ခဲ့သည်။

အိမ်ခြံမြေမှတ်တမ်းများအရ ဆန်ဒရာ ဘူးလော့ခ်သည် ယခုအရောင်းအဝယ်ဖြစ်သွားသောအခန်းကို ၂၀၁၄ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၃ ဒသမ ၅၅ သန်း ပေးခဲ့ရခြင်းဖြစ်ရာ ကန်ဒေါ်လာ ၈၅၀၀၀၀ အမြတ်ရလိုက်သည်။

သူမ နေထိုင်စဉ်ကာလအတွင်း ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းများက ဧည့်ခန်းဆီသို့ အလင်းရောင်ကောင်းစွာ ဆောင်ကြဉ်းပေးပြီး ဧည့်ခန်းမှတဆင့် လသာဆောင်သို့ ရောက်ရှိမည်ဖြစ်ကာ လော့စ်အိန်ဂျလိမြို့ကြီးကို အပေါ်စီးမှ တွေ့မြင်နိုင်မည် ဖြစ်သည်။ ကွန်ဒိုခန်းအတွင်း အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၂ ခန်း ပါဝင်သည်။

Sierra Towers ကို ၁၉၆၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အထပ်ပေါင်း ၃၁ ထပ်ပါဝင်ကာ နှစ်ပေါင်းများစွာ ကာလအတွင်း နာမည်ကြီး အကျော်အမော်များစွာ နေထိုင်ခဲ့ကြသည်။

ယခင်နှင့် လက်ရှိ နေထိုင်ခဲ့၊ နေထိုင်ဆဲ ရှိသူများမှာ အဆိုတော် Cher ၊ အယ်လ်တန်ဂျွန်၊ လူရွှင်တော် အဒမ် ဆန်ဒလာ၊ ရုပ်ရှင်မင်းသမီး အင်မာ ဝပ်ဆန်၊ ရုပ်ရှင်မင်းသမီး ဂျုန်း ကောလင်းစ်၊ ရုပ်ရှင်မင်းသမီး ဒိုင်ယာဟန်း ကဲရိုး၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ဒေးဗစ် ဂက်ဖန်၊ လက်ဝှေ့သမား ဟိုလိဖီး၊ ရုပ်ရှင်မင်းသား မက်သူး ပယ်ရီတို့ နေထိုင်ခဲ့ကြသည်။

မက်သူး ပယ်ရီသည် ဆန်ဒရာ ဘူးလော့ခ် မတိုင်မီ ယခုအခန်းကို ပိုင်ဆိုင်ခဲ့ဖူးသူလည်း ဖြစ်သည်။

ဈေးကွက်တင်ပေးသည်မှာ Hilton & Hyland အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Josh Greer နှင့် Avenue 8 ကုမ္ပဏီမှ အကျိုးဆောင် Alan Long တို့ဖြစ်ပြီး ဝယ်လက်ဘက်မှ ကိုယ်စားပြုသူမှာ Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Laurent Bijaoui ဖြစ်သည်။

ဆန်ဒရာ ဘူးလော့ခ်သည် ကီနူးရိဗ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သော Speed ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့ပြီး ၂၀၀၉ ခုနှစ်က ရုံတင်ခဲ့သော The Blind Side ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆု ရရှိခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sandra Bullock sells Sierra Towers condo for $4.4 million (latimes)

 

[Zawgyi]

ေအာ္စကာဆုရွင္ ဆန္ဒရာ ဘူးေလာ့ခ္ ေလာ့စ္အိန္ဂ်လိကြန္ဒိုခန္းကို ေဒၚလာ ၄ သန္းေက်ာ္ျဖင့္ ေရာင္းခ်

ေအာ္စကာဆုရွင္ ေဟာလိဝုဒ္ရုပ္ရွင္မင္းသမီး ဆန္ဒရာ ဘူးေလာ့ခ္ ပိုင္ဆိုင္ထားေသာ အိမ္ျခံေျမမ်ားမွာ မ်ားျပားလွသည္။

ႏွစ္ေပါင္းမ်ားစြာကာလအတြင္း ဆန္ဒရာ ဘူးေလာ့ခ္သည္ အေမရိကန္ျပည္ေထာင္စု နယူးေယာက္၊ တကၠဆပ္၊ လူဝီစီယားနား၊ ဝိုင္ေယာမင္းႏွင့္ ေဂ်ာ္ဂ်ီယာျပည္နယ္မ်ားအျပင္ ကယ္လီဖုိးနီးယားေတာင္ပိုင္းရွိ ေနရာအႏွံ႔အျပားတြင္ ေနအိမ္မ်ား ဝယ္ယူပိုင္ဆိုင္ထားခဲ့သည္။

ယခုအခါ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ အေနာက္ေဟာလိဝုဒ္ရွိ Sierra Towers မိုးေမွ်ာ္တိုက္မွ ကြန္ဒိုခန္းကို ကန္ေဒၚလာ ၄ ဒသမ ၄ သန္းျဖင့္ ေရာင္းခ်လိုက္သည္။

ယခုႏွစ္အတြင္း အဆိုပါအခန္းမွ ဒုတိယေျမာက္ကြန္ဒိုခန္းကို ေရာင္းခ်ခဲ့ျခင္းျဖစ္ေသာ္လည္း ယခု ေရာင္းခ်မႈတြင္မွ အျမတ္ရခဲ့ျခင္းလည္း ျဖစ္သည္။

လြန္ခဲ့ေသာ ဇန္နဝါရီလအတြင္းကလည္း ဆန္ဒရာ ဘူးေလာ့ခ္သည္ ယခုအခန္းမွ အထပ္အနည္းငယ္သာ ကြာေဝးျပီး ယခုအခန္းထက္ အနည္းငယ္ၾကီးမားေသာအခန္းကို ကန္ေဒၚလာ ၃ ဒသမ ၆ သန္းျဖင့္ ေရာင္းခ်ခဲ့ေသးသည္။

ထိုစဥ္က ကန္ေဒၚလာ ၃ ဒသမ ၆ သန္းျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္ျပီး ၂၀၁၇ ခုႏွစ္အတြင္း ဝယ္ယူခဲ့စဥ္က ေစ်းႏႈန္းေအာက္ ကန္ေဒၚလာ ၁ ဒသမ ၅၃ သန္းနည္းပါးေသာ ေစ်းျဖင့္ ေရာင္းခ်ခဲ့ရျခင္းျဖစ္ရာ အရံႈးေပၚခဲ့သည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ဆန္ဒရာ ဘူးေလာ့ခ္သည္ ယခုအေရာင္းအဝယ္ျဖစ္သြားေသာအခန္းကို ၂၀၁၄ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ကန္ေဒၚလာ ၃ ဒသမ ၅၅ သန္း ေပးခဲ့ရျခင္းျဖစ္ရာ ကန္ေဒၚလာ ၈၅၀၀၀၀ အျမတ္ရလိုက္သည္။

သူမ ေနထိုင္စဥ္ကာလအတြင္း ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ ျပတင္းမ်ားက ဧည့္ခန္းဆီသို႔ အလင္းေရာင္ေကာင္းစြာ ေဆာင္ၾကဥ္းေပးျပီး ဧည့္ခန္းမွတဆင့္ လသာေဆာင္သို႔ ေရာက္ရွိမည္ျဖစ္ကာ ေလာ့စ္အိန္ဂ်လိျမိဳ႕ၾကီးကို အေပၚစီးမွ ေတြ႔ျမင္ႏိုင္မည္ ျဖစ္သည္။ ကြန္ဒိုခန္းအတြင္း အိပ္ခန္း ၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၂ ခန္း ပါဝင္သည္။

Sierra Towers ကို ၁၉၆၆ ခုနွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး အထပ္ေပါင္း ၃၁ ထပ္ပါဝင္ကာ ႏွစ္ေပါင္းမ်ားစြာ ကာလအတြင္း နာမည္ၾကီး အေက်ာ္အေမာ္မ်ားစြာ ေနထုိင္ခဲ့ၾကသည္။

ယခင္ႏွင့္ လက္ရွိ ေနထိုင္ခဲ့၊ ေနထိုင္ဆဲ ရွိသူမ်ားမွာ အဆိုေတာ္ Cher ၊ အယ္လ္တန္ဂၽြန္၊ လူရႊင္ေတာ္ အဒမ္ ဆန္ဒလာ၊ ရုပ္ရွင္မင္းသမီး အင္မာ ဝပ္ဆန္၊ ရုပ္ရွင္မင္းသမီး ဂ်ဳန္း ေကာလင္းစ္၊ ရုပ္ရွင္မင္းသမီး ဒိုင္ယာဟန္း ကဲရိုး၊ စီးပြားေရးလုပ္ငန္းရွင္ၾကီး ေဒးဗစ္ ဂက္ဖန္၊ လက္ေဝွ႔သမား ဟိုလိဖီး၊ ရုပ္ရွင္မင္းသား မက္သူး ပယ္ရီတို႔ ေနထုိင္ခဲ့ၾကသည္။

မက္သူး ပယ္ရီသည္ ဆန္ဒရာ ဘူးေလာ့ခ္ မတိုင္မီ ယခုအခန္းကို ပိုင္ဆိုင္ခဲ့ဖူးသူလည္း ျဖစ္သည္။

ေစ်းကြက္တင္ေပးသည္မွာ Hilton & Hyland အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Josh Greer ႏွင့္ Avenue 8 ကုမၸဏီမွ အက်ဳိးေဆာင္ Alan Long တို႔ျဖစ္ျပီး ဝယ္လက္ဘက္မွ ကိုယ္စားျပဳသူမွာ Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Laurent Bijaoui ျဖစ္သည္။

ဆန္ဒရာ ဘူးေလာ့ခ္သည္ ကီႏူးရိဗ္ႏွင့္ တြဲဖက္သရုပ္ေဆာင္ခဲ့ေသာ Speed ဇာတ္ကားျဖင့္ ကမၻာေက်ာ္ခဲ့ျပီး ၂၀၀၉ ခုႏွစ္က ရံုတင္ခဲ့ေသာ The Blind Side ဇာတ္ကားျဖင့္ အေကာင္းဆံုးဇာတ္ေဆာင္မင္းသမီးအျဖစ္ ေအာ္စကာဆု ရရွိခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sandra Bullock sells Sierra Towers condo for $4.4 million (latimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service