ရင်းနှီးမြှုပ်နှံကြစို့လား။ လို့ဆိုရလောက်အောင် အချိန်အနည်းငယ်ရင်းကာ စောင့်ဆိုင်းလိုက်ရုံဖြင့် တစ်ဆ ကနေ အဆခြောက်ဆယ်ကျော်အထိ ထိုက် ထိုက်တန်တန် ဈေးရသွားခဲ့တာမျိုးတွေ ယနေ့ကမ္ဘာ့အိမ်ခြံမြေဈေးကွက်သ တင်းတွေကို အင်တာနက်သတင်းစာမျက်နှာမှာ ရေးသားဖော်ပြထားတာ ကို တွေ့ရပါတယ်။
အင်္ဂလန်နိုင်ငံ၊ စတက်ဖို့ရှိုင်းယားမြို့တော်မှာနေထိုင်တဲ့ လူငယ်စုံတွဲတစ်တွဲ က လွန်ခဲ့တဲ့လအနည်းငယ် ခြောက်လခန့်အချိန်က မြို့တော်ရဲ့ပေါ်ထရီစ် မှာရှိတဲ့ Stoke on Trent ကောင်စီက နေအိမ်ဟောင်းတစ်လုံးကို အနည်း ငယ်မျှသောငွေပမာဏဖြစ်တဲ့ စတာလင်ပေါင် တစ်ပေါင် ဖြင့် ဝယ်ယူခဲ့ကြပြီး များမကြာသော ယနေ့အချိန်အတွင်းမှာပင် ယင်းအိမ်ရဲ့ ဈေးနှုန်းကို ပေါင် ခြောက်သောင်းအထိဈေးပေးဝယ်ယူလာတာကို တအံ့တသြကြုံတွေ့ခဲ့ကြ တာကို ရေးသားဖော်ပြထားပါတယ်။
ရေဘက္ကာ ဒန်းနစ်နဲ့ ခရစ်ဘန်းတို့နှစ်ဦးက ပထမဦးဆုံးအတူနေထိုင်မည့် အိမ်အဖြစ် ယင်းအိမ်ကို တစ်ပေါင် ဖြင့်ဝယ်ယူခဲ့ကြပြီး နေထိုင်နေတဲ့ ခြောက် လအတွင်းမှာ နှစ်ယောက်သား အသင့်အတင့်နေထိုင်လို့ရမည့် အဆောင် အယောင်အပြင်တွေကို ကုန်ကျစရိတ်အသက်သာဆုံးဖြင့် စိတ်ကြိုက်ပြင် ဆင်ခဲ့ကြတာပဲဖြစ်ပါတယ်။
သူတို့နှစ်ဦးရဲ့ ဒီအိမ်လေးမှာဆိုရင် အသင့်အတင့်ကျယ်ဝန်းတဲ့ နှစ်ယောက် အိပ်အခန်းတစ်ခန်း၊ သန့်ရှင်းတဲ့ရေ ချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်နဲ့ ထမင်း စားခန်း၊ အပေါ်ထပ်လှေကား၊ အိမ် နံရံမျက်နှာကျပ်နဲ့ အခြားအခန်းပိုများကို လည်း ထည့်သွင်းပြင်ဆင်ဆောက်လုပ်ခဲ့ကြတဲ့အတွက် ယင်းအိမ်လေးက ဝယ်လက်ကြိုက်မယ့်နေအိမ်အနေအထားသို့ ရောက်ရှိခဲ့ကာ ယင်းသို့ ဈေးရ ခဲ့ခြင်းဖြစ်ကြောင့် မြို့တော် အိမ်ခြံမြေဈေးကွက်ချုပ်ကိုင်သူပွဲစားများ ကခန့် မှန်းပြောကြားခဲ့ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)