“Pine Bluff မြို့မှ ဒေါ်လာ ၄၀၀ တန်အိမ်များ” (သို့မဟုတ်) အမေရိကန်ပြည်၊ အာကင်ဆောပြည်နယ်ရှိ မြို့ငယ်လေးတစ်ခုတွင် နေအိမ်တစ်လုံးလျှင် ဒေါ်လာ ၄၀၀ ဖြင့် ရောင်းချပေးနေ၊ သို့သော် သတိပြုရမည့် မြှုပ်ကွက်တစ်ခုရှိ

“Pine Bluff မြို့မှ ဒေါ်လာ ၄၀၀ တန်အိမ်များ” (သို့မဟုတ်) အမေရိကန်ပြည်၊ အာကင်ဆောပြည်နယ်ရှိ မြို့ငယ်လေးတစ်ခုတွင် နေအိမ်တစ်လုံးလျှင် ဒေါ်လာ ၄၀၀ ဖြင့် ရောင်းချပေးနေ၊ သို့သော် သတိပြုရမည့် မြှုပ်ကွက်တစ်ခုရှိ - Property News in Myanmar from iMyanmarHouse.com
12 Sep 2024 2:18 pm တွင် တင်ခဲ့သည်
728 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နေအိမ်ဝယ်လက်တို့သည် အမေရိကန်ပြည်၊ အာကင်ဆောပြည်နယ်ရှိ မြို့ငယ်ကလေးတစ်ခုတွင် ဒေါ်လာ ၄၀၀ ဖြင့် ရောင်းချပေးနေသော နေအိမ်များအပေါ် အထူးစိတ်ဝင်စားလျက်ရှိနေသည်။

အာကင်ဆောပြည်နယ်၏ မြို့တော် Little Rock မြို့ကြီးမှ ၄၅ မိုင်အကွာ၊ Pine Bluff အမည်ရှိမြို့တွင် မကြာသေးမီက နေအိမ်တစ်လုံးကို ၄၀၂ ဒသမ ၇၄ ဒေါ်လာဖြင့် လေလံတင်ရောင်းချခဲ့သည်။

“Pine Bluff မြို့မှ ဒေါ်လာ ၄၀၀ တန်အိမ်များ” (The City Left Behind: $400 Abandoned Homes in Pine Bluff) အမည်ရှိ Documentary ဗွီဒီယိုဖိုင်တစ်ခုကို YouTube တွင် လွှင့်တင်ထားရာ ပြီးခဲ့သော ရက်သတ္တ ၃ ပတ်အတွင်း ကြည့်ရှုမှုအကြိမ်ရေ ၁ ဒသမ ၆ သန်း ရှိခဲ့သည်။

“အဲဒီမှာက ပြန်လည်မွမ်းမံနေထိုင်လို့ရမယ့်အိမ်တွေ ပိုလျှံနေပြီး ဈေးပေါတယ်” ဟု ရုပ်ရှင်ဒါရိုက်တာ Michael Schwarz က Realtor အိမ်ခြံမြေသတင်းဌာနသို့ ပြောသည်။

“Pine Bluff ကို ရွှေ့ပြောင်းနေထိုင်လိုသူ အလုံအလောက်မရှိဘူး။ ဒါမှမဟုတ် Pine Bluff မှာ နေတဲ့သူတွေဟာ ဒါတွေကို ဝယ်ပြီး မွမ်းမံနိုင်တဲ့သူ နည်းပါးပါတယ်”

(ပုံတွင် တွေ့ရသည်မှာ Pine Bluff မြို့တွင် ဒေါ်လာ ၄၀၀ ကျော်မျှဖြင့် လေလံပွဲတွင် ရောင်းချခဲ့သော နေအိမ်ဖြစ်သည်။ ဓာတ်ပုံ-Abandoned Atlas Foundation/ YouTube)

Pine Bluff မြို့ကလေး၏ နေအိမ်များ ဈေးပေါနေရခြင်းတွင် မြှုပ်ကွက်တစ်ခု ရှိနေသည်။

၂၀၂၀ ပြည့်နှစ် အမေရိကန်သန်းခေါင်စာရင်းအရ Pine Bluff သည် အမေရိကတွင် လူဦးရေ ကျဆင်းမှု အလျင်မြန်ဆုံးမြို့ဖြစ်နေသည်။

ဆယ်စုနှစ် တစ်ခုတာအတွင်း မြို့လူဦးရေ ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။

ထိုသို့ ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ အလုပ်အကိုင်ရှားပါးမှုနှင့် စာသင်ကျောင်းများ ညံ့ဖျင်းမှု ကြောင့်ဖြစ်သည်။

Schwarz ၏ documentary ဗွီဒီယို YouTube တွင် နာမည်ကြီးသွားပြီးနောက်ပိုင်း Pine Bluff မြို့လေး၏ မြို့တော်ဝန် Shirley Washington က “ကျွန်တော်တို့ရဲ့ မြို့လေးကို ပြန်လည်အသက်ဝင်လာဖို့၊ Pine Bluff ဟာ အခြေချနေထိုင်ဖို့အတွက် ဘေးကင်းပြီး တိုးတက်မယ့်နေရာတစ်ခု ဖြစ်လာစေဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ စွန့်ပစ်ခံထားရတဲ့ နေအိမ်တွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ မြို့အုပ်ရေးအဖွဲ့အနေနဲ့ အစီအစဉ်တွေ အများကြီးအကောင်အထည်ဖော်ထားပါတယ်” ဟု တုံ့ပြန်ခဲ့သည်။

မြို့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် လူနေအိမ်သစ်များ ဆောက်လုပ်ရေးအတွက် ပြောဆိုနေသော်လည်း ဆောက်လုပ်ပြီးနေအိမ်များတွင် နေထိုင်မည့်သူ အလုံအလောက်မရှိကြောင်း Schwarz က ထောက်ပြသည်။

Pine Bluff မြို့လေးတွင် လူဦးရေ ကျဆင်းလာသည်နှင့်အမျှ ရာဇဝတ်မှုများလည်း ထူပြောလာသည်။

နေအိမ်များစွာမှာ စွန့်ပစ်ခံထားရသည်။

(ပုံတွင် တွေ့ရသော အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၁ ခန်းပါသော အိမ်မှာ ဒေါ်လာ ၉၉၀၀ ဖြင့် အရောင်းဈေးကွက်တင်ထားသည်။ ဓာတ်ပုံ-Realtor)

 Schwarz ၏ Documentary ကျော်ကြားသွားပြီးနောက် ယခုအခါ Pine Bluff မြို့လေးကို အာရုံစိုက်သူ များပြားလာသည်။

မြို့လေး ပြန်လည်စည်ကားဖွံ့ဖြိုးလာဖွယ်ရှိနေသည်။

  (ပုံတွင် တွေ့ရသော အိမ်မှာ ဒေါ်လာ ၁၀၀၀၀ မျှသာ ဈေးခေါ်ထားပြီး ဝယ်ယူရန် ကမ်းလှမ်းထားသူ တစ်ဦးရှိသည်ဟု ဆိုသည်။ ဓာတ်ပုံ-Realtor)

(ယခုအိမ်မှာ ဒေါ်လာ ၁၄၅၀၀ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Realtor)

(ဤအိမ်တွင် အိပ်ခန်း ၃ ခန်း ရေချိုးခန်း ၂ ခန်းပါဝင်ပြီး ဒေါ်လာ ၁၉၉၀၀ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Realtor) 

 (အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၂ ခန်းပါသော အိမ်ဖြစ်ပြီး ဒေါ်လာ ၂၄၉၀၀၀ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Realtor)

 (ယခုအိမ်မှာ Pine Bluff မြို့၏ ဈေးကြီးသောအိမ်များတွင် ပါဝင်ပြီး အိပ်ခန်း ၅ ခန်း ပါဝင်ကာ ဒေါ်လာ ၂၉၉၀၀၀ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Realtor) 

 (အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်းပါသော အိမ်တစ်လုံးဖြစ်ပြီး ဒေါ်လာ ၅၉၉၉၀၀ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Buyers can snap up a home for $400 in this shrinking Southern city — but there’s a catch (realtor)

Photo Credit- Abandoned Atlas Foundation/ YouTube, Realtor

[Zawgyi]

“Pine Bluff ျမိဳ႕မွ ေဒၚလာ ၄၀၀ တန္အိမ္မ်ား” (သို႔မဟုတ္) အေမရိကန္ျပည္၊ အာကင္ေဆာျပည္နယ္ရွိ ျမိဳ႕ငယ္ေလးတစ္ခုတြင္ ေနအိမ္တစ္လံုးလွ်င္ ေဒၚလာ ၄၀၀ ျဖင့္ ေရာင္းခ်ေပးေန၊ သို႔ေသာ္ သတိျပဳရမည့္ ျမွဳပ္ကြက္တစ္ခုရွိ

ေနအိမ္ဝယ္လက္တို႔သည္ အေမရိကန္ျပည္၊ အာကင္ေဆာျပည္နယ္ရွိ ျမိဳ႕ငယ္ကေလးတစ္ခုတြင္ ေဒၚလာ ၄၀၀ ျဖင့္ ေရာင္းခ်ေပးေနေသာ ေနအိမ္မ်ားအေပၚ အထူးစိတ္ဝင္စားလ်က္ရွိေနသည္။

အာကင္ေဆာျပည္နယ္၏ ျမိဳ႕ေတာ္ Little Rock ျမိဳ႕ၾကီးမွ ၄၅ မိုင္အကြာ၊ Pine Bluff အမည္ရွိျမိဳ႕တြင္ မၾကာေသးမီက ေနအိမ္တစ္လံုးကို ၄၀၂ ဒသမ ၇၄ ေဒၚလာျဖင့္ ေလလံတင္ေရာင္းခ်ခဲ့သည္။

“Pine Bluff ျမိဳ႕မွ ေဒၚလာ ၄၀၀ တန္အိမ္မ်ား” (The City Left Behind: $400 Abandoned Homes in Pine Bluff) အမည္ရွိ Documentary ဗြီဒီယိုဖိုင္တစ္ခုကို YouTube တြင္ လႊင့္တင္ထားရာ ျပီးခဲ့ေသာ ရက္သတၱ ၃ ပတ္အတြင္း ၾကည့္ရႈမႈအၾကိမ္ေရ ၁ ဒသမ ၆ သန္း ရွိခဲ့သည္။

“အဲဒီမွာက ျပန္လည္မြမ္းမံေနထိုင္လို႔ရမယ့္အိမ္ေတြ ပိုလွ်ံေနျပီး ေစ်းေပါတယ္” ဟု ရုပ္ရွင္ဒါရိုက္တာ Michael Schwarz က Realtor အိမ္ျခံေျမသတင္းဌာနသုိ႔ ေျပာသည္။

“Pine Bluff ကို ေရႊ႕ေျပာင္းေနထုိင္လိုသူ အလံုအေလာက္မရွိဘူး။ ဒါမွမဟုတ္ Pine Bluff မွာ ေနတဲ့သူေတြဟာ ဒါေတြကို ဝယ္ျပီး မြမ္းမံႏိုင္တဲ့သူ နည္းပါးပါတယ္”

(ပံုတြင္ ေတြ႔ရသည္မွာ Pine Bluff ျမိဳ႕တြင္ ေဒၚလာ ၄၀၀ ေက်ာ္မွ်ျဖင့္ ေလလံပြဲတြင္ ေရာင္းခ်ခဲ့ေသာ ေနအိမ္ျဖစ္သည္။ ဓာတ္ပံု-Abandoned Atlas Foundation/ YouTube)

Pine Bluff ျမိဳ႕ကေလး၏ ေနအိမ္မ်ား ေစ်းေပါေနရျခင္းတြင္ ျမွဳပ္ကြက္တစ္ခု ရွိေနသည္။

၂၀၂၀ ျပည့္ႏွစ္ အေမရိကန္သန္းေခါင္စာရင္းအရ Pine Bluff သည္ အေမရိကတြင္ လူဦးေရ က်ဆင္းမႈ အလ်င္ျမန္ဆံုးျမိဳ႕ျဖစ္ေနသည္။

ဆယ္စုႏွစ္ တစ္ခုတာအတြင္း ျမိဳ႕လူဦးေရ ၁၂ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းသြားခဲ့သည္။

ထိုသို႔ ျဖစ္ရျခင္း၏ အဓိက အေၾကာင္းရင္းမွာ အလုပ္အကိုင္ရွားပါးမႈႏွင့္ စာသင္ေက်ာင္းမ်ား ညံ့ဖ်င္းမႈ ေၾကာင့္ျဖစ္သည္။

Schwarz ၏ documentary ဗြီဒီယို YouTube တြင္ နာမည္ၾကီးသြားျပီးေနာက္ပိုင္း Pine Bluff ျမိဳ႕ေလး၏ ျမိဳ႕ေတာ္ဝန္ Shirley Washington က “ကၽြန္ေတာ္တို႔ရဲ႕ ျမိဳ႕ေလးကို ျပန္လည္အသက္ဝင္လာဖုိ႔၊ Pine Bluff ဟာ အေျခခ်ေနထုိင္ဖုိ႔အတြက္ ေဘးကင္းျပီး တုိးတက္မယ့္ေနရာတစ္ခု ျဖစ္လာေစဖို႔ ကၽြန္ေတာ္တို႔ ရည္မွန္းထားပါတယ္။ စြန္႔ပစ္ခံထားရတဲ့ ေနအိမ္ေတြနဲ႔ ပတ္သက္ျပီး ေျဖရွင္းႏိုင္ဖုိ႔ ျမိဳ႕အုပ္ေရးအဖြဲ႔အေနနဲ႔ အစီအစဥ္ေတြ အမ်ားၾကီးအေကာင္အထည္ေဖာ္ထားပါတယ္” ဟု တံု႔ျပန္ခဲ့သည္။

ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔အေနျဖင့္ လူေနအိမ္သစ္မ်ား ေဆာက္လုပ္ေရးအတြက္ ေျပာဆိုေနေသာ္လည္း ေဆာက္လုပ္ျပီးေနအိမ္မ်ားတြင္ ေနထိုင္မည့္သူ အလံုအေလာက္မရွိေၾကာင္း Schwarz က ေထာက္ျပသည္။

Pine Bluff ျမိဳ႕ေလးတြင္ လူဦးေရ က်ဆင္းလာသည္ႏွင့္အမွ် ရာဇဝတ္မႈမ်ားလည္း ထူေျပာလာသည္။

ေနအိမ္မ်ားစြာမွာ စြန္႔ပစ္ခံထားရသည္။

(ပံုတြင္ ေတြ႔ရေသာ အိပ္ခန္း ၂ ခန္း၊ ေရခ်ဳိးခန္း ၁ ခန္းပါေသာ အိမ္မွာ ေဒၚလာ ၉၉၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္ထားသည္။ ဓာတ္ပံု-Realtor)

Schwarz ၏ Documentary ေက်ာ္ၾကားသြားျပီးေနာက္ ယခုအခါ Pine Bluff ျမိဳ႕ေလးကို အာရံုစိုက္သူ မ်ားျပားလာသည္။

ျမိဳ႕ေလး ျပန္လည္စည္ကားဖြ႔ံျဖိဳးလာဖြယ္ရွိေနသည္။

(ပံုတြင္ ေတြ႔ရေသာ အိမ္မွာ ေဒၚလာ ၁၀၀၀၀ မွ်သာ ေစ်းေခၚထားျပီး ဝယ္ယူရန္ ကမ္းလွမ္းထားသူ တစ္ဦးရွိသည္ဟု ဆိုသည္။ ဓာတ္ပံု-Realtor)

(ယခုအိမ္မွာ ေဒၚလာ ၁၄၅၀၀ ေစ်းေခၚထားသည္။ ဓာတ္ပံု-Realtor)

(ဤအိမ္တြင္ အိပ္ခန္း ၃ ခန္း ေရခ်ဳိးခန္း ၂ ခန္းပါဝင္ျပီး ေဒၚလာ ၁၉၉၀၀ ေစ်းေခၚထားသည္။ ဓာတ္ပံု-Realtor)

(အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းပါေသာ အိမ္ျဖစ္ျပီး ေဒၚလာ ၂၄၉၀၀၀ ေစ်းေခၚထားသည္။ ဓာတ္ပံု-Realtor)

(ယခုအိမ္မွာ Pine Bluff ျမိဳ႕၏ ေစ်းၾကီးေသာအိမ္မ်ားတြင္ ပါဝင္ျပီး အိပ္ခန္း ၅ ခန္း ပါဝင္ကာ ေဒၚလာ ၂၉၉၀၀၀ ေစ်းေခၚထားသည္။ ဓာတ္ပံု-Realtor)

(အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၃ ခန္းပါေသာ အိမ္တစ္လံုးျဖစ္ျပီး ေဒၚလာ ၅၉၉၉၀၀ ေစ်းေခၚထားသည္။ ဓာတ္ပံု-Realtor)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Buyers can snap up a home for $400 in this shrinking Southern city — but there’s a catch (realtor)

Photo Credit- Abandoned Atlas Foundation/ YouTube, Realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
Innwa Pyae Sone Residence
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service