ရော့ခ်ဂီတအဖွဲ့ Kiss ၏ ဘေ့စ်ဂစ်တာသမား ၃၅ နှစ်နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ရောင်းချ

ရော့ခ်ဂီတအဖွဲ့ Kiss ၏ ဘေ့စ်ဂစ်တာသမား ၃၅ နှစ်နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
23 Feb 2022 10:36 am တွင် တင်ခဲ့သည်
1448 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော် ရော့ခ်ဂီတဝိုင်းကြီး KISS ၏ ဘေ့စ်ဂစ်တာသမား ဂျီးန် ဆင်မန်စ် (Gene Simmons) သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ ၃၅ နှစ်နီးပါးနေထိုင်ခဲ့သော စံအိမ်ကြီး အရောင်းဈေးကွက်သို့ ရောက်ရှိနေသည်။

အရောင်းဈေးကွက်သို့ ပထမဆုံးဝင်ရောက်လာခြင်းဖြစ်ပြီး နန်းတော်တမျှ ခမ်းနားလှသည့်စံအိမ်ကြီးကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

အရောင်းဈေးကွက်တင်ပေးသူမှာ Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ ဂျို့ရှ်နှင့် မက်ထ် အဲ့တ်မန်း ညီအစ်ကို ဖြစ်သည်။ Kiss အဖွဲ့ကြီး၏ ပရိသတ်များကား ယခုစံအိမ်ကြီးကို အောက်မေ့သတိရနေရတော့မည်ဖြစ်၏။

A&E Network ရုပ်သံတွင် ၂၀၀၆ မှ ၂၀၁၂ ခုနှစ်အထိ တင်ဆက်ခဲ့သော ဆင်မန်စ်၏ ရုပ်သံအစီအစဉ်ဖြစ်သည့် Gene Simmons Family Jewels ကို ယခုစံအိမ်ကြီးတွင် ရိုက်ကူးတင်ဆက်ခဲ့ခြင်း ဖြစ်သည်။

ခြံအကျယ် ၂ ဧကရှိကာ စတုရန်းပေ ၁၆၀၀၀ ကျယ်ဝန်းသော စံအိမ်၊ ရေကူးကန်တစ်ခု၊ ပေ ၆၀ အရှည်ရှိသည့် ရေလွှာလျှော၊ ကား ၃၅ စင်း ရပ်နားရန်နေရာ၊ ပညာရှင်အဆင့် တင်းနစ်ကွင်းတို့ ပါဝင်သည်။

ဆင်မန်စ် နှင့် ဇနီးဖြစ်သူ ရှန်နွန် တွိ ဆင်မန်စ်တို့ ဇနီးမောင်နှံက ယခုစံအိမ်ကြီးကို ၁၉၈၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့သည်။

ယင်းနောက်ပိုင်းကတည်းက အဆိုပါစံအိမ်ကြီးတွင် သားသမီး ၂ ဦးနှင့်အတူ နှစ်ပေါင်း ၃၀ ကျော် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေမှတ်တမ်းများအရ ဆင်မန်စ်တို့ ဇနီးမောင်နှံသည် ၂၀၀၀ ပြည့်နှစ်အတွင်း စံအိမ်ကြီးကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စံအိမ်ကို ချဲ့ထွင်ခြင်း၊ မွမ်းမံခြင်းများ ပြုလုပ်ခဲ့ပြီး ယခုအခါ ဥရောပဟန် စံအိမ်တစ်လုံးအသွင် ပြောင်းလဲနေ သည်။

ပေ ၄၀ မြင့်မားသည့် မျက်နှာကြက် ၊ ဝေ့ဝိုက်ကွေ့ကောက်သည့် လှေကားရှိသော အမိုးခုံး အဝင်ခန်းမမှတဆင့် စံအိမ်အတွင်းသို့ စတင်ရောက်ရှိမည် ဖြစ်သည်။

မြင့်မားသည့်မျက်နှာကြက်ရှိသော ဧည့်ခန်းအတွင်း မီးလင်းဖို၊ ပုံမှန်ထက်မြင့်မားသည့် ပြတင်းများ၊ ဧည့်ခန်းကို စီးမိုးတွေ့မြင်နေရသည့် ထပ်ခိုးနေရာတို့ ပါဝင်သည်။

ဆင်မန်စ်က စံအိမ်ကြီးအတွင်း သူ၏ ဂီတဘဝ ဖြတ်သန်းမှု အမှတ်တရများစွာကိုလည်း သိမ်းဆည်းထားသည်။

ဝေါစထရိဂျာနယ်တွင် ဖော်ပြချက်အရ ၎င်းတို့ဇနီးမောင်နှံသည် ဝါရှင်တန်ပြည်နယ်သို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ထားကြသည်ဟု ဆိုသည်။

အကယ်၍ သင်သည် ဆင်မန်စ်ပိုင်ဆိုင်သော စံအိမ်များအနက် ဈေးသက်သာသည့် စံအိမ်တစ်လုံး ဝယ်ယူလို သည်ဆိုပါကလည်း ၂၀၁၃ ခုနှစ်ကတည်းက ၎င်းပိုင်ဆိုင်ထားခဲ့သော ဟောလိဝုဒ်ဟေးလ်မှ စံအိမ်တစ်လုံး အရောင်းဈေးကွက်တွင် ရှိနေသေးသည်။ အဆိုပါစံအိမ်ကို မူလက ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းဖြင့် ဈေးခေါ်ထားပြီး နောက်ပိုင်းတွင် ကန်ဒေါ်လာ ၁ ဒသမ ၉ သန်းသို့ လျှော့ချပေးထားသည်။

အသက် ၇၁ နှစ်ရှိပြီဖြစ်သော ဆင်မန်စ်သည် Kiss အဖွဲ့ကြီး၏ ဘေ့စ်ဂစ်တာသမား၊ ပူးတွဲအဆိုတော် တစ်ဦးဖြစ်ပြီး Kiss ဝိုင်းကို ၁၉၇၀ ပြည့်လွန် အစောပိုင်းကာလများတွင် တည်ထောင်ရာ၌ ပါဝင်ခဲ့သူ ဖြစ်သည်။

စင်မြင့်ဖျော်ဖြေပွဲများတွင် မျက်နှာများကို ဆေးရောင်စုံရေးခြယ်ကာ ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်လေ့ရှိသော Kiss အဖွဲ့ကြီးသည် သမိုင်းတစ်လျှောက် အရောင်းရဆုံး တေးဂီတဝိုင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၇၀ ကျော် ရောင်းချထားရပြီး ဖြစ်သည်။

Kiss အဖွဲ့ကြီး၏ သီချင်းများကို မြန်မာနိုင်ငံတွင် စတီရီယိုခေတ်ဦးကတည်းက ပြန်လည်သီဆိုခဲ့မှုများရှိရာ Do you love me, Lick it up, Love gun အစရှိသော သီချင်းများကို တော်မီကျော်နိုင်က အရူးလေးလား၊ အဆက်ဖြတ်လိုက်၊ မင်းကြောင့် အစရှိသောအမည်များဖြင့် ပြန်လည်သီဆိုခဲ့သည်။

Kiss ၏ Tears are falling သီချင်းကို ဝမ်းနည်းခြင်းမိုးတိမ် စီးရီးတွင် ဘယ်သူ့မှာ မျက်ရည်ပိုလဲဟု ညီငယ်က ပြန်လည်သီဆိုထားသည်။

Sure now something ကို တင်ဇာမော်က အဆိုးဆုံးအလွမ်း၊ Every time I look at you ကို သျှီက လိုချင်သောကမ္ဘာ ဟုလည်း သီဆိုထားသည်။

အငဲကလည်း Kiss ၏ သီချင်းများ ပြန်လည်သီဆိုခဲ့ဖူးရာ Paralyzed ကို စိန်ခေါ်ခြင်း၊ See you tonight ကို နွေညများ၊ Coming home ကို အဖြေ ၊ Domino ကို ကမ်းမရှိတဲ့အချစ် အစရှိသဖြင့် ပြန်လည်သီဆိုရာတွင် လည်း အောင်မြင်မှုများ ရရှိခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kiss Frontman Gene Simmons Selling His Rock Star Estate for $22M in Beverly Hills (realtor)

 

[Zawgyi]

ေရာ့ခ္ဂီတအဖြဲ႔ Kiss ၏ ေဘ့စ္ဂစ္တာသမား ၃၅ ႏွစ္ေနထိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိစံအိမ္ ေရာင္းခ်

ကမၻာေက်ာ္ ေရာ့ခ္ဂီတဝိုင္းၾကီး KISS ၏ ေဘ့စ္ဂစ္တာသမား ဂ်ီးန္ ဆင္မန္စ္ (Gene Simmons) သည္ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္ရွိ ၃၅ ႏွစ္နီးပါးေနထုိင္ခဲ့ေသာ စံအိမ္ၾကီး အေရာင္းေစ်းကြက္သို႔ ေရာက္ရွိေနသည္။

အေရာင္းေစ်းကြက္သို႔ ပထမဆံုးဝင္ေရာက္လာျခင္းျဖစ္ျပီး နန္းေတာ္တမွ် ခမ္းနားလွသည့္စံအိမ္ၾကီးကို ကန္ေဒၚလာ ၂၂ သန္းျဖင့္ ဝယ္ယူပိုင္ဆိုင္ႏိုင္မည္ ျဖစ္သည္။

အေရာင္းေစ်းကြက္တင္ေပးသူမွာ Douglas Elliman အိမ္ျခံေျမကုမၸဏီမွ ဂ်ဳိ႕ရွ္ႏွင့္ မက္ထ္ အဲ့တ္မန္း ညီအစ္ကို ျဖစ္သည္။ Kiss အဖြဲ႔ၾကီး၏ ပရိသတ္မ်ားကား ယခုစံအိမ္ၾကီးကို ေအာက္ေမ့သတိရေနရေတာ့မည္ျဖစ္၏။

A&E Network ရုပ္သံတြင္ ၂၀၀၆ မွ ၂၀၁၂ ခုႏွစ္အထိ တင္ဆက္ခဲ့ေသာ ဆင္မန္စ္၏ ရုပ္သံအစီအစဥ္ျဖစ္သည့္ Gene Simmons Family Jewels ကို ယခုစံအိမ္ၾကီးတြင္ ရိုက္ကူးတင္ဆက္ခဲ့ျခင္း ျဖစ္သည္။

ျခံအက်ယ္ ၂ ဧကရွိကာ စတုရန္းေပ ၁၆၀၀၀ က်ယ္ဝန္းေသာ စံအိမ္၊ ေရကူးကန္တစ္ခု၊ ေပ ၆၀ အရွည္ရွိသည့္ ေရလႊာေလွ်ာ၊ ကား ၃၅ စင္း ရပ္နားရန္ေနရာ၊ ပညာရွင္အဆင့္ တင္းနစ္ကြင္းတို႔ ပါဝင္သည္။

ဆင္မန္စ္ ႏွင့္ ဇနီးျဖစ္သူ ရွန္ႏြန္ တြိ ဆင္မန္စ္တုိ႔ ဇနီးေမာင္ႏွံက ယခုစံအိမ္ၾကီးကို ၁၉၈၆ ခုႏွစ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့သည္။

ယင္းေနာက္ပိုင္းကတည္းက အဆိုပါစံအိမ္ၾကီးတြင္ သားသမီး ၂ ဦးႏွင့္အတူ ႏွစ္ေပါင္း ၃၀ ေက်ာ္ ေနထိုင္ခဲ့ျခင္း ျဖစ္သည္။ အိမ္ျခံေျမမွတ္တမ္းမ်ားအရ ဆင္မန္စ္တို႔ ဇနီးေမာင္ႏွံသည္ ၂၀၀၀ ျပည့္ႏွစ္အတြင္း စံအိမ္ၾကီးကို ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္ဟု ဆိုသည္။

စံအိမ္ကို ခ်ဲ႕ထြင္ျခင္း၊ မြမ္းမံျခင္းမ်ား ျပဳလုပ္ခဲ့ျပီး ယခုအခါ ဥေရာပဟန္ စံအိမ္တစ္လံုးအသြင္ ေျပာင္းလဲေန သည္။

ေပ ၄၀ ျမင့္မားသည့္ မ်က္ႏွာၾကက္ ၊ ေဝ့ဝိုက္ေကြ႔ေကာက္သည့္ ေလွကားရွိေသာ အမိုးခံုး အဝင္ခန္းမမွတဆင့္ စံအိမ္အတြင္းသို႔ စတင္ေရာက္ရွိမည္ ျဖစ္သည္။

ျမင့္မားသည့္မ်က္ႏွာၾကက္ရွိေသာ ဧည့္ခန္းအတြင္း မီးလင္းဖို၊ ပံုမွန္ထက္ျမင့္မားသည့္ ျပတင္းမ်ား၊ ဧည့္ခန္းကို စီးမိုးေတြ႔ျမင္ေနရသည့္ ထပ္ခိုးေနရာတို႔ ပါဝင္သည္။

ဆင္မန္စ္က စံအိမ္ၾကီးအတြင္း သူ၏ ဂီတဘဝ ျဖတ္သန္းမႈ အမွတ္တရမ်ားစြာကိုလည္း သိမ္းဆည္းထားသည္။

ေဝါစထရိဂ်ာနယ္တြင္ ေဖာ္ျပခ်က္အရ ၎တို႔ဇနီးေမာင္ႏွံသည္ ဝါရွင္တန္ျပည္နယ္သို႔ ေရႊ႕ေျပာင္းရန္ ဆံုးျဖတ္ထားၾကသည္ဟု ဆုိသည္။

အကယ္၍ သင္သည္ ဆင္မန္စ္ပိုင္ဆိုင္ေသာ စံအိမ္မ်ားအနက္ ေစ်းသက္သာသည့္ စံအိမ္တစ္လံုး ဝယ္ယူလို သည္ဆိုပါကလည္း ၂၀၁၃ ခုႏွစ္ကတည္းက ၎ပိုင္ဆိုင္ထားခဲ့ေသာ ေဟာလိဝုဒ္ေဟးလ္မွ စံအိမ္တစ္လံုး အေရာင္းေစ်းကြက္တြင္ ရွိေနေသးသည္။ အဆိုပါစံအိမ္ကို မူလက ကန္ေဒၚလာ ၂ ဒသမ ၂ သန္းျဖင့္ ေစ်းေခၚထားျပီး ေနာက္ပိုင္းတြင္ ကန္ေဒၚလာ ၁ ဒသမ ၉ သန္းသို႔ ေလွ်ာ့ခ်ေပးထားသည္။

အသက္ ၇၁ ႏွစ္ရွိျပီျဖစ္ေသာ ဆင္မန္စ္သည္ Kiss အဖြဲ႔ၾကီး၏ ေဘ့စ္ဂစ္တာသမား၊ ပူးတြဲအဆိုေတာ္ တစ္ဦးျဖစ္ျပီး Kiss ဝိုင္းကို ၁၉၇၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားတြင္ တည္ေထာင္ရာ၌ ပါဝင္ခဲ့သူ ျဖစ္သည္။

စင္ျမင့္ေဖ်ာ္ေျဖပြဲမ်ားတြင္ မ်က္ႏွာမ်ားကို ေဆးေရာင္စံုေရးျခယ္ကာ ေဖ်ာ္ေျဖတင္ဆက္မႈမ်ား ျပဳလုပ္ေလ့ရွိေသာ Kiss အဖြဲ႔ၾကီးသည္ သမိုင္းတစ္ေလွ်ာက္ အေရာင္းရဆံုး ေတးဂီတဝိုင္းမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ျပီး ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၇၀ ေက်ာ္ ေရာင္းခ်ထားရျပီး ျဖစ္သည္။

Kiss အဖြဲ႔ၾကီး၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ စတီရီယိုေခတ္ဦးကတည္းက ျပန္လည္သီဆိုခဲ့မႈမ်ားရွိရာ Do you love me, Lick it up, Love gun အစရွိေသာ သီခ်င္းမ်ားကို ေတာ္မီေက်ာ္ႏိုင္က အရူးေလးလား၊ အဆက္ျဖတ္လိုက္၊ မင္းေၾကာင့္ အစရွိေသာအမည္မ်ားျဖင့္ ျပန္လည္သီဆိုခဲ့သည္။

Kiss ၏ Tears are falling သီခ်င္းကို ဝမ္းနည္းျခင္းမိုးတိမ္ စီးရီးတြင္ ဘယ္သူ႔မွာ မ်က္ရည္ပိုလဲဟု ညီငယ္က ျပန္လည္သီဆိုထားသည္။

Sure now something ကို တင္ဇာေမာ္က အဆိုးဆံုးအလြမ္း၊ Every time I look at you ကို သွ်ီက လိုခ်င္ေသာကမ႓ာ ဟုလည္း သီဆိုထားသည္။

အငဲကလည္း Kiss ၏ သီခ်င္းမ်ား ျပန္လည္သီဆိုခဲ့ဖူးရာ Paralyzed ကို စိန္ေခၚျခင္း၊ See you tonight ကို ေႏြညမ်ား၊ Coming home ကို အေျဖ ၊ Domino ကို ကမ္းမရိွတဲ့အခ်စ္ အစရွိသျဖင့္ ျပန္လည္သီဆိုရာတြင္ လည္း ေအာင္ျမင္မႈမ်ား ရရွိခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kiss Frontman Gene Simmons Selling His Rock Star Estate for $22M in Beverly Hills (realtor)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service