မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှါး ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com နှင့် Taunggyi Business Center တို့မှ ကြီးမှူး၍ ၂၀၁၇ ခုနှစ် မတ်လ ၃၁၊ ဧပြီလ ၁ ရက် နှင့် ၂ ရက်နေ့ များတွင် 1st Myanmar’s Smart Living Expo အိမ်ခြံမြေ၊ ကားနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး ကို တောင်ကြီးမြို့ ရှိ Taunggyi Business Center တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
တောင်ကြီးမြို့ တွင်သာမက ရှမ်းပြည်နယ်တစ်ခုလုံးတွင် အကြီးမားဆုံးဖြစ်သော နိုင်ငံတကာအဆင့်မှီ Taunggyi Business Center ၏ ဖွင့်ပွဲအခမ်းအနားတွင် အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင် ဝင်းမင်းထွန်း၊ ရှမ်းပြည်နယ်အစိုးရ စီမံကိန်းဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ရှမ်းပြည်နယ်အစိုးရ ဘဏ္ဍရေးဝန်ကြီး ဦးစိုင်းသျှံတစ်လုံတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရ စီမံကိန်းဝန်ကြီး ဦးစိုးညွန့်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ Taunggyi Business Center ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အရောင်းပြပွဲကြီးအကြောင်းတို့အား ရှင်းလင်းပြောကြားခဲ့သည်။
ပြပွဲတွင် Mingalar Mandalay, MKT Construction, iGREEN, Naing Group, Shwe Zabudeik, Golden City, Nay Gabar Myanmar, River Front Garden, Kabaraye Executive Resident, Star City, Kanbae Tower နှင့် Diamond Inya Palace စသည့် ဆောက်လုပ်ရေးကုမ္ပဏီများမှ ကွန်ဒိုပရောဂျက်များ နှင့် Toyota ၊ Ford စသည့် Car Showroom များမှ ကားမော်ဒယ်အသစ်များ ပါဝင်ပြသခဲ့ပြီး အခြား လူသုံးကုန်ပစ္စည်း ကုမ္ပဏီများလည်း ဝင်ရောက်ပြသရောင်းချခဲ့ကြောင်း သိရသည်။ KBZ Bank ၊ AYA Bank နှင့် CHD Bank တို့မှလည်း အားဖြည့်ပါဝင်ခဲ့သဖြင့် ပွဲသို့လာရောက်လေ့လာသူ အများအပြားရှိခဲ့ပြီး စိတ်ဝင်စားမှုများစွာ ရရှိခဲ့ကြောင်း သိရသည်။
“ဒီပွဲကတော့ Taunggyi Business Center နဲ့ ကျွန်တော်တို့ iMyanmarHouse.com တို့ ပူးပေါင်းကျင်းပတဲ့ ပထမဆုံးပွဲပါ။ Taunggyi Business Center ကတော့ ဝမင်းကုမ္ပဏီနဲ့ ဖြူစင်ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ တောင်ကြီးမြို့ တွင်မက ရှမ်းပြည်နယ်တစ်ခုလုံးအတွက်ပါ အထင်ကရနေရာတစ်ခုအဖြစ် တည်ရှိသွားမယ့် နိုင်ငံတကာအဆင့်မှီ Taunggyi Business Center နဲ့ ပူးပေါင်းပြီး ကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ နောင်ကိုလည်း Taunggyi Business Center မှာ ဒီလိုအရောင်းပြပွဲတွေ မကြာခဏ ကျင်းပသွားမှာပါ” ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့သည်။
Taunggyi Business Center တွင် ဝယ်ယူအားပေးထားသော Customer များအား ကျေးဇူးတုံ့ပြန်သောအနေဖြင့် Toyota Vios 2016 Model ကားသစ် (၁) စီးနှင့် Honda နှင့် New Zhineg မော်တော်ဆိုင်ကယ် အသစ် (၄) စီးတို့အား ကံစမ်းမဲဖောက်ပေးခဲ့ကြောင်းလည်း သတင်းရရှိသည်။ Toyota ကားသစ်အား Taunggyi Business Center တွင် 3-Storey Shop House အားဝယ်ယူအားပေးထားသော မရီမွန်သန့်မှ ကံထူးသွားခဲ့ကြောင်းလည်း သိရသည်။
ပွဲအတွင်း၌လည်း Taunggyi Business Center တွင် ရေးဆွဲထားသည့် ရှမ်းပြည်နယ်တွင် အကြီးမားဆုံးဖြစ်သော Graffiti Wall အားလည်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ပြပွဲ (၃) ရက်အတွင်း နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် အေးမြတ်သူ၊ အမ်ဆိုင်းလု၊ အွန်ဆိုင်းနှင့် ဘီလီလမင်းအေးတို့မှ ပရိသတ်များနှင့် တွေ့ ဆုံဖျော်ဖြေခဲ့ကြောင်းလည်း သိရပါသည်။ အထူးအစီအစဉ်များအဖြစ် စာပေဟောပြောပွဲများ၊ ရှမ်းရိုးရာ အကများနှင့် Shan United Football Club မှ အားကစားသမားများနှင့် တွေ့ဆုံခြင်း စသည့် ကဏ္ဍများ ထည့်သွင်းခဲ့ကြောင်းလည်း သတင်းရရှိသည်။