[Unicode]
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အထူးသက်သာခွင့်နှင့် အသက်သာဆုံး Exchange Rate များဖြင့် ရန်ကင်းမြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ Golden City ကွန်ဒို အရောင်းပြပွဲကို ၂၀၂၂ ခုနှစ် ဧပြီလ (၁) ရက်နေ့ မှ (၃) ရက်နေ့၊ မနက်(၁၀) နာရီမှ ညနေ (၅) နာရီအထိ ၊ ရန်ကင်းမြို့နယ် ၊ ရန်ကင်းလမ်းမကြီးပေါ်ရှိ Golden City ကွန်ဒိုတွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း
သတင်းရရှိသည်။
ပြပွဲရက် (၃) ရက်အတွင်း ဝယ်ယူခဲ့ကြသူများကို ကျေးဇူးတုံ့ပြန်သည့်အနေနှင့် Special Discount ၊ (၄) နှစ်တိတိ အရစ်ကျစနစ် ၊ အသက်သာဆုံး Exchange Rate (၁၃၀၀) ကျပ် ၊ iPhone 13 လက်ဆောင်နှင့်အခန်း၏ (၅၀) ရာခိုင်နှုန်း ငွေချေလျင် အခန်းအပ်ပေးခြင်း စသည့် အထူးအခွင့်အရေးများကို ဝယ်ယူသူများ ခံစားခဲ့ရကြောင်း သိရသည်။
Golden City ကွန်ဒိုသည် ရန်ကုန်မြို့၏ စီးပွားရေးအချက်အချာကျသည့် ရန်ကင်းမြို့နယ် ၊ရန်ကင်းလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သောကြောင့် ဝယ်ယူပြီးအသင့်နေထိုင်နိုင်သည်။ ရွေးချယ်စရာ အခန်းအမျိုးအစားများအနေနှင့် (၉၈၆) စတုရန်းပေ မှ (၁၉၉၆) စတုရန်းပေ အထိရှိပြီး အိပ်ခန်း (၂) ခန်း၊ (၃) ခန်း၊ (၄) ခန်း စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
Facilities များအနေဖြင့် ရေကူးကန် ၊ အားကစားခန်းမ ၊ ကားပါကင် ၊ ကလေးကစားကွင်း ၊ ဓာတ်လှေကား ၊ ရုံးခန်းများ ၊ ဆိုင်ခန်းများ ၊ Restaurant နှင့် Laundry Service တို့ ပါဝင်ကြောင်း သိရှိရသည်။ အနီးအနားတွင် အင်းယားကန် ၊ ရန်ကင်းစင်တာ ၊ ရန်ကင်းကလေးဆေးရုံ ၊ မြန်မာပလာဇာ ၊ Sedona Hotel နှင့် International School တို့ရှိသည်။
လူနေအခန်းပေါင်း (၁၀၀၀) ကျော်အပြင် နိုင်ငံတကာအဆင့်မီ (Grade-A) ရုံးခန်းများနှင့် ဆိုင်ခန်းများပါထည့်သွင်းတည်ဆောက်ထားကြောင်း သိရှိရသည်။
“ ဒီ Golden City ကွန်ဒိုရဲ့ ထူးခြားချက်ကတော့ ၂ ဧကခွဲ ကျယ်ဝန်းတဲ့ ပြင်သစ်ဂန္တဝင်စတိုင်လ် ပန်းခြံကြီးရှိနေတာပဲ ဖြစ်ပါတယ်။ အဲဒီလို စိမ်းစိုလှပနေတဲ့ ကိုယ်ပိုင်ဥယျာဉ်ခြံကြီး ပါရှိတဲ့အတွက်ကြောင့် သူငယ်ချင်းမိတ်ဆွေများ ၊ မိသားစုများနဲ့အတူတူ အေးဆေးလွတ်လပ်စွာအနားယူအပန်းဖြေနိုင်မှာပဲ ဖြစ်ပါတယ်။ဒါ့အပြင် ဒီကွန်ဒိုဟာ (၃၆၀) ပေ အမြင့်ရှိတဲ့အတွက် ရန်ကုန်မြို့မှာအမြင့်ဆုံးကွန်ဒိုတစ်ခု ဖြစ်ပြီးတော့ ရွှေတိဂုံစေတီတော် နဲ့ အင်းယားကန်မြင်ကွင်းတို့ကို ထင်ရှားစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ” ဟု iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
သူမတူသည့် အသက်သာဆုံးနှုန်းထား လျှော့ဈေးများဖြင့် ရောင်းချပေးခဲ့သော ရန်ကင်းမြို့နယ်မှ နိုင်ငံတကာအဆင့်မီ Golden City Condo ဧပရယ် ပရိုမိုးရှင်း
iMyanmarHouse.com