မြန်မာနိုင်ငံ၏ နံပါတ်တစ် လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုဒ် ဖြစ်သော iMyanmarHouse.com မှ ကြီးမှုး၍ AMCD ကုမ္ပဏီနှင့် AMSS ကုမ္ပဏီတို့မှ ပူးပေါင်းဆောက်လုပ်သော ကန်သာယာစင်တာ (Kantharyar Centre) ရှိ ကွန်ဒိုအခန်းများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့တွင် ရန်ကုန်မြို့ ရှိ Novotel Hotel ၌ အထူးအိမ်ရာအရောင်းပြပွဲကြီး ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
အဆိုပါပွဲတွင် ကန်သာယာစင်တာမှ ၂၀၁၇ အောက်တိုဘာလတွင် ဆောက်လုပ်ပြီးစီးမည့် ကွန်ဒိုအခန်းများကို အထူးဈေးနှုန်းများ၊ အထူးငွေချေစနစ်များဖြင့် ရောင်းချပေးခဲ့ရာ တန်ဖိုးငွေစုစုပေါင်း (၅.၉)ဘီလီယံကျပ် (အမေရိကန်ဒေါ်လာ ၄.၅ သန်း) ကျော် အထိ ရောင်းချပေးနိုင်ခဲ့ပါသည်။
ပွဲအတွင်း ဝယ်ယူသူများကိုလည်း လက်မ (၄၀) တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ Samsung Tablet နှင့် အခြား လျှပ်စစ်ပစ္စည်းများကို ကံစမ်းမဲ ဖောက်ပေးခဲ့ပါသည်။
ပွဲရက်အတွင်း လာရောက်ဝယ်ယူ အားပေးကြသော မိဘပြည်သူအပေါင်းနှင့် iMyanmarHouse.com အား ပွဲစီစဉ်နိုင်ရန် ယုံကြည်စိတ်ချစွာ အပ်နှံခဲ့သော ကန်သာယာစင်တာအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။