1452 ကြိမ် ကြည့်ရှု့ ပြီး

နဝဒေးလမ်းဆုံအနီးရှိ အသင့်နေ Real Home Residence အရောင်းပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Real Home Residence အရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ ဇွန်လ ( ၂၂ ၊ ၂၃ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် စီမံကိန်းတည်ရှိရာ သော်ကလမ်း ၊ ၁ ရပ်ကွက် ၊ မြောက်ဥက္ကလာ ( နဝဒေးလမ်းဆုံအနီး) တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြပွဲ (၂) ရက်အတွင်း ဝယ်ယူသူများကို အထူးသက်သာခွင့်များနှင့်အတူ YOMA ဘဏ်ဖြင့် ၂၅ နှစ်အထိ နှစ်ရှည်အရစ်ကျ ငွေပေးချေမှုစနစ်များဖြင့် ရောင်းချခဲ့ကြောင်း သိရပါသည်။

နဝဒေးလမ်းဆုံအနီးရှိ အသင့်နေ Real Home Residence အရောင်းပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

Real Home Residence ကို Real Home Construction မှ ဂရန်မြေပေါ်တွင် 100% ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၏ Second CBD ဖြစ်သည့် Mayangone Zone တွင် ပါဝင်ပြီး ဗဟိုအချက်အချာဖြစ်သော နဝဒေးရုပ်ရှင်ရုံလမ်းဆုံ ၊ ဗဟိုမီးသတ်အနီးတွင် တည်ရှိပါသည်။

အဆိုပါ Residence တွင် အားကစားခန်းမ ၊ ကားပါကင် ၊ ရေကူးကန် ၊ ဓာတ်လှေကား ၊ Mini Mart ၊ ချွေးထုတ်ခန်း ၊ အရေးပေါ်မီးသတ်စနစ် ၊ ၂၄ နာရီလုံခြုံရေး ၊ ကိုယ်ပိုင် Transformer ၊ ကိုယ်ပိုင် Generator ၊ ကိုယ်ပိုင်မီတာ ၊ CCTV ကင်မရာ စသည့် Facilities အပြည့်အစုံ ပါဝင်မည်ဖြစ်သည်။ Living room ၊ Dining Room နှင့် အိပ်ခန်းများကို အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်စွာ ရရှိစေရန် ဖွဲ့စည်းပေးထားသည်ဖြစ်ကြောင်း သိရပါသည်။

နဝဒေးလမ်းဆုံအနီးရှိ အသင့်နေ Real Home Residence အရောင်းပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

 “ ဒီ Real Home Residence မှာဆိုရင် မြန်မာ့ပန်းချီပညာရှင်ကြီးများက သီးသန့်ရေးဆွဲထားတဲ့ ပန်းချီကားချပ်ပေါင်း ( ၂၅၀ ) ကျော်ကို Art Gallery တစ်ခုလို ဖန်တီးဖြည့်ဆည်းပေးထားပါတယ်။ သိန်း ၁၀၀၀ ဝန်းကျင်ဖြင့် facilities အပြည့်အစုံထည့်ပေးထားတဲ့အပြင် အခန်းဖွဲ့စည်းပုံကောင်းမွန်တဲ့အတွက် ဝယ်ယူထားသင့်တဲ့ကွန်ဒိုဖြစ်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားပါသည်။

နဝဒေးလမ်းဆုံအနီးရှိ အသင့်နေ Real Home Residence အရောင်းပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဥာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။

နဝဒေးလမ်းဆုံအနီးရှိ အသင့်နေ Real Home Residence အရောင်းပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့ပါသည်။

 

 iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးဈေးနှုန်းဖြင့် ရောင်းချပေးသည့် Royal Theikdi Condo အသင့်နေ အခန်းများ Flash Sale Promotionအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
သိန်း ၂၆၀၀ ဝန်းကျင်ကိုမှ 30% Down Payment နဲ့ဝယ်ယူနိုင်မယ့် ရန်ကုန်မြို့လယ်က Magical World အသစ်စက်စက်ကွန်ဒိုရှိ အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အရှေ့မြင်းပြိုင်ကွင်း လမ်းမကြီးပေါ်ရှိ အသင့်နေ ERC Luxury Condo အခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးပရိုမိုးရှင်းများစွာဖြင့်ဝယ်ယူနိုင်မယ့် ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
Discount ပရိုမိုးရှင်းများနဲ့ အဆင့်မြင့် မင်္ဂလာဈေးသစ်ရှိ ထပ်မံအရောင်းဖွင့်ပေးလိုက်တဲ့ ဆေးဆိုင်ခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App