717 ကြိမ် ကြည့်ရှု့ ပြီး

ရန်ကင်းမြို့နယ်ရှိ အသင့်ဆောက်ပြီး Golden City ကွန်ဒို သီးသန့်အရောင်းပြပွဲ

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ ရန်ကင်းမြို့နယ်ရှိ Golden City ကွန်ဒို သီးသန့်အရောင်းပြပွဲကို (၂၀၁၈)ခုနှစ် ၊ ဒီဇင်ဘာလ (၁၅)ရက်နေ့ နှင့် (၁၆)ရက်နေ့များတွင် မနက် (၉း၀၀)နာရီမှ ညနေ (၅း၀၀)နာရီအထိ အဆိုပါကွန်ဒိုတည်ရှိရာ ရန်ကင်းလမ်းမကြီး ၊ ရန်ကင်းမြို့နယ်တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။
 
ရန်ကင်းမြို့နယ်ရှိ အသင့်ဆောက်ပြီး Golden City ကွန်ဒို သီးသန့်အရောင်းပြပွဲ
 
အဆိုပါအရောင်းပြပွဲ (၂)ရက်အတွင်း ဝယ်ယူသူများအတွက် (၁)ဒေါ်လာကို မြန်မာငွေ (၁,၀၀၀) ကျပ်ဖြင့် တွက်ချက်ရောင်းချပေးပြီး လပေါင်း (၆၀)အထိ အတိုးမဲ့အရစ်ကျပေးသွင်းနိုင်ရန် စီစဉ်ပေးခဲ့ပါသည်။
 
ရန်ကင်းမြို့နယ်ရှိ အသင့်ဆောက်ပြီး Golden City ကွန်ဒို သီးသန့်အရောင်းပြပွဲ 
" ဒီပွဲမှာ ဝယ်ယူသူတွေအနေနဲ့ အများဆုံး ဒေါ်လာ (၁)သိန်းအထိ သက်သာခွင့်ရမှာ ဖြစ်ပါတယ်။ ပထမဆုံးဝယ်သူ (၅)ဦးကိုသာ ဒီအခွင့်အရေးပေးထားတာပါ။ ဒီကွန်ဒိုက ပြီးစီးမှုမြန်တာကြောင့် ဈေးကွက်ထဲမှာ ဝယ်လိုအားရှိပြီးသားပါ။ Location ကောင်းတယ်။ အငှားဈေးကွက်ရှိတယ်။ အခုလို ပြပွဲကျင်းပပြီး ပရိုမိုးရှင်းတွေ ထပ်ပေးထားတော့ ဝယ်သူတွေအတွက် ချက်ချင်းဆုံးဖြတ်ချက်ချနိုင်သွားတာပေါ့ " ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားသွားခဲ့ပါသည်။
 
ရန်ကင်းမြို့နယ်ရှိ အသင့်ဆောက်ပြီး Golden City ကွန်ဒို သီးသန့်အရောင်းပြပွဲ
 
Gloden City ကွန်ဒိုသည် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်သဖြင့် အသင့်တက်နေနိုင်သည်။ Residential Unit အပြင် Business Centre ပါရှိသဖြင့် ရုံးခန်း နှင့် ဆိုင်ခန်းများလည်း ဝယ်ယူ ၊ ငှားရမ်းနိုင်သည်။ နိုင်ငံတကာ အဆင့်မီ ဟိုတယ်များ ၊ ဈေးဝယ်စင်တာများလည်း ထပ်မံ ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ပါသည်။
 
ရန်ကင်းမြို့နယ်ရှိ အသင့်ဆောက်ပြီး Golden City ကွန်ဒို သီးသန့်အရောင်းပြပွဲ
 
Golden City ကွန်ဒိုရှိ ပြင်သစ်ဂန္တဝင်စတိုင် ပန်းခြံကြီးကို မြေ (၂)ဧကခွဲ ခန့် အသုံးပြုပြီး ထည့်သွင်းပေးထားသောကြောင့် ရန်ကုန်မြို့ ၏ ကွန်ဒိုတွေထဲမှာ အကြီးဆုံးပန်းခြံကြီးဖြစ်သည်။ (၁)မိုင်ပတ်လည်အတွင်း International School ၊ Children Hospital ၊ Melia Hotel ၊ Sedona Hotel တို့တည်ရှိပြီး အင်းယားကန် ၊ Yankin Center ၊ ရန်ကင်းကလေးဆေးရုံတို့ကိုလည်း မိနစ်အနည်းငယ်အတွင်း သွားရောက်နိုင်သည့်အတွက် နေထိုင်သူများ အကြိုက်တွေ့စေပါသည်။
 
ရန်ကင်းမြို့နယ်ရှိ အသင့်ဆောက်ပြီး Golden City ကွန်ဒို သီးသန့်အရောင်းပြပွဲ
 
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်။
 

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

iMyanmarHouse.com မှကြီးမှူးကျင်းပသည့် တန်ဖိုးသင့်အိမ်ရာနှင့် ကားအရောင်းပြပွဲ
ကျပ်ငွေ (၉.၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ သန်း) ကျော်ဖိုးရောင်းချနိုင်ခဲ့သည့် ဆဌမအကြိမ်မြောက် စင်္ကာပူနိုင်ငံရှိ မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး
စီမံကိန်းရှိ လုံးချင်းအိမ်များအားလုံး ကုန်အောင် စံချိန်တင်ရောင်းချနိုင်ခဲ့သော Pinewood Villa အရောင်းပြပွဲ
စင်္ကာပူနိုင်ငံတွင် ကျပ်ငွေ (၃) ဘီလီယံနီးပါး ရောင်းချနိုင်ခဲ့သည့် ကွန်ဒိုနှင့်လုံးချင်း အရောင်းပြပွဲ
Taunggyi Garden Estate (ဂရန်အမည်ပေါက်) လုံးချင်းအိမ်ရာ အရောင်းပြပွဲ Melia Hotel တွင်ကျင်းပ
ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ
တိုင်းရင်းသားကျေးရွာအနီးရှိ Yadanar River View Condo အရောင်းပြပွဲ
တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ တောင်ဥက္ကလာရှိ Nation Light ရုံးခန်းတွင် အောင်မြင်စွာကျင်းပခဲ့
ဓမ္မသုခကျောင်းလမ်းရှိ မြေအချိုးကျပိုင်ဆိုင်မည့် The Leaf Residence ကွန်ဒိုအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့
iGREEN မှဆောက်လုပ်သော လုံးချင်းအိမ်များ သီးသန့်အရောင်းပြပွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine