4796 ကြိမ် ကြည့်ရှု့ ပြီး

အိမ်ခြံမြေလောကသားများ မိတ်ဆုံ ညစာစားပွဲ - Real Estate Industry Networking Night

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုဒ်ဖြစ်သော iMyanmarHouse.com မှ ကြီးမှူး၍  ရန်ကုန်မြို့ ရှိ Strand Hotel တွင် ၃၀.၁.၂၀၁၆ (စနေနေ့) ည၌ ဆောက်လုပ်ရေးကုမ္ပဏီ လုပ်ငန်းရှင်များ၊ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ လုပ်ငန်းရှင်များ၊ ဘဏ်များမှ တာဝန်ရှိသူများ၊ အိမ်ခြံမြေလောကမှ ထင်ရှားကျော်ကြားသူများနှင့် မီဒီယာအသီးသီးမှ တာဝန်ရှိသူများကို ဖိတ်ကြားကာ
“Real Estate Industry Networking Night” (အိမ်ခြံမြေလောက မိတ်ဆုံ ညစာစားပွဲ) အဖြစ် ခင်မင်ရင်းနှီးစွာ မိတ်ဆုံ ညစာစားပွဲ ကျင်းပခဲ့ပါသည်။

အိမ်ခြံမြေလောကသားများ မိတ်ဆုံ ညစာစားပွဲ - Real Estate Industry Networking Night

အဆိုပါပွဲတွင် iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်မှ Keynote Speech ကို ပြောကြားခဲ့ပါသည်။

အိမ်ခြံမြေလောကသားများ မိတ်ဆုံ ညစာစားပွဲ - Real Estate Industry Networking Night

ဤပွဲပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ မြို့ ပြအိမ်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ၊ အိမ်ခြံမြေလုပ်ငန်းရှင်များ၊ ဘဏ်များ ၊ ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများ၊ အိုးအိမ်နှင့် စည်ပင် စသည့် အဖွဲ့  အစည်းများမှ တာဝန်ရှိသူများ အချင်းချင်း ရင်းနှီးစွာ မိတ်ဆွေဖွဲ့၍ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရန် ဖြစ်သည်ဟု ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

အိမ်ခြံမြေလောကသားများ မိတ်ဆုံ ညစာစားပွဲ - Real Estate Industry Networking Night

ဆက်လက်၍ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ဦးကိုကိုထွေး (တော်ဝင်စင်တာ)နှင့် ဦးဝင်းဇော် (ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် CHD Bank) တို့မှ အိမ်ခြံမြေလောကကြီးတစ်ခုလုံး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းလမ်းများကို ဟောပြော ဆွေးနွေးပေးသွားပါသည်။

အိမ်ခြံမြေလောကသားများ မိတ်ဆုံ ညစာစားပွဲ - Real Estate Industry Networking Night

နိုင်ငံကျော် အနုပညာရှင်များမှ ဖျော်ဖြေရင်း တက်ရောက်လာသော အထူးဧည့်သည်တော်များ ခင်မင်ရင်းနှီးစွာ ညစာအတူ သုံးဆောင်ခဲ့ပါသည်။ ပွဲဖြစ်မြောက်ရန် အဓိက ပံ့ပိုးပေးသော ကုမ္ပဏီများဖြစ်သော Ariston နှင့် Enchant တို့မှ ကျပ် (၈၅) သိန်းကျော် တန်ဖိုးရှိသော ကံစမ်းမဲများကို ဖောက်ပေးကာ ညစာစားပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အိမ်ခြံမြေလောကသားများ မိတ်ဆုံ ညစာစားပွဲ - Real Estate Industry Networking Night
ထိုညစာစားပွဲမှ သုံးသပ်တင်ပြမှုတို့ကို iMyanmarHouse.com မှ စုစည်းကာ နောက်တက်လာမည့် အစိုးရအသစ်ထံသို့ အိမ်ခြံမြေလောကကြီးတစ်ခုလုံး လျှင်လျှင်မြန်မြန်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် တင်ပြသွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။

iMyanmarHouse.com

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုဒ်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးဈေးနှုန်းဖြင့် ရောင်းချပေးသည့် Royal Theikdi Condo အသင့်နေ အခန်းများ Flash Sale Promotionအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
သိန်း ၂၆၀၀ ဝန်းကျင်ကိုမှ 30% Down Payment နဲ့ဝယ်ယူနိုင်မယ့် ရန်ကုန်မြို့လယ်က Magical World အသစ်စက်စက်ကွန်ဒိုရှိ အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အရှေ့မြင်းပြိုင်ကွင်း လမ်းမကြီးပေါ်ရှိ အသင့်နေ ERC Luxury Condo အခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးပရိုမိုးရှင်းများစွာဖြင့်ဝယ်ယူနိုင်မယ့် ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
Discount ပရိုမိုးရှင်းများနဲ့ အဆင့်မြင့် မင်္ဂလာဈေးသစ်ရှိ ထပ်မံအရောင်းဖွင့်ပေးလိုက်တဲ့ ဆေးဆိုင်ခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App