1896 ကြိမ် ကြည့်ရှု့ ပြီး

ရွှေမြန်မာမြ မီနီကွန်ဒို အထူးအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ ဇွန်လ ၁၆ ရက် နေ့ နှင့် ၁၇ ရက်နေ့များတွင် ရန်ကုန်မြို့ ၊ လှိုင်မြို့နယ် ၊ ပဏ္ဍိတလမ်းရှိ ရွှေမြန်မာမြ မီနီကွန်ဒို အရောင်းပြပွဲတစ်ရပ်အား အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း သိရပါသည်။

ရွှေမြန်မာမြ မီနီကွန်ဒို အထူးအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့

ရွှေမြန်မာမြ မီနီကွန်ဒိုသည် အမှတ် (၁၁/ဃ) ၊ ပဏ္ဍိတလမ်း ၊ လှိုင်မြို့နယ်တွင်တည်ရှိပြီး အနီးအနားတွင် MICT Park ၊ Sein Gay Har ၊ Ga Mone Pwint ၊ Inya Lake ၊ Kantharyar Hospital ၊ PISM (International School) နှင့် Hledan Junction တို့ရှိကြောင်း သိရှိရပါသည်။

အဆိုပါ အရောင်းပြပွဲ (၂) ရက် အတွင်း ဝယ်ယူသူများအတွက် အထူးပရိုမိုးရှင်းအဖြစ် ၃ဝ% ငွေချေပြီးလျှင် နေထိုင်ခွင့်ပေးပြီး ကျန်ငွေကို KBZ Home Loan နှင့် ချိတ်ဆက်၍ ၁၅ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

ရွှေမြန်မာမြ မီနီကွန်ဒို အထူးအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့

ရွှေမြန်မာမြ မီနီကွန်ဒို ဟာဆိုရင် ၁ဝဝ% ဆောက်လုပ်ပြီးစီးနေပါပြီ။ အနီးအနားမှာဆိုရင်လည်း ကျောင်းတွေ ၊ ဈေးဝယ်စင်တာတွေ ၊ ဆေးရုံ ရှိပြီး အပန်းဖြေအနားယူနိုင်ဖို့အတွက် အင်းယားကန်နဲ့လည်း နီးတဲ့အတွက်ကြောင့် ဝယ်ယူကြတဲ့သူတွေ အကြိုက်တွေ့စေမှာပါ။ ဓာတ်လှေကားပါတဲ့ အပြင် အိပ်ခန်း (၃) ခန်း ဖွဲ့ပေးခြင်း ၊ ကြွေပြား ၊ ကျွန်းလျှာထိုး ခင်းပေးခြင်းများ ပြုလုပ်ပေးမှာဖြစ်ပြီး ကားပါကင်လည်း လုံလောက်စွာ ပါဝင်တဲ့ ပရောဂျက်ဖြစ်ပါတယ်” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့ပါသည်။

ရွှေမြန်မာမြ မီနီကွန်ဒို အထူးအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့

ရွှေမြန်မာမြ မီနီကွန်ဒိုကို ဝယ်ယူလိုလျှင် iMyanmarHouse.com သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးဈေးနှုန်းဖြင့် ရောင်းချပေးသည့် Royal Theikdi Condo အသင့်နေ အခန်းများ Flash Sale Promotionအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
သိန်း ၂၆၀၀ ဝန်းကျင်ကိုမှ 30% Down Payment နဲ့ဝယ်ယူနိုင်မယ့် ရန်ကုန်မြို့လယ်က Magical World အသစ်စက်စက်ကွန်ဒိုရှိ အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အရှေ့မြင်းပြိုင်ကွင်း လမ်းမကြီးပေါ်ရှိ အသင့်နေ ERC Luxury Condo အခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးပရိုမိုးရှင်းများစွာဖြင့်ဝယ်ယူနိုင်မယ့် ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
Discount ပရိုမိုးရှင်းများနဲ့ အဆင့်မြင့် မင်္ဂလာဈေးသစ်ရှိ ထပ်မံအရောင်းဖွင့်ပေးလိုက်တဲ့ ဆေးဆိုင်ခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App