2408 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၂)ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော စိမ်းလဲ့အောင်ကွန်ဒို အထူးအရောင်းပြပွဲကြီး

၂ဝ၁၈ ခုနှစ် ၊ ဧပြီလ ၇ ရက် နှင့် ၈ ရက် နေ့များတွင် ရန်ကုန်မြို့ ၊ ကမ္ဘာအေးဘုရားလမ်းမပေါ် Micasa Hotel အနီးရှိ စိမ်းလဲ့အောင်ကွန်ဒို အရောင်းပြပွဲကြီးအား မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှါး ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရပါသည်။

စိမ်းလဲ့အောင်ကွန်ဒိုသည် 18 A ၊ စိမ်းလဲ့မေရိပ်သာလမ်း၊ ရန်ကင်းမြို့ နယ်တွင် ရေကူးကန် ၊ အားကစားခန်းမ နှင့် အခြားကွန်ဒို facilities များ ထည့်သွင်းတည်ဆောက်ထားသည့် ကွန်ဒိုစီမံကိန်းဖြစ်ပါသည်။

ကျပ်ငွေ (၂)ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော စိမ်းလဲ့အောင်ကွန်ဒို အထူးအရောင်းပြပွဲကြီး

အဆိုပါအရောင်းပြပွဲ (၂) ရက်အတွင်း အထူးပရိုမိုးရှင်းအဖြစ် ၃၀% ငွေချေပြီးလျှင် အခန်းအပ်ပေးပြီး ကျန်ငွေကို (၁၀)နှစ် အရစ်ကျပေးချေနိုင်သည့် စနစ်ဖြင့် ရောင်းချပေးခဲ့ရာ တန်ဖိုးငွေ (၂) ဘီလီယံကျပ်ကျော် တန်ဖိုးရှိသော ကွန်ဒိုအခန်းများ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ကျပ်ငွေ (၂)ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော စိမ်းလဲ့အောင်ကွန်ဒို အထူးအရောင်းပြပွဲကြီး

"စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပွဲမှာ ကျပ်ငွေ (၂) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အိမ်ခြံမြေဈေးကွက် အေးနေချိန်မှာ ကျွန်တော်တို့ iMyanmarHouse.com က ရောင်းချပေးတဲ့ အရောင်းပွဲတိုင်း အောင်မြင်တာတွေ့ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ အိမ်ခြံမြေ ဈေးကွက်ကို တစ်ဘက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးနေတယ်လို့ မြင်မိပါတယ်။ ရောင်းချပေးတဲ့ ဆောက်လုပ်ရေးကုမ္ပဏီလည်း အဆင်ပြေ၊ ဝယ်ယူနေထိုင်တဲ့သူတွေလည်း အဆင်ပြေစေတဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com ကတော့ သင်္ကြန်အပြီး အပတ်တိုင်းမှာ အရောင်းပွဲတွေ ရှိမှာပါ။ AYA ဘဏ်၊ KBZ ဘဏ်၊ YOMA ဘဏ်များနဲ့လည်း ချိတ်ဆက်ထားပြီး (၁) နှစ်ကနေ (၁၅) နှစ်အထိ အရစ်ကျစနစ်များနဲ့လည်း ရောင်းချပေးနေပါတယ်။" ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့ပါသည်။

အခြား အိမ်ခြံမြေ ပွဲစဉ်များ

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးဈေးနှုန်းဖြင့် ရောင်းချပေးသည့် Royal Theikdi Condo အသင့်နေ အခန်းများ Flash Sale Promotionအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
သိန်း ၂၆၀၀ ဝန်းကျင်ကိုမှ 30% Down Payment နဲ့ဝယ်ယူနိုင်မယ့် ရန်ကုန်မြို့လယ်က Magical World အသစ်စက်စက်ကွန်ဒိုရှိ အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အရှေ့မြင်းပြိုင်ကွင်း လမ်းမကြီးပေါ်ရှိ အသင့်နေ ERC Luxury Condo အခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးပရိုမိုးရှင်းများစွာဖြင့်ဝယ်ယူနိုင်မယ့် ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
Discount ပရိုမိုးရှင်းများနဲ့ အဆင့်မြင့် မင်္ဂလာဈေးသစ်ရှိ ထပ်မံအရောင်းဖွင့်ပေးလိုက်တဲ့ ဆေးဆိုင်ခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App