2149 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၂)ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော စိမ်းလဲ့အောင်ကွန်ဒို အထူးအရောင်းပြပွဲကြီး

၂ဝ၁၈ ခုနှစ် ၊ ဧပြီလ ၇ ရက် နှင့် ၈ ရက် နေ့များတွင် ရန်ကုန်မြို့ ၊ ကမ္ဘာအေးဘုရားလမ်းမပေါ် Micasa Hotel အနီးရှိ စိမ်းလဲ့အောင်ကွန်ဒို အရောင်းပြပွဲကြီးအား မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှါး ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရပါသည်။

စိမ်းလဲ့အောင်ကွန်ဒိုသည် 18 A ၊ စိမ်းလဲ့မေရိပ်သာလမ်း၊ ရန်ကင်းမြို့ နယ်တွင် ရေကူးကန် ၊ အားကစားခန်းမ နှင့် အခြားကွန်ဒို facilities များ ထည့်သွင်းတည်ဆောက်ထားသည့် ကွန်ဒိုစီမံကိန်းဖြစ်ပါသည်။

ကျပ်ငွေ (၂)ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော စိမ်းလဲ့အောင်ကွန်ဒို အထူးအရောင်းပြပွဲကြီး

အဆိုပါအရောင်းပြပွဲ (၂) ရက်အတွင်း အထူးပရိုမိုးရှင်းအဖြစ် ၃၀% ငွေချေပြီးလျှင် အခန်းအပ်ပေးပြီး ကျန်ငွေကို (၁၀)နှစ် အရစ်ကျပေးချေနိုင်သည့် စနစ်ဖြင့် ရောင်းချပေးခဲ့ရာ တန်ဖိုးငွေ (၂) ဘီလီယံကျပ်ကျော် တန်ဖိုးရှိသော ကွန်ဒိုအခန်းများ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ကျပ်ငွေ (၂)ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော စိမ်းလဲ့အောင်ကွန်ဒို အထူးအရောင်းပြပွဲကြီး

"စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပွဲမှာ ကျပ်ငွေ (၂) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အိမ်ခြံမြေဈေးကွက် အေးနေချိန်မှာ ကျွန်တော်တို့ iMyanmarHouse.com က ရောင်းချပေးတဲ့ အရောင်းပွဲတိုင်း အောင်မြင်တာတွေ့ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ အိမ်ခြံမြေ ဈေးကွက်ကို တစ်ဘက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးနေတယ်လို့ မြင်မိပါတယ်။ ရောင်းချပေးတဲ့ ဆောက်လုပ်ရေးကုမ္ပဏီလည်း အဆင်ပြေ၊ ဝယ်ယူနေထိုင်တဲ့သူတွေလည်း အဆင်ပြေစေတဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com ကတော့ သင်္ကြန်အပြီး အပတ်တိုင်းမှာ အရောင်းပွဲတွေ ရှိမှာပါ။ AYA ဘဏ်၊ KBZ ဘဏ်၊ YOMA ဘဏ်များနဲ့လည်း ချိတ်ဆက်ထားပြီး (၁) နှစ်ကနေ (၁၅) နှစ်အထိ အရစ်ကျစနစ်များနဲ့လည်း ရောင်းချပေးနေပါတယ်။" ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့ပါသည်။

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)