(iMyanmarHouse.com မှ ကြီးမှူးကျင်းပသည်။)
Ponnami Cottage များအပ်နှံပွဲနှင့် Ponnami Estate အတွင်းရှိစီမံကိန်းများကို သင့်တင့်တဲ့ဈေးနှုန်းဖြင့် ရောင်းချပေးမည့်အပြင်
နာမည်ကြီး EV ကားများ ၊ Sport Wear & Sport Items များ ၊ အမျိုးအစားအစုံအလင်ပါဝင်တဲ့ အစားအသောက်ဆိုင်ခန်းများနှင့် Handmade & Accessories ဆိုင်ခန်းများပါ လေ့လာဝယ်ယူနိုင်မည်။
စီမံကိန်းကြီးတစ်ခုလုံးကို အရှိန်အဟုန်ပြင်းပြင်းဖြင့် တည်ဆောက်နေတာကြောင့် Compound ကြီးတစ်ခုလုံးရှိ infrastructure များအားလုံးပြီးစီးနေခြင်း ၊ Apartment ရှိအလွှာတော်တော်များဆောက်လုပ်ပြီးစီးနေပြီး Cottage လုံးချင်းအိမ်များကိုလည်း ဝယ်သူလက်ရောက်အပ်နှံပေးပြီဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မည်။
ပြပွဲကြီးတွင် အထူးခြားဆုံးအစီအစဉ်အဖြစ် Game အစီအစဉ်များပါဝင်ပြီး ဆုလက်ဆောင်များနှင့် အမှတ်တရလက်ဆောင်များလည်း ချီးမြင့်ပေးသွားမည်။
ပိုမိုပြီးပြည့်စုံ၍ကြီးကျယ်ခမ်းနားပြီး လုံခြုံမှုရှိတဲ့နေရာတစ်ခုမှာ အဆင့်မြင့် Apartment များကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မှာဖြစ်သလို သီးသန့်လုံးချင်းအိမ်နှင့် Duplex နဲ့ နေချင်သူတွေအတွက် လက်မလွတ်သင့်တဲ့အခွင့်အရေးဖြစ်တာကြောင့် အရောင်းပြပွဲကြီးမှာလာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်.
☀️ Up to 8% Discount
☀️ Cash back သိန်း ၂၀၀ အထိခံစားခွင့် ( Ponnami Lodge Duplex Landed House ပထမဆုံးဝယ်ယူသူ ၁၀ ဦးအတွက်သာ)
☀️ Game ကစားရင်း အနိုင်ရရှိမယ့် ဆုလက်ဆောင်များနှင့် အမှတ်တရလက်ဆောင်များ
☀️ PONNAMI Cottage နဲ့ Lodge ဝယ်ယူ တွေ အတွက် ၅ နှစ်အထိ နှစ်ရှည် အရစ်ကျ နဲ့ ဝယ်ယူနိုင်မယ့် အခွင့်အရေးရရှိပါမည်။
1) စီမံကိန်းအသစ်တစ်ခုအဖြစ် ထပ်မံဖော်ဆောင်ပေးမည့် Ponnami Lodge Duplex Landed House
2) ရောင်းအားအကောင်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည့် HOMES@PONNAMI
3) စီးပွားရေးလုပ်ဖို့ မြေကွက်သီးသန့်ဝယ်လိုသူများအတွက် Ponnami Estate မြေကွက်များ
4) Ponnami Cottage လုံးချင်းအိမ်များ
𝗦𝗽𝗼𝗿𝘁𝘀 အစီအစဉ်တွေမှာ ပါဝင်ယှဉ်ပြိုင်မည့်သူတွေအတွက် အမှတ်တရလက်ဆောင်တွေအပြင် ဆုများလည်း ချီးမြှင့်သွားဦးမှာမို့ အထူး Promotion တွေရယူနိုင်ဖို့စာရင်းပေးသွင်းပါရန်
Ponnami Estate သည်
- ရွှေလီလမ်းနှင့် ပုဏ္ဏမီလမ်းထောင့် ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ရှိသည်။
- Developer ကိုယ်တိုင် လုံခြုံရေးအပြည့် တာဝန်ယူထားတာကြောင့် အိမ်ရာအတွင်း Privacy ကောင်းကောင်းဖြင့် နွေးထွေးလုံခြုံစိတ်ချစွာဖြင့် နေထိုင်နိုင်ပြီး Facilities အပြည့်အစုံပါဝင်သည့် အဆင့်မြင့်အိမ်ရာစီမံကိန်းဖြစ်သည်။
- နေထိုင်သူများ၏ နေ့စဉ်လူမှုဘဝအတွက် အပြင်ထွက်ရန်မလိုအပ်သည့် အထောက်အပံ့များနှင့် ပြည့်စုံသောအိမ်ရာဝန်းအဖြစ် ဖန်တီးပေးထားသည်။
Facilities စုံလင်ခြင်း
- စီမံကိန်းအတွင်း စိမ်းလန်းစိုပြေသော Public Area များပါဝင်ပြီး အားကစားပြုလုပ်မည့်နေရာများ၊ (၁.၆) ကီလိုမီတာအရှည်ရှိပြေးလမ်းများ၊ ကလေးကစားကွင်းနှင့် လူကြီးကိုယ်လက်လှုပ်ရှားပြုလုပ်ရန်နေရာများလည်းပြုလုပ်ပေးမည်။
- မိမိအိမ်ရာဝန်းအတွင်း အပန်းဖြေနိုင်ရန် သဘာဝအတိုင်း ချောင်းတစ်လျှောက် ပန်းဥယျာဉ်နှင့် လျှောက်လမ်းများကိုလည်းထည့်သွင်းပေးသွားမည်။
- အိမ်မွေးတိရစ္ဆာန်လေးများကို ထိန်းကျောင်းရန်နေရာသီးသန့်ပါရှိပြီး ၃ဧက ခန့်ကျယ်ဝန်းသည့် Community Park ကိုလည်းထည့်သွင်းပေးမည်ဖြစ်၍ အိမ်ရာအတွင်းမှာပင် စိတ်လက်ချမ်းသာစွာအပန်းဖြေနေနိုင်မည်။
- နေထိုင်သူတို့၏ တစ်နေ့တာလိုအပ်ချက်အတွက် ဈေး၊ စားသောက်ဆိုင်၊ Supermarket နှင့် Convenience Store တို့ကိုလည်းဖွင့်လှစ်ပေးမည်ဖြစ်ပြီး အခြား Facilities များအနေဖြင့်
- Solar Power (ဆိုလာစွမ်းအင်ရယူပြီး အများနှင့်ဆိုင်သည့် နေရာများတွင်အသုံးပြုခြင်း)
- Rainwater Harvesting for Landscape Irrigation
- အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ခြင်း
- Fiber to home ကွန်ယက်ဆက်သွယ်ခြင်း တို့လည်းပြုလုပ်ပေးမည်ဖြစ်သည်။
Privacy ကောင်းမွန်၍ လုံခြုံစိတ်ချစွာနေထိုင်နိုင်ခြင်း
- စီမံကိန်းအတွင်း (၂၄) နာရီမီးရရှိအောင်စီစဉ်ပေးထားပြီး နေထိုင်သူတို့၏လုံခြုံရေးအတွက် ၂၄နာရီ CCTV ၊ လုံခြုံရေးဝန်ထမ်းများ စောင့်ကြပ်ပေးမည့် ဂိတ်၂ ထပ်ပါဝင်ခြင်း ၊ ခေတ်မီလူနေမှုပုံစံနှင့်ကိုက်ညီသည့် Access Control Smart Card အသုံးပြုခြင်း စသည်တို့ကိုစနစ်တကျ စီမံဆောင်ရွက်ပေးထား၍ Privacy အလွန်ကောင်းမွန်သည်။
- ဒါ့အပြင် Developer ကိုယ်တိုင် Property Management (အိမ်ရာထိန်းသိမ်းရေး ဝန်ဆောင်မှု) ကို တာဝန်ယူထားသောကြောင့် အိမ်ရာအတွင်း နွေးထွေးလုံခြုံစိတ်ချစွာဖြင့် နေထိုင်နိုင်မည်။
စီမံကိန်းတည်နေရာမှ
- ရွှေတိဂုံစေတီနှင့် ၃၅ မိနစ်
- ရန်ကုန်မြို့လယ်နှင့် မိနစ် ၃၀
- ရန်ကုန်လေဆိပ်နှင့် ၄၅ မိနစ်
- အဝေးပြေးကားဂိတ်နှင့် ၄၀ မိနစ်
- တိုင်းရင်းသားကျေးရွာနှင့် ၁၀ မိနစ်
- City Mart (ဒဂုံဆိပ်ကမ်းနှင့် ) ၅ မိနစ်ခန့် ကားမောင်းရုံဖြင့် ရောက်ရှိနိုင်၍ သွားလာရေးအဆင်ပြေချောမွေ့သည်။
စီမံကိန်းအတွင်းရှိ အိမ်ရာများမှာ
1) Ponnami Lodge Duplex Landed House
- မြေအကျယ် 1300 sqft အကျယ်ရှိသည့် မြေကွက်များတွင် 1500 sqft အကျယ်ရှိ ၂ ထပ် နှင့် 2110 sqft အကျယ်ရှိ ၃ ထပ် Duplex များကို ရွေးချယ် ဝယ်ယူနိုင်မည်။
- ဝယ်ယူသူအမည်ပေါက် ဂရန်လျှောက်ထားနိုင်မည်ဖြစ်တာကြောင့် ပိုင်ဆိုင်မှုခိုင်မာသည်
- ၁၂ ထပ်အမြင့်ရှိသော အဆောက်အဦးဖြစ်ပြီး တစ်လွှာတွင် ၁၆ ခန်းသာပါရှိသည်။
- အခန်းအမျိုးအစားများတွင် 1 BR / 2 BR / 3 BR စသည်ဖြင့် sqft အလိုက် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မည်။
- ပိုင်ဆိုင်မှုအနေဖြင့် အိုးအိမ်မှ Owner Book ရရှိမည်ဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာသည်။
3) Ponnami Estate မြေကွက်များ
- မြေကွက်သီးသန့်ဝယ်ချင်သူများအတွက်လည်း 2275 sqft အကျယ် ရှိသော Parcel (4B) နှင့် (4D) မှ မြေကွက်များကို ဝယ်ယူနိုင်မည်။
- ဂရန်အမည်ပေါက် ရရှိမည်ဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာသည်။
4) Ponnami Cottage လုံးချင်းအိမ်များ
- မြေအကျယ် 2275 sqft ပေါ်တွင် တည်ဆောက်ထားသော 2110 sqft ခန့်အကျယ်ရှိ (၂) ထပ် Cottage များကို ဝယ်ယူနိုင်မည်။
- ဝယ်ယူပြီးချက်ချင်း အသင့်နေနိုင်သည့် လုံးချင်းအိမ်များဖြစ်သည်။
- ဂရန်အမည်ပေါက် ရရှိမည်ဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာသည်။
𝗦𝗽𝗼𝗿𝘁𝘀 အစီအစဉ်တွေမှာ ပါဝင်ယှဉ်ပြိုင်မည့်သူတွေအတွက် အမှတ်တရလက်ဆောင်တွေအပြင် ဆုများလည်း ချီးမြှင့်သွားဦးမှာမို့ အထူး Promotion တွေရယူနိုင်ဖို့စာရင်းပေးသွင်းပါရန်
အရောင်းပြပွဲကျင်းပမည့်မြေပုံ
နောက်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
26 July 2025 to 27 July 2025 ရန်ကုန်မြို့လယ်နှင့် အနီးဆုံး ရှုခင်းသာလမ်းမကြီးပေါ်ရှိ အသင့်နေ Emerald Bay Condo အရောင်းပြပွဲ
26 July 2025 to 27 July 2025 ဘဏ်ချိတ်(၁၅)နှစ်အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မည့် အရှေ့မြင်းပြိုင်ကွင်း လမ်းမကြီးပေါ်ရှိ BCC ကျပြီး ERC Luxury Condo အသင့်နေအခန်းများ အထူးအရောင်းပြပွဲ
26 July 2025 to 27 July 2025 သိန်း ၂၆၀၀ ဝန်းကျင်ဖြင့် လမ်းမတော်မြို့နယ်ရှိ အသင့်နေ Fully Decoration အခန်းများပိုင်ဆိုင်နိုင်မည့် Magical World အသစ်စက်စက်ကွန်ဒိုအခန်းများအရောင်းပြပွဲ
8 July 2025 to 8 August 2025 တာချီလိတ်မြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားအနီးရှိ Central Shophouse လူနေဆိုင်ခန်းများ
ရန်ကုန်တိုင်းရှိ ရောင်းရန်/ငှားရန် အိမ်ခြံမြေများ
ရန်ကုန်တိုင်းရှိ ရောင်းရန် တိုက်ခန်းများ
ရန်ကုန်တိုင်းရှိ ငှားရန် တိုက်ခန်းများ
ရန်ကုန်တိုင်းရှိ ရောင်းရန် လုံးချင်းအိမ်များ