ရန်ကုန်တိုင်းဒေသကြီးရှိရောင်းရန်တိုက်ခန်းများ

ရန်ကုန်တိုက်ခန်း အရောင်းဈေးကွက်

တစ်နှစ်ထက် တစ်နှစ် လူနေထူထပ်လာတဲ့ ရန်ကုန်မြို့ ကြီး လွန်ခဲ့တဲ့ ဟိုယခင်နှစ်တွေထက် အဆောက်အဦးတွေ အများအပြားပေါ်ထွက်လာပါတယ် ။ ရပ်ကွက်တွင်းရှိ မြေနေရာ တွေမှာ လည်း ကန်ထရိုက်တိုက် အဆောက်အဦးတွေ နေရာယူများပြာလာပြီး နေရာလွတ် မကျန်ဆောက်လုပ်လာ ကြပါတယ် ။ အထပ်မြင့် တိုက်ခန်း တွေကိုဆောက်လုပ်တဲ့အခါမှာ မြို့ နယ်အလိုက် အမျိုးမျိုးကွဲပြားပြီး ၆ ထပ်အမြင့် ၊ ၈ ထပ်အမြင့် ဆိုပြီးရှိပါတယ် ။ အချို့ မြို့ နယ်တွေမှာ မြေအနေအထား အပျော့အမာပေါ် မူတည်ပြီး ၆ ထပ်အထိသာ ဆောက်လုပ်ခွင့်ရှိပြီး ၇ ထပ်ထက်ကျော်လွန်တဲ့ တိုက်တွေကိုတော့ ဓာတ်လှေကား တပ်ဆင်ရတဲ့ စည်းကမ်းချက်တွေပါဝင် ပါတယ် ။

ဓာတ်လှေကားပါဝင်တဲ့ တိုက်ခန်း များကတော့ တစ်ထပ်နှင့် တစ်ထပ် ဈေးနှုန်းကွာဟမှု သိပ်ကြီးကြီးမားမား မရှိပေမယ့် လစဉ် ဓာတ်လှေကားအတွက် ကုန်ကျစရိတ်ကတော့ အလွှာပေါ်မူတည်ပြီး ကွဲပြားလေ့ရှိပါတယ် ။ အကယ်လို့ ကိုယ့် အခန်းက ရုံးခန်းဖွင့်ထားတယ် ဆိုရင်တော့ ဓာတ်လှေကား လစဉ်အသုံးပြုခကို အခြားအခန်းထက်ပိုပြီး ပေးဆောင်ရလေ့ရှိကြောင်း သိရပါတယ် ။ အချို့ သော တိုက်ခန်းနည်းတဲ့ ဝယ်ယူသူတွေဟာလည်း ပြန်လည် ငှားရမ်းဖို့အတွက် ဝယ်ယူသူ များလည်းရှိသလို နယ်ဘက်က အချို့ လူတွေကလည်း ရန်ကုန်မှာ တိုက်ခန်း ဝယ်ယူထားတာမျိုးလည်း ရှိတတ်ပါတယ်။

ရန်ကုန်ရှိ တိုက်ခန်းနည်းတဲ့ မြို့ နယ်များ

လူနေသိများ စည်းကားတဲ့ မြို့ တွင်း အချို့ နေရာတွေမှာ လုံးချင်းများပြီး ကန်ထရိုက်တိုက်အဆောက် အဦးတွေ မရှိသလောက် ရှားတဲ့ မြို့ နယ်တွေလည်းရှိပါတယ် ။ လူသိများ ဗဟန်းမြို့ နယ် ရွှေတောင်ကြားရပ်ကွက်မှာဆိုရင် လုံးချင်းအိမ်တွေ အလွန်များပြီး အထပ်မြင့် အဆောက်အဦးတွေ အလွန်နည်းပါတယ် ။ အချို့ သောမြို့ နယ်တွေဖြစ်တဲ့ တောင်ဥက္ကလာမြို့ နယ် ၊ မြောက်ဥက္ကလာမြို့ နယ် ၊ တောင်ဒဂုံ မြို့ နယ် ၊ မြောက်ဒဂုံမြို့ နယ် နှင့် အစွန်ဘက်ကျတဲ့ မြို့ နယ်တွေ မှာတော့ အထပ်မြင့် တိုက်ခန်းတွေ မရှိသလောက် အလွန်နည်းတဲ့ မြို့ နယ်များဖြစ်ပါတယ်။