22 Nov 2023 10:15 am
22 Nov 2023 10:28 am
24 Nov 2023 9:47 am
25 Nov 2023 1:14 pm
28 Nov 2023 2:20 pm
28 Nov 2023 2:11 pm
28 Nov 2023 10:47 am
4 Nov 2023 11:51 am
မင်္ဂလာတောင်ညွန့် | ရန်ကုန်တိုင်းဒေသကြီး
ကွန်ဒို
1539 စတုရန်းပေ
5,550 သိန်း (ကျပ်)
ပိုင်ရှင်တိုက်ရိုက်27 Nov 2023 4:07 pm
27 Nov 2023 12:13 pm
27 Nov 2023 11:25 am
14 Nov 2023 4:16 pm
26 Nov 2023 10:01 pm
11 Nov 2023 8:34 pm
ဒဂုံမြို့သစ် ဆိပ်ကမ်း | ရန်ကုန်တိုင်းဒေသကြီး
ကွန်ဒို | ၇ လွှာ
1200 စတုရန်းပေ
2,490 သိန်း (ကျပ်)
ပိုင်ရှင်တိုက်ရိုက်26 Nov 2023 2:45 pm
26 Nov 2023 2:24 pm
26 Nov 2023 1:51 am
26 Nov 2023 1:47 am
25 Nov 2023 9:30 pm
25 Nov 2023 8:11 pm
ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာ လုံးချင်းအိမ်တွေပြီးရင် ကွန်ဒိုဟာ တန်ဖိုးမြင့် အဆောက်အဦးတွေပါ ။ ကွန်ဒိုအရောင်းမှာတော့ တိုက်ခန်းအဝယ်ဈေးကွက်လောက်မတွက်ပေမယ့် စိတ်ဝင်စားမှုများတဲ့ ဈေးကွက်တစ်ခုအဖြစ်တော့ရှိနေပါတယ် ။ ဈေးနှုန်းအရယှဉ်မယ်ဆိုရင် ရန်ကုန်မှာရှိတဲ့ နေရာကောင်းမှာရှိတဲ့ လုံးချင်းအိမ်တွေပြီးရင် အဆင့်မြင့်ကွန်ဒို တွေက ဒုတိယဈေးအကြီးဆုံး လို့ဆိုနိုင်ပါတယ် ။ ဒီတော့ကွန်ဒိုအရောင်းအဝယ် အကြောင်းမပြောခင် မြန်မာပြည်ကွန်ဒိုအကြောင်း အနည်းငယ်ပြန်ကြည့်ချင်ပါတယ် ။ မြန်မာပြည်မှာကွန်ဒိုလို့ပြောမယ်ဆိုရင် အများဆုံးက ရန်ကုန်မှာပဲတည်ရှိနေပါတယ် ။ အခြားသောမြို့နယ်တွေကိုကြည့်မယ်ဆိုရင်နောက်ပိုင်းလောက်မှ မန္တလေးမှာကွန်ဒို တွေကိုတွေ့မြင်ရတာဖြစ်ပြီးတော့ ရန်ကုန် ကွန်ဒိုယဉ်ကျေးမှုကတော့ ၁၉၉၀ မတိုင်ခင်ကတည်းကတည်ရှိပေမယ့် ခုခေတ်နောက်ပိုင်းမှာတော့ ပိုပိုပြီးထွန်းကားကျယ်ပြန့်လာခဲ့ ပါတယ် ။
ကွန်ဒိုဝယ်ယူတဲ့အခါ နေထိုင်ဖို့အတွက် ဝယ်ယူတာရှိသလို ၊ ငွေပိုနေလို့ ဝယ်ယူပြီး ပြန်လည်ငှားရမ်းထားတတ်ကြသလို ၊ နှစ်ရှည်ရုံးခန်းဖွင့်ရန်အတွက်ဝယ်ယူတယ်ဆိုပြီး အမျိုးမျိုးကွဲပြားကြပါတယ် ။ ဝယ်ယူသူတွေ ကွဲပြားသလိုပဲ ကွန်ဒိုတွေမှာလဲ အမျိုးအစားလိုက် အချို့သောကွန်ဒိုတွေက ကွန်ဒိုအမည်ခံလောက်သာရှိပြီး တကယ့်ကွန်ဒိုအစစ်မှာရှိတဲ့ အချက်အလက်တွေ မပါဝင်တာကိုတွေ့ရပါတယ် ။ အဲ့ဒီအချက်ပေါ်မူတည်ပြီး ဈေးနှုန်းတွေကပြောင်းလဲသွားသလို သာမန်ကွန်ဒိုအဆင့်ဆိုရင် နေရာကောင်းရင်တောင် သိန်း ၃၀၀၀ ကနေ သိန်း ၅၀၀၀ လောက် အထိသာရှိပြီး တကယ့်အချက်အလက်အနဲ့ပြည့်စုံတဲ့ ကွန်ဒိုဆိုရင် သိန်းသောင်းချီတဲ့အထိ ပေါက်ဈေးရှိကြပါတယ် ။
ဈေးနှုန်းမြင့်မားမှုနဲ့အတူ ကွန်ဒိုတွင်း ဝန်ဆောင်မှုတွေဖြစ်တဲ့ မြေညီထပ် ရှော့ပင်းစင်တာ ၊ ကားပါကင် ၊ ရေကူးကန် ၊ ကျန်မာရေးလိုက်စားဖို့ Gym တို့အပြင် ၊ ကွန်ဒိုခန်းပြင်ဆင်မှုအနေနဲ့ ကျယ်ဝန်းမှုလည်းရှိသလို မာစတာအိပ်ခန်း ၊ ရိုးရိုးအိပ်ခန်း ၊ ဧည့်ခန်း ၊ စားသောက်ခန်းတို့ပြည့်ပြည့်စုံစုံ ပါဝင်လာတာကိုတွေ့ရပါတယ် ။ အဲ့လိုပြည့်ပြည့်စုံစုံပါဝင်တဲ့ ကွန်ဒိုမျိုးဆိုရင် မိသားစုနေထိုင်ဖု့ိအတွက် ဦးစားပေးရွေးချယ်တာများပြီးရုံးခန်းဖွင့်ဖို့အတွက် ဝယ်ယူသူတွေကတော့ အဲယားကွန်း ၊ ရေ ၊ မီး စနစ်နှင့် အိမ်သာ အစရှိတဲ့အချက်ကို အဓိကထား ရွေးချယ်ကြပါတယ် ။
ဒါကြောင့်ကွန်ဒိုတွေကိုရွေးချယ်ဝယ်ယူတဲ့အခါ တန်းဖိုးမြင့်မားလွန်းတာကြောင့် သေသေချာချာ စာရွက်စာတမ်း စီစစ်ပြီး ၊ တတ်သိကျွမ်းနားလည်သူတွေရဲ့အကြံပေးမှုနဲ့ ဝယ်ယူသင့် ပါတယ် ။ ယခုနောက်ပိုင်းဆိုရင် ဆောက်လက်စ ကြိုပွိုင့်စနစ်နဲ့ဝယ်ယူတာမျိုးတောင်ရှိလာတဲ့အတွက် တစ်လုံးတစ်ခဲဝယ်ယူတာထက်စာရင် သက်သာတဲ့အတွက် ကြိုပွိုင့်စနစ်ကလည်းခေတ်စားလာပါတယ် ။ ဒီလိုစနစ်တွေခေတ်စားလာတဲ့အတွက်ကြောင့်လဲ စာရွက်စာတမ်းတွေကို သတိပြုရမယ့်အပြင် ဆောက်လုပ်ရေးကုမ္ပဏီအကြောင်းကိုပါ သေသေချာချာ သိရှိထားဖို့လိုအပ်လာပါတယ် ။
ပိုင်ဆိုင်မှုမိမိလက်ထဲရောက်လာတဲ့အခါ အိမ်ခြံမြေဈေးနှုန်းကိုလည်း အမြဲမပြတ်နားစွင့်ထားဖို့လိုသလို မတည်ဆောက်ခင်ကဈေး ၊ တည်ဆောက်ပြီးဈေးနှုန်းကွာဟမှုကိုလည်း သေချာသိရှိထားဖို့ လိုသလို ဒါတွေကိုလေ့လာထားဖို့လည်းလိုပါတယ် ။ ဒါမှကွန်ကိုဝယ်ယူတဲ့အခါပဲဖြစ်ဖြစ် ၊ ပြန်လည်ရောင်းချတဲ့ အခါမှာပဲဖြစ်ဖြစ် စိတ်ကျေနပ်မှုနဲ့ ပါးပါးနပ်နပ်ရောင်း၊ဝယ်နိုင်မှာဖြစ်ပါတယ် ။ လက်ရှိ ရန်ကုန်မှာ ရောင်းချဖို့ရှိနေတဲ့ ကွန်ဒိုများ ကိုလည်း iMyanmarHouse.com မှဖော်ပြပေးလိုက်ရပါတယ် ။
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon
No13,Myat lay Yone Street, Hlaing Township
No(1186),8th Floor(B),35 Quarter,Pinlon Road,North Dagon Township,Yangon.
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.