(iMyanmarHouse.com မှ ကြီးမှူးကျင်းပသည်။)
ပွဲဦးထွက်ထဲက ရန်ကုန်ရော တောင်ကြီးမှာပါ ဝယ်ယူသူတွေ စိတ်ကြိုက်ဖြစ်ခဲ့ကာ ဝက်ဝက်ကွဲရောင်းအားကောင်းခဲ့တဲ့ တောင်ကြီးမြို့ရဲ့ ပထမဦးဆုံး Nang Htike Shwe Sin ကွန်ဒိုကို Customer များရဲ့ အထူးထပ်မံတောင်းဆိုချက်ကြောင့် ကွန်ဒိုအခန်း (၃) ခန်းနှင့် Penthouse (၂) ခန်းကိုသာ အရောင်းဖွင့်ပေးပြီး ဦးရာလူစနစ်ဖြင့်လေ့လာဝယ်ယူနိုင်မယ့် အထူးအခွင့်အရေးကြီး
ညောင်ရွှေဟော်ကုန်းရပ်၊ မြကန်သာပန်းခြံမြောက်ဘက် ၊ တောင်ကြီးမြို့တွင် တည်ရှိသည်။
၂ ထပ် Penthouse တစ်လုံးစီတွင် မာစတာအိပ်ခန်း (၄) ခန်း ၊ ဧည့်ခန်းကျယ်ကြီး (၂) ခန်း၊ Dry Kitchen နှင့် Wet Kitchen မီးဖို(၂)ခန်း ၊ Outdoor View Point နေရာနှင့် ပန်းခြံငယ်ပြုလုပ်နိုင်သော ဝရံတာကျယ်များပါရှိတာကြောင့် လုံးချင်းနှင့်မခြား လွတ်လပ်စွာနေထိုင်နိုင်မည်။
360° မြင်ကွင်းကျယ်မြင်ရသည့် ကွန်ဒို၏ကျယ်ဝန်းသော အခန်းကျယ်များဖြစ်ပြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ လုံခြုံမှု ၊ အေးချမ်းမှုကို အပြည့်အဝခံစားနိုင်မည့် နေရာဖြစ်သည်။
Roof top ရေကူးကန်ပါရှိသည့် တောင်ကြီးမြို့၏ တစ်ခုတည်းသော ကွန်ဒိုဖြစ်သည်။
ကွန်ဒို၏ အရှေ့ကပ်လျက်တွင် အကြီးစားပြင်ဆင်မှုများဖြင့် အဆင့်မြှင့်တင်၍ လှပခမ်းနားစွာဖွင့်လှစ်လိုက်သည့် "မြကန်သာရေကန်နှင့် အပန်းဖြေပန်းခြံ" အသစ်စက်စက်လည်းရှိသည်။
ပန်းခြံအတွင်းတွင် စားသောက်ဆိုင်ကြီးများ ၊ ကော်ဖီဆိုင်များ ၊ အနုပညာ ပြခန်းများ ၊ ကျန်းမာရေးလေ့ကျင့်ရန်နေရာ ၊ လှပသောပန်းခြံ ကန်ပတ်လမ်း နှင့် ကလေး လူကြီး ကစားနိုင်သော အဆင့်မြင့် Indoor Playground ကြီးတို့လည်း ပါရှိမည်ဖြစ်တာကြောင့် နေ့စဉ်အေးချမ်း သာယာပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်မည်။
Facilities များအနေဖြင့် အထပ်မြင့် မီးငြိမ်းသတ်စနစ် တပ်ဆင်ထားခြင်း ၊ မြေငလျင် ဒဏ်ခံဒီဇိုင်းဖြင့် တည်ဆောက်ထားခြင်းတို့ကလည်း ကွန်ဒိုဝယ်ယူသူများအတွက် ရွေးချယ်သင့်သည့် အချက်များဖြစ်သည်။
Penthouse မှ တောင်ကြီးမြို့တစ်မြို့လုံးရဲ့အလှကို အပေါ်ဆုံးကနေ ခံစားနိုင်မှာဖြစ်ပြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ သီးသီးသန့်သန့်နေရသလို ခံစားရမှာဖြစ်တာကြောင့် ပေးရတဲ့တန်ဖိုးထက် သာလွန်ပြည့်စုံကောင်းမွန်တဲ့ အဆင့်မြင့်ကွန်ဒိုဖြစ်သည်။
🏔 တောင်ကြီးမြို့သည် မိသားစုဘဝကို စိတ်ရောကိုယ်ပါ လုံခြုံအေးချမ်းသာယာစေတဲ့ မြို့လေးတစ်မြို့ဖြစ်ပြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲဆိုတာကတော့ တောင်ကြီးသားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ်. ဒီပွဲကိုနှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ ဒီလိုအထင်ကရပွဲတော်ကြီးကို ပါဝင်ဆင်နွှဲရင်း အထူးသက်သာခွင့်များနဲ့ ရောင်းချပေးမယ့် Nang Htike Shwe Sin ကွန်ဒိုအရောင်းပြပွဲကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်.
✅ ဘဏ်နှင့်ချိတ်ဆက်ပြီး ၁၅နှစ် နှစ်ရှည်အရစ်ကျစနစ်
✅ Up to 10% Discount
✅ 100% Bank Transfer
အမည်စာရင်းပေးသွင်းပြီး အခမဲ့တက်ရောက်လိုက်ပါ
တောင်ကြီးမြို့ရဲ့အမြင့်ဆုံး Condo ပေါ်မှာ၂ ထပ်တိုက်အကျယ်ကြီးနဲ့ ဒီလို Penthouse ကတော့ NOWHERE NOWHERE ပါဘဲ
Nang Htike Shwe Sin Condo ကိုရွေးချယ်ဝယ်ယူသင့်သည့်အချက်များ
⭐ 100% ဆောက်လုပ်ပြီးဖြစ်တာကြောင့် ဝယ်ယူပြီး အသင့်နေထိုင်နိုင်သည်။
⭐ အခန်းဖွဲ့စည်းပုံကောင်းမွန်ခြင်း
- Basement တွင် ကားပါကင် ၂ ထပ်နှင့် လူနေအထပ် ၁၂ ထပ်ပါရှိပြီး စုစုပေါင်း ၁၆ ထပ်ခွဲ အမြင့်ရှိပါသည်။
- အပေါ်ဆုံးတွင် နှစ်ထပ် လုံးချင်းပုံစံ Penthouse ၂ လုံးပါရှိပြီး ကွန်ဒိုတစ်ခုလုံးတွင် အခန်း စုစုပေါင်း ၄၈ ခန်းသာ ပါရှိ၍ Privacy အလွန်ကောင်းပြီး စိတ်အေးလက်အေးနေထိုင်နိုင်မည်။
- တစ်လွှာတွင် ၄ ခန်းပါရှိပြီး 1770 sqft အကျယ်ရှိ (Type D) အခန်းများကို ဝယ်ယူနိုင်မည့်အပြင် တောင်ကြီးတစ်မြို့လုံးရဲ့ အလှတရားကို အပေါ်စီးမှ တွေ့မြင်ခံစားနိုင်မည့် အခန်းကျယ်များ 4514 sqft နဲ့ 4858 sqft အကျယ်ရှိတဲ့ (၂) ထပ် penthouse အခန်းများကိုလည်းဝယ်ယူနိုင်မည်ဖြစ်သည်။
⭐ Facilities ပြည့်စုံခြင်း
- Facilities များအနေဖြင့် Rooftop Swimming Pool, GYM, Relaxation Area, Lift , 24 hr Generator (350 KVA), CCTV, 24 hr Security, Key Card System စသည်တို့ပါဝင်၍ ကွန်ဒို Facilities အပြည့်အစုံဖြင့်လုံခြုံစိတ်ချစွာနေထိုင်နိုင်မည်။
- နေထိုင်သူများသန့်ရှင်းကျန်းမာစွာနေထိုင်နိုင်ရန် သန့်ရှင်းရေးဝန်ထမ်းများနှင့် အထပ်မြင့်အမှိုက်ပစ်စနစ်များလည်းထားရှိပေးထားသည်။
⭐ Location အချက်အချာကျခြင်း
- စီမံကိန်းတည်နေရာသည် တောင်ကြီးမြို့လယ်အချက်အချာကျသည့်နေရာတွင်တည်ရှိပြီး တောင်ကြီးမြို့မဈေး၊ Ocean နဲ့ အိမ်ရှင်မဈေးအနီး ၊ အစိုးရကျောင်းများ၊ International Schools များ၊ ရုပ်ရှင်ရုံနှင့် ပန်းခြံများ ၊ နာမည်ကြီးစားသောက်ဆိုင်များ အစရှိသည့်နေရာတို့ကို ၃ မိနစ်အတွင်း ရောက်ရှိနိုင်၍ တစ်နေ့တာကိစ္စအဝဝအဆင်ပြေစေသည်။
⭐ အခြားအားသာချက်များ
▪ အသင့်နေထိုင်နိုင်သည့်ကွန်ဒိုဖြစ်သော်လည်း ဈေးနှုန်းသင့်တင့်ခြင်း
▪ Company အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ခြင်း
▪ KBZ Bank Home Loan ဖြင့် နှစ်ရှည်အရစ်ကျဝယ်ယူနိုင်ခြင်း
▪ အဆောက်အဦးကို ငလျင်ဒဏ်ခံနိုင်သည့် ဒီဇိုင်းဖြင့် တည်ဆောက်ထား၍ အရည်အသွေးစိတ်ချရခြင်း
▪ မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန် အထပ်မြင့် မီးငြိမ်းသတ်စနစ်အတွက် မီးသတ်စက်ကြီးပါ တပ်ဆင်ပေးထားခြင်း
ပေးရသည့် တန်ဖိုးထက်သာလွန်ကောင်းမွန်သည့်အရည်အသွေး၊ လုံခြုံစိတ်ချမှုနှင့် ပြည့်စုံခြင်းတို့ကို ကွန်ဒို ဝယ်ယူသူများအနေဖြင့် လက်တွေ့ တွေ့မြင်ခံစားနိုင်မည့်ကွန်ဒိုဖြစ်သည်။
အမည်စာရင်းပေးသွင်းပြီး အခမဲ့တက်ရောက်လိုက်ပါ
အရောင်းပြပွဲကျင်းပမည့်မြေပုံ
နောက်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
5 July 2025 to 6 July 2025 ဆေးဆိုင်ဖွင့်လှစ်လိုသူများအတွက် Lower Ground အလွှာတွင် အသစ်ထပ်မံဖွင့်လှစ်လိုက်သော အဆင့်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ
5 July 2025 to 6 July 2025 ကြိုပွင့်လား? အသင့်နေဖို့လား? အထူးပရိုမိုးရှင်းများစွာဖြင့်ဝယ်ယူနိုင်မယ့် ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲ
9 June 2025 to 9 July 2025 ဗဟန်းမြို့နယ်တွင် စီးပွားရေး လုပ်ငန်းများ ဖွင့်လှစ်ရန်နှင့် ရင်းနှီးမြှုပ်နှံချင်သူများအတွက် အသင့်တော်ဆုံး The Vista Luxury Residence ရှိ မြေညီအခန်းများ
ရန်ကုန်တိုင်းရှိ ရောင်းရန်/ငှားရန် အိမ်ခြံမြေများ
ရန်ကုန်တိုင်းရှိ ရောင်းရန် တိုက်ခန်းများ
ရန်ကုန်တိုင်းရှိ ငှားရန် တိုက်ခန်းများ
ရန်ကုန်တိုင်းရှိ ရောင်းရန် လုံးချင်းအိမ်များ