ရန်ကုန်ကဈေးကြီးတွေကို တစ်ပတ်အတွင်း ပြန်ဖွင့်ခွင့်ပေးမယ်

ရန်ကုန်ကဈေးကြီးတွေကို တစ်ပတ်အတွင်း ပြန်ဖွင့်ခွင့်ပေးမယ် - Property News in Myanmar from iMyanmarHouse.com
26 Jan 2021 10:55 am တွင် တင်ခဲ့သည်
2298 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

[Unicode]

ရန်ကုန်က မင်္ဂလာဈေးအပါအဝင် ပိတ်ထားတဲ့ဈေးကြီးတွေကို အခုတစ်ပတ်အတွင်း ပြန်လည်ဖွင့်လှစ်ခွင့် ပေးမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွဲဖက်အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်ကပြောပါတယ်။

“အကြာကြီးပိတ်ထားလို့လဲမဖြစ်နိုင်ဘူး စီးပွားရေးအရလည်ပတ်ဖို့လဲ လိုတော့ကျွန်မတို့ရက်ပိုင်းအတွင်း ဒီအပတ်အတွင်းခွင့်ပြုပေးသွားဖို့ရှိတယ်။ တစ်ခုပဲပြည်သူတွေဘက်ကကျန်းမာရေးနဲ့အညီစည်ကမ်းတကျ လိုက်နာဆောင်ရွက်ပေးစေလိုပါတယ်" လို့ ဒေါ်သန်းမြင့်အောင်ကပြောပါတယ်။

ဈေးတွေမှာ မဖြစ်မနေ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ကတော့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး၊ လက်ဆေးတာ မက်စ်တပ်တာတွေအပြင် ကျန်းမာရေးနဲ့အညီ စည်းကမ်းလိုက်နာစွာရောင်းချသွားဖို့ ဒေါ်သန်းမြင့်အောင် တိုက်တွန်းပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သက်ဆိုင်ရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကဈေးတွေ ပြန်လည်ဖွင့်လှစ်တဲ့အခါ လိုက်နာကျင့်သုံးရမယ့်ကိစ္စတွေကို လည်းဈေးကော်မတီတွေနဲ့ညှိုနှိုင်းပြီး ပြန်လည်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ရန်ကုန်က ပုဂ္ဂလိကပိုင် ယုဇနပလာဇာလိုဈေးကြီးတွေကတော့ ပြန်လည်ဖွင့်လှစ်နေပါပြီ။

ဒါ့အပြင်ရန်ကုန်မြို့တော်စည်ပင်သာယာအောက်က အသားငါးနဲ့ဟင်းသီးဟင်းရွက်ဈေးတွေကိုလည်း ကိုဗစ်ကာလအတွင်းမပိတ်ဘဲ ဖွင့်လှစ်ပေးထားတာပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလက်အောက်မှာ ဈေးပေါင်း ၁၈၄ ဈေး ရှိပါတယ်။

ဈေးတွေကို ပြန်လည်ဖွင့်လှစ်တဲ့အခါမှာ စည်းကမ်းလိုက်နာမှု မရှိတဲ့ဆိုင်တွေကို ပထမအဆင့်မှာ သတိပေးမှာဖြစ်ပြီး ဒုတိယအဆင့်မှာအရေးယူမှု တွေလုပ်ဆောင်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။

ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကာလတွေမှာ ရန်ကုန်မှာ စားသောက်ကုန်နဲ့ဆေးဝါးရောင်းချမှုကလွဲလို့ ဈေးကြီးတွေကဆိုင်တွေကို ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

ဒုတိယလှိုင်းဖြစ်ပွားပြီးရန်ကုန်ကဈေးကြီးတွေကိုစတင်ပိတ်သိမ်းခဲ့တာဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလက စတင်ခဲ့တာဖြစ်ပြီးအခုဆိုရင် လေးလပြည့်တော့မှာပဲဖြစ်ပါတယ်။

ကိုဗစ်ကာလဖြစ်လို့ ဈေးရောင်းသူတွေရော ဈေးဝယ်သူတွေပါ ကိုဗစ်စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး စည်းကမ်းမလိုက်နာတဲ့ဆိုင်တွေကို ပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ယုဇနပလာဇာရဲ့ အုပ်ချုပ်မှုတာဝန်ခံ ဦးမျိုးမင်းစိုးက ပြောပါတယ်။

ဒါ့အပြင် အရင်က ပလာဇာကို လာရောက်သူတွေအနေနဲ့ ဝင်ပေါက် ၂၈ ပေါက်ကို အသုံးပြုခွင့်ရရှိပေမယ့်၊ အခုကိုဗစ်ကာလမှာတော့ ဝင်၊ ထွက်ပေါက် ၅ ပေါက်ကိုသာ အသုံးပြုခွင့်ပေးထားတယ်လို့လည်း ဆိုပါတယ်။

အဲဒီ ဝင်၊ ထွက်ပေါက်တွေမှာ ဈေးတာဝန်ခံတွေက ကိုယ်အပူချိန်တိုင်းတာ၊ လက်ဆေးတာတွေကို ပြုလုပ်စေမှာပါ။

ရန်ကုန်မြို့က နာမည်ကျော်ဈေးကြီးတွေဖြစ်တဲ့ မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေးနဲ့ ယုဇနပလာဇာတို့ကို ကိုဗစ် ပထမလှိုင်းတုန်းက ခေတ္တပိတ်ထားခဲ့ပြီး ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္ကေဈးႀကီးေတြကို တစ္ပတ္အတြင္း ျပန္ဖြင့္ခြင့္ေပးမယ္

ရန္ကုန္က မဂၤလာေစ်းအပါအဝင္ ပိတ္ထားတဲ့ေစ်းႀကီးေတြကို အခုတစ္ပတ္အတြင္း ျပန္လည္ဖြင့္လွစ္ခြင့္ ေပးမယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီတြဲဖက္အတြင္းေရးမႉး ေဒၚသန္းျမင့္ေအာင္ကေျပာပါတယ္။

“အၾကာႀကီးပိတ္ထားလို႔လဲမျဖစ္ႏိုင္ဘူး စီးပြားေရးအရလည္ပတ္ဖို႔လဲ လိုေတာ့ကြၽန္မတို႔ရက္ပိုင္းအတြင္း ဒီအပတ္အတြင္းခြင့္ျပဳေပးသြားဖို႔႐ွိတယ္။ တစ္ခုပဲျပည္သူေတြဘက္ကက်န္းမာေရးနဲ႔အညီစည္ကမ္းတက် လိုက္နာေဆာင္႐ြက္ေပးေစလိုပါတယ္" လို႔ ေဒၚသန္းျမင့္ေအာင္ကေျပာပါတယ္။

ေစ်းေတြမွာ မျဖစ္မေန တစ္ဦးနဲ႔တစ္ဦး ခပ္ခြာခြာေနဖို႔ကေတာ့ စိန္ေခၚမႈတစ္ခုျဖစ္ၿပီး၊ လက္ေဆးတာ မက္စ္တပ္တာေတြအျပင္ က်န္းမာေရးနဲ႔အညီ စည္းကမ္းလိုက္နာစြာေရာင္းခ်သြားဖို႔ ေဒၚသန္းျမင့္ေအာင္ တိုက္တြန္းပါတယ္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန သက္ဆိုင္ရာရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ေတြကေစ်းေတြ ျပန္လည္ဖြင့္လွစ္တဲ့အခါ လိုက္နာက်င့္သုံးရမယ့္ကိစၥေတြကို လည္းေစ်းေကာ္မတီေတြနဲ႔ညိႇဳႏိႈင္းၿပီး ျပန္လည္ခြင့္ျပဳသြားမယ္လို႔ သိရပါတယ္။

လက္႐ွိမွာ ရန္ကုန္က ပုဂၢလိကပိုင္ ယုဇနပလာဇာလိုေစ်းႀကီးေတြကေတာ့ ျပန္လည္ဖြင့္လွစ္ေနပါၿပီ။

ဒါ့အျပင္ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေအာက္က အသားငါးနဲ႔ဟင္းသီးဟင္း႐ြက္ေစ်းေတြကိုလည္း ကိုဗစ္ကာလအတြင္းမပိတ္ဘဲ ဖြင့္လွစ္ေပးထားတာပါ။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီလက္ေအာက္မွာ ေစ်းေပါင္း ၁၈၄ ေစ်း ႐ွိပါတယ္။

ေစ်းေတြကို ျပန္လည္ဖြင့္လွစ္တဲ့အခါမွာ စည္းကမ္းလိုက္နာမႈ မ႐ွိတဲ့ဆိုင္ေတြကို ပထမအဆင့္မွာ သတိေပးမွာျဖစ္ၿပီး ဒုတိယအဆင့္မွာအေရးယူမႈ ေတြလုပ္ေဆာင္ဖို႔ရည္႐ြယ္ထားတယ္လို႔သိရပါတယ္။

ပထမလိႈင္းနဲ႔ ဒုတိယလိႈင္း ကာလေတြမွာ ရန္ကုန္မွာ စားေသာက္ကုန္နဲ႔ေဆးဝါးေရာင္းခ်မႈကလြဲလို႔ ေစ်းႀကီးေတြကဆိုင္ေတြကို ပိတ္သိမ္းခဲ့တာျဖစ္ပါတယ္။

ဒုတိယလိႈင္းျဖစ္ပြားၿပီးရန္ကုန္ကေစ်းႀကီးေတြကိုစတင္ပိတ္သိမ္းခဲ့တာဟာ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလက စတင္ခဲ့တာျဖစ္ၿပီးအခုဆိုရင္ ေလးလျပည့္ေတာ့မွာပဲျဖစ္ပါတယ္။

ကိုဗစ္ကာလျဖစ္လို႔ ေဈးေရာင္းသူေတြေရာ ေဈးဝယ္သူေတြပါ ကိုဗစ္စည္းကမ္းေတြကို လိုက္နာရမွာျဖစ္ၿပီး စည္းကမ္းမလိုက္နာတဲ့ဆိုင္ေတြကို ပိတ္သိမ္းတဲ့အထိ အေရးယူမယ္လို႔ ယုဇနပလာဇာရဲ႕ အုပ္ခ်ဳပ္မႈတာဝန္ခံ ဦးမ်ိဳးမင္းစိုးက ေျပာပါတယ္။

ဒါ့အျပင္ အရင္က ပလာဇာကို လာေရာက္သူေတြအေနနဲ႔ ဝင္ေပါက္ ၂၈ ေပါက္ကို အသုံးျပဳခြင့္ရ႐ွိေပမယ့္၊ အခုကိုဗစ္ကာလမွာေတာ့ ဝင္၊ ထြက္ေပါက္ ၅ ေပါက္ကိုသာ အသုံးျပဳခြင့္ေပးထားတယ္လို႔လည္း ဆိုပါတယ္။

အဲဒီ ဝင္၊ ထြက္ေပါက္ေတြမွာ ေဈးတာဝန္ခံေတြက ကိုယ္အပူခ်ိန္တိုင္းတာ၊ လက္ေဆးတာေတြကို ျပဳလုပ္ေစမွာပါ။

ရန္ကုန္ၿမိဳ႕က နာမည္ေက်ာ္ေဈးႀကီးေတြျဖစ္တဲ့ မဂၤလာေဈး၊ ေ႐ႊျပည့္စုံေဈးနဲ႔ ယုဇနပလာဇာတို႔ကို ကိုဗစ္ ပထမလိႈင္းတုန္းက ေခတၱပိတ္ထားခဲ့ၿပီး ျပန္ဖြင့္ခြင့္ျပဳခဲ့ပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)