SpaceX သူဌေးကြီး အီလန်မတ်စ်က Amazon ၏ ဂျက်ဘီးဇော့စ်ကို ဖြတ်ကျော်ကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ

SpaceX သူဌေးကြီး အီလန်မတ်စ်က Amazon ၏ ဂျက်ဘီးဇော့စ်ကို ဖြတ်ကျော်ကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
8 Jan 2021 11:17 am တွင် တင်ခဲ့သည်
861 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Tesla Inc. နှင့် SpaceX အမှုဆောင်အရာရှိချုပ် အီလန်မတ်စ်သည် Amazon ၏ ဂျက်ဘီးဇော့စ်ကို ဖြတ်ကျော်ကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာကြောင်း Bloomberg သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဇန်နဝါရီလ ၇ ရက်တွင် Tesla ၏ ရှယ်ယာဈေး ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းကြောင့် အီလန်မတ်စ်၏ ကြွယ်ဝမှု ကန်ဒေါ်လာ ၁၀ ဘီလီယံ မြင့်တက်သွားရာ သူ၏ ပိုင်ဆိုင်မှုမှာ ကန်ဒေါ်လာ ၁၉၁ ဘီလီယံခန့် ဖြစ်သွားသည်။

ဂျက်ဘီးဇော့စ်၏ Amazon ရှယ်ယာဈေး မြင့်တက်မှုမှာ ၂ ရာခိုင်နှုန်းပင် မရှိခဲ့ရာ ဂျက်ဘီးဇော့စ်၏ ကြွယ်ဝမှု ကန်ဒေါ်လာ ၃ ဘီလီယံခန့်သာ မြင့်တက်ခဲ့ပြီး သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၈၇ ဘီလီယံခန့် ဖြစ်သည်။

အီလန်မတ်စ်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်ဟူသောသတင်းနှင့် ပတ်သက်ပြီး တွစ်တာတွင် မှတ်ချက်ပြုခြင်း ပြုလုပ်ခဲ့သည်။

အီလန်မတ်စ်က ပြောရာတွင် သူ၏ပိုင်ဆိုင်မှု ထက်ဝက်ကို ကမ္ဘာကြီး၏ ပြဿနာများ ကူညီဖြေရှင်းရေးတွင် အသုံးပြုမည်ဖြစ်ပြီး ကျန်ထက်ဝက်ကိုမူ အင်္ဂါဂြိုဟ်ပေါ်တွင် မြို့ကြီးတစ်မြို့တည်ဆောက်ရေးအတွက် အသုံးပြုရန် ရည်ရွယ်ထားကြောင်း ပြောကြားသည်။

အင်္ဂါဂြိုဟ်တွင် မြို့ကြီးတစ်ခု တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာကြီးအား အလွန်ကြီးမားလှသော ဥက္ကာပျံကြီးနှင့် တိုက်မိခြင်း (သို့မဟုတ်) တတိယကမ္ဘာစစ် ဖြစ်ပွားခြင်းများ ဖြစ်ပေါ်လာပါက ကမ္ဘာကြီးရှိ သက်ရှိမျိုးစိတ်အားလုံး ဆက်လက်ရှင်သန်ခွင့်ရနိုင်ရန် ရည်ရွယ်ကြောင်း အီလန်မတ်စ်က ပြောသည်။

သူ၏ တွစ်တာအကောင့်တွင် အသက် ၄၉ နှစ်အရွယ်ရှိ အီလန်မတ်စ်က အဘယ်ကြောင့် ၎င်းအနေဖြင့် ငွေများများ လိုချင်နေရသည်ဆိုသည့် အကြောင်းကို ရှင်းပြခဲ့သည်။

တွစ်တာတွင် အီလန်မတ်စ်၏ ရေးသားခဲ့မှုတစ်ခုမှာ “ငွေတွေအများကြီး ဘာကြောင့်လိုချင်နေလဲဆိုတာ ကျွန်တော့်ကို မေးသင့်ပါတယ်။ အကြောင်းရင်းက ခင်ဗျားထင်သလို မဟုတ်ပါဘူး။ ကျွန်တော့်မှာ အပန်းဖြေဇိမ်ခံနေတဲ့အချိန် အရမ်းနည်းပါတယ်။ အပန်းဖြေဖို့ ဝယ်ထားတဲ့အိမ်မရှိသလို ဇိမ်ခံရွက်လှေတွေလည်း မရှိပါဘူး” ဟု ရေးသားထားသည်ကို တွေ့ရသည်။

Bloomberg ၏ ဖော်ပြချက်အရ မိုက္ကရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၁၃၂ ဘီလီယံဖြင့် ကမ္ဘာ့ နံပါတ် ၃ တွင် ရပ်တည်နေသည်။

အီလန်မတ်စ်သည် ယခုနှစ်အစောပိုင်းတွင် Tesla ၏ ရှယ်ယာဈေးလျင်မြန်စွာမြင့်တက်ခဲ့သည့်အပြင် SpaceX ကလည်း အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် ကန်ဒေါ်လာ ၁၀၀ ဘီလီယံအထိ ကြွယ်ဝမှု မြင့်တက်ခဲ့ရာမှ ဘီလ်ဂိတ်ကို ဖြတ်ကျော်ကာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မကြာမီတွင်ပင် ဂျက်ဘီးဇော့စ်ကိုပါ ဖြတ်ကျော်ကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့လေသည်။

ဂျက်ဘီးဇော့စ်၏ ကြွယ်ဝမှုမှာ ဟန်ဂေရီနိုင်ငံနှင့် ယူကရိန်းတစ်နိုင်ငံလုံး၏ GDP ထက် များပြားသည်။

သို့သော် Tesla ၏ ရှယ်ယာဈေးများ ၇၄၃ ရာခိုင်နှုန်းအထိ ကြောက်ခမန်းလိလိမြင့်တက်သွားပြီးနောက်ပိုင်း သူ၏ ကြွယ်ဝမှုမှာ ၁၉၁ ဘီလီယံဖြစ်လာကာ ဂျက်ဘီးဇော့စ်ကို ဖြတ်ကျော်သွားခြင်းလည်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk Overtakes Amazon's Jeff Bezos To Become World's Richest Person (Republicworld)

[Zawgyi]

SpaceX သူေဌးၾကီး အီလန္မတ္စ္က Amazon ၏ ဂ်က္ဘီးေဇာ့စ္ကို ျဖတ္ေက်ာ္ကာ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္လာ

Tesla Inc. ႏွင့္ SpaceX အမႈေဆာင္အရာရွိခ်ဳပ္ အီလန္မတ္စ္သည္ Amazon ၏ ဂ်က္ဘီးေဇာ့စ္ကို ျဖတ္ေက်ာ္ကာ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္လာေၾကာင္း Bloomberg သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ဇန္နဝါရီလ ၇ ရက္တြင္ Tesla ၏ ရွယ္ယာေစ်း ၆ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ျခင္းေၾကာင့္ အီလန္မတ္စ္၏ ၾကြယ္ဝမႈ ကန္ေဒၚလာ ၁၀ ဘီလီယံ ျမင့္တက္သြားရာ သူ၏ ပိုင္ဆိုင္မႈမွာ ကန္ေဒၚလာ ၁၉၁ ဘီလီယံခန္႔ ျဖစ္သြားသည္။

ဂ်က္ဘီးေဇာ့စ္၏ Amazon ရွယ္ယာေစ်း ျမင့္တက္မႈမွာ ၂ ရာခိုင္ႏႈန္းပင္ မရွိခဲ့ရာ ဂ်က္ဘီးေဇာ့စ္၏ ၾကြယ္ဝမႈ ကန္ေဒၚလာ ၃ ဘီလီယံခန္႔သာ ျမင့္တက္ခဲ့ျပီး သူ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၈၇ ဘီလီယံခန္႔ ျဖစ္သည္။

အီလန္မတ္စ္က ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္လာသည္ဟူေသာသတင္းႏွင့္ ပတ္သက္ျပီး တြစ္တာတြင္ မွတ္ခ်က္ျပဳျခင္း ျပဳလုပ္ခဲ့သည္။

အီလန္မတ္စ္က ေျပာရာတြင္ သူ၏ပိုင္ဆိုင္မႈ ထက္ဝက္ကို ကမၻာၾကီး၏ ျပႆနာမ်ား ကူညီေျဖရွင္းေရးတြင္ အသံုးျပဳမည္ျဖစ္ျပီး က်န္ထက္ဝက္ကိုမူ အဂၤါျဂိဳဟ္ေပၚတြင္ ျမိဳ႕ၾကီးတစ္ျမိဳ႕တည္ေဆာက္ေရးအတြက္ အသံုးျပဳရန္ ရည္ရြယ္ထားေၾကာင္း ေျပာၾကားသည္။

အဂၤါျဂိဳဟ္တြင္ ျမိဳ႕ၾကီးတစ္ခု တည္ေဆာက္ရျခင္း၏ ရည္ရြယ္ခ်က္မွာ ကမၻာၾကီးအား အလြန္ၾကီးမားလွေသာ ဥကၠာပ်ံၾကီးႏွင့္ တိုက္မိျခင္း (သို႔မဟုတ္) တတိယကမၻာစစ္ ျဖစ္ပြားျခင္းမ်ား ျဖစ္ေပၚလာပါက ကမၻာၾကီးရွိ သက္ရွိမ်ဳိးစိတ္အားလံုး ဆက္လက္ရွင္သန္ခြင့္ရႏိုင္ရန္ ရည္ရြယ္ေၾကာင္း အီလန္မတ္စ္က ေျပာသည္။

သူ၏ တြစ္တာအေကာင့္တြင္ အသက္ ၄၉ ႏွစ္အရြယ္ရွိ အီလန္မတ္စ္က အဘယ္ေၾကာင့္ ၎အေနျဖင့္ ေငြမ်ားမ်ား လိုခ်င္ေနရသည္ဆိုသည့္ အေၾကာင္းကို ရွင္းျပခဲ့သည္။

တြစ္တာတြင္ အီလန္မတ္စ္၏ ေရးသားခဲ့မႈတစ္ခုမွာ “ေငြေတြအမ်ားၾကီး ဘာေၾကာင့္လိုခ်င္ေနလဲဆိုတာ ကၽြန္ေတာ့္ကို ေမးသင့္ပါတယ္။ အေၾကာင္းရင္းက ခင္ဗ်ားထင္သလို မဟုတ္ပါဘူး။ ကၽြန္ေတာ့္မွာ အပန္းေျဖဇိမ္ခံေနတဲ့အခ်ိန္ အရမ္းနည္းပါတယ္။ အပန္းေျဖဖို႔ ဝယ္ထားတဲ့အိမ္မရွိသလို ဇိမ္ခံရြက္ေလွေတြလည္း မရွိပါဘူး” ဟု ေရးသားထားသည္ကို ေတြ႔ရသည္။

Bloomberg ၏ ေဖာ္ျပခ်က္အရ မိုကၠရိုေဆာ့ဖ္သူေဌးၾကီး ဘီလ္ဂိတ္မွာ ၾကြယ္ဝမႈ ကန္ေဒၚလာ ၁၃၂ ဘီလီယံျဖင့္ ကမၻာ့ နံပါတ္ ၃ တြင္ ရပ္တည္ေနသည္။

အီလန္မတ္စ္သည္ ယခုႏွစ္အေစာပိုင္းတြင္ Tesla ၏ ရွယ္ယာေစ်းလ်င္ျမန္စြာျမင့္တက္ခဲ့သည့္အျပင္ SpaceX ကလည္း ေအာင္ျမင္မႈမ်ား ရရွိခဲ့ျပီးေနာက္ ကန္ေဒၚလာ ၁၀၀ ဘီလီယံအထိ ၾကြယ္ဝမႈ ျမင့္တက္ခဲ့ရာမွ ဘီလ္ဂိတ္ကို ျဖတ္ေက်ာ္ကာ ကမၻာ့ဒုတိယအခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္လာခဲ့ျခင္းျဖစ္သည္။ ယင္းေနာက္ မၾကာမီတြင္ပင္ ဂ်က္ဘီးေဇာ့စ္ကိုပါ ျဖတ္ေက်ာ္ကာ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္လာခဲ့ေလသည္။

ဂ်က္ဘီးေဇာ့စ္၏ ၾကြယ္ဝမႈမွာ ဟန္ေဂရီႏိုင္ငံႏွင့္ ယူကရိန္းတစ္ႏိုင္ငံလံုး၏ GDP ထက္ မ်ားျပားသည္။

သို႔ေသာ္ Tesla ၏ ရွယ္ယာေစ်းမ်ား ၇၄၃ ရာခိုင္ႏႈန္းအထိ ေၾကာက္ခမန္းလိလိျမင့္တက္သြားျပီးေနာက္ပိုင္း သူ၏ ၾကြယ္ဝမႈမွာ ၁၉၁ ဘီလီယံျဖစ္လာကာ ဂ်က္ဘီးေဇာ့စ္ကို ျဖတ္ေက်ာ္သြားျခင္းလည္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elon Musk Overtakes Amazon's Jeff Bezos To Become World's Richest Person (Republicworld)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service