ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဉ်မှူးဟန်ဆောင်သော မြန်မာလူမျိုးတစ်ဦး ထောင်ဒဏ် ၈ လချမှတ်ခံရ

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဉ်မှူးဟန်ဆောင်သော မြန်မာလူမျိုးတစ်ဦး ထောင်ဒဏ် ၈ လချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
27 Dec 2020 11:37 am တွင် တင်ခဲ့သည်
5849 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာနိုင်ငံသားတစ်ဦးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်သို့ လေယာဉ်မှူးတစ်ဦးအသွင် ဟန်ဆောင်ကာ ခရီးသည် terminal သို့ ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။

သုဝဏ္ဏဘူမိ လေဆိပ်၏ အထွေထွေမန်နေဂျာ ဆူသီရာဝပ် ဆူဝါနာဝပ်က ပြောရာတွင် ဦးရဲမင်းသူအမည်ရှိ မြန်မာအမျိုးသားသည် ဒီဇင်ဘာလ ၂၂ ရက်က လေယာဉ်မှူးတစ်ဦးအသွင် ဝတ်ဆင်ကာ လေကြောင်းလိုင်းတစ်ခု၏ လေယာဉ်မှူးကတ်ပြားကို အသုံးပြုပြီး လေဆိပ်ရှိ ပြည်တွင်းခရီးသည်များနေရာသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း ပြောကြားသည်။

လုံခြုံရေးအစောင့်တို့က သူ၏ ဝတ်ဆင်မှုတို့ကြောင့် သံသယဖြစ်ဖွယ်အမျိုးသားကို သတိပြုမိကာ ဖမ်းဆီးခဲ့ကြသည်။

ဦးရဲမင်းသူက လေယာဉ်မှူးဝတ်စုံဝတ်ဆင်ထားသော်လည်း အစောင့်များက မသင်္ကာဖြစ်ကာ လေဆိပ်ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ခြင်းဖြစ်သည်။

ဦးရဲမင်းသူသည် သူ၏ ချစ်သူမိန်းကလေးနှင့် သူ၏မိသားစုတို့အား လေယာဉ်မှူးတစ်ဦးဖြစ်သည်ဟု လိမ်ညာထားခြင်း ဖြစ်သည်။

အဆိုပါ မြန်မာအမျိုးသားသည် ထိုင်းနိုင်ငံသို့ မြန်မာခဏသွားရောက်လေ့ရှိပြီး မိမိကိုယ်ကို ကျောင်းသားတစ်ဦးဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ဦးရဲမင်းသူအား ကျူးကျော်မှု၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုတို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

သုဝဏ္ဏဘူမိလေဆိပ်က ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံသားတစ်ဦး မိမိကိုယ်ကို လေယာဉ်မှူးတစ်ဦးအဖြစ် ပြောဆိုကာ လေဆိပ်အတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့်သတင်းမှာ မှန်ကန်ကြောင်း၊ အဆိုပါအမျိုးသားအား တရားရုံးက ထောင်ဒဏ် ၈ လချမှတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လေဆိပ်မန်နေဂျာ ဆူသီရာဝပ် ဆူဝါနာဝပ်က ပြောရာတွင် ဦးရဲမင်းသူကို ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုဖြင့်လည်း တရားစွဲဆိုခဲ့ကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးမှုအရပေါ်ပေါက်သည်မှာ ဦးရဲမင်းသူသည် သူ၏ မိသားစုနှင့် ချစ်သူမိန်းကလေးတို့ကို လေယာဉ်မှူးဖြစ်သည်ဟု ပြောကြားထားကြောင်း၊ စင်စစ်မှာ လေယာဉ်မောင်း သင်တန်းသားတစ်ဦးသာဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဦးရဲမင်းသူသည် ဘန်ကောက်မြို့၊ Hua Mark အရပ်ရှိ ကွန်ဒိုတစ်ခုတွင် နေထိုင်ပြီး ယခုနှစ်စပိုင်းကတည်းက ဗီဇာသက်တမ်းတိုး လျှောက်ထားခဲ့ခြင်း မရှိကြောင်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Myanmar ‘catch me if you can’ impostor pilot arrested at Bangkok Airport sentenced to eight months in jail (nationthailand, pattayamail)

[Zawgyi]

ထိုင္းႏိုင္ငံ သုဝဏၰဘူမိေလဆိပ္တြင္ ေလယာဥ္မွဴးဟန္ေဆာင္ေသာ ျမန္မာလူမ်ဳိးတစ္ဦး ေထာင္ဒဏ္ ၈ လခ်မွတ္ခံရ

ျမန္မာႏိုင္ငံသားတစ္ဦးသည္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ျမိဳ႕ရွိ သုဝဏၰဘူမိေလဆိပ္သို႔ ေလယာဥ္မွဴးတစ္ဦးအသြင္ ဟန္ေဆာင္ကာ ခရီးသည္ terminal သို႔ ဝင္ေရာက္လာမႈျဖင့္ ဖမ္းဆီးခံခဲ့ရသည္။

သုဝဏၰဘူမိ ေလဆိပ္၏ အေထြေထြမန္ေနဂ်ာ ဆူသီရာဝပ္ ဆူဝါနာဝပ္က ေျပာရာတြင္ ဦးရဲမင္းသူအမည္ရွိ ျမန္မာအမ်ဳိးသားသည္ ဒီဇင္ဘာလ ၂၂ ရက္က ေလယာဥ္မွဴးတစ္ဦးအသြင္ ဝတ္ဆင္ကာ ေလေၾကာင္းလိုင္းတစ္ခု၏ ေလယာဥ္မွဴးကတ္ျပားကို အသံုးျပဳျပီး ေလဆိပ္ရွိ ျပည္တြင္းခရီးသည္မ်ားေနရာသို႔ ဝင္ေရာက္ရန္ ၾကိဳးပမ္းခဲ့ေၾကာင္း ေျပာၾကားသည္။

လံုျခံဳေရးအေစာင့္တို႔က သူ၏ ဝတ္ဆင္မႈတို႔ေၾကာင့္ သံသယျဖစ္ဖြယ္အမ်ဳိးသားကို သတိျပဳမိကာ ဖမ္းဆီးခဲ့ၾကသည္။

ဦးရဲမင္းသူက ေလယာဥ္မွဴးဝတ္စံုဝတ္ဆင္ထားေသာ္လည္း အေစာင့္မ်ားက မသကၤာျဖစ္ကာ ေလဆိပ္ရဲတပ္ဖြဲ႔သို႔ အပ္ႏွံခဲ့ျခင္းျဖစ္သည္။

ဦးရဲမင္းသူသည္ သူ၏ ခ်စ္သူမိန္းကေလးႏွင့္ သူ၏မိသားစုတို႔အား ေလယာဥ္မွဴးတစ္ဦးျဖစ္သည္ဟု လိမ္ညာထားျခင္း ျဖစ္သည္။

အဆိုပါ ျမန္မာအမ်ဳိးသားသည္ ထိုင္းႏိုင္ငံသို႔ ျမန္မာခဏသြားေရာက္ေလ့ရွိျပီး မိမိကိုယ္ကို ေက်ာင္းသားတစ္ဦးျဖစ္သည္ဟု ေဖာ္ျပခဲ့သည္။ ဦးရဲမင္းသူအား က်ဴးေက်ာ္မႈ၊ ဗီဇာသက္တမ္းေက်ာ္လြန္ေနထိုင္မႈတို႔ျဖင့္ တရားစြဲဆိုခဲ့ျခင္း ျဖစ္သည္။

သုဝဏၰဘူမိေလဆိပ္က ထုတ္ျပန္ခ်က္တစ္ရပ္ထုတ္ျပန္ခဲ့ရာတြင္ ျမန္မာႏိုင္ငံသားတစ္ဦး မိမိကိုယ္ကို ေလယာဥ္မွဴးတစ္ဦးအျဖစ္ ေျပာဆိုကာ ေလဆိပ္အတြင္း ဝင္ေရာက္ရန္ ၾကိဳးပမ္းခဲ့သည့္သတင္းမွာ မွန္ကန္ေၾကာင္း၊ အဆိုပါအမ်ဳိးသားအား တရားရံုးက ေထာင္ဒဏ္ ၈ လခ်မွတ္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ေလဆိပ္မန္ေနဂ်ာ ဆူသီရာဝပ္ ဆူဝါနာဝပ္က ေျပာရာတြင္ ဦးရဲမင္းသူကို ဗီဇာသက္တမ္းေက်ာ္လြန္ေနထိုင္မႈျဖင့္လည္း တရားစြဲဆိုခဲ့ေၾကာင္း ေျပာၾကားသည္။

ရဲတပ္ဖြဲ႔၏ စစ္ေဆးမႈအရေပၚေပါက္သည္မွာ ဦးရဲမင္းသူသည္ သူ၏ မိသားစုႏွင့္ ခ်စ္သူမိန္းကေလးတို႔ကို ေလယာဥ္မွဴးျဖစ္သည္ဟု ေျပာၾကားထားေၾကာင္း၊ စင္စစ္မွာ ေလယာဥ္ေမာင္း သင္တန္းသားတစ္ဦးသာျဖစ္ေၾကာင္း ေပၚေပါက္ခဲ့သည္။

ဦးရဲမင္းသူသည္ ဘန္ေကာက္ျမိဳ႕၊ Hua Mark အရပ္ရွိ ကြန္ဒိုတစ္ခုတြင္ ေနထုိင္ျပီး ယခုႏွစ္စပိုင္းကတည္းက ဗီဇာသက္တမ္းတိုး ေလွ်ာက္ထားခဲ့ျခင္း မရွိေၾကာင္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Myanmar ‘catch me if you can’ impostor pilot arrested at Bangkok Airport sentenced to eight months in jail (nationthailand, pattayamail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service