အိမ်ရာမဲ့တစ်ဦးကိုဆံပင်ညှပ်ဆိုင်ကအခမဲ့ဆံပင်ညှပ်ပေးကာအဝတ်အစားသစ်များဆင်ပေးပြီးလူမှုကွန်ရက်တွင် ဓာတ်ပုံတင်လိုက်ရာအိမ်ရာမဲ့အမျိုးသား၏ ၁၀ နှစ်ခန့် ကွဲကွာနေသောမိခင်၊ ညီမတို့နှင့် ပြန်လည်ဆုံစည်း

အိမ်ရာမဲ့တစ်ဦးကိုဆံပင်ညှပ်ဆိုင်ကအခမဲ့ဆံပင်ညှပ်ပေးကာအဝတ်အစားသစ်များဆင်ပေးပြီးလူမှုကွန်ရက်တွင် ဓာတ်ပုံတင်လိုက်ရာအိမ်ရာမဲ့အမျိုးသား၏ ၁၀ နှစ်ခန့် ကွဲကွာနေသောမိခင်၊ ညီမတို့နှင့် ပြန်လည်ဆုံစည်း - Property News in Myanmar from iMyanmarHouse.com
24 Dec 2020 10:51 am တွင် တင်ခဲ့သည်
13950 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘရာဇီးနိုင်ငံတွင် အိမ်ရာမဲ့အမျိုးသားတစ်ဦးကိုဆံသဆိုင်တစ်ဆိုင်ကဆံပင်ညှပ်၊ မုတ်ဆိတ်များရိတ်ပေးကာလူမှုကွန်ရက်တွင် ဓာတ်ပုံများတင်လိုက်ရာမှ သူ၏ မိသားစုနှင့် ပြန်လည်ဆုံစည်းသွားသည့် ဖြစ်ရပ်ပေါ်ပေါက်ခဲ့သည်။

ဂျွန် ကိုဟိုကင်းမရီစ် (João Coelho Guimarães) အမည်ရှိအမျိုးသားသည် အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်ပြီးဘရာဇီးနိုင်ငံ၊ ဂိုးရီးယာပြည်နယ်၏ မြို့တော် ဂိုးရီးယာနီယာ (Goiânia) တွင် အိမ်ရာမဲ့အဖြစ် နေထိုင်ခဲ့သည်မှာ ၃ နှစ်ခန့် ရှိပြီဖြစ်သည်။

သို့သော် သူ၏ မိသားစုကမူသေဆုံးသွားပြီဟုယူဆထားခဲ့သည်မှာဆယ်စုနှစ်တစ်ခုခန့် ရှိပြီဖြစ်သည်။

ကင်းမရီစ်သည် အဝတ်အထည်ဆိုင်နှင့် ဆံပင်ညှပ်ဆိုင်သို့ မကြာသေးမီကအမှတ်မထင်ရောက်ရှိသွားခဲ့ရာဆိုင်ရှင်နှင့် ဝန်ထမ်းများကသူ့အားဆံပင်၊ မုတ်ဆိတ်များညှပ်ပေးပြီးအဝတ်အစားသစ်များဝတ်ဆင်ပေးခဲ့ကာလူမှုကွန်ရက်တွင် ဓာတ်ပုံများလွှင့်တင်ခဲ့သည်။

အဆိုပါဓာတ်ပုံများသည် လူမှုကွန်ရက်တွင် အလွန်ပျံ့နှံ့သွားရာမှ သူ၏ မိသားစုကတွေ့ရှိသွားပြီး ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။

ကင်းမရီစ်သည် ပါဒူး (Padoo) ဟုအမည်ပေးထားသောအမျိုးသားအဝတ်အထည်နှင့် ဆံသဆိုင်ရှေ့မှ မကြာခဏဖြတ်သန်းကာဘူးခွံများလိုက်ကောက်တတ်သည်။ သို့သော် တစ်ရက်တွင်မူကင်းမရီစ်ကဆိုင်ထဲအထိဝင်လာခဲ့သည်။

ဘရာဇီးကန်းထရီးဂီတအဆိုတော် အလက်ဇန်ဒရိုလိုဘို (Alessandro Lobo) သည် ဆိုင်ပိုင်ရှင် ဖြစ်၏။ လိုဘိုက UOL သတင်းဌာနသို့ ပြောကြားရာတွင် ကင်းမရီစ်သည် ဆိုင်ထဲဝင်လာပြီး ကြီးကြီးမားမားတောင်းခံခဲ့ခြင်းမရှိကြောင်းပြောကြားသည်။

“သူဆိုင်ထဲဝင်လာတော့ ကျွန်တော်တို့ကမေးတယ်။ ဗိုက်ဆာနေလား၊ စားဖို့ တစ်ခုခုလိုချင်လား..လို့ မေးပါတယ်။ ဒါပေမယ့် သူက ငြင်းပါတယ်။ သူတောင်းတာကမုတ်ဆိတ်ရိတ်ချင်လို့ မုတ်ဆိတ်ရိတ်တဲ့ဓားရှိလားလို့ တောင်းပါတယ်”

“အဲ့ဒီအချိန် ကျွန်တော်တို့မှာစိတ်ကူးတစ်ခုရလာတယ်။ ဆိုင်ထဲမှာရှိတဲ့သူအားလုံးကသူ့ကိုတခြားနည်းနဲ့ အကူအညီပေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သူ့အတွက်တော့ လှပတဲ့ နေ့လေးတစ်ခုပေါ့”

လူမှုကွန်ရက်တွင် ဓာတ်ပုံများမတင်မီကကင်းမရီစ်၏ ပုံပန်းမှာအခြေအနေအလွန်ဆိုးရွားနေ၏။ ရှည်လျားညစ်ပတ်နေသောဆံပင်ဘုတ်သိုက်၊ လွန်စွာရှည်လျားရှုပ်ထွေးလှသောမုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများဖြင့် ဖြစ်သည်။

ဆိုင်ဝန်ထမ်းများကသူ့အားဆံပင်ညှပ်၊ ပုံသွင်းပေးပြီးမုတ်ဆိတ်နှင့် နှုတ်ခမ်းမွှေးများကိုလည်းသပ်သပ်ရပ်ရပ်ဖြစ်စေရန် ရိတ်ဖြတ်ပေးလိုက်၏။

လိုဘိုကကင်းမရီစ်အားအဝတ်အစားသစ်များပေးရန်လည်းဆုံးဖြတ်ခဲ့ပြီးရှပ်အင်္ကျီ ၃ ထည်၊ ဘောင်းဘီတစ်စုံ၊ ကုတ်အင်္ကျီတစ်ထည်နှင့် ရှူးဖိနပ်အသစ်တစ်ရံတို့ ပေးခဲ့သည်။

“သူ့ကိုပုံစံပြောင်းပေးရတာ ၂ နာရီလောက် ကြာပါတယ်။ တစ်ဖွဲ့လုံးစေတနာနဲ့ ကူညီခဲ့ကြပြီးလူတိုင်းကနည်းနည်းစီဝိုင်းလုပ်ပေးတာကြောင့် နောက်ဆုံးမှာအံ့သြစရာရလဒ်ရခဲ့ပါတယ်” ဟုလိုဘိုကပြောသည်။

“သူကအရမ်းရှက်တတ်ပြီးစကားနည်းသူတစ်ဦးပါ။ ဒါပေမယ့် သူဟာကျေနပ်နေပြီး ကျွန်တော်တို့ကိုအများကြီးကျေးဇူးတင်နေတယ်ဆိုတာ ကျွန်တော်တို့ သတိပြုမိပါတယ်”ဟုလိုဘိုက UOL သို့ ပြောသည်။

အားလုံးပြီးစီးသွားချိန်တွင် ကင်းမရီစ်မှာသပ်ရပ်ကျော့မော့သွားရုံမကယောက်ျားပီသစွာချောမောသူတစ်ဦးဖြစ်ကြောင်းတွေ့ရသည်။

လိုဘိုနှင့် သူ၏ ဝန်ထမ်းအဖွဲ့ကကင်းမရီစ်အားပြောင်းလဲပေးလိုက်ပုံဓာတ်ပုံများကိုလူမှုကွန်ရက်တွင် တင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

“အခုကခရစ္စမတ်ကာလပါ။ ရည်ရွယ်ချက်ကတော့ လူတစ်ယောက်ကို ကျွန်တော်တို့ ပြောင်းလဲပေးလိုက်နိုင်ပုံကို ပြသချင်လို့ ဖြစ်ပါတယ်”

လိုဘိုတို့ မျှော်လင့်မထားသည်ကားကင်းမရီစ်၏ ဓာတ်ပုံများကိုသူ၏ မိသားစုကတွေ့သွားလိမ့်မည်ဟူသောအချက်ပင်။ “သူ့အမေနဲ့ ညီမတွေ လာကြပါတယ်။ သူတို့ကသူသေပြီလို့ ယူဆထားခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ကင်းမရီစ်ရဲ့ သတင်းကိုမကြားတာ ၁၀ နှစ်ကျော်ခဲ့ပြီ ဖြစ်လို့ပါ”

“သူတို့ကဓာတ်ပုံတွေ တွေ့ပြီးတော့ ကျွန်တော့်ကိုဆက်သွယ်လာကြတယ်။ ဒါပေမယ့် သူ့မှာကဖုန်းလည်းမရှိ၊ အတည်တကျ လိပ်စာလည်းမရှိတော့ နောက်တစ်ရက်မှာသူ့ကိုလိုက်ရှာခဲ့ကြတယ်”

နောက်တစ်နေ့တွင်ကားကင်းမရီစ်ကိုရှာဖွေတွေ့ရှိခဲ့ပြီးပွေ့ဖက်ကာ နှုတ်ဆက်ရင်း ပြန်လည်ဆုံစည်းခဲ့ကြသည်။ ပြန်လည်ဆုံစည်းရမှုအပေါ် သူတို့အားလုံးဝမ်းမြောက်ကြသော်လည်းကင်းမရီစ်ကမူသူ၏မိသားစုနှင့် ပြန်လိုက်မသွားခဲ့ကြောင်းလိုဘိုကပြောသည်။

“ကင်းမရီစ်ဟာအခုထိလမ်းတွေပေါ်မှာရှိနေဆဲပါပဲ။ သူ့ညီမကအိမ်ပြန်ခေါ်ချင်တယ်။ ဒါပေမယ့် သူကမလိုက်ချင်ဘူး။ သူပြောတာကတော့ လမ်းတွေပေါ်မှာနေရတာသူ့အတွက်လွတ်လပ်မှုကိုခံစားရတယ်လို့ ပြောပါတယ်။ ဒါကြောင့် သူကအိမ်ကိုမပြန်ချင်ပါဘူး”

“၂၀၂၀ ဟာကမ္ဘာတစ်ဝန်းမှာလူပေါင်းများစွာဟာသူတို့ချစ်ရတဲ့သူတွေ ဆုံးရှုံးခဲ့ကြရတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဒါတွေရဲ့ကြားမှာဒီမိသားစုအတွက်ကတော့ စိတ်သက်သာရာရစေခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ” ဟုလိုဘိုကပြောသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Homeless Brazilian man reunites with his mother and sister after TEN YEARS after they spotted viral makeover photos and tracked him down - having thought he'd been dead for a decade (dailymail)

[Zawgyi]

အိမ္ရာမဲ့တစ္ဦးကိုဆံပင္ညွပ္ဆိုင္ကအခမဲ့ဆံပင္ညွပ္ေပးကာအဝတ္အစားသစ္မ်ားဆင္ေပးျပီးလူမႈကြန္ရက္တြင္ ဓာတ္ပံုတင္လိုက္ရာအိမ္ရာမဲ့အမ်ဳိးသား၏ ၁၀ ႏွစ္ခန္႔ ကြဲကြာေနေသာမိခင္၊ ညီမတို႔ႏွင့္ ျပန္လည္ဆံုစည္း

ဘရာဇီးႏိုင္ငံတြင္ အိမ္ရာမဲ့အမ်ဳိးသားတစ္ဦးကိုဆံသဆိုင္တစ္ဆုိင္ကဆံပင္ညွပ္၊ မုတ္ဆိတ္မ်ားရိတ္ေပးကာလူမႈကြန္ရက္တြင္ ဓာတ္ပံုမ်ားတင္လိုက္ရာမွ သူ၏ မိသားစုႏွင့္ ျပန္လည္ဆံုစည္းသြားသည့္ ျဖစ္ရပ္ေပၚေပါက္ခဲ့သည္။

ဂၽြန္ ကိုဟိုကင္းမရီစ္ (João Coelho Guimarães) အမည္ရွိအမ်ဳိးသားသည္ အသက္ ၄၅ ႏွစ္အရြယ္ရွိျပီျဖစ္ျပီးဘရာဇီးႏိုင္ငံ၊ ဂိုးရီးယာျပည္နယ္၏ ျမိဳ႕ေတာ္ ဂိုးရီးယာနီယာ (Goiânia) တြင္ အိမ္ရာမဲ့အျဖစ္ ေနထိုင္ခဲ့သည္မွာ ၃ ႏွစ္ခန္႔ ရွိျပီျဖစ္သည္။

သို႔ေသာ္ သူ၏ မိသားစုကမူေသဆံုးသြားျပီဟုယူဆထားခဲ့သည္မွာဆယ္စုႏွစ္တစ္ခုခန္႔ ရွိျပီျဖစ္သည္။

ကင္းမရီစ္သည္ အဝတ္အထည္ဆိုင္ႏွင့္ ဆံပင္ညွပ္ဆိုင္သို႔ မၾကာေသးမီကအမွတ္မထင္ေရာက္ရွိသြားခဲ့ရာဆိုင္ရွင္ႏွင့္ ဝန္ထမ္းမ်ားကသူ႔အားဆံပင္၊ မုတ္ဆိတ္မ်ားညွပ္ေပးျပီးအဝတ္အစားသစ္မ်ားဝတ္ဆင္ေပးခဲ့ကာလူမႈကြန္ရက္တြင္ ဓာတ္ပံုမ်ားလႊင့္တင္ခဲ့သည္။

အဆိုပါဓာတ္ပံုမ်ားသည္ လူမႈကြန္ရက္တြင္ အလြန္ပ်ံ႕ႏွံ႔သြားရာမွ သူ၏ မိသားစုကေတြ႔ရွိသြားျပီး ျပန္လည္ရွာေဖြႏိုင္ခဲ့ျခင္း ျဖစ္သည္။

ကင္းမရီစ္သည္ ပါဒူး (Padoo) ဟုအမည္ေပးထားေသာအမ်ဳိးသားအဝတ္အထည္ႏွင့္ ဆံသဆိုင္ေရွ႕မွ မၾကာခဏျဖတ္သန္းကာဘူးခြံမ်ားလိုက္ေကာက္တတ္သည္။ သို႔ေသာ္ တစ္ရက္တြင္မူကင္းမရီစ္ကဆိုင္ထဲအထိဝင္လာခဲ့သည္။

ဘရာဇီးကန္းထရီးဂီတအဆိုေတာ္ အလက္ဇန္ဒရိုလိုဘို (Alessandro Lobo) သည္ ဆိုင္ပိုင္ရွင္ ျဖစ္၏။ လိုဘိုက UOL သတင္းဌာနသို႔ ေျပာၾကားရာတြင္ ကင္းမရီစ္သည္ ဆိုင္ထဲဝင္လာျပီး ၾကီးၾကီးမားမားေတာင္းခံခဲ့ျခင္းမရွိေၾကာင္းေျပာၾကားသည္။

“သူဆိုင္ထဲဝင္လာေတာ့ ကၽြန္ေတာ္တို႔ကေမးတယ္။ ဗိုက္ဆာေနလား၊ စားဖို႔ တစ္ခုခုလိုခ်င္လား..လို႔ ေမးပါတယ္။ ဒါေပမယ့္ သူက ျငင္းပါတယ္။ သူေတာင္းတာကမုတ္ဆိတ္ရိတ္ခ်င္လို႔ မုတ္ဆိတ္ရိတ္တဲ့ဓားရွိလားလို႔ ေတာင္းပါတယ္”

“အဲ့ဒီအခ်ိန္ ကၽြန္ေတာ္တို႔မွာစိတ္ကူးတစ္ခုရလာတယ္။ ဆိုင္ထဲမွာရွိတဲ့သူအားလံုးကသူ႔ကိုတျခားနည္းနဲ႔ အကူအညီေပးမယ္လို႔ ဆံုးျဖတ္ခဲ့တယ္။ သူ႔အတြက္ေတာ့ လွပတဲ့ ေန႔ေလးတစ္ခုေပါ့”

လူမႈကြန္ရက္တြင္ ဓာတ္ပံုမ်ားမတင္မီကကင္းမရီစ္၏ ပံုပန္းမွာအေျခအေနအလြန္ဆိုးရြားေန၏။ ရွည္လ်ားညစ္ပတ္ေနေသာဆံပင္ဘုတ္သိုက္၊ လြန္စြာရွည္လ်ားရႈပ္ေထြးလွေသာမုတ္ဆိတ္ေမႊး၊ ႏႈတ္ခမ္းေမႊးမ်ားျဖင့္ ျဖစ္သည္။

ဆိုင္ဝန္ထမ္းမ်ားကသူ႔အားဆံပင္ညွပ္၊ ပံုသြင္းေပးျပီးမုတ္ဆိတ္ႏွင့္ ႏႈတ္ခမ္းေမႊးမ်ားကိုလည္းသပ္သပ္ရပ္ရပ္ျဖစ္ေစရန္ ရိတ္ျဖတ္ေပးလိုက္၏။

လိုဘိုကကင္းမရီစ္အားအဝတ္အစားသစ္မ်ားေပးရန္လည္းဆံုးျဖတ္ခဲ့ျပီးရွပ္အကၤ်ီ ၃ ထည္၊ ေဘာင္းဘီတစ္စံု၊ ကုတ္အကၤ်ီတစ္ထည္ႏွင့္ ရွဴးဖိနပ္အသစ္တစ္ရံတို႔ ေပးခဲ့သည္။

“သူ႔ကိုပံုစံေျပာင္းေပးရတာ ၂ နာရီေလာက္ ၾကာပါတယ္။ တစ္ဖြဲ႔လံုးေစတနာနဲ႔ ကူညီခဲ့ၾကျပီးလူတိုင္းကနည္းနည္းစီဝိုင္းလုပ္ေပးတာေၾကာင့္ ေနာက္ဆံုးမွာအံ့ၾသစရာရလဒ္ရခဲ့ပါတယ္” ဟုလိုဘိုကေျပာသည္။

“သူကအရမ္းရွက္တတ္ျပီးစကားနည္းသူတစ္ဦးပါ။ ဒါေပမယ့္ သူဟာေက်နပ္ေနျပီး ကၽြန္ေတာ္တို႔ကိုအမ်ားၾကီးေက်းဇူးတင္ေနတယ္ဆိုတာ ကၽြန္ေတာ္တို႔ သတိျပဳမိပါတယ္”ဟုလိုဘိုက UOL သုိ႔ ေျပာသည္။

အားလံုးျပီးစီးသြားခ်ိန္တြင္ ကင္းမရီစ္မွာသပ္ရပ္ေက်ာ့ေမာ့သြားရံုမကေယာက်္ားပီသစြာေခ်ာေမာသူတစ္ဦးျဖစ္ေၾကာင္းေတြ႔ရသည္။

လိုဘိုႏွင့္ သူ၏ ဝန္ထမ္းအဖြဲ႔ကကင္းမရီစ္အားေျပာင္းလဲေပးလိုက္ပံုဓာတ္ပံုမ်ားကိုလူမႈကြန္ရက္တြင္ တင္ရန္ ဆံုးျဖတ္ခဲ့ၾကသည္။

“အခုကခရစၥမတ္ကာလပါ။ ရည္ရြယ္ခ်က္ကေတာ့ လူတစ္ေယာက္ကို ကၽြန္ေတာ္တို႔ ေျပာင္းလဲေပးလိုက္ႏိုင္ပံုကို ျပသခ်င္လို႔ ျဖစ္ပါတယ္”

လိုဘိုတို႔ ေမွ်ာ္လင့္မထားသည္ကားကင္းမရီစ္၏ ဓာတ္ပံုမ်ားကိုသူ၏ မိသားစုကေတြ႔သြားလိမ့္မည္ဟူေသာအခ်က္ပင္။ “သူ႔အေမနဲ႔ ညီမေတြ လာၾကပါတယ္။ သူတို႔ကသူေသျပီလို႔ ယူဆထားခဲ့ၾကတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ ကင္းမရီစ္ရဲ႕ သတင္းကိုမၾကားတာ ၁၀ ႏွစ္ေက်ာ္ခဲ့ျပီ ျဖစ္လို႔ပါ”

“သူတို႔ကဓာတ္ပံုေတြ ေတြ႔ျပီးေတာ့ ကၽြန္ေတာ့္ကိုဆက္သြယ္လာၾကတယ္။ ဒါေပမယ့္ သူ႔မွာကဖုန္းလည္းမရွိ၊ အတည္တက် လိပ္စာလည္းမရွိေတာ့ ေနာက္တစ္ရက္မွာသူ႔ကိုလိုက္ရွာခဲ့ၾကတယ္”

ေနာက္တစ္ေန႔တြင္ကားကင္းမရီစ္ကိုရွာေဖြေတြ႔ရွိခဲ့ျပီးေပြ႔ဖက္ကာ ႏႈတ္ဆက္ရင္း ျပန္လည္ဆံုစည္းခဲ့ၾကသည္။ ျပန္လည္ဆံုစည္းရမႈအေပၚ သူတို႔အားလံုးဝမ္းေျမာက္ၾကေသာ္လည္းကင္းမရီစ္ကမူသူ၏မိသားစုႏွင့္ ျပန္လိုက္မသြားခဲ့ေၾကာင္းလိုဘိုကေျပာသည္။

“ကင္းမရီစ္ဟာအခုထိလမ္းေတြေပၚမွာရွိေနဆဲပါပဲ။ သူ႔ညီမကအိမ္ျပန္ေခၚခ်င္တယ္။ ဒါေပမယ့္ သူကမလိုက္ခ်င္ဘူး။ သူေျပာတာကေတာ့ လမ္းေတြေပၚမွာေနရတာသူ႔အတြက္လြတ္လပ္မႈကိုခံစားရတယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ သူကအိမ္ကိုမျပန္ခ်င္ပါဘူး”

“၂၀၂၀ ဟာကမၻာတစ္ဝန္းမွာလူေပါင္းမ်ားစြာဟာသူတုိ႔ခ်စ္ရတဲ့သူေတြ ဆံုးရံႈးခဲ့ၾကရတဲ့ ႏွစ္တစ္ႏွစ္ျဖစ္ပါတယ္။ ဒါေတြရဲ႕ၾကားမွာဒီမိသားစုအတြက္ကေတာ့ စိတ္သက္သာရာရေစခဲ့တဲ့ ႏွစ္တစ္ႏွစ္ပါပဲ” ဟုလိုဘိုကေျပာသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Homeless Brazilian man reunites with his mother and sister after TEN YEARS after they spotted viral makeover photos and tracked him down - having thought he'd been dead for a decade (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service