စင်္ကာပူသို့ Pfizer-BioNTech ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပထမအသုတ် ရောက်ရှိ

စင်္ကာပူသို့ Pfizer-BioNTech ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပထမအသုတ် ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
22 Dec 2020 11:34 am တွင် တင်ခဲ့သည်
607 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူသည် Covid-19 ကာကွယ်ဆေးပထမဆုံးအသုတ်ကိုစင်္ကာပူလေကြောင်းလိုင်း (SIA) ကုန်တင်လေယာဉ်ဖြင့် ဘယ်လ်ဂျီယံမှ သယ်ဆောင်ကာဒီဇင်ဘာ ၂၁ ရက် ညပိုင်းတွင် စတင်လက်ခံရရှိခဲ့သည်။

Pfizer-BioNTechကာကွယ်ဆေးများသည် SIAလေကြောင်းလိုင်း၏ ဘိုးအင်း747-400လေယာဉ်ဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၏ မြို့တော်၊ ဘရပ်ဆဲလ်မှ စင်္ကာပူရှိချန်ဂီလေဆိပ်သို့ ည ၇ နာရီ ၃၅ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

Pfizer-BioNTechကာကွယ်ဆေးသည် စင်္ကာပူတွင် အရေးပေါ်အခြေအနေအသုံးပြုရန် ပထမဆုံးအတည်ပြုချက် ရရှိခဲ့သောကာကွယ်ဆေးလည်း ဖြစ်သည်။

စင်္ကာပူသည် အာရှတွင် Pfizer-BioNTechကာကွယ်ဆေးကိုပထမဆုံးရရှိသည့် နိုင်ငံလည်း ဖြစ်သည်။

Pfizer-BioNTechကာကွယ်ဆေးသည် အမေရိကန်ထိပ်တန်းဆေးဝါးကုမ္ပဏီကြီး Pfizer နှင့် ဂျာမနီမှ BioNTechတို့ ပူးပေါင်းထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးကို ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ထိုးနှံပေးလျက်ရှိနေပြီ ဖြစ်သည်။

စင်္ကာပူသယ်ယူပို့ဆောင်ရေးဝန်ကြီးဝမ်ယဲ့ကုမ် (Ong Ye Kung) က ပြောကြားရာတွင် ကာကွယ်ဆေးသယ်ယူမှုတွင် ပါဝင်ခဲ့ကြသူအားလုံးအားကျေးဇူးတင်ကြောင်းပြောကြားသည်။

ယခုကိစ္စ တတ်နိုင်သမျှ ချောမွေ့စေရေးအတွက် ကြိုတင်ပြင်ဆင်မှု များစွာလုပ်ဆောင်ခဲ့ရကြောင်း၊ DHL, UPS နဲ့ FedExတို့ကဲ့သို့ ဖြန့်ဖြူးရေးကုမ္ပဏီကြီးများပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ စင်္ကာပူတွင် ၎င်းတို့၏ ဒေသဆိုင်ရာရုံးချုပ်များပင် ရှိကြကြောင်းဝန်ကြီးကပြောသည်။

“ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ၊ ထောက်ပံ့ရေးကုမ္ပဏီတွေဟာဒီလိုကုန်စည်အမျိုးအစားကိုကိုင်တွယ်ရာမှာကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ စံညွှန်းတွေနဲ့အညီဖြစ်စေဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ထားခဲ့ကြရပါတယ်”

အဆိုပါကာကွယ်ဆေးသည် အလွန်နိမ့်ပါးသောအပူချိန်တွင် ထားရှိရန်လိုအပ်ပြီး အနှုတ် ၇၀ ဒီဂရီစင်တီဂရိတ်အထိအအေးဓာတ်ပေးရန် လိုသည်။

ပြီးခဲ့သောစနေနေ့ကယခုပို့ဆောင်သည့် လမ်းကြောင်းအတိုင်းအစမ်းလေ့ကျင့်ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်းSIA က ထုတ်ပြန်သည်။

ထိုသို့စမ်းသပ်ပျံသန်းစဉ်အတွင်းကာကွယ်ဆေးသယ်ဆောင်မည့် သေတ္တာတို့အတွင်းမှ အအေးဓာတ်ကိုစမ်းသပ်ခဲ့ကြသည်။ အအေးခံသေတ္တာများအတွင်းရှိရေခဲခြောက်များ၏ အခဲမှ အငွေ့အဖြစ်သို့ ပြောင်းလဲနှုန်းကိုလည်းတိုင်းတာခဲ့ကြသည်။

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြီးခဲ့သောတနင်္လာနေ့တွင် ရုပ်မြင်သံကြားမိန့်ခွန်းပြောကြားခဲ့ရာတွင် စင်္ကာပူသို့ ဒီဇင်ဘာလကုန်ပိုင်းတွင် ကာကွယ်ဆေးပထမအသုတ်စတင်ရရှိလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ကာကွယ်ဆေးပထမဆုံးဦးစားပေးထိုးနှံပေးမည့်အုပ်စုမှာကျန်းမာရေးဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများနှင့် ထိခိုက်လွယ်မှုရှိသူများ ဖြစ်ကြသည်။

ယင်းနောက်ပိုင်းကျန်သည့်ပြည်သူများကို ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်သည်။

အခြားသောကုမ္ပဏီများမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများမှာမူလာမည့်လများတွင် စင်္ကာပူသို့ ရောက်ရှိလာဖွယ်ရှိသည်ဟုမျှော်လင့်ရကြောင်းဝန်ကြီးချုပ်ကပြောသည်။

SIA မှ အကြီးအကဲတစ်ဦးဖြစ်သူမစ္စတာချင်းယိုရှန်း (Chin YauSeng) က “စင်္ကာပူကို Covid-19 ကာကွယ်ဆေးပထမအသုတ် သယ်ယူပို့ဆောင်မှုဟာ Covid-19 တိုက်ပွဲမှာအရေးပါတဲ့ မှတ်တိုင်တစ်ခုပါ။ ဒီဆောင်ရွက်မှုမှာတစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ရခဲ့တဲ့အပေါ် ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်။ Covid-19 ကာကွယ်ဆေးတွေကို နိုင်ငံတကာအဆင့် ပို့ဆောင်၊ ဖြန့်ချိရေးအရေးပါတဲ့အလုပ်အတွက် စင်္ကာပူဟာအသင့်အနေအထားရှိနေပြီဆိုတာ ပြသလိုက်တာလည်း ဖြစ်ပါတယ်”

ဘရပ်ဆဲလ် နိုင်ငံတကာလေဆိပ်သို့ သွားသည့်လမ်းတစ်လျှောက်တွင် ကာကွယ်ဆေးများကိုလုံခြုံရေးအစောင့်အရှောက်များကလိုက်ပါစောင့်ရှောက်ပေးခဲ့ကြသည်။

စင်္ကာပူရှိချန်ဂီလေဆိပ်သို့ ရောက်ရှိချိန်တွင် DHL ကုမ္ပဏီကအကောက်ခွန်ရှင်းလင်းရေးကိစ္စများဆောင်ရွက်ပေးပြီးစင်္ကာပူရှီသတ်မှတ်ထားသောနေရာသို့ ပို့ဆောင်ပေးခဲ့သည်။

အအေးသေတ္တာများဥရောပသို့ ပြန်လည်ပို့ဆောင်ပေးရေးကိုလည်း DHL က ဆောင်ရွက်ပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: First shipment of Covid-19 vaccine arrives in Singapore from Belgium (todayonline)

[Zawgyi]

စကၤာပူသို႔ Pfizer-BioNTech ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးပထမအသုတ္ ေရာက္ရွိ

စကၤာပူသည္ Covid-19 ကာကြယ္ေဆးပထမဆံုးအသုတ္ကိုစကၤာပူေလေၾကာင္းလိုင္း (SIA) ကုန္တင္ေလယာဥ္ျဖင့္ ဘယ္လ္ဂ်ီယံမွ သယ္ေဆာင္ကာဒီဇင္ဘာ ၂၁ ရက္ ညပိုင္းတြင္ စတင္လက္ခံရရွိခဲ့သည္။

Pfizer-BioNTechကာကြယ္ေဆးမ်ားသည္ SIAေလေၾကာင္းလိုင္း၏ ဘိုးအင္း747-400ေလယာဥ္ျဖင့္ ဘယ္လ္ဂ်ီယံႏိုင္ငံ၏ ျမိဳ႕ေတာ္၊ ဘရပ္ဆဲလ္မွ စကၤာပူရွိခ်န္ဂီေလဆိပ္သို႔ ည ၇ နာရီ ၃၅ မိနစ္တြင္ ေရာက္ရွိလာခဲ့ျခင္း ျဖစ္သည္။

Pfizer-BioNTechကာကြယ္ေဆးသည္ စကၤာပူတြင္ အေရးေပၚအေျခအေနအသံုးျပဳရန္ ပထမဆံုးအတည္ျပဳခ်က္ ရရွိခဲ့ေသာကာကြယ္ေဆးလည္း ျဖစ္သည္။

စကၤာပူသည္ အာရွတြင္ Pfizer-BioNTechကာကြယ္ေဆးကိုပထမဆံုးရရွိသည့္ ႏိုင္ငံလည္း ျဖစ္သည္။

Pfizer-BioNTechကာကြယ္ေဆးသည္ အေမရိကန္ထိပ္တန္းေဆးဝါးကုမၸဏီၾကီး Pfizer ႏွင့္ ဂ်ာမနီမွ BioNTechတို႔ ပူးေပါင္းထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ကာကြယ္ေဆးကို ျဗိတိန္ႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔တြင္ ထုိးႏွံေပးလ်က္ရွိေနျပီ ျဖစ္သည္။

စကၤာပူသယ္ယူပို႔ေဆာင္ေရးဝန္ၾကီးဝမ္ယဲ့ကုမ္ (Ong Ye Kung) က ေျပာၾကားရာတြင္ ကာကြယ္ေဆးသယ္ယူမႈတြင္ ပါဝင္ခဲ့ၾကသူအားလံုးအားေက်းဇူးတင္ေၾကာင္းေျပာၾကားသည္။

ယခုကိစၥ တတ္ႏိုင္သမွ် ေခ်ာေမြ႔ေစေရးအတြက္ ၾကိဳတင္ျပင္ဆင္မႈ မ်ားစြာလုပ္ေဆာင္ခဲ့ရေၾကာင္း၊ DHL, UPS နဲ႔ FedExတို႔ကဲ့သို႔ ျဖန္႔ျဖဴးေရးကုမၸဏီၾကီးမ်ားပူးေပါင္းေဆာင္ရြက္ခဲ့ၾကေၾကာင္း၊ စကၤာပူတြင္ ၎တို႔၏ ေဒသဆိုင္ရာရံုးခ်ဳပ္မ်ားပင္ ရွိၾကေၾကာင္းဝန္ၾကီးကေျပာသည္။

“ကၽြန္ေတာ္တို႔ရဲ႕ ဝန္ထမ္းေတြ၊ ေထာက္ပံ့ေရးကုမၸဏီေတြဟာဒီလိုကုန္စည္အမ်ဳိးအစားကိုကိုင္တြယ္ရာမွာကမၻာ့က်န္းမာေရးအဖြ႔ဲၾကီးရဲ႕ စံညႊန္းေတြနဲ႔အညီျဖစ္ေစဖို႔ ေလ့က်င့္မႈေတြ ျပဳလုပ္ထားခဲ့ၾကရပါတယ္”

အဆိုပါကာကြယ္ေဆးသည္ အလြန္နိမ့္ပါးေသာအပူခ်ိန္တြင္ ထားရွိရန္လိုအပ္ျပီး အႏႈတ္ ၇၀ ဒီဂရီစင္တီဂရိတ္အထိအေအးဓာတ္ေပးရန္ လိုသည္။

ျပီးခဲ့ေသာစေနေန႔ကယခုပို႔ေဆာင္သည့္ လမ္းေၾကာင္းအတိုင္းအစမ္းေလ့က်င့္ပ်ံသန္းမႈ ျပဳလုပ္ခဲ့ေၾကာင္းSIA က ထုတ္ျပန္သည္။

ထိုသို႔စမ္းသပ္ပ်ံသန္းစဥ္အတြင္းကာကြယ္ေဆးသယ္ေဆာင္မည့္ ေသတၱာတို႔အတြင္းမွ အေအးဓာတ္ကိုစမ္းသပ္ခဲ့ၾကသည္။ အေအးခံေသတၱာမ်ားအတြင္းရွိေရခဲေျခာက္မ်ား၏ အခဲမွ အေငြ႔အျဖစ္သို႔ ေျပာင္းလဲႏႈန္းကိုလည္းတိုင္းတာခဲ့ၾကသည္။

စကၤာပူဝန္ၾကီးခ်ဳပ္ လီရွန္လြန္းက ျပီးခဲ့ေသာတနလၤာေန႔တြင္ ရုပ္ျမင္သံၾကားမိန္႔ခြန္းေျပာၾကားခဲ့ရာတြင္ စကၤာပူသို႔ ဒီဇင္ဘာလကုန္ပိုင္းတြင္ ကာကြယ္ေဆးပထမအသုတ္စတင္ရရွိလိမ့္မည္ျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။

ကာကြယ္ေဆးပထမဆံုးဦးစားေပးထိုးႏွံေပးမည့္အုပ္စုမွာက်န္းမာေရးဝန္ထမ္းမ်ား၊ သက္ၾကီးရြယ္အိုမ်ားႏွင့္ ထိခိုက္လြယ္မႈရွိသူမ်ား ျဖစ္ၾကသည္။

ယင္းေနာက္ပိုင္းက်န္သည့္ျပည္သူမ်ားကို ၂၀၂၁ ႏွစ္ကုန္ပိုင္းတြင္ ကာကြယ္ေဆးထုိးႏွံေပးသြားမည္ ျဖစ္သည္။

အျခားေသာကုမၸဏီမ်ားမွ ထုတ္လုပ္သည့္ ကာကြယ္ေဆးမ်ားမွာမူလာမည့္လမ်ားတြင္ စကၤာပူသို႔ ေရာက္ရွိလာဖြယ္ရွိသည္ဟုေမွ်ာ္လင့္ရေၾကာင္းဝန္ၾကီးခ်ဳပ္ကေျပာသည္။

SIA မွ အၾကီးအကဲတစ္ဦးျဖစ္သူမစၥတာခ်င္းယိုရွန္း (Chin YauSeng) က “စကၤာပူကို Covid-19 ကာကြယ္ေဆးပထမအသုတ္ သယ္ယူပို႔ေဆာင္မႈဟာ Covid-19 တိုက္ပြဲမွာအေရးပါတဲ့ မွတ္တိုင္တစ္ခုပါ။ ဒီေဆာင္ရြက္မႈမွာတစ္စိတ္တစ္ပိုင္းအေနနဲ႔ ပါဝင္ခြင့္ရခဲ့တဲ့အေပၚ ကၽြန္ေတာ္တို႔ ဂုဏ္ယူမိပါတယ္။ Covid-19 ကာကြယ္ေဆးေတြကို ႏိုင္ငံတကာအဆင့္ ပို႔ေဆာင္၊ ျဖန္႔ခ်ိေရးအေရးပါတဲ့အလုပ္အတြက္ စကၤာပူဟာအသင့္အေနအထားရွိေနျပီဆိုတာ ျပသလိုက္တာလည္း ျဖစ္ပါတယ္”

ဘရပ္ဆဲလ္ ႏိုင္ငံတကာေလဆိပ္သို႔ သြားသည့္လမ္းတစ္ေလွ်ာက္တြင္ ကာကြယ္ေဆးမ်ားကိုလံုျခံဳေရးအေစာင့္အေရွာက္မ်ားကလိုက္ပါေစာင့္ေရွာက္ေပးခဲ့ၾကသည္။

စကၤာပူရွိခ်န္ဂီေလဆိပ္သို႔ ေရာက္ရွိခ်ိန္တြင္ DHL ကုမၸဏီကအေကာက္ခြန္ရွင္းလင္းေရးကိစၥမ်ားေဆာင္ရြက္ေပးျပီးစကၤာပူရွီသတ္မွတ္ထားေသာေနရာသို႔ ပို႔ေဆာင္ေပးခဲ့သည္။

အေအးေသတၱာမ်ားဥေရာပသို႔ ျပန္လည္ပို႔ေဆာင္ေပးေရးကိုလည္း DHL က ေဆာင္ရြက္ေပးမည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: First shipment of Covid-19 vaccine arrives in Singapore from Belgium (todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service