ခရစ္စမတ် မိသားစုတွေ့ဆုံပွဲများတွင် mask တပ်ဆင်ရန် ဥရောပသားများ တိုက်တွန်းခံရ

ခရစ္စမတ် မိသားစုတွေ့ဆုံပွဲများတွင် mask တပ်ဆင်ရန် ဥရောပသားများ တိုက်တွန်းခံရ - Property News in Myanmar from iMyanmarHouse.com
17 Dec 2020 12:19 pm တွင် တင်ခဲ့သည်
587 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ခရစ်စမတ်တွင် မိသားစုတွေ့ဆုံပွဲများ၌ နှာခေါင်းစည်းပါးစပ်စည်း mask များ တပ်ဆင်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဥရောပသားများကို တိုက်တွန်းလိုက်ကြောင်း သိရသည်။

ဥရောပသည် ၂၀၂၁ ခုနှစ်အစောပိုင်းတွင် ကူးစက်မှုနှုန်းမြင့်မားသော ကိုရိုနာဗိုင်းရပ်စ်လှိုင်းအသစ်နှင့် ကြုံတွေ့ရမည့်အန္တရာယ်အခြေအနေ၌ မြင့်မားစွာရှိနေကြောင်း WHO က ကြေညာခဲ့သည်။

ဥရောပတိုက်တစ်လွှားရှိနိုင်ငံများတွင် နေ့စဉ်ထောင်ပေါင်းများစွာသောသေဆုံးမှုနှင့် ရာနှင့်ချီသောသေဆုံးမှုများ ရှိလာခဲ့သည်။

ကျောင်းများနှင့် မရှိမဖြစ်မလိုအပ်သောစီးပွားရေးလုပ်ငန်းများကို ပိတ်ပစ်ခဲ့ခြင်းအပါအဝင် ကန့်သတ်တားမြစ်ချက်များအား ဗုဒ္ဓဟူးနေ့တွင် တင်းကျပ်လိုက်သည့် နိုင်ငံများအနက် ဂျာမနီလည်း ပါဝင်ခဲ့သည်။

ဤအတောအတွင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ဂျာမနီ၌တီထွင်ထားသော Pfizer / BioNTech ၏ COVID-19 ကာကွယ်ဆေးကို အစောပိုင်းကမျှော်မှန်းထားသည်ထက် သီတင်းပတ်တစ်ပတ်စော၍ အသုံးပြုရန် တစ်ပတ်အတွင်း ခွင့်ပြုမည်ဟု ဥရောပပါလီမန်အား ပြောကြားခဲ့သည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၆) က WHO ၏ ဥရောပဒေသဆိုင်ရာရုံးမှ ထုတ်ပြန်ချက်တွင် ဆောင်းရာသီအားလပ်ရက်ရာသီအတွင်း ဥရောပတစ်လွှား မိသားစုများနှင့်သူငယ်ချင်းမိတ်ဆွေစုဝေးမှုများ များပြားလာခြင်းကြောင့် COVID-19 ကူးစက်ပြန့်ပွားမှုနှုန်း သိသိသာသာမြင့်တက်လာနိုင်သည်ဟု ဆိုထားခြင်းဖြစ်သည်။

ကူးစက်မှုများထပ်မံပေါ်ပေါက်လာခြင်းမှကာကွယ်နိုင်ရန် မိမိတို့၏အခန်းကဏ္ဍမှ ကိုယ်စီအသိစိတ်ဓာတ်ဖြင့်ဆင်ခြင်ကြရန် တစ်ဦးချင်းစီ၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအား ယင်းထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ဖြစ်နိုင်လျှင် မိသားစုစုဝေးမှုများကို အပြင်ဘက်တွင် ကျင်းပပြီး၊ အိမ်တွင်း၌ကျင်းပရပါက mask များတပ်ဆင်ကာ တစ်ဦးနှင့်တစ်ဦးခပ်ခွါခွါနေသင့်ကြောင်းလည်း အကြံပြုထားသည်။

mask တပ်ဆင်ခြင်းနှင့် သူငယ်ချင်းများနှင့်မိသားစုဝင်များအကြား လူမှုအလှမ်းခွါခြင်း (တစ်ဦးနှင့်တစ်ဦးခပ်ခွါခွါနေခြင်း) များကို လုပ်ဆောင်ရန်မှာ အဆင်မပြေဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုသို့လုပ်ဆောင်ခြင်းဖြင့်လူတိုင်းဘေးကင်းလုံခြုံပြီးကျန်းမာနေစေရန် သေချာစေပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စိုးရိမ်ပူပန်မှုများမည်သို့ပင်ဖြစ်စေကာမူ ကိုယ်လက်အင်္ဂါအားနည်းချက်ရှိသူများနှင့် သက်ကြီးရွယ်အိုသူငယ်ချင်းဆွေမျိုးများအနေဖြင့်မူ ရုပ်ပိုင်းဆိုင်ရာအရဝေးဝေးနေရေး အခြားသူများကိုတောင်းဆိုရန် အခက်တွေ့နိုင်ပေသည်။

အများပြည်သူသယ်ယူပို့ဆောင်ရေးတွင် လူစည်ကားသောယာဉ်များကို ရှောင်ကြဉ်ရန်လည်း တိုက်တွန်းထားသည်။

နှင်းလျှောစီးအပန်းဖြေစခန်းများရှိသည့်နိုင်ငံများအားလည်း နှင်းလျှောစီးရာသီတွင် လူထူထပ်ခြင်းကိုရှောင်ကြဉ်နိုင်ရန်အတွက် လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ရန် တိုက်တွန်းထားည်။

နိုင်ငံတကာမှ သိပ္ပံပညာရှင် ၁၀ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့သည် Covid-19 ၏မူလအစအားစုံစမ်းစစ်ဆေးရန်အတွက် လာမည့်လတွင် တရုတ်နိုင်ငံ ဝူဟန်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်းလည်း WHO က သီးခြားအနေဖြင့် ကြေညာခဲ့‌ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Covid-19: Europeans urged to wear masks for family Christmas (BBC)

[Zawgyi]

ခရစၥမတ္ မိသားစုေတြ႕ဆုံပြဲမ်ားတြင္ mask တပ္ဆင္ရန္ ဥေရာပသားမ်ား တိုက္တြန္းခံရ

ခရစ္စမတ္တြင္ မိသားစုေတြ႕ဆုံပြဲမ်ား၌ ႏွာေခါင္းစည္းပါးစပ္စည္း mask မ်ား တပ္ဆင္ၾကရန္ ကမ႓ာ့က်န္းမာေရးအဖြဲ႕ (WHO) က ဥေရာပသားမ်ားကို တိုက္တြန္းလိုက္ေၾကာင္း သိရသည္။

ဥေရာပသည္ ၂၀၂၁ ခုႏွစ္အေစာပိုင္းတြင္ ကူးစက္မႈႏႈန္းျမင့္မားေသာ ကို႐ိုနာဗိုင္းရပ္စ္လိႈင္းအသစ္ႏွင့္ ၾကဳံေတြ႕ရမည့္အႏၲရာယ္အေျခအေန၌ ျမင့္မားစြာ႐ွိေနေၾကာင္း WHO က ေၾကညာခဲ့သည္။

ဥေရာပတိုက္တစ္လႊား႐ွိႏိုင္ငံမ်ားတြင္ ေန႔စဥ္ေထာင္ေပါင္းမ်ားစြာေသာေသဆုံးမႈႏွင့္ ရာႏွင့္ခ်ီေသာေသဆုံးမႈမ်ား ႐ွိလာခဲ့သည္။

ေက်ာင္းမ်ားႏွင့္ မ႐ွိမျဖစ္မလိုအပ္ေသာစီးပြားေရးလုပ္ငန္းမ်ားကို ပိတ္ပစ္ခဲ့ျခင္းအပါအဝင္ ကန္႔သတ္တားျမစ္ခ်က္မ်ားအား ဗုဒၶဟူးေန႔တြင္ တင္းက်ပ္လိုက္သည့္ ႏိုင္ငံမ်ားအနက္ ဂ်ာမနီလည္း ပါဝင္ခဲ့သည္။

ဤအေတာအတြင္း ဥေရာပေကာ္မ႐ွင္ဥကၠ႒ Ursula von der Leyen က ဂ်ာမနီ၌တီထြင္ထားေသာ Pfizer / BioNTech ၏ COVID-19 ကာကြယ္ေဆးကို အေစာပိုင္းကေမွ်ာ္မွန္းထားသည္ထက္ သီတင္းပတ္တစ္ပတ္ေစာ၍ အသုံးျပဳရန္ တစ္ပတ္အတြင္း ခြင့္ျပဳမည္ဟု ဥေရာပပါလီမန္အား ေျပာၾကားခဲ့သည္။

ယမန္ေန႔ (ဒီဇင္ဘာ ၁၆) က WHO ၏ ဥေရာပေဒသဆိုင္ရာ႐ုံးမွ ထုတ္ျပန္ခ်က္တြင္ ေဆာင္းရာသီအားလပ္ရက္ရာသီအတြင္း ဥေရာပတစ္လႊား မိသားစုမ်ားႏွင့္သူငယ္ခ်င္းမိတ္ေဆြစုေဝးမႈမ်ား မ်ားျပားလာျခင္းေၾကာင့္ COVID-19 ကူးစက္ျပန္႔ပြားမႈႏႈန္း သိသိသာသာျမင့္တက္လာႏိုင္သည္ဟု ဆိုထားျခင္းျဖစ္သည္။

ကူးစက္မႈမ်ားထပ္မံေပၚေပါက္လာျခင္းမွကာကြယ္ႏိုင္ရန္ မိမိတို႔၏အခန္းက႑မွ ကိုယ္စီအသိစိတ္ဓာတ္ျဖင့္ဆင္ျခင္ၾကရန္ တစ္ဦးခ်င္းစီ၊ မိသားစုမ်ားႏွင့္ လူမႈအသိုင္းအဝိုင္းမ်ားအား ယင္းထုတ္ျပန္ခ်က္တြင္ တိုက္တြန္းထားသည္။

ျဖစ္ႏိုင္လွ်င္ မိသားစုစုေဝးမႈမ်ားကို အျပင္ဘက္တြင္ က်င္းပၿပီး၊ အိမ္တြင္း၌က်င္းပရပါက mask မ်ားတပ္ဆင္ကာ တစ္ဦးႏွင့္တစ္ဦးခပ္ခြါခြါေနသင့္ေၾကာင္းလည္း အၾကံျပဳထားသည္။

mask တပ္ဆင္ျခင္းႏွင့္ သူငယ္ခ်င္းမ်ားႏွင့္မိသားစုဝင္မ်ားအၾကား လူမႈအလွမ္းခြါျခင္း (တစ္ဦးႏွင့္တစ္ဦးခပ္ခြါခြါေနျခင္း) မ်ားကို လုပ္ေဆာင္ရန္မွာ အဆင္မေျပျဖစ္ေကာင္းျဖစ္ႏိုင္ေသာ္လည္း ထိုသို႔လုပ္ေဆာင္ျခင္းျဖင့္လူတိုင္းေဘးကင္းလုံျခဳံၿပီးက်န္းမာေနေစရန္ ေသခ်ာေစပါသည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

စိုးရိမ္ပူပန္မႈမ်ားမည္သို႔ပင္ျဖစ္ေစကာမူ ကိုယ္လက္အဂၤါအားနည္းခ်က္႐ွိသူမ်ားႏွင့္ သက္ႀကီး႐ြယ္အိုသူငယ္ခ်င္းေဆြမ်ိဳးမ်ားအေနျဖင့္မူ ႐ုပ္ပိုင္းဆိုင္ရာအရေဝးေဝးေနေရး အျခားသူမ်ားကိုေတာင္းဆိုရန္ အခက္ေတြ႕ႏိုင္ေပသည္။

အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးတြင္ လူစည္ကားေသာယာဥ္မ်ားကို ေ႐ွာင္ၾကဥ္ရန္လည္း တိုက္တြန္းထားသည္။

ႏွင္းေလွ်ာစီးအပန္းေျဖစခန္းမ်ား႐ွိသည့္ႏိုင္ငံမ်ားအားလည္း ႏွင္းေလွ်ာစီးရာသီတြင္ လူထူထပ္ျခင္းကိုေ႐ွာင္ၾကဥ္ႏိုင္ရန္အတြက္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ျပဳလုပ္ရန္ တိုက္တြန္းထားည္။

ႏိုင္ငံတကာမွ သိပၸံပညာ႐ွင္ ၁၀ ဦးပါဝင္ေသာ အဖြဲ႕တစ္ဖြဲ႕သည္ Covid-19 ၏မူလအစအားစုံစမ္းစစ္ေဆးရန္အတြက္ လာမည့္လတြင္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕သို႔ သြားေရာက္မည္ျဖစ္ေၾကာင္းလည္း WHO က သီးျခားအေနျဖင့္ ေၾကညာခဲ့‌ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Covid-19: Europeans urged to wear masks for family Christmas (BBC)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service