တရားဝင်စာချုပ်စာတမ်းတစ်စောင်ဖြစ်စေရန် သတိပြုရမည့် အချက်များ

တရားဝင်စာချုပ်စာတမ်းတစ်စောင်ဖြစ်စေရန် သတိပြုရမည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
15 Dec 2020 11:15 am တွင် တင်ခဲ့သည်
1354 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

စာချုပ်တစ်စောင်သည် တရားစွဲဆို၍ရသောစာချုပ်ဖြစ်မှသာတန်ဖိုးရှိပါသည်။ တရားစွဲဆိုမရပါကစာချုပ်တန်ဖိုးမရှိတော့ပါ။

ကိုယ်ချုပ်ဆိုမည့် စာချုပ်ကိုသေချာလေ့လာပြီးမှ ရယူလိုက်တဲ့စာချုပ်ကတရားစွဲလို့ရနိုင်၊ မရနိုင်စစ်ဆေးပါ၊ ကြည့်ပါ၊ တရားစွဲမရနိုင်သောစာချုပ်တစ်စောင်သည် စာရွက်သာဖြစ်ပါသည်။

စာချုပ်ချုပ်ဆိုရာတွင် နှစ်ဦးနှစ်ဖက်သဘောတူညီချက်ရှိရပါမည်။ အချက်အလက် မျှတရပါမည်။

လွတ်လပ်သောသဘောဆန္ဒအရသာ ချုပ်ဆိုရပါမည်။ သြဇာအာဏာလွှမ်းမိုးမှုမရှိရပါ။

စာချုပ်တံဆိပ်ခေါင်းပြည့်စုံရပါမည်။ ဥပဒေနှင့်အညီ ချုပ်ဆိုမည့်တန်ဖိုး၏ သတ်မှတ်တံဆိပ်ခေါင်းခွန် တန်ဖိုးပြည့်မှီရပါမည်။

အသက်(၁၈)နှစ်ပြည့်ပြီးသောသက်သေ(၂)ဦးတို့မှ စာချုပ်ချုပ်ဆိုသည်ကိုသိရှိမှန်ကန်ကြောင်းလက်မှတ်ရေးထိုးချုပ်ဆိုမှသာကတိစာချုပ် အဖြစ် တရားဝင်ဖြစ်ပါသည်။ (သက်သေတို့၏ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ လက်မှတ်ပြည့်စုံစွာပါရှိရပါမည်။

စာချုပ်ချုပ်ဆိုစဉ်ကအသိသက်သေအဖြစ် လက်မှတ်ထ်ိုးသူသည် ကိုယ့်အတွက် အမှန်တရားဖော်ပြပေးနိုင်ပြီးပိုင်နိုင်သေချာသောသက်သေဖြစ်ရန် အရေးကြီးပါသည်။ သက်သေကသူလက်မှတ်မထိုးပါဘူး၊ သူစာချုပ်ချုပ်တုန်းကမရှိကြောင်းတရားရုံးတွင်စစ်ဆေးစဉ် ထွက်ဆိုခဲ့လျှင် ကာယကံရှင် ပိုင်ဆိုင်မှုမှန်သူအတွက် လွန်စွာနစ်နာမည်ဖြစ်သည်။

တရားစွဲဆိုခွင့်မရှိတဲ့စာချုပ်များကတော့...

စာချုပ်တွင်ဖော်ပြထားသည့် ကိစ္စရပ်များဆောင်ရွက်ပြီးစီးသွားသည့် စာချုပ်စာတမ်းများ။

ချုပ်ဆိုထားသောစာချုပ်ကို နှစ်ဦးသဘောတူဖျက်သိမ်းပြီးသောစာချုပ်စာတမ်းများ။

စာချုပ်ပါအချက်အလက်တို့သည် တရားဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းနေပါကတရားစွဲဆိုမရပါ။

စာချုပ်တွင် သတ်မှတ်ထားသောအချိန်ကာလတို့သည် အကြောင်းအရာတစ်စုံတစ်ခုကြောင့် အချိန်ရွှေ့ဆိုင်းရပါကယခင်သတ်မှတ်ထားသောစာချုပ်သည် အလိုအလျောက် ပျက်ပြယ်ပြီးထပ်မံသဘောတူသတ်မှတ်မည့် စာချုပ်သာ တရားဝင်ပါမည်။

ပဋိညာဉ်ပုဒ်မ-၃၇တွင်ဖော်ပြထားသည်မှာ စာချုပ်တွင်ထည့်သွင်းရေးသားသမျှ ကတိတို့သည် အတည်ဖြစ်၍ ကတိအတိုင်းမဆောင်ရွက်ရမီကကတိပြုသူတို့ သေဆုံးခဲ့ကြလျှင် တရားဝင်အမွေဆက်ခံသူ၊ ကိုယ်စားလှယ်စသောသက်ဆိုင်သူတို့ ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ပြဌာန်းထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တရား၀င္စာခ်ဳပ္စာတမ္းတစ္ေစာင္ျဖစ္ေစရန္ သတိျပဳရမည့္ အခ်က္မ်ား

 

စာခ်ဳပ္တစ္ေစာင္သည္ တရားစြဲဆို၍ရေသာစာခ်ဳပ္ျဖစ္မွသာတန္ဖိုးရွိပါသည္။ တရားစြဲဆိုမရပါကစာခ်ဳပ္တန္ဖိုးမရွိေတာ့ပါ။

ကိုယ္ခ်ဳပ္ဆိုမည့္ စာခ်ဳပ္ကိုေသခ်ာေလ့လာၿပီးမွ ရယူလိုက္တဲ့စာခ်ဳပ္ကတရားစြဲလို႔ရနိုင္၊ မရႏိုင္စစ္ေဆးပါ၊ ၾကည့္ပါ၊ တရားစြဲမရႏိုင္ေသာစာခ်ဳပ္တစ္ေစာင္သည္ စာရြက္သာျဖစ္ပါသည္။

စာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ ႏွစ္ဦးႏွစ္ဖက္သေဘာတူညီခ်က္ရွိရပါမည္။ အခ်က္အလက္ မွ်တရပါမည္။

လြတ္လပ္ေသာသေဘာဆႏၵအရသာ ခ်ဳပ္ဆိုရပါမည္။ ၾသဇာအာဏာလႊမ္းမိုးမႈမရွိရပါ။

စာခ်ဳပ္တံဆိပ္ေခါင္းျပည့္စုံရပါမည္။ ဥပေဒႏွင့္အညီ ခ်ဳပ္ဆိုမည့္တန္ဖိုး၏ သတ္မွတ္တံဆိပ္ေခါင္းခြန္ တန္ဖိုးျပည့္မွီရပါမည္။

အသက္(၁၈)ႏွစ္ျပည့္ၿပီးေသာသက္ေသ(၂)ဦးတို႔မွ စာခ်ဳပ္ခ်ဳပ္ဆိုသည္ကိုသိရွိမွန္ကန္ေၾကာင္းလက္မွတ္ေရးထိုးခ်ဳပ္ဆိုမွသာကတိစာခ်ဳပ္ အျဖစ္ တရား၀င္ျဖစ္ပါသည္။ (သက္ေသတို႔၏ အမည္၊ မွတ္ပုံတင္၊ ေနရပ္လိပ္စာ၊ လက္မွတ္ျပည့္စုံစြာပါရွိရပါမည္။

စာခ်ဳပ္ခ်ဳပ္ဆိုစဥ္ကအသိသက္ေသအျဖစ္ လက္မွတ္ထိ္ုးသူသည္ ကိုယ့္အတြက္ အမွန္တရားေဖာ္ျပေပးႏိုင္ၿပီးပိုင္ႏိုင္ေသခ်ာေသာသက္ေသျဖစ္ရန္ အေရးႀကီးပါသည္။ သက္ေသကသူလက္မွတ္မထိုးပါဘူး၊ သူစာခ်ဳပ္ခ်ဳပ္တုန္းကမရွိေၾကာင္းတရားရုံးတြင္စစ္ေဆးစဥ္ ထြက္ဆိုခဲ့လွ်င္ ကာယကံရွင္ ပိုင္ဆိုင္မႈမွန္သူအတြက္ လြန္စြာနစ္နာမည္ျဖစ္သည္။

တရားစြဲဆိုခြင့္မရွိတဲ့စာခ်ဳပ္မ်ားကေတာ့...

စာခ်ဳပ္တြင္ေဖာ္ျပထားသည့္ ကိစၥရပ္မ်ားေဆာင္ရြက္ၿပီးစီးသြားသည့္ စာခ်ဳပ္စာတမ္းမ်ား။

ခ်ဳပ္ဆိုထားေသာစာခ်ဳပ္ကို ႏွစ္ဦးသေဘာတူဖ်က္သိမ္းၿပီးေသာစာခ်ဳပ္စာတမ္းမ်ား။

စာခ်ဳပ္ပါအခ်က္အလက္တို႔သည္ တရားဥပေဒတစ္ရပ္ရပ္ႏွင့္ ျငိစြန္းေနပါကတရားစြဲဆိုမရပါ။

စာခ်ဳပ္တြင္ သတ္မွတ္ထားေသာအခ်ိန္ကာလတို႔သည္ အေၾကာင္းအရာတစ္စုံတစ္ခုေၾကာင့္ အခ်ိန္ေရႊ႕ဆိုင္းရပါကယခင္သတ္မွတ္ထားေသာစာခ်ဳပ္သည္ အလိုအေလ်ာက္ ပ်က္ျပယ္ၿပီးထပ္မံသေဘာတူသတ္မွတ္မည့္ စာခ်ဳပ္သာ တရား၀င္ပါမည္။

ပဋိညာဥ္ပုဒ္မ-၃၇တြင္ေဖာ္ျပထားသည္မွာ စာခ်ဳပ္တြင္ထည့္သြင္းေရးသားသမွ် ကတိတို႔သည္ အတည္ျဖစ္၍ ကတိအတိုင္းမေဆာင္ရြက္ရမီကကတိျပဳသူတို႔ ေသဆုံးခဲ့ၾကလွ်င္ တရား၀င္အေမြဆက္ခံသူ၊ ကိုယ္စားလွယ္စေသာသက္ဆိုင္သူတို႔ ဆက္လက္ေဆာင္ရြက္ႏိုင္ေၾကာင္း ျပဌာန္းထားပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service