အာရပ်စော်ဘွားများပြည်ထောင်စုကတရုတ်ပြည်ထုတ် Covid-19 ကာကွယ်ဆေးအသုံးပြုခွင့်အတည်ပြု

အာရပ်စော်ဘွားများပြည်ထောင်စုကတရုတ်ပြည်ထုတ် Covid-19 ကာကွယ်ဆေးအသုံးပြုခွင့်အတည်ပြု - Property News in Myanmar from iMyanmarHouse.com
11 Dec 2020 11:36 am တွင် တင်ခဲ့သည်
877 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာရပ်စော်ဘွားများ ပြည်ထောင်စုကတရုတ်ပြည်ထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအား ၈၆ ရာခိုင်နှုန်းထိရောက်မှုရှိသည်ဟူသောပဏာမအချက်အလက်များအပေါ် အခြေခံပြီးအသုံးပြုခွင့်အတည်ပြုလိုက်ရာတရုတ်ကာကွယ်ဆေးများကိုပိုမိုကျယ်ပြန့်စွာအသုံးပြုလာကြရေးအတွက် ခြေလှမ်းတစ်ခုလည်း ဖြစ်လာသည်။

အာရပ်စော်ဘွားများပြည်ထောင်စု၊ ကျန်းမာရေးနှင့် ကြိုတင်ကာကွယ်ရေးဝန်ကြီးဌာနမှ ကြေညာချက်မှာကပ်ဘေးကြီးအဆုံးသတ်နိုင်ရေးတွင် တရုတ်ကာကွယ်ဆေး၏ အထောက်အကူဖြစ်နိုင်မှုအလားအလာကိုပထမဆုံးတရားဝင်ပြသလိုက်သည့် ညွှန်ပြချက်တစ်ရပ်ဖြစ်လာသည်။

အခြားနိုင်ငံများတွင် စမ်းသပ်ချက်များ၌လည်းအလားတူရလဒ်မျိုးပြသမည်ဆိုပါကတရုတ်ပြည်ထုတ်ကာကွယ်ဆေးများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရေနစ်သူအားကယ်ဆယ်ပေးမည့် အသက်ကယ်ကြိုးတစ်ချောင်းဖြစ်လာနိုင်မည် ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဈေးကြီးပြီးသယ်ယူပို့ဆောင်ရေးအတွက် ပိုမိုခက်ခဲသည့် အမေရိကန်မှ ကာကွယ်ဆေးများကိုမတတ်နိုင်ကြချေ။

သို့သော် အာရပ်စော်ဘွားများပြည်ထောင်စု၏ ကြေညာချက်နှင့် စပ်လျဉ်းပြီးတရုတ်အာဏာပိုင်များနှင့် ကာကွယ်ဆေးထုတ်လုပ်ခဲ့သည့် နိုင်ငံပိုင်ကုမ္ပဏီဖြစ်သောSinopharmတို့ကခပ်မဆိတ်သာနေခဲ့ကြသည်။

သိပ္ပံပညာရှင်များကမူအာရပ်စော်ဘွားများ ပြည်ထောင်စု၏ ကြေညာချက်တွင် အချက်အလက်နှင့် အခြားအကဲဖြတ်စမ်းစစ်မှုဆိုင်ရာအသေးစိတ်အချက်အလက်များမပါဝင်မှုကိုထောက်ပြကြသည်။

တရုတ်ကာကွယ်ဆေးမှာ ၈၆ ရာခိုင်နှုန်းထိရောက်မှုရှိသည်ဆိုသည့် သတင်းမှာတရုတ်၏ ဇီဝဆေးဝါးအနာဂတ်အတွက် အားအင်တစ်ခု ဖြစ်လာသည်။

အဆိုပါ သတင်းမှာအစိုးရများစွာ၏ သတ်မှတ်ထားချက်ထက် ၅၀ ရာခိုင်နှုန်းကျော်လွန်နေသည်။

သို့တိုင်အောင် အဆိုပါထိရောက်မှု အတိုင်းအတာမှာအမေရိကန်ဆေးကုမ္ပဏီများဖြစ်သော Pfizer နှင့် Modernaတို့၏ ကာကွယ်ဆေးများအောက် နည်းပါးနေသည်။

Pfizer နှင့်Modernaတို့၏ ကာကွယ်ဆေးများမှာကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ရေးအတွက် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိကြောင်းအသီးသီးထုတ်ပြန်ထားသည်။

Sinopharm က ၎င်း၏ ကာကွယ်ဆေး ၂ မျိုးကိုစမ်းသပ်ခဲ့သည့် ၁၀ နိုင်ငံတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုလည်းပါဝင်ခဲ့သည်။

အာရပ်စော်ဘွားများ ပြည်ထောင်စုကထုတ်ပြန်ရာတွင် Sinopharm ၏ အဆင့် ၃ စမ်းသပ်ချက်များမှ ကြားဖြတ်သုံးသပ်မှု အချက်အလက်များကိုစစ်ဆေးကြည့်ရှုခဲ့ကြောင်း၊ ထိုအချက်အလက်များအရကိုရိုနာဗိုင်းရပ်စ် အလယ်အလတ်နှင့် ပြင်းထန်သည့် ကူးစက်မှုများကိုကာကွယ်ရာတွင် ၁၀၀ ရာခိုင်နှုန်းထိရောက်မှုရှိသည်ဟု ပြသနေသည်ကိုတွေ့ရကြောင်း၊ ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးရှိသည်ကိုမူမတွေ့ရကြောင်းထုတ်ပြန်သည်။

“ယခုကြေညာချက်သည် ကာကွယ်ဆေး၏ ဘေးကင်းမှုနှင့် ထိရောက်မှုအပေါ် အာရပ်စော်ဘွားများ ပြည်ထောင်စုကျန်းမာရေးအကြီးအကဲများ၏ ယုံကြည်မှုကိုထင်ထင်ရှားရှားပြသလိုက်ခြင်းဖြစ်သည်” ဟုကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီးအဆိုပါထုတ်ပြန်ချက်ကို နိုင်ငံပိုင် Emirates News Agencyမှတဆင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese Covid-19 Vaccine Gets Key Push, but Doubts Swirl (nytimes)

 

[Zawgyi]

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုကတရုတ္ျပည္ထုတ္ Covid-19 ကာကြယ္ေဆးအသံုးျပဳခြင့္အတည္ျပဳ

အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုကတရုတ္ျပည္ထုတ္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအား ၈၆ ရာခိုင္ႏႈန္းထိေရာက္မႈရွိသည္ဟူေသာပဏာမအခ်က္အလက္မ်ားအေပၚ အေျခခံျပီးအသံုးျပဳခြင့္အတည္ျပဳလိုက္ရာတရုတ္ကာကြယ္ေဆးမ်ားကိုပိုမိုက်ယ္ျပန္႔စြာအသံုးျပဳလာၾကေရးအတြက္ ေျခလွမ္းတစ္ခုလည္း ျဖစ္လာသည္။

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ က်န္းမာေရးႏွင့္ ၾကိဳတင္ကာကြယ္ေရးဝန္ၾကီးဌာနမွ ေၾကညာခ်က္မွာကပ္ေဘးၾကီးအဆံုးသတ္ႏိုင္ေရးတြင္ တရုတ္ကာကြယ္ေဆး၏ အေထာက္အကူျဖစ္ႏိုင္မႈအလားအလာကိုပထမဆံုးတရားဝင္ျပသလိုက္သည့္ ညႊန္ျပခ်က္တစ္ရပ္ျဖစ္လာသည္။

အျခားႏိုင္ငံမ်ားတြင္ စမ္းသပ္ခ်က္မ်ား၌လည္းအလားတူရလဒ္မ်ဳိးျပသမည္ဆိုပါကတရုတ္ျပည္ထုတ္ကာကြယ္ေဆးမ်ားသည္ ဖြံ႔ျဖိဳးဆဲႏိုင္ငံမ်ားအတြက္ ေရနစ္သူအားကယ္ဆယ္ေပးမည့္ အသက္ကယ္ၾကိဳးတစ္ေခ်ာင္းျဖစ္လာႏိုင္မည္ ျဖစ္သည္။

ဖြံ႔ျဖိဳးဆဲႏိုင္ငံမ်ားသည္ ေစ်းၾကီးျပီးသယ္ယူပို႔ေဆာင္ေရးအတြက္ ပိုမိုခက္ခဲသည့္ အေမရိကန္မွ ကာကြယ္ေဆးမ်ားကိုမတတ္ႏုိင္ၾကေခ်။

သို႔ေသာ္ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၏ ေၾကညာခ်က္ႏွင့္ စပ္လ်ဥ္းျပီးတရုတ္အာဏာပိုင္မ်ားႏွင့္ ကာကြယ္ေဆးထုတ္လုပ္ခဲ့သည့္ ႏိုင္ငံပိုင္ကုမၸဏီျဖစ္ေသာSinopharmတို႔ကခပ္မဆိတ္သာေနခဲ့ၾကသည္။

သိပၸံပညာရွင္မ်ားကမူအာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု၏ ေၾကညာခ်က္တြင္ အခ်က္အလက္ႏွင့္ အျခားအကဲျဖတ္စမ္းစစ္မႈဆိုင္ရာအေသးစိတ္အခ်က္အလက္မ်ားမပါဝင္မႈကိုေထာက္ျပၾကသည္။

တရုတ္ကာကြယ္ေဆးမွာ ၈၆ ရာခိုင္ႏႈန္းထိေရာက္မႈရွိသည္ဆိုသည့္ သတင္းမွာတရုတ္၏ ဇီဝေဆးဝါးအနာဂတ္အတြက္ အားအင္တစ္ခု ျဖစ္လာသည္။

အဆိုပါ သတင္းမွာအစိုးရမ်ားစြာ၏ သတ္မွတ္ထားခ်က္ထက္ ၅၀ ရာခိုင္ႏႈန္းေက်ာ္လြန္ေနသည္။

သို႔တိုင္ေအာင္ အဆိုပါထိေရာက္မႈ အတိုင္းအတာမွာအေမရိကန္ေဆးကုမၸဏီမ်ားျဖစ္ေသာ Pfizer ႏွင့္ Modernaတို႔၏ ကာကြယ္ေဆးမ်ားေအာက္ နည္းပါးေနသည္။

Pfizer ႏွင့္Modernaတို႔၏ ကာကြယ္ေဆးမ်ားမွာကိုရိုနာဗိုင္းရပ္စ္ကိုကာကြယ္ေရးအတြက္ ၉၀ ရာခိုင္ႏႈန္းေက်ာ္ ထိေရာက္မႈရွိေၾကာင္းအသီးသီးထုတ္ျပန္ထားသည္။

Sinopharm က ၎၏ ကာကြယ္ေဆး ၂ မ်ဳိးကိုစမ္းသပ္ခဲ့သည့္ ၁၀ ႏိုင္ငံတြင္ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုလည္းပါဝင္ခဲ့သည္။

အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုကထုတ္ျပန္ရာတြင္ Sinopharm ၏ အဆင့္ ၃ စမ္းသပ္ခ်က္မ်ားမွ ၾကားျဖတ္သံုးသပ္မႈ အခ်က္အလက္မ်ားကိုစစ္ေဆးၾကည့္ရႈခဲ့ေၾကာင္း၊ ထိုအခ်က္အလက္မ်ားအရကိုရိုနာဗိုင္းရပ္စ္ အလယ္အလတ္ႏွင့္ ျပင္းထန္သည့္ ကူးစက္မႈမ်ားကိုကာကြယ္ရာတြင္ ၁၀၀ ရာခုိင္ႏႈန္းထိေရာက္မႈရွိသည္ဟု ျပသေနသည္ကိုေတြ႔ရေၾကာင္း၊ ျပင္းထန္သည့္ ေဘးထြက္ဆိုးက်ဳိးရွိသည္ကိုမူမေတြ႔ရေၾကာင္းထုတ္ျပန္သည္။

“ယခုေၾကညာခ်က္သည္ ကာကြယ္ေဆး၏ ေဘးကင္းမႈႏွင့္ ထိေရာက္မႈအေပၚ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုက်န္းမာေရးအၾကီးအကဲမ်ား၏ ယံုၾကည္မႈကိုထင္ထင္ရွားရွားျပသလိုက္ျခင္းျဖစ္သည္” ဟုက်န္းမာေရးဝန္ၾကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားျပီးအဆိုပါထုတ္ျပန္ခ်က္ကို ႏိုင္ငံပိုင္ Emirates News Agencyမွတဆင့္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese Covid-19 Vaccine Gets Key Push, but Doubts Swirl (nytimes)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service