ကန်ထရိုက်ထံမှကြိုပွိုင့်ဖြင့်ဝယ်ယူထားသည့်တိုက်ခန်းကိုသတ်မှတ်ချိန်ကျော်သည့်အတွက်နစ်နာကြေးတောင်းဆိုခြင်းကိစ္စ

ကန်ထရိုက်ထံမှကြိုပွိုင့်ဖြင့်ဝယ်ယူထားသည့်တိုက်ခန်းကိုသတ်မှတ်ချိန်ကျော်သည့်အတွက်နစ်နာကြေးတောင်းဆိုခြင်းကိစ္စ - Property Knowledge in Myanmar from iMyanmarHouse.com
10 Dec 2020 11:38 am တွင် တင်ခဲ့သည်
682 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကန်ထရိုက်ထံကနေကြိုပွိုင့်စနစ်ဖြင့်ဝယ်ယူထားသည့်တိုက်ခန်းကို သတ်မှတ်ချိန်ကျော်လွန်သည့်တိုင်အောင်အခန်းမအပ်နိုင်ခြင်းများကို မြို့ပြလူနေမှုစနစ်တွင်များစွာကြုံတွေ့နေရသည့်ကိစ္စဖြစ်သည်။ဝယ်ယူသူမှပေးသွင်းရန်အရစ်ကျငွေကြေးကိုပေးသွင်းရန်နောက်ကျသည့်အခါနောက်ကျကြေးကောက်ခံခြင်းများပြုလုပ်ဆောင်ရွက်ကျသော်လည်း အခန်းမအပ်နိုင်သည့်အခါကန်ထရိုက်တာများမှပြန်လည်ဆောင်ရွက်ပေးခြင်းမရှိတာကို မြင်တွေ့ကြားသိနေကျပြီးဖြစ်ပါသည်။

ကန်ထရိုက်တာထံမှအခန်းပေးအပ်ရမည့်သတ်မှတ်ကာလကျော်လွန်ခြင်းအပေါ်လျော်ကြေးတောင်းခံရန် အောက်ပါအချက်အလက်များစိစစ်ဆောင်ရွက်ထားမှသာ ကန်ထရိုက်ဘက်မှရှောင်တိမ်းနိုင်ခြင်းမရှိဘဲလျော်ကြေးပေးအပ်မှာဖြစ်ပါသည်။

-မြေရှင်နှင့်ကန်ထရိုက်တာတို့အကြားအခန်းပေးအခန်းယူသဘောတူစာချုပ်ရှိရန်လိုအပ်ပြီး အဆိုပါစာချုပ်တွင်အခန်းလက်ရောက်အပ်နှံရန်သတ်မှတ်ထားသည့်ကာလကိုစစ်ဆေးရန်လိုအပ်မည်။ဝယ်ယူသူကိုအခန်းလက်ရောက်အပ်နှံမည့်ကာလနှင့်မြေရှင်သို့အပ်နှံမည့်ကာလတူညီရန်လိုအပ်သည်။

- မိမိကိုရောင်းချမည့်အခန်းသည် ကန်ထရိုက်တာရောင်းချပိုင်ခွင့်ရှိသည့်အခန်းဟုတ်/မဟုတ်စစ်ဆေးရန်လိုအပ်သည်။

- ကန်ထရိုက်တာသည်စည်ပင်သာယာရေးကော်မတီတွင် တရားဝင်ကန်ထရိုက်တာလုပ်ငန်းလိုင်စင်ရရှိထားသည့် ကန်ထရိုက်ဟုတ်/မဟုတ်စစ်ဆေးရန်လိုအပ်သည်။အချို့ကကန်ထရိုက်တာလိုင်စင်မရှိဘဲလိုင်စင်ငှားရမ်းဆောက်လုပ်ခြင်းများရှိသည့်အတွက်ဖြစ်ပါသည်။လိုင်စင်ရကန်ထရိုက်တာဖြစ်မှသာတရားစွဲဆိုခြင်း၊တိုင်ကြားခြင်းများဆောင်ရွက်သည့်အခါခေါင်းရှောင်ထွက်ပြေးခြင်းမရှိမှာဖြစ်ပါသည်။

- မိမိဝယ်ယူသည့်တိုက်ခန်းအရောင်းအဝယ်စာချုပ်တွင် မြေရှင်သည်ကန်ထရိုက်မှဝယ်ယူသူအားရောင်းချခြင်းကိုသိရှိကြောင်းအသိအမှတ်ပြုလက်မှတ်ရေးထိုးထားခြင်းရှိရန်လိုအပ်မည်။

- ကန်ထရိုက်တာနှင့်ဝယ်ယူသူတို့အကြား အရောင်းအဝယ်စာချုပ်တွင် အခန်းလက်ရောက်အပ်နှံရမည့်အချိန်ကာလကိုထည့်သွင်းချုပ်ဆိုထားရန်လိုအပ်မည်ဖြစ်သည်။

- ကန်ထရိုက်မှအခန်းအပ်ရန်နောက်ကျခြင်းကြောင့် ဝယ်ယူသူတွင်အမှန်တကယ်ဆုံးရှုံးနစ်နာမှုရှိကြောင်းခိုင်လုံပါကနစ်နာသည့်အပေါ်တွင်လျော်ကြေးတောင်းခံနိုင်မှာဖြစ်ပါသည်။

အကောင်းဆုံးနည်းလမ်းကတော့ အရောင်းအဝယ်စာချုပ်ကိုကျွမ်းကျင်ဥပဒေပညာရှင်ရှေ့နေများဖြင့်ရေးသားချုပ်ဆိုပြီးစာချုပ်တွင်အခန်းအပ်နှံရန်ကာလနောက်ကျခြင်းအပေါ်အချိန်ကာလဖြင့်လျော်ကြေးငွေသတ်မှတ်ဖော်ပြ၍ထည့်သွင်းချုပ်ဆိုထားခြင်းသည် နောက်ဖြစ်လာမည့်ပြသာနာများမှတစ်ခါတည်းဖြေရှင်းနိုင်မှာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]
















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service