Knowledge | Posted by Hnin Ei Khin
ဝါလကင်းလွတ်ပြီး ဝါကျွတ်တဲ့အခါ နေအိမ်တစ်လုံး ပိုင်ဆိုင်နိုင်ဖို့ ယခုလို ဝါတွင်းကာလတည်းက ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
နေရာထိုင်ခင်း အိုးအိမ်အသစ်ပြောင်းရွှေ့ဖို့ စီစဉ်ထားတဲ့သူတွေလည်း ကြိုတင်ပြီးတော့ နေထိုင်မယ့် အိုးအိမ်နေရာအသစ်ကိုလည်း ယခုလို ဝါတွင်းကာလတည်းက ရွေးချယ်ထားဖို့ လိုအပ်ပါတယ်။
ဒီတစ်နှစ် ဝါကျွတ်မှာတော့ ဇနီးမောင်နှံ၊ မိသားစုတွေရဲ့ ဝင်ငွေကောင်းလာပြီး စုဆောင်းထားတဲ့ ငွေကြေးစု ဆောင်းငွေလေးနဲ့ နေအိမ်အသစ်တစ်လုံးကို ပိုင်ဆိုင်ဝယ်ယူကြမယ့် သူတွေလည်း ရှိမှာပါ။ ဒီလိုမျိုး နေအိမ်သစ်တစ်လုံးကို ဝယ်ယူ ပိုင်ဆိုင်တော့မယ်ဆိုရင် သိထားသင့်စရာအချက်အလက် ဗဟုသုတလေးကိုသတိထားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ် ….…..🏡🏡🏡
၁။ မိမိတို့ရဲ့ငွေကြေးနဲ့တတ်နိုင်တဲ့ နေအိမ်သစ်တစ်လုံးကိုပဲဝယ် ယူသင့်ပါတယ်။ လက်ထဲမှာရှိနေတဲ့ ငွေကြေးပမာဏထက်များလွန်းတဲ့ အိမ်မျိုးကိုဝယ်ယူဖို့ဆိုတာ သိပ်ပြီးတော့ အဆင်မပြေ နိုင်ပါဘူး။ ငွေကြေးများလွန်းလို့ ချေးငှားတာပဲဖြစ်ဖြစ်၊ အရစ်ကျ ဝယ်ယူလိုက်ရတာမျိုးက သင့်အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။
အဆင်ပြေမှ ပြန်ပြီးပေးသွင်းသွားမယ့် ငွေကြေးတွေအတွက် စိုးရိမ်ပူပန်နေရလို့ သင့်အိမ်ကလေးမှာ စိတ်အေးအေးနေနိုင် မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်မို့ မိမိတို့ရဲ့ငွေကြေးလေးနဲ့တတ်နိုင်တဲ့ အိမ်သစ်ကလေးတစ်ကိုပဲ အသေအချာရွေးချယ်ပြီး နေထိုင်ပါ။ နောက်နောင် ငွေကြေးအဆင်ပြေလာတဲ့အခါမှ မိမိနေချင်တဲ့အိမ်သစ်ကလေးကို ဝယ်ယူလို့ရနိုင်ပါသေးတယ်။
၂။ စိတ်ချယုံကြည်ရတဲ့ အိမ်ခြံမြေအကျိုးဆောင်နဲ့ တိုင်ပင်ဆွေးနွေးပါ။ မေးမြန်းပါ။ အကူအညီယူပါ။ သင်တို့ရဲ့ အိမ်ခြံမြေဈေးကွက်ထဲ ဝါရင့်ပြီးတော့ စိတ်ချယုံကြည်ရတဲ့ ပွဲစား၊ အကျိုးဆောင်ကိုပဲ သင့်အိမ်အဝယ်အလုပ်ကိုအပ်နှံပါ။ ဒါ့ကြောင့်မို့လို့ စိတ်ချယုံကြည်ရပြီး အလုပ်အကြောင်းကိုလည်း ကောင်းကောင်းနားလည်တဲ့အကျိုးဆောင်ကိုပဲဝယ်ယူဖို့ အိမ်ရှာခိုင်းတာတို့၊ ဈေးစကားပြောအရောင်းအဝယ် ညှိနှိုင်းဆောင်ရွက်စေတာတို့ကို ပြုလုပ်သင့်ပါတယ်။
၃။ ပြီးပြည့်စုံလွန်းတဲ့ အိမ်တွေဆိုတာ ဈေးကွက်ထဲမှာ မရှိဘူးဆိုတာ သင့်အနေနဲ့ သိထားသင့်ပါတယ်။ သင့်ရဲ့ ပထမဆုံးဝယ်ယူနေထိုင်မယ့်အိမ်က သင့်စိတ်ကူးအိမ်မက်ထဲကအတိုင်းလည်း ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ အိမ်တစ်လုံးစာဈေးနှုန်း၊ အိမ်အကျယ်၊ နေရာအစရှိသဖြင့် အချက်အလက်တွေအားလုံးက သင်လိုချင်သလိုတော့ဖြစ်လာမှာမဟုတ်ပါဘူး။ သင့်ငွေကြေးနဲ့ တန်ဖိုးမျှတဲ့နေအိမ်တစ်လုံးတော့ စီစစ်ပြီးတော့ ရွေးချယ်ဝယ်ယူသင့်ပါတယ်။
၄။ သင့်မိသားစုနဲ့ သင့်တော်ကိုက်ညီမယ့် နေအိမ်တစ်လုံးကို ရွေးချယ်ဝယ်ယူပါ။ အကယ်၍ သင်ကော၊ သင့်အိမ်က မိသားစုဝင် တွေထဲမှာလမ်းသိပ်မသွားလာနိုင်တဲ့ အသက်ကြီးသူတွေ၊ ကလေးငယ်လေးတွေပါလာရင် အထပ်မြင့်အိမ်တွေက အဆင်မပြေနိုင်ဆိုတာမျိုးပါ။ နောက်ပြီး အိမ်ရဲ့ပြင်ဆင်မှုတွေ၊အလုပ်ကိစ္စအဝဝအတွက် တာဝန်ယူလုပ်ပေးမယ့်သူမရှိတဲ့ အခါမျိုးတွေအတွက်လည်း အရမ်းကြီးပြင်ဆင်ပြုပြင်ပေးနေရမယ့် အိမ်မျိုးကို မရွေးချယ်တာပိုကောင်းပါတယ်။ အိမ်ရဲ့အမိုး၊ ရေနုတ်မြောင်း၊ ခြံဝင်း၊ အစရှိ သဖြင့်တွေက ပြင်ဆင်ဖို့ဆိုရင် နည်းနည်းလေးအားစိုက်ပင်ပန်းရနိုင်ပါတယ်။
၅။ အိမ်နဲ့ပတ်သက်တဲ့ အခွန်တွေ၊ ဆောင်ရမယ့် အဖိုးအခ၊ အခွန်အခနဲ့ စာရင်းတွေနဲ့ပတ်သက်ပြီးတော့အတိအကျ သိရှိထားဖို့လိုပါလိမ့်မယ်။ မြေခွန်၊ ရေခွန်၊ မီးခွန်နဲ့ တခြားအဖိုးအခ ပေးဆောင်ရမယ့်ပမာဏနဲ့ အချိန်၊ ဌာနဆိုင်ရာတွေမှာ သွားရောက်မှတ်ပုံတင်ရမယ့် ကိစ္စအဝဝအတွက်ကိုလည်း ကြိုတင်လေ့လာသိရှိထားဖို့ လိုပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com