Knowledge | Posted by Aye Myat Thu
" ဘာဖြစ်ရင် ဘာလုပ်ရမလဲ"ဆိုတဲ့အကြောင်းအရာလေးတွေနဲ့လေ့လာထားဖူးတဲ့အကြောင်းအရာများကို မျှဝေပေးချင်ပါတယ်။
ခြအန္တရာယ်ကာကွယ်ခြင်း
အဆောက်အအုံဆောက်လုပ်ရန် သတ်မှတ်ထားသော မြေနေရာနယ်နိမိတ်အနီးတွင် ခြများကင်းရှင်းလိုပါက ယင်းမြေနေရာနှင့် ပတ်ဝန်းကျင် 10 ပေ အကွာ၌ မြေကြီးကို 6 လက်မ အနက်တူး၍ ရေဝအောင် လောင်းပေးကာ ကောက်ရိုးစိုများဖြင့် ဖုံးအုပ်ပေးထားရမည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ခြတောင်ပို့များရှိမရှိ ရက်အနည်းငယ်အတွင်း သိနိုင်ပေသည်။ အကယ်၍ ခြ ရှိပါက ခြများအပေါ်သို့ တက်လာသည်ကို တွေ့ရမည်။ ခြတောင်ပို့ရှိပါက ခြဘုရင်မကို ရှာဖွေ ရှင်းလင်းပြီးလျှင် ခြတောင်ပို့ကို တူးထုတ်၍ ရေနွေးပူတွင် (Arsenic) အရည် ရောပြီး လောင်းချ ဖျက်စီးပစ်နိုင်သည်။
အခန်းနံရံများတွင်တံခါးပြုလုပ်သောအခါ တံခါးအမြင့်ကို ဘယ်လိုထားရမလဲ
အခန်းနံများတွင် တံခါးများပြုလုပ်သောအခါ တံခါး၏အမြင့်ကို ခုနစ်ပေ အထက် ပြုလုပ်ကြပြီး တံခါး အကျယ်သည် 3 ပေမှ 4 ပေ အတွင်းရှိသည်။ အတွင်းပိုင်းရှိတံခါးများ၏ အမြင့်သည် 6'8"အထိ အမြင့်ရှိကြပြီး အကျယ်မှာ 2'8" ပြုလုပ်ကြသည်။ ရေချိုးခန်းအိမ်သာ စတိုခန်းများအတွက် အမြင့် 6' 6" နှင့် အကျယ် 2' 6"အရွယ် တံခါးများပြုလုပ်ကြသည်။
သံကူကွန်ကရစ်လုပ်ငန်းများအတွက် ရောစာကျောက်အရွယ်သတ်မှတ်ချက်
သံကူကွန်ကရစ် လုပ်ငန်းများတွင် အသုံးပြုရမည့် ရောစာကျောက်အရွယ်အစားမှာ အထူးသတ်မှတ်ခြင်းမရှိပါက သာမန်အားဖြင့် 3/4" မှ 3/16 " အတွင်း အရွယ်အစားကိုသာ အသုံးပြုရမည်။
သံချီသံကွေးပြုလုပ်တဲ့ အခါ...
သံချီသံကွေးပြုလုပ်ရာတွင် အများအားဖြင့် အသုံးပြုသော သံချောင်းမှာ mild steel ခေါ် သံမဏိပျော့ဖြစ်သည်။
Mild Steel တွင် ကာဗွန် 0.5 ရာခိုင်နှုန်း ပတ်ဝန်းကျင်ပါဝင်သည်။ ဖြတ်တောက်လိုက်သောအခါ သံချောင်းထိပ်တွင် တသားတည်းရှိလျှက် ညက်ညောနေသည်။ မာကျောခြင်း ၊ဗြုတ်ထခြင်းမရှိ။တီးခေါက်ကြည့်လျှင် အသံမှာ တိုး၏။ ကျောက်စက်ဖြင့် ပွတ်ကြည့်သောအခါ အဝါနုရောင် မီးပွင့်များထွက်၏။ ပန်းပဲတွင် ဆေးသားတင်သောအခါ သံမဏိကဲ့သို့ ဆေးသားမတက် မာကျောခြင်းမရှိ ပကတိပျော့ပျောင်းလျှက်သာရှိသည်။
သစ်သားအစိုနှင့်အခြောက်ခွဲခြားနည်းများ
သစ်သားအစိုနှင့်အခြောက်ကို အောက်ပါအချက်များကို ကြည့်ရှု့ခြင်းဖြင့် ခွဲခြားရွေးချယ်နိုင်သည်။
(၁) ခြောက်သွေ့သောသစ်သည် သစ်စိုထက်ပေါ့၏။
(၂)ခြောက်သွေ့သောသစ်ကို လက်နှင့်ခေါက်ကြည့်လိုက်ပါက လိုဏ်ခေါင်းသံထွက်၏။
(၃) သစ်စိုသည် အနံ့ပြင်း၏။
(၄) ခြောက်သွေ့သောသစ်တွင် အက်ကြောင်းရာများကို ပိုမိုတွေ့နိုင်၏။
(၅)သစ်စိုကိုကိုင်ကြည့်လိုက်ပါက စိုထိုင်းနေတတ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: original writer