အမေရိကန်တွင် ကာကွယ်ဆေးဖြန့်ဝေသည့်တိုင် COVID-19 သေဆုံးမှုများ ဧပြီမတိုင်မီ နှစ်ဆနီးပါးမြင့်တက်နိုင်

အမေရိကန်တွင် ကာကွယ်ဆေးဖြန့်ဝေသည့်တိုင် COVID-19 သေဆုံးမှုများ ဧပြီမတိုင်မီ နှစ်ဆနီးပါးမြင့်တက်နိုင် - Property News in Myanmar from iMyanmarHouse.com
8 Dec 2020 10:53 am တွင် တင်ခဲ့သည်
660 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်နိုင်ငံတွင် တစ်နိုင်ငံလုံးအနှံ့ ကာကွယ်ဆေးဖြန့်ဝေသည့်တိုင် COVID-19 ကြောင့် သေဆုံးသူဦးရေသည် လာမည့်ခုနစ်လအတွင်း နှစ်ဆနီးပါးမြင့်တက်နိုင်ကြောင်း ကျန်းမာရေးသုတေသီများက သတိပေးလိုက်သည်။

အမေရိကန်သည် ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မတိုင်မီ COVID-19 ကြောင့် သေဆုံးသူဦးရေ ၅၃၉,၀၀၀ ရှိနိုင်ကြောင်း University of Washington’s School of Medicine ဆေးတက္ကသိုလ်၏ ကျန်းမာရေးတိုင်းတာချင့်တွက်အကဲဖြတ်မှုအဖွဲ့ (IHME) မှ ထုတ်ပြန်သည့် ဒီဇင်ဘာ ၄ အစီရင်ခံစာတစ်စောင်အရ သိရသည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄ ဒသမ ၃ သန်းကျော်ပြီဖြစ်ကာ ၎င်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၇၉,၀၀၀ ကျော်ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အချက်အလက်အရ သိရသည်။

အမေရိကန်တွင် ကာကွယ်ဆေး တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို၍ ယခုလအတွင်း ထောက်ခံအတည်ပြုကာ စတင်ဖြန့်ဝေမည်ဟု ခန့်မှန်းရဿည်။

IHME သုတေသီများက ထိုခန့်မှန်းရသည့် ကာကွယ်ဆေးဖြန့်ဝေမှုသည် ဧပြီ ၁ မတိုင်မီ သေဆုံးသူအရေအတွက် ၉,၀၀၀ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်းနှင့် COVID-19 ကြောင့် နာမကျန်းဖြစ်ပွားရန် အန္တရာယ်အခြေအနေမြင့်မားသောသူများကို ဦးတည်သည့် လျင်မြန်သော ကာကွယ်ဆေးဖြန့်ဝေမှုက အသက်ပေါင်း ၁၄,၀၀၀ ကျော်ကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

“၂၀၂၁ ခုနှစ်မှာ ပမာဏအမြောက်အမြားကာကွယ်ဆေးထိုးနှံမှုဟာ ကျွန်တော်တို့တွေ ပုံမှန်နေ့စဉ်ဘဝဆီ ပြန်လည်ဦးတည်တဲ့လမ်းကြောင်းပေါ် ရောက်ပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဒါပေမဲ့လို့ ရှေ့ဆက်ရမယ့် ကြမ်းတမ်းတဲ့လအနည်းငယ်တော့ ရှိသေးတာပေါ့။ ကျွန်တော်တို့တွေ အနည်းဆုံးဧပြီအထိကတော့ သတိဝိရိယရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရမှာပါ။ ကျွန်တော်တို့ခန့်မှန်းထားချက်တွေအရတော့ အဲဒီအချိန်လောက်ဆို ကာကွယ်ဆေးတွေလည်း စတင်အကျိုးသက်ရောက်ပါပြီ။” ဟု IHME ၏ ဒါရိုက်တာ ခရစ္စတိုဖာမာရေးက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

“အထူးသဖြင့် ကူးစက်မှုကိုမြင့်တက်စေတဲ့ဆောင်းရာသီ အရှိန်မြင့်နေတဲ့ကမ္ဘာ့မြောက်ခြမ်းနိုင်ငံတွေမှာ အစိုးရတွေက စုဝေးမှုတွေကို ကန့်သတ်တဲ့၊ နှာခေါင်းစည်းပါးစပ်စည်း (mask) တွေ တပ်ဆင်စေတဲ့ စည်းကမ်းတွေကို ချမှတ်တင်းကျပ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ ကာကွယ်ဆေး အပြည့်အဝမဖြန့်ဝေမထိုးနှံနိုင်သေးခင်တော့ ကူးစက်သေဆုံးနိုင်တဲ့သူ အများအပြားရှိနေမှာပါ။” ဟုလည်း သူက ပြောကြားခဲ့သေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Covid-19 deaths could nearly double in U.S. by April despite rollout of vaccines, report warn (CNBC)

[Zawgyi]

အေမရိကန္တြင္ ကာကြယ္ေဆးျဖန္႔ေဝသည့္တိုင္ COVID-19 ေသဆုံးမႈမ်ား ဧၿပီမတိုင္မီ ႏွစ္ဆနီးပါးျမင့္တက္ႏိုင္

အေမရိကန္ႏိုင္ငံတြင္ တစ္ႏိုင္ငံလုံးအႏွံ႔ ကာကြယ္ေဆးျဖန္႔ေဝသည့္တိုင္ COVID-19 ေၾကာင့္ ေသဆုံးသူဦးေရသည္ လာမည့္ခုနစ္လအတြင္း ႏွစ္ဆနီးပါးျမင့္တက္ႏိုင္ေၾကာင္း က်န္းမာေရးသုေတသီမ်ားက သတိေပးလိုက္သည္။

အေမရိကန္သည္ ၂၀၂၁ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔မတိုင္မီ COVID-19 ေၾကာင့္ ေသဆုံးသူဦးေရ ၅၃၉,၀၀၀ ႐ွိႏိုင္ေၾကာင္း University of Washington’s School of Medicine ေဆးတကၠသိုလ္၏ က်န္းမာေရးတိုင္းတာခ်င့္တြက္အကဲျဖတ္မႈအဖြဲ႕ (IHME) မွ ထုတ္ျပန္သည့္ ဒီဇင္ဘာ ၄ အစီရင္ခံစာတစ္ေစာင္အရ သိရသည္။

အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၄ ဒသမ ၃ သန္းေက်ာ္ၿပီျဖစ္ကာ ၎ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂၇၉,၀၀၀ ေက်ာ္ၿပီျဖစ္ေၾကာင္း ဂြၽန္ေဟာ့ကင္းတကၠသိုလ္မွ အခ်က္အလက္အရ သိရသည္။

အေမရိကန္တြင္ ကာကြယ္ေဆး တစ္မ်ိဳး သို႔မဟုတ္ တစ္မ်ိဳးထက္ပို၍ ယခုလအတြင္း ေထာက္ခံအတည္ျပဳကာ စတင္ျဖန္႔ေဝမည္ဟု ခန္႔မွန္းရႆည္။

IHME သုေတသီမ်ားက ထိုခန္႔မွန္းရသည့္ ကာကြယ္ေဆးျဖန္႔ေဝမႈသည္ ဧၿပီ ၁ မတိုင္မီ ေသဆုံးသူအေရအတြက္ ၉,၀၀၀ ေလွ်ာ့ခ်ေပးႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ COVID-19 ေၾကာင့္ နာမက်န္းျဖစ္ပြားရန္ အႏၲရာယ္အေျခအေနျမင့္မားေသာသူမ်ားကို ဦးတည္သည့္ လ်င္ျမန္ေသာ ကာကြယ္ေဆးျဖန္႔ေဝမႈက အသက္ေပါင္း ၁၄,၀၀၀ ေက်ာ္ကို ကယ္တင္ႏိုင္မည္ျဖစ္ေၾကာင္း ခန္႔မွန္းထားသည္။

“၂၀၂၁ ခုႏွစ္မွာ ပမာဏအေျမာက္အျမားကာကြယ္ေဆးထိုးႏွံမႈဟာ ကြၽန္ေတာ္တို႔ေတြ ပုံမွန္ေန႔စဥ္ဘဝဆီ ျပန္လည္ဦးတည္တဲ့လမ္းေၾကာင္းေပၚ ေရာက္ၿပီဆိုတဲ့အဓိပၸာယ္ပါပဲ။ ဒါေပမဲ့လို႔ ေ႐ွ႕ဆက္ရမယ့္ ၾကမ္းတမ္းတဲ့လအနည္းငယ္ေတာ့ ႐ွိေသးတာေပါ့။ ကြၽန္ေတာ္တို႔ေတြ အနည္းဆုံးဧၿပီအထိကေတာ့ သတိဝိရိယ႐ွိ႐ွိနဲ႔ ကိုယ့္ကိုယ္ကိုယ္ကာကြယ္ရမွာပါ။ ကြၽန္ေတာ္တို႔ခန္႔မွန္းထားခ်က္ေတြအရေတာ့ အဲဒီအခ်ိန္ေလာက္ဆို ကာကြယ္ေဆးေတြလည္း စတင္အက်ိဳးသက္ေရာက္ပါၿပီ။” ဟု IHME ၏ ဒါ႐ိုက္တာ ခရစၥတိုဖာမာေရးက ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေျပာၾကားခဲ့သည္။

“အထူးသျဖင့္ ကူးစက္မႈကိုျမင့္တက္ေစတဲ့ေဆာင္းရာသီ အ႐ွိန္ျမင့္ေနတဲ့ကမ႓ာ့ေျမာက္ျခမ္းႏိုင္ငံေတြမွာ အစိုးရေတြက စုေဝးမႈေတြကို ကန္႔သတ္တဲ့၊ ႏွာေခါင္းစည္းပါးစပ္စည္း (mask) ေတြ တပ္ဆင္ေစတဲ့ စည္းကမ္းေတြကို ခ်မွတ္တင္းက်ပ္ဖို႔ သိပ္ကို အေရးႀကီးပါတယ္။ ကာကြယ္ေဆး အျပည့္အဝမျဖန္႔ေဝမထိုးႏွံႏိုင္ေသးခင္ေတာ့ ကူးစက္ေသဆုံးႏိုင္တဲ့သူ အမ်ားအျပား႐ွိေနမွာပါ။” ဟုလည္း သူက ေျပာၾကားခဲ့ေသးေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Covid-19 deaths could nearly double in U.S. by April despite rollout of vaccines, report warn (CNBC)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service