ပြည့်တန်ဆာအိမ်သို့ သွားရောက်ပျော်ပါးခဲ့သည့် အမျိုးသားကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ် စစ်ဆေးတွေ့ရှိရာမှတဆင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးရှာဖွေမှု ပေါ်ပေါက်

ပြည့်တန်ဆာအိမ်သို့ သွားရောက်ပျော်ပါးခဲ့သည့် အမျိုးသားကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ် စစ်ဆေးတွေ့ရှိရာမှတဆင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးရှာဖွေမှု ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
25 Nov 2020 11:30 am တွင် တင်ခဲ့သည်
18670 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောင်ကောင်တွင် MongKok အရပ်ရှိ ပြည့်တန်ဆာအိမ်တစ်ခုရှိလိင်လုပ်သားတစ်ဦးနှင့် ပျော်ပါးခဲ့သည့် အမျိုးသားတစ်ဦးသည် ပြီးခဲ့သောတနင်္ဂနွေနေ့က COVID-19 ပေါ့စတစ် စမ်းသပ်တွေ့ရှိခဲ့ရာရဲတပ်ဖွဲ့ကထိတွေ့မှု ခြေရာခံခြင်းများ ပြုလုပ်ရာမှတဆင့် လိင်လုပ်သားတို့နှင့် ဆက်နွှယ်နေကြောင်းပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါလိင်လုပ်သားကိုရှာဖွေနိုင်ရန်အတွက် ရဲအရာရှိများကို Fa Yuen လမ်းနှင့် Argyle လမ်းထောင့်ရှိ King Hing အဆောက်အအုံတွင် ဖြန့်ကျက်ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်းအဆိုပါအမျိုးသမီးကိုရှာဖွေတွေ့ရှိခြင်းမရှိခဲ့ချေ။

“လိင်လုပ်သားကိုတော့ ရှာမတွေ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအမျိုးသားကအဆောက်အအုံမှာ ပြည့်တန်ဆာအိမ်ရှိတဲ့ အလွှာနဲ့ အခန်းကိုမပြောပြနိုင်ခဲ့လို့ပါ” ဟုရဲတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ခုမှ ပြောကြားသည်။

အဆိုပါ ရဲတပ်ဖွဲ့သတင်းရင်းမြစ်ကပြောရာတွင် ယင်းအမျိုးသားသွားရောက်ခဲ့သည့် အဆောက်အအုံ၏ အလွှာ ၂ ခုတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ဆောင်နေသည့်နေရာများစွာရှိနေကြောင်းပြောကြားသည်။

“ရဲအရာရှိတွေကအဲဒီမှာရှိတဲ့ လိင်လုပ်သားတွေကို COVID-19 စစ်ဆေးမှုတွေ ပြုလုပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်”

ထိုအမျိုးသားသည် ပြည့်တန်ဆာအိမ်သို့ နိုဝင်ဘာလ ၈ ရက်ကသွားခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့အားပြောကြားခဲ့သည်။ ယင်းနောက် စနေနေ့တွင် ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ် စစ်ဆေးတွေ့ရှိခဲ့ပြီးယင်းကူးစက်မှုကိုတနင်္ဂနွေနေ့တွင် အတည်ပြုခဲ့သည်။

ကူးစက်ခံခဲ့ရသောလူနာအမျိုးသားသည် MongKok အရပ်တွင် နေထိုင်သူဖြစ်ပြီးအလုပ်လက်မဲ့တစ်ဦးဖြစ်ကာမည်သို့ ကူးစက်ခံခဲ့ရသည်ကိုမသိရချေ။

တနင်္လာနေ့တွင် ကျန်းမာရေးကာကွယ်မှုဌာန (CHP) မှ အတည်ပြုထုတ်ပြန်ခဲ့သောကူးစက်ခံရသူသစ် ၇၃ ဦးအနက် ခြေရာမခံနိုင်သော ပြည်တွင်းကူးစက်မှု ၈ ခုရှိရာအဆိုပါ အမျိုးသား၏ ကူးစက်ခံရမှုလည်းအပါအဝင် ဖြစ်သည်။

ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၅၇၀၁ ဦးရှိပြီးသေဆုံးသူ ၁၀၈ ဦးရှိသည်။

“သူဟာ ပြည့်တန်ဆာဆီကနေကူးစက်ခံရတာဟုတ်၊ မဟုတ် မသိရပါဘူး။ ပြည့်တန်ဆာအိမ်ကိုမသွားမီကတည်းကသူ့မှာရောဂါရှိနေတာလည်း ဖြစ်နိုင်ပါတယ်”ဟုရဲတပ်ဖွဲ့သတင်းရင်းမြစ်ကပြောသည်။

ကပ်ဘေးကြီးစတင်ပေါ်ပေါက်ချိန်မှစပြီးယခုအမျိုးသားသည် လိင်လုပ်သားတစ်ဦးထံသွားခဲ့ကြောင်းဝန်ခံခဲ့သည့် ပထမဆုံး COVID-19 လူနာဖြစ်နိုင်ကြောင်းလည်းရဲတပ်ဖွဲ့သတင်းရင်းမြစ်ကပြောသည်။

အဆိုပါ အမျိုးသားသွားရောက်ပျော်ပါးခဲ့သည့် အဆောက်အအုံသည် ၂၀၁၈ ခုနှစ်အတွင်းကဟောင်ကောင်တွင် ပြည့်တန်ဆာတိုက်ဖျက်ရေးအကြီးမားဆုံးဖမ်းဆီးရှာဖွေမှုများ ပြုလုပ်ခဲ့သည့်နေရာများတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ ထိုစဉ်ကရဲတပ်ဖွဲ့သည် လိင်လုပ်သားဟုသံသယရှိသူ ၁၀၀ ဦးနီးပါးဖမ်းဆီးခဲ့ကာရုရှားနိုင်ငံသူ ၁၇ ဦးနှင့် လိင်ပြောင်းထိုင်းအမျိုးသမီး ၇ ဦးပါဝင်ခဲ့သည်။

အဆောက်အအုံရှိအခန်းများကိုအခန်းငယ်ပေါင်း ၁၀၀ ကျော်အဖြစ် တရားမဝင် အခန်းဖွဲ့ထားပြီးထိုအခန်းများကို ပြည့်တန်ဆာအခန်းများအဖြစ် ပြောင်းလဲခဲ့သည်။

လွန်ခဲ့သောရက်သတ္တ ၄ ပတ်ကလည်းရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများပူးပေါင်းပြီး ပြည့်တန်ဆာတိုက်ဖျက်ရေးစီမံချက်တွင် တရုတ်ပြည်မကြီးမှ လိင်လုပ်သားဟုသံသယရှိသူအမျိုးသမီးတစ်ဦးတွင်လည်း COVID-19 ကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိခဲ့သေးသည်။

တရုတ်အမျိုးသမီးကိုစစ်ဆေးချက်အရသူမသည် MongKok အရပ်ရှိဟိုတယ်တစ်ခုတွင် နေထိုင်နေစဉ်ကာလအတွင်းတစ်ရက်လျှင် ပျှမ်းမျှအားဖြင့် အမျိုးသား ၅ ဦးနှင့် လိင်ဆက်ဆံခဲ့ကြောင်းဝန်ခံခဲ့သည့်အတွက် သူမနှင့် ထိတွေ့ခဲ့သောဖောက်သည် ၇၀ ရာခိုင်နှုန်းခန့်ကိုရဲတပ်ဖွဲ့ကခြေရာခံရှာဖွေမှုများ ပြုလုပ်ခဲ့ရသည်။

“သူ့ဆီလာခဲ့တဲ့ ဖောက်သည်တွေကိုတော့ တစ်ယောက်မှ ရှာမတွေ့ခဲ့ပါဘူး။ သူနဲ့ ဆက်ဆံပျော်ပါးခဲ့တယ်လို့ ထုတ်ဖော်ဝန်ခံတဲ့သူလည်းတစ်ယောက်မှ မရှိခဲ့ဘူး” ဟုရဲတပ်ဖွဲ့သတင်းရင်းမြစ်ကပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hong Kong man who visited sex worker in MongKok before testing positive for coronavirus sparks police tracking operation (SCMP)

[Zawgyi]

ျပည့္တန္ဆာအိမ္သို႔ သြားေရာက္ေပ်ာ္ပါးခဲ့သည့္ အမ်ဳိးသားကိုရိုနာဗိုင္းရပ္စ္ ေပါ့စတစ္ စစ္ေဆးေတြ႔ရွိရာမွတဆင့္ ရဲတပ္ဖြဲ႔၏ ဖမ္းဆီးရွာေဖြမႈ ေပၚေပါက္

ေဟာင္ေကာင္တြင္ MongKok အရပ္ရွိ ျပည့္တန္ဆာအိမ္တစ္ခုရွိလိင္လုပ္သားတစ္ဦးႏွင့္ ေပ်ာ္ပါးခဲ့သည့္ အမ်ဳိးသားတစ္ဦးသည္ ျပီးခဲ့ေသာတနဂၤေႏြေန႔က COVID-19 ေပါ့စတစ္ စမ္းသပ္ေတြ႔ရွိခဲ့ရာရဲတပ္ဖြဲ႔ကထိေတြ႔မႈ ေျခရာခံျခင္းမ်ား ျပဳလုပ္ရာမွတဆင့္ လိင္လုပ္သားတို႔ႏွင့္ ဆက္ႏႊယ္ေနေၾကာင္းေပၚေပါက္လာခဲ့ျခင္း ျဖစ္သည္။

အဆိုပါလိင္လုပ္သားကိုရွာေဖြႏိုင္ရန္အတြက္ ရဲအရာရွိမ်ားကို Fa Yuen လမ္းႏွင့္ Argyle လမ္းေထာင့္ရွိ King Hing အေဆာက္အအံုတြင္ ျဖန္႔က်က္ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္းအဆိုပါအမ်ဳိးသမီးကိုရွာေဖြေတြ႔ရွိျခင္းမရွိခဲ့ေခ်။

“လိင္လုပ္သားကိုေတာ့ ရွာမေတြ႔ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအမ်ဳိးသားကအေဆာက္အအံုမွာ ျပည့္တန္ဆာအိမ္ရွိတဲ့ အလႊာနဲ႔ အခန္းကိုမေျပာျပႏိုင္ခဲ့လို႔ပါ” ဟုရဲတပ္ဖြဲ႔ သတင္းရင္းျမစ္တစ္ခုမွ ေျပာၾကားသည္။

အဆိုပါ ရဲတပ္ဖြဲ႔သတင္းရင္းျမစ္ကေျပာရာတြင္ ယင္းအမ်ဳိးသားသြားေရာက္ခဲ့သည့္ အေဆာက္အအံု၏ အလႊာ ၂ ခုတြင္ ျပည့္တန္ဆာလုပ္ငန္းလုပ္ေဆာင္ေနသည့္ေနရာမ်ားစြာရွိေနေၾကာင္းေျပာၾကားသည္။

“ရဲအရာရွိေတြကအဲဒီမွာရွိတဲ့ လိင္လုပ္သားေတြကို COVID-19 စစ္ေဆးမႈေတြ ျပဳလုပ္ၾကဖို႔ ေတာင္းဆိုခဲ့ပါတယ္” ထိုအမ်ဳိးသားသည္ ျပည့္တန္ဆာအိမ္သို႔ ႏိုဝင္ဘာလ ၈ ရက္ကသြားခဲ့ျခင္းျဖစ္ေၾကာင္းရဲတပ္ဖြဲ႔အားေျပာၾကားခဲ့သည္။

ယင္းေနာက္ စေနေန႔တြင္ ကိုရိုနာဗိုင္းရပ္စ္ ေပါ့စတစ္ စစ္ေဆးေတြ႔ရွိခဲ့ျပီးယင္းကူးစက္မႈကိုတနဂၤေႏြေန႔တြင္ အတည္ျပဳခဲ့သည္။

ကူးစက္ခံခဲ့ရေသာလူနာအမ်ဳိးသားသည္ MongKok အရပ္တြင္ ေနထိုင္သူျဖစ္ျပီးအလုပ္လက္မဲ့တစ္ဦးျဖစ္ကာမည္သို႔ ကူးစက္ခံခဲ့ရသည္ကိုမသိရေခ်။

တနလၤာေန႔တြင္ က်န္းမာေရးကာကြယ္မႈဌာန (CHP) မွ အတည္ျပဳထုတ္ျပန္ခဲ့ေသာကူးစက္ခံရသူသစ္ ၇၃ ဦးအနက္ ေျခရာမခံႏိုင္ေသာ ျပည္တြင္းကူးစက္မႈ ၈ ခုရွိရာအဆိုပါ အမ်ဳိးသား၏ ကူးစက္ခံရမႈလည္းအပါအဝင္ ျဖစ္သည္။

ေဟာင္ေကာင္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူစုစုေပါင္း ၅၇၀၁ ဦးရွိျပီးေသဆံုးသူ ၁၀၈ ဦးရွိသည္။

“သူဟာ ျပည့္တန္ဆာဆီကေနကူးစက္ခံရတာဟုတ္၊ မဟုတ္ မသိရပါဘူး။ ျပည့္တန္ဆာအိမ္ကိုမသြားမီကတည္းကသူ႔မွာေရာဂါရွိေနတာလည္း ျဖစ္ႏိုင္ပါတယ္”ဟုရဲတပ္ဖြဲ႔သတင္းရင္းျမစ္ကေျပာသည္။

ကပ္ေဘးၾကီးစတင္ေပၚေပါက္ခ်ိန္မွစျပီးယခုအမ်ဳိးသားသည္ လိင္လုပ္သားတစ္ဦးထံသြားခဲ့ေၾကာင္းဝန္ခံခဲ့သည့္ ပထမဆံုး COVID-19 လူနာျဖစ္ႏိုင္ေၾကာင္းလည္းရဲတပ္ဖြဲ႔သတင္းရင္းျမစ္ကေျပာသည္။

အဆိုပါ အမ်ဳိးသားသြားေရာက္ေပ်ာ္ပါးခဲ့သည့္ အေဆာက္အအံုသည္ ၂၀၁၈ ခုႏွစ္အတြင္းကေဟာင္ေကာင္တြင္ ျပည့္တန္ဆာတိုက္ဖ်က္ေရးအၾကီးမားဆံုးဖမ္းဆီးရွာေဖြမႈမ်ား ျပဳလုပ္ခဲ့သည့္ေနရာမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ခဲ့သည္။

ထိုစဥ္ကရဲတပ္ဖြဲ႔သည္ လိင္လုပ္သားဟုသံသယရွိသူ ၁၀၀ ဦးနီးပါးဖမ္းဆီးခဲ့ကာရုရွားႏိုင္ငံသူ ၁၇ ဦးႏွင့္ လိင္ေျပာင္းထိုင္းအမ်ဳိးသမီး ၇ ဦးပါဝင္ခဲ့သည္။

အေဆာက္အအုံရွိအခန္းမ်ားကိုအခန္းငယ္ေပါင္း ၁၀၀ ေက်ာ္အျဖစ္ တရားမဝင္ အခန္းဖြဲ႔ထားျပီးထိုအခန္းမ်ားကို ျပည့္တန္ဆာအခန္းမ်ားအျဖစ္ ေျပာင္းလဲခဲ့သည္။

လြန္ခဲ့ေသာရက္သတၱ ၄ ပတ္ကလည္းရဲတပ္ဖြဲ႔ႏွင့္ လူဝင္မႈၾကီးၾကပ္ေရးဌာနမွ အရာရွိမ်ားပူးေပါင္းျပီး ျပည့္တန္ဆာတိုက္ဖ်က္ေရးစီမံခ်က္တြင္ တရုတ္ျပည္မၾကီးမွ လိင္လုပ္သားဟုသံသယရွိသူအမ်ဳိးသမီးတစ္ဦးတြင္လည္း COVID-19 ကူးစက္ခံထားရေၾကာင္းစစ္ေဆးေတြ႔ရွိခဲ့ေသးသည္။

တရုတ္အမ်ဳိးသမီးကိုစစ္ေဆးခ်က္အရသူမသည္ MongKok အရပ္ရွိဟိုတယ္တစ္ခုတြင္ ေနထိုင္ေနစဥ္ကာလအတြင္းတစ္ရက္လွ်င္ ပွ်မ္းမွ်အားျဖင့္ အမ်ဳိးသား ၅ ဦးႏွင့္ လိင္ဆက္ဆံခဲ့ေၾကာင္းဝန္ခံခဲ့သည့္အတြက္ သူမႏွင့္ ထိေတြ႔ခဲ့ေသာေဖာက္သည္ ၇၀ ရာခိုင္ႏႈန္းခန္႔ကိုရဲတပ္ဖြဲ႔ကေျခရာခံရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ရသည္။

“သူ႔ဆီလာခဲ့တဲ့ ေဖာက္သည္ေတြကိုေတာ့ တစ္ေယာက္မွ ရွာမေတြ႔ခဲ့ပါဘူး။ သူနဲ႔ ဆက္ဆံေပ်ာ္ပါးခဲ့တယ္လို႔ ထုတ္ေဖာ္ဝန္ခံတဲ့သူလည္းတစ္ေယာက္မွ မရွိခဲ့ဘူး” ဟုရဲတပ္ဖြဲ႔သတင္းရင္းျမစ္ကေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hong Kong man who visited sex worker in MongKok before testing positive for coronavirus sparks police tracking operation (SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service