လူသိနည်းတဲ့ ကသစ်ပင်အကြောင်း

လူသိနည်းတဲ့ ကသစ်ပင်အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
21 Nov 2020 1:35 pm တွင် တင်ခဲ့သည်
6425 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကသစ်ပင်ကို ကသစ်လို့ပဲ အများအားဖြင့် သိကြတာပါ။ ပဲမျိုးနွယ်ဝင်အပင်ဆိုတာကို သိတဲ့သူ နည်းလှပါတယ်။ တကယ်တော့ ကသစ်ပင်က ပေါက်၊ ပိတောက်တို့လို ပဲပင်အကြီးစားဖြစ်ပါတယ်။ သိပ္ပံအမည်ကတော့ Erythrina spp ဖြစ်ပါတယ်။ ကသစ်ပင်က မျိုးစိတ်ပေါင်း ၁၃၀ ခန့်ရှိပါတယ်။ နှစ်ရှည်ခံသစ်မာပင်ကြီးဖြစ်ပြီး ရာသီအလိုက်ကြွေသော deciduous tree ဖြစ်ပါတယ်။

ပင်စည်ကိုင်းတွေမှာ ဆူးတွေရှိပြီး မီးခိုးရောင်အခေါက်တွေနဲ့ တန်ဆာဆင်ထားတဲ့ ပင်စည်မှာ အနက်ရောင်ဆူးမွှားတွေလည်းရှိပါတယ်။ အရွက်တွေကတော့ သုံးရွက်မွှာငှက်မွှေးရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်ကြတဲ့ပုံစံပါ။ ရွက်စွယ်ပါပေမဲ့ အကြွေစောပါတယ်။ ရွက်မွှာသုံးခုမှာ အလယ်ရွက်ကတော့ အကြီးဆုံးပါဘဲ။ ကသစ်ပင်က နွေရာသီမှာ အရွက်ကြွေလေ့ရှိပြီး မတ်-ဧပြီလမှာ နီရဲသောအပွင့်များပွင့်ကြပါတယ်။ ဇွန်-ဇူလိုင်လများမှာ အစေ့ပါသော သီးတောင့်များသီးကြပါတယ်။ ၁၉၆၇ ခုနှစ် Okinawa Prefecture မှာ official flower အနေနဲ့ ကသစ်ပန်းကို အသုံးပြုခဲ့ကြတယ်။ ဉရု‌ဂွေးနိုင်ငံရဲ့အမျိုးသားပန်းကလည်း ကသစ်ပန်းဘဲဖြစ်ပါတယ်။

ကသစ်ကို မြန်မာတို့က ရေကသစ်၊ ကုန်းကသစ်၊ တောင်ကသစ်၊ အင်းကသစ်၊ ပင်လယ်ကသစ်၊ ကသစ်ခါးအမျိုးမျိုးခေါ် ကြပေမဲ့ ဆေးကျမ်းထဲမှာတော့ ကသစ်ရိုးရိုးနဲ့ပင်လယ်ကသစ်ကိုသာ အဓိကခွဲခြားထားတယ်။

ပင်လယ်ကသစ်က သစ်ကြီးခုနှစ်ပင် တွင်ပါဝင်၍ တာဝတိံသာနတ်ပြည်၏ အထိမ်းအမှတ်အဖြစ် ထင်ရှားသောအပင်ဖြစ်သည်။ ပင်လယ်ကသစ်သည် ၅ မီတာခန့်မြင့်သည်။ ရိုးရိုးကသစ်က ပန်းပွင့်လျှင့် အရွက်များရှိမနေတတ်ပါဘူး။ တစ်ပင်လုံးပန်းပွင့်အနီ‌ရောင်တွေနဲ့ ပြည့်နေတတ်ပါသည်။ အဖြူရောင်ပွင့်တဲ့ ကသစ်ဖြူလည်းရှိပါသည်။ ကသစ်ဖြူကို အများအားဖြင့် အလှစိုက်ကြပြီး မြန်မာနိုင်ငံမှာဆို ချင်းပြည်နယ်မှာ တွေ့နိုင်ပါတယ်။

ကသစ်ပင်၏အရွက်၊ အမြစ်၊ အခေါက်၊ အပွင့်၊ အဖူး အားလုံးတို့သည် ပစ်ရက်စရာမရှိအောင် ပဉ္စငါးပါးလုံးအသုံးဝင်ပါသည်။ ကသစ်အရသာသည် ပူစပ်ခါး၏။ ကြေကျက်သောအခါစပ်၏ ဟု ဆိုထားပါသည်။ ပြုတ်၍ တို့စားပါက နှုတ်ကိုမြိန်စေ၏။ ဝမ်းမီးကို တောက်စေသည်။ သည်းခြေကိုပယ်သည်။ ပိုးရောဂါ၊ ဖောရောင်နာ ရောဂါ၊ သည်းခြေကြောင့်ဖြစ်သော ရောဂါကို ပျောက်စေသည်။ ဆီးချိုရောဂါကိုတောင်နိုင်တယ်ဟု ဆေးကျမ်းထဲတွင် ဆိုထားပါသည်။

ကသစ် အပွင့်၊ အမြစ်ကိုထောင်းပြီး နွားနို့အေးတွင် စိမ်သောက်ပါက ကာမအားကိုတိုးစေသည်။

ကသစ်ဆူးဖုကို သွေးကာလိမ်းသော် ဝက်ခြံပျောက်သည်။ အရွက်ကိုထောင်းပြီး ရလာသောအရည်ကို ရေနွေးနှင့်ရောပြီးငုံလျှင် သွားကိုက် ပျောက်စေသည်။

ကသစ်မြစ်သည် အစားမှား၍ အဆိပ်ဖြစ်ခြင်း၊ ကင်းကိုက်၊ မွေးကိုက်၊ ခွေးရူးကိုက်၊ တောက်တဲ့နက်ကိုက် စသောအဆိပ်မှန်သမျှလည်းနိုင်သည်။

ကသစ်ရွက်ကို ကြော်စား၊ ပြုတ်စားနိုင်သည့်အပြင် ဟင်းချိုပြုလုပ် သောက်သုံး၍လည်း ရသည်။ ကသစ်ရွက်ကို ပုံမှန်စားသုံးခြင်းဖြင့်

(၁) ကိုလက်စ်ထရောကိုကျစေခြင်း

(၂) အစာခြေစနစ်ကိုလည်း ကောင်းမွန်စေခြင်း

(၃) သန်ကောင်၊ တုတ်ကောင်ကိုကျစေခြင်း

(၄) ရောင်ရမ်းနာကျင်ခြင်း ကိုသက်သာစေခြင်း၊(၅) ခံတွင်းပျက်ခြင်းမှကာကွယ်ခြင်း

(၅) အဖျားရောဂါကို သက်သာစေခြင်း

(၆) အဝလွန်ခြင်းကို တိုက်ထုတ်ခြင်း

(၇) အသည်းပျက်စီးခြင်းကို သက်သာစေခြင်း

(၈) ဝမ်းနှုတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

(၉) အမျိုးသမီးရောဂါကို ကုသနိုင်ခြင်း

(၁၀) ရောဂါပိုးတွေကို သေစေနိုင်သော အစွမ်းသတ္တိရှိသည်။

တောင်သူဦးကြီးများရှင့် ဤကဲ့သို့ဆေးဖတ်ဝင်လှသော ကသစ်ပင်၏ မူရင်း‌ဒေသမှာ တောင်အာဖရိကနှင့် တောင်အမေရိကဖြစ်ပြီး မြန်မာနိုင်ငံတွင် အထက်ပိုင်းနှင့် အောက်ပိုင်းမိုးပါးသော သစ်တောများ၊ တောင်ငူနယ်နှင့် ပင်လယ်ကမ်းခြေတစ်လျှောက်၊ ပဲခူးရိုးမတောင်တန်းများတွင် ပေါက်ရောက်ကြောင်းသိရှိရသည်ကို တင်ပြရင်းနိဂုံးချုပ်အပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: အစိမ်းရောင်လမ်း

 

[Zawgyi]

လူသိနည္းတဲ့ ကသစ္ပင္အေၾကာင္း

ကသစ္ပင္ကို ကသစ္လို႔ပဲ အမ်ားအားျဖင့္ သိၾကတာပါ။ ပဲမ်ိဳးႏြယ္ဝင္အပင္ဆိုတာကို သိတဲ့သူ နည္းလွပါတယ္။ တကယ္ေတာ့ ကသစ္ပင္က ေပါက္၊ ပိေတာက္တို႔လို ပဲပင္အႀကီးစားျဖစ္ပါတယ္။ သိပၸံအမည္ကေတာ့ Erythrina spp ျဖစ္ပါတယ္။ ကသစ္ပင္က မ်ိဳးစိတ္ေပါင္း ၁၃၀ ခန္႔႐ွိပါတယ္။ ႏွစ္႐ွည္ခံသစ္မာပင္ႀကီးျဖစ္ၿပီး ရာသီအလိုက္ေႂကြေသာ deciduous tree ျဖစ္ပါတယ္။

ပင္စည္ကိုင္းေတြမွာ ဆူးေတြ႐ွိၿပီး မီးခိုးေရာင္အေခါက္ေတြနဲ႔ တန္ဆာဆင္ထားတဲ့ ပင္စည္မွာ အနက္ေရာင္ဆူးမႊားေတြလည္း႐ွိပါတယ္။ အ႐ြက္ေတြကေတာ့ သုံး႐ြက္မႊာငွက္ေမႊး႐ြက္ေပါင္းျဖစ္ၿပီး ႐ြက္လႊဲထြက္ၾကတဲ့ပုံစံပါ။ ႐ြက္စြယ္ပါေပမဲ့ အေႂကြေစာပါတယ္။ ႐ြက္မႊာသုံးခုမွာ အလယ္႐ြက္ကေတာ့ အႀကီးဆုံးပါဘဲ။ ကသစ္ပင္က ေႏြရာသီမွာ အ႐ြက္ေႂကြေလ့႐ွိၿပီး မတ္-ဧၿပီလမွာ နီရဲေသာအပြင့္မ်ားပြင့္ၾကပါတယ္။ ဇြန္-ဇူလိုင္လမ်ားမွာ အေစ့ပါေသာ သီးေတာင့္မ်ားသီးၾကပါတယ္။ ၁၉၆၇ ခုႏွစ္ Okinawa Prefecture မွာ official flower အေနနဲ႔ ကသစ္ပန္းကို အသုံးျပဳခဲ့ၾကတယ္။ ဉ႐ု‌ေဂြးႏိုင္ငံရဲ႕အမ်ိဳးသားပန္းကလည္း ကသစ္ပန္းဘဲျဖစ္ပါတယ္။

ကသစ္ကို ျမန္မာတို႔က ေရကသစ္၊ ကုန္းကသစ္၊ ေတာင္ကသစ္၊ အင္းကသစ္၊ ပင္လယ္ကသစ္၊ ကသစ္ခါးအမ်ိဳးမ်ိဳးေခၚ ၾကေပမဲ့ ေဆးက်မ္းထဲမွာေတာ့ ကသစ္႐ိုး႐ိုးနဲ႔ပင္လယ္ကသစ္ကိုသာ အဓိကခြဲျခားထားတယ္။

ပင္လယ္ကသစ္က သစ္ႀကီးခုႏွစ္ပင္ တြင္ပါဝင္၍ တာဝတႎသာနတ္ျပည္၏ အထိမ္းအမွတ္အျဖစ္ ထင္႐ွားေသာအပင္ျဖစ္သည္။ ပင္လယ္ကသစ္သည္ ၅ မီတာခန္႔ျမင့္သည္။ ႐ိုး႐ိုးကသစ္က ပန္းပြင့္လွ်င့္ အ႐ြက္မ်ား႐ွိမေနတတ္ပါဘူး။ တစ္ပင္လုံးပန္းပြင့္အနီ‌ေရာင္ေတြနဲ႔ ျပည့္ေနတတ္ပါသည္။ အျဖဴေရာင္ပြင့္တဲ့ ကသစ္ျဖဴလည္း႐ွိပါသည္။ ကသစ္ျဖဴကို အမ်ားအားျဖင့္ အလွစိုက္ၾကၿပီး ျမန္မာႏိုင္ငံမွာဆို ခ်င္းျပည္နယ္မွာ ေတြ႕ႏိုင္ပါတယ္။

ကသစ္ပင္၏အ႐ြက္၊ အျမစ္၊ အေခါက္၊ အပြင့္၊ အဖူး အားလုံးတို႔သည္ ပစ္ရက္စရာမ႐ွိေအာင္ ပၪၥငါးပါးလုံးအသုံးဝင္ပါသည္။ ကသစ္အရသာသည္ ပူစပ္ခါး၏။ ေၾကက်က္ေသာအခါစပ္၏ ဟု ဆိုထားပါသည္။ ျပဳတ္၍ တို႔စားပါက ႏႈတ္ကိုၿမိန္ေစ၏။ ဝမ္းမီးကို ေတာက္ေစသည္။ သည္းေျခကိုပယ္သည္။ ပိုးေရာဂါ၊ ေဖာေရာင္နာ ေရာဂါ၊ သည္းေျခေၾကာင့္ျဖစ္ေသာ ေရာဂါကို ေပ်ာက္ေစသည္။ ဆီးခ်ိဳေရာဂါကိုေတာင္ႏိုင္တယ္ဟု ေဆးက်မ္းထဲတြင္ ဆိုထားပါသည္။

ကသစ္ အပြင့္၊ အျမစ္ကိုေထာင္းၿပီး ႏြားႏို႔ေအးတြင္ စိမ္ေသာက္ပါက ကာမအားကိုတိုးေစသည္။

ကသစ္ဆူးဖုကို ေသြးကာလိမ္းေသာ္ ဝက္ျခံေပ်ာက္သည္။ အ႐ြက္ကိုေထာင္းၿပီး ရလာေသာအရည္ကို ေရေႏြးႏွင့္ေရာၿပီးငုံလွ်င္ သြားကိုက္ ေပ်ာက္ေစသည္။

ကသစ္ျမစ္သည္ အစားမွား၍ အဆိပ္ျဖစ္ျခင္း၊ ကင္းကိုက္၊ ေမြးကိုက္၊ ေခြး႐ူးကိုက္၊ ေတာက္တဲ့နက္ကိုက္ စေသာအဆိပ္မွန္သမွ်လည္းႏိုင္သည္။

ကသစ္႐ြက္ကို ေၾကာ္စား၊ ျပဳတ္စားႏိုင္သည့္အျပင္ ဟင္းခ်ိဳျပဳလုပ္ ေသာက္သုံး၍လည္း ရသည္။ ကသစ္႐ြက္ကို ပုံမွန္စားသုံးျခင္းျဖင့္

(၁) ကိုလက္စ္ထေရာကိုက်ေစျခင္း

(၂) အစာေျခစနစ္ကိုလည္း ေကာင္းမြန္ေစျခင္း

(၃) သန္ေကာင္၊ တုတ္ေကာင္ကိုက်ေစျခင္း

(၄) ေရာင္ရမ္းနာက်င္ျခင္း ကိုသက္သာေစျခင္း၊(၅) ခံတြင္းပ်က္ျခင္းမွကာကြယ္ျခင္း

(၅) အဖ်ားေရာဂါကို သက္သာေစျခင္း

(၆) အဝလြန္ျခင္းကို တိုက္ထုတ္ျခင္း

(၇) အသည္းပ်က္စီးျခင္းကို သက္သာေစျခင္း

(၈) ဝမ္းႏႈတ္ေဆးအျဖစ္ အသုံးျပဳႏိုင္ျခင္း

(၉) အမ်ိဳးသမီးေရာဂါကို ကုသႏိုင္ျခင္း

(၁၀) ေရာဂါပိုးေတြကို ေသေစႏိုင္ေသာ အစြမ္းသတၱိ႐ွိသည္။

ေတာင္သူဦးႀကီးမ်ား႐ွင့္ ဤကဲ့သို႔ေဆးဖတ္ဝင္လွေသာ ကသစ္ပင္၏ မူရင္း‌ေဒသမွာ ေတာင္အာဖရိကႏွင့္ ေတာင္အေမရိကျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ အထက္ပိုင္းႏွင့္ ေအာက္ပိုင္းမိုးပါးေသာ သစ္ေတာမ်ား၊ ေတာင္ငူနယ္ႏွင့္ ပင္လယ္ကမ္းေျခတစ္ေလွ်ာက္၊ ပဲခူး႐ိုးမေတာင္တန္းမ်ားတြင္ ေပါက္ေရာက္ေၾကာင္းသိ႐ွိရသည္ကို တင္ျပရင္းနိဂုံးခ်ဳပ္အပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: အစိမ္းေရာင္လမ္း

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service