အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်းများကိုအလုပ်ဆက်လုပ်ခိုင်း

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်းများကိုအလုပ်ဆက်လုပ်ခိုင်း - Property News in Myanmar from iMyanmarHouse.com
19 Nov 2020 11:47 am တွင် တင်ခဲ့သည်
878 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သူနာပြုဆရာမလက်စ်လီမက်ခဲမီ (Leslie McKamey) သည် တစ်နေ့လျှင် ၁၆ နာရီတစ်ဆိုင်းတာဝန်ထမ်းဆောင်ရပြီးမကြာခဏနေ့လယ်စာလွတ်လေ့ရှိကာအိမ်ပြန်ရောက်သည်နှင့် ကလေးများအားရောဂါမကူးစေရန် အဝတ်အစားအားလုံးကိုအဝတ်လျှော်စက်အတွင်းထည့်ကာလျှော်လေ့ရှိသည်။

ကိုဗစ်လူနာများကိုသာဦးစားပေးကုသရမှုများနှင့် ကျင့်သားရနေခဲ့သည်။ ကိုဗစ်လူနာများသည် အရေးပေါ်ခန်းသို့ အသက်ရှှုရခက်ခဲကာရောက်ရှိလာလေ့ရှိရာ ၎င်းတို့၏ ရောဂါအခြေအနေများကိုပင် ပြောမပြနိုင်ကြချေ။

ပြီးခဲ့သော ၈ လတာအတွင်းယင်းသို့သောအခြေအနေများဖြင့် စိတ်မချမ်းမြေ့ဖွယ်သောကများ၊ ခြေကုန်လက်ပန်းကျခြင်းများဖြင့် ကြိုးစားရုန်းကန်နေခဲ့သော်လည်း ပြီးခဲ့သောရက်သတ္တပတ်ကမူမြောက်ဒါကိုတာပြည်နယ် အုပ်ချုပ်ရေးမှူး ဒေါက်ဂ် ဘာဂန် (Doug Burgum ) ၏ ပြောကြားမှုကို ကြားရချိန်တွင် လက်စ်လီတစ်ယောက် အံ့သြတုန်လှုပ်သွားမိသည်။

ဒေါက်ဂ် ဘာဂန်ကပြောသည်မှာကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသောကျန်းမာရေးဝန်ထမ်းများသည် ရောဂါလက္ခဏာ ပြသခြင်းမရှိပါကဆက်လက်တာဝန်ထမ်းဆောင်ရမည်ဟုဆိုသည်။

အဆိုပါအမိန့်သည် ဝန်ထမ်းရှားပါးမှု ပြဿနာကိုနည်းပါးစေရန်အတွက် အမေရိကန်ရောဂါထိန်းချုပ်ရေးဗဟို (CDC) မှ လမ်းညွှန်ထားချက်အတိုင်းဖြစ်ပြီးရောဂါလက္ခဏာမပြသည့် ကျန်းမာရေးဝန်ထမ်းများကိုသာကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာများကိုကုသစေမည် ဖြစ်သည်။

သို့သော် ကျန်းမာရေးဝန်ထမ်းအများစုခံစားကြရသည်မှာအဆိုပါနည်းလမ်းသည် ကျန်းမာရေးဝန်ထမ်းများအပြင် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များအပေါ်တွင်ပါ ဘေးအန္တရာယ်ကျရောက်စေနိုင်ကြောင်းခံစားနေကြရသည်။

မြောက်ဒါကိုတာ ပြည်နယ်သည် အမေရိကန်ပြည်ထောင်စုတွင် COVID-19 အဆိုးရွားဆုံးကူးစက်ခံရသည့် နေရာများတွင် တစ်ခုဖြစ်လာပြီးကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များရှိလာချိန်တွင် ယခုအစီအစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Covid Tracking Project မှ အချက်အလက်များအရ ပြီးခဲ့သောရက်သတ္တပတ်တစ်ခုတည်းတွင်ပင် မြောက်ဒါကိုတာပြည်နယ်တွင် လူပေါင်း ၉၄၀၀ ခန့် COVID-19 ကူးစက်ခံခဲ့ကြရသည်။

အကြမ်းဖျင်းအားဖြင့် မြောက်ဒါကိုတာတွင် လူ ၁၂ ဦးလျှင် ၁ ဦးမှာကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီးသေဆုံးသူ ၁၀၀၀ နီးပါးရှိခဲ့ပြီ ဖြစ်သည်။

နိုဝင်ဘာအစောပိုင်းတွင် မြောက်ဒါကိုတာကျန်းမာရေးဌာနကထုတ်ပြန်ခဲ့ရာတွင် ပြည်နယ်တစ်ခုလုံး၌ အရေးပေါ်လူနာကုသသည့် ကုတင်နေရာ ၁၂ ခုသာရှိကြောင်းထုတ်ပြန်ခဲ့သည်။ Bismarck မှ အရေးပေါ်ခန်းသူနာပြုဖြစ်သူလက်စ်လီကပြောသည်မှာဘာဂန်၏ အမိန့်သည် သူနာပြုတစ်ဦးအဖြစ် သူမသင်ကြားလာခဲ့သည်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်းပြောကြားသည်။

“ကိုဗစ် ပေါ့စတစ်ဖြစ်နေတဲ့ ဝန်ထမ်းတွေကိုဆေးရုံအုပ်ချုပ်ရေးပိုင်းကဖိအားပေးပြီးအလုပ်လုပ်ခိုင်းမယ်ဆိုရင် ဒါကတော်တော် ခြောက်ခြားစရာပါပဲ။ ကိုဗစ် ပေါ့စတစ်ဖြစ်ပြီးရောဂါလက္ခဏာမပြတဲ့ သူနာပြုတွေ အလုပ်လုပ်မယ်ဆိုတာလူနာတွေကို အန္တရာယ် ကျရောက်စေပါလိမ့်မယ်။ ကျွန်မတို့ သင်ကြားလာခဲ့တာကလူတွေဘေးကင်းစေဖို့ သင်ကြားလာခဲ့တာဖြစ်ပါတယ်။ ဒါကလုပ်ဖော်ကိုင်ဖက်တွေအတွက်ပါ အန္တရာယ်ရှိလာနိုင်ပါတယ်” ဟုလက်စ်လီကပြောသည်။

ကပ်ဘေးကာလ ၉ လအတွင်းရောက်ရှိလာခဲ့ချိန်တွင် ကျန်းမာရေးဝန်ထမ်းများမှာရင်ဆိုင်ရသည့်အန္တရာယ်များပိုမိုများပြားလာသည်မှာထင်ရှားလာသည်။

the Guardian နှင့် Kaiser Health Newsသတင်းဌာနများပူးပေါင်းပြီးLost on the Frontlineဟူသောအစီအစဉ်ဖြင့် ကပ်ဘေးကြီးစတင်ပြီးနောက်ပိုင်းCovid-19 ဖြင့် သေဆုံးခဲ့ကြဖွယ်ရှိသောကျန်းမာရေးဝန်ထမ်း ၁၃၇၅ ဦး၏ သေဆုံးမှုနှင့် စပ်လျဉ်းပြီးစုံစမ်းလျက်ရှိသည်။

အဆိုပါ သေဆုံးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၏ ၃ ပုံ ၁ ပုံနီးပါးမှာသူနာပြုများ ဖြစ်ကြသည်။

လက်စ်လီကပြောရာတွင် အရေးပေါ်ခန်းတွင် ကိုဗစ်လူနာများကိုတစ်ညလုံးလက်ခံနေရပြီးတာဝန်ချိန်ရှည်လျားစွာထမ်းဆောင်ရကြောင်း၊ အခြားသောဆေးရုံခန်းများတွင် ကိုဗစ်လူနာများကိုထားရန်နေရာမရှိကြောင်း၊ သူနာပြုများသည် ဖျားနာနေသောလုပ်ဖော်ကိုင်ဖက်များအတွက် ဂျူတီချိန်များအစားဆင်းပေးကြရကြောင်း၊ ကိုဗစ်လူနာများအပြင် အခြားသောအရေးကြီးသည့် လူနာများစွာကိုလည်းတချိန်တည်း ကြည့်ရှုပေးနေရကြောင်းပြောကြားသည်။

ယင်းကားအမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိဆေးရုံများအနက် တစ်ခုသော မြင်ကွင်းဖြစ်လေသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ အချက်အလက်များအရအမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁ သန်းကျော်ရှိခဲ့ပြီးထိုနေ့တစ်ရက်တည်းတွင် ရောဂါကူးစက်ခံရသူ ၁၈၀၀၀၀ ကျော် ရှိခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Anger in North Dakota after governor asks Covid-positive health workers to keep working (The Guardian)

[Zawgyi]

အေမရိကန္တြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသည့္ က်န္းမာေရးဝန္ထမ္းမ်ားကိုအလုပ္ဆက္လုပ္ခိုင္း

သူနာျပဳဆရာမလက္စ္လီမက္ခဲမီ (Leslie McKamey) သည္ တစ္ေန႔လွ်င္ ၁၆ နာရီတစ္ဆိုင္းတာဝန္ထမ္းေဆာင္ရျပီးမၾကာခဏေန႔လယ္စာလြတ္ေလ့ရွိကာအိိမ္ျပန္ေရာက္သည္ႏွင့္ ကေလးမ်ားအားေရာဂါမကူးေစရန္ အဝတ္အစားအားလံုးကိုအဝတ္ေလွ်ာ္စက္အတြင္းထည့္ကာေလွ်ာ္ေလ့ရွိသည္။

ကိုဗစ္လူနာမ်ားကိုသာဦးစားေပးကုသရမႈမ်ားႏွင့္ က်င့္သားရေနခဲ့သည္။ ကိုဗစ္လူနာမ်ားသည္ အေရးေပၚခန္းသို႔ အသက္ရွႈရခက္ခဲကာေရာက္ရွိလာေလ့ရွိရာ ၎တို႔၏ ေရာဂါအေျခအေနမ်ားကိုပင္ ေျပာမျပႏိုင္ၾကေခ်။

ျပီးခဲ့ေသာ ၈ လတာအတြင္းယင္းသို႔ေသာအေျခအေနမ်ားျဖင့္ စိတ္မခ်မ္းေျမ႕ဖြယ္ေသာကမ်ား၊ ေျခကုန္လက္ပန္းက်ျခင္းမ်ားျဖင့္ ၾကိဳးစားရုန္းကန္ေနခဲ့ေသာ္လည္း ျပီးခဲ့ေသာရက္သတၱပတ္ကမူေျမာက္ဒါကိုတာျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ေဒါက္ဂ္ ဘာဂန္ (Doug Burgum ) ၏ ေျပာၾကားမႈကို ၾကားရခ်ိန္တြင္ လက္စ္လီတစ္ေယာက္ အံ့ၾသတုန္လႈပ္သြားမိသည္။

ေဒါက္ဂ္ ဘာဂန္ကေျပာသည္မွာကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရေသာက်န္းမာေရးဝန္ထမ္းမ်ားသည္ ေရာဂါလကၡဏာ ျပသျခင္းမရွိပါကဆက္လက္တာဝန္ထမ္းေဆာင္ရမည္ဟုဆိုသည္။

အဆိုပါအမိန္႔သည္ ဝန္ထမ္းရွားပါးမႈ ျပႆနာကိုနည္းပါးေစရန္အတြက္ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးဗဟို (CDC) မွ လမ္းညႊန္ထားခ်က္အတိုင္းျဖစ္ျပီးေရာဂါလကၡဏာမျပသည့္ က်န္းမာေရးဝန္ထမ္းမ်ားကိုသာကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံလူနာမ်ားကိုကုသေစမည္ ျဖစ္သည္။

သို႔ေသာ္ က်န္းမာေရးဝန္ထမ္းအမ်ားစုခံစားၾကရသည္မွာအဆိုပါနည္းလမ္းသည္ က်န္းမာေရးဝန္ထမ္းမ်ားအျပင္ ၎တို႔၏ လုပ္ေဖာ္ကိုင္ဖက္မ်ားအေပၚတြင္ပါ ေဘးအႏၱရာယ္က်ေရာက္ေစႏိုင္ေၾကာင္းခံစားေနၾကရသည္။

ေျမာက္ဒါကိုတာ ျပည္နယ္သည္ အေမရိကန္ျပည္ေထာင္စုတြင္ COVID-19 အဆိုးရြားဆံုးကူးစက္ခံရသည့္ ေနရာမ်ားတြင္ တစ္ခုျဖစ္လာျပီးက်န္းမာေရးဝန္ထမ္းလိုအပ္ခ်က္မ်ားရွိလာခ်ိန္တြင္ ယခုအစီအစဥ္ ေပၚေပါက္လာျခင္း ျဖစ္သည္။

Covid Tracking Project မွ အခ်က္အလက္မ်ားအရ ျပီးခဲ့ေသာရက္သတၱပတ္တစ္ခုတည္းတြင္ပင္ ေျမာက္ဒါကိုတာျပည္နယ္တြင္ လူေပါင္း ၉၄၀၀ ခန္႔ COVID-19 ကူးစက္ခံခဲ့ၾကရသည္။

အၾကမ္းဖ်င္းအားျဖင့္ ေျမာက္ဒါကိုတာတြင္ လူ ၁၂ ဦးလွ်င္ ၁ ဦးမွာကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရျပီးေသဆံုးသူ ၁၀၀၀ နီးပါးရွိခဲ့ျပီ ျဖစ္သည္။

ႏိုဝင္ဘာအေစာပိုင္းတြင္ ေျမာက္ဒါကိုတာက်န္းမာေရးဌာနကထုတ္ျပန္ခဲ့ရာတြင္ ျပည္နယ္တစ္ခုလံုး၌ အေရးေပၚလူနာကုသသည့္ ကုတင္ေနရာ ၁၂ ခုသာရွိေၾကာင္းထုတ္ျပန္ခဲ့သည္။ Bismarck မွ အေရးေပၚခန္းသူနာျပဳျဖစ္သူလက္စ္လီကေျပာသည္မွာဘာဂန္၏ အမိန္႔သည္ သူနာျပဳတစ္ဦးအျဖစ္ သူမသင္ၾကားလာခဲ့သည္မ်ားႏွင့္ ဆန္႔က်င္ဘက္ျဖစ္ေနေၾကာင္းေျပာၾကားသည္။

“ကိုဗစ္ ေပါ့စတစ္ျဖစ္ေနတဲ့ ဝန္ထမ္းေတြကိုေဆးရံုအုပ္ခ်ဳပ္ေရးပိုင္းကဖိအားေပးျပီးအလုပ္လုပ္ခိုင္းမယ္ဆိုရင္ ဒါကေတာ္ေတာ္ ေျခာက္ျခားစရာပါပဲ။ ကိုဗစ္ ေပါ့စတစ္ျဖစ္ျပီးေရာဂါလကၡဏာမျပတဲ့ သူနာျပဳေတြ အလုပ္လုပ္မယ္ဆိုတာလူနာေတြကို အႏၱရာယ္ က်ေရာက္ေစပါလိမ့္မယ္။ ကၽြန္မတို႔ သင္ၾကားလာခဲ့တာကလူေတြေဘးကင္းေစဖို႔ သင္ၾကားလာခဲ့တာျဖစ္ပါတယ္။ ဒါကလုပ္ေဖာ္ကိုင္ဖက္ေတြအတြက္ပါ အႏၱရာယ္ရွိလာႏိုင္ပါတယ္” ဟုလက္စ္လီကေျပာသည္။

ကပ္ေဘးကာလ ၉ လအတြင္းေရာက္ရွိလာခဲ့ခ်ိန္တြင္ က်န္းမာေရးဝန္ထမ္းမ်ားမွာရင္ဆိုင္ရသည့္အႏၱရာယ္မ်ားပိုမိုမ်ားျပားလာသည္မွာထင္ရွားလာသည္။

the Guardian ႏွင့္ Kaiser Health Newsသတင္းဌာနမ်ားပူးေပါင္းျပီးLost on the Frontlineဟူေသာအစီအစဥ္ျဖင့္ ကပ္ေဘးၾကီးစတင္ျပီးေနာက္ပိုင္းCovid-19 ျဖင့္ ေသဆံုးခဲ့ၾကဖြယ္ရွိေသာက်န္းမာေရးဝန္ထမ္း ၁၃၇၅ ဦး၏ ေသဆံုးမႈႏွင့္ စပ္လ်ဥ္းျပီးစံုစမ္းလ်က္ရွိသည္။

အဆိုပါ ေသဆံုးခဲ့ၾကသည့္ က်န္းမာေရးဝန္ထမ္းမ်ား၏ ၃ ပံု ၁ ပံုနီးပါးမွာသူနာျပဳမ်ား ျဖစ္ၾကသည္။

လက္စ္လီကေျပာရာတြင္ အေရးေပၚခန္းတြင္ ကိုဗစ္လူနာမ်ားကိုတစ္ညလံုးလက္ခံေနရျပီးတာဝန္ခ်ိန္ရွည္လ်ားစြာထမ္းေဆာင္ရေၾကာင္း၊ အျခားေသာေဆးရံုခန္းမ်ားတြင္ ကိုဗစ္လူနာမ်ားကိုထားရန္ေနရာမရွိေၾကာင္း၊ သူနာျပဳမ်ားသည္ ဖ်ားနာေနေသာလုပ္ေဖာ္ကိုင္ဖက္မ်ားအတြက္ ဂ်ဴတီခ်ိန္မ်ားအစားဆင္းေပးၾကရေၾကာင္း၊ ကိုဗစ္လူနာမ်ားအျပင္ အျခားေသာအေရးၾကီးသည့္ လူနာမ်ားစြာကိုလည္းတခ်ိန္တည္း ၾကည့္ရႈေပးေနရေၾကာင္းေျပာၾကားသည္။

ယင္းကားအေမရိကန္ျပည္ေထာင္စုတစ္ဝန္းရွိေဆးရံုမ်ားအနက္ တစ္ခုေသာ ျမင္ကြင္းျဖစ္ေလသည္။

ႏိုဝင္ဘာလ ၁၆ ရက္ေန႔ အခ်က္အလက္မ်ားအရအေမရိကန္ျပည္ေထာင္စုတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၁ သန္းေက်ာ္ရွိခဲ့ျပီးထိုေန႔တစ္ရက္တည္းတြင္ ေရာဂါကူးစက္ခံရသူ ၁၈၀၀၀၀ ေက်ာ္ ရွိခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Anger in North Dakota after governor asks Covid-positive health workers to keep working (The Guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service