၂၀၁၂ ခုနှစ်၊လယ်ယာမြေဥပဒေအရလယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇)အမည်ပြောင်းခြင်းကို၂၀၁၉ ခုနှစ်မှသာဆောင်ရွက်ခွင့်ရရှိခဲ့ပြီး အရှေ့ပိုင်းကအရောင်းအဝယ်များကိုအရောင်းအဝယ်စာချုပ်ပြန်လည်ချုပ်ဆိုရန်အမည်ပေါက်သေဆုံးသွားသောအခါ မည်သို့ဆောင်ရွက်ရမည်နည်း။

၂၀၁၂ ခုနှစ်၊လယ်ယာမြေဥပဒေအရလယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇)အမည်ပြောင်းခြင်းကို၂၀၁၉ ခုနှစ်မှသာဆောင်ရွက်ခွင့်ရရှိခဲ့ပြီး အရှေ့ပိုင်းကအရောင်းအဝယ်များကိုအရောင်းအဝယ်စာချုပ်ပြန်လည်ချုပ်ဆိုရန်အမည်ပေါက်သေဆုံးသွားသောအခါ မည်သို့ဆောင်ရွက်ရမည်နည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
13 Nov 2020 12:41 pm တွင် တင်ခဲ့သည်
1304 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

 

[Unicode]

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရလယ်ယာမြေလုပ်ပိုင်ခွင့်ရောင်းချခြင်းအားမှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး ထိုသို့ချုပ်ဆိုရန်အတွက်လယ်ယာမြေကာလတန်ဖိုးသတ်မှတ်ပေးရန်မည်သူကိုမှတာဝန်ပေးအပ်ထားခြင်းမရှိသည့်အတွက် တရားဝင်မှတ်ပုံတင်အရောင်းအဝယ်ဆောင်ရွက်လို့မရခဲ့ပါဘူး။

၂၀၁၉ ခုနှစ်၊မေလတွင်လယ်ယာမြေကာလတန်ဖိုးသတ်မှတ်ပေးရန်အတွက်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကိုတာဝန်ပေးအပ်ခဲ့ပါသည်။ထိုအချိန်မှစပြီး လယ်ယာမြေကိုတရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း၊လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) အမည်ပြောင်းဆောင်ရွက်ခြင်းများကိုစတင်ဆောင်ရွက်နိုင်ခဲ့သည်။

၂၀၁၂ ခုနှစ်မှ၂၀၁၉ ခုနှစ်၊မေလရှေ့ပိုင်းတွင်ချုပ်ဆိုထားသည့်စာချုပ်များကိုပြန်လည်ချုပ်ဆိုရမည်ဖြစ်သော်လည်း တစ်ချို့မှာလယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်အမည်ပေါက်သေဆုံးသွားခြင်းမျိုးဖြစ်ပွားလျက်ရှိပါသည်။ထိုအခါ ကျန်ရစ်သူကမည်သို့ဆောင်ရွက်ရမလဲဆိုတဲ့ပြသာနာရှိလာပါသည်။

ဥပဒေအရခင်ပွန်းဖြစ်သူအမည်ပေါက်ပုံစံ(၇)ကိုကျန်ရစ်သူဇနီးဖြစ်သူ၏အမည်ဖြင့်ပုံစံ(၇)ပြင်ဆင်ထုတ်ပေးရန်ဦးစွာဆောင်ရွက်ရမည်။ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)၊အပိုဒ် (၄)၊ပိုဒ်မခွဲ (က) ပါညွှန်ကြားချက်နှင့်အညီ

- စီရင်ပိုင်ခွင့်ရှိသောတရားရုံးမှထုတ်ပေးသောအမွေဆက်ခံခွင့်လက်မှတ်မိတ္တူနှင့်အမည်ပြောင်းလျှောက်ထားလွှာ

- မိမိခင်ပွန်အမည်ဖြင့်ထုတ်ပေးသောပုံစံ(၇)မူရင်း

- သက်ဆိုင်ရာရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏စီစစ်ထောက်ခံချက်များ

- မြို့နယ်ဦးစီးဌာနမှူးထံလိမ့်မူလျှောက်ထားရမည်။ ထို့ကြောင့် ပထမဦးစွာစီရင်ပိုင်ခွင့်ရှိသောတရားရုံးသို့အမွေဆက်ခံခွင့်ရှိကြောင်းအထောက်အထားအဖြစ်အမွေဆက်ခံခွင့်လက်မှတ်လျှောက်ထားရမည်။ထို့နောက် တရားရုံးကထုတ်ပေးသောအမွေဆက်ခံခွင့်လက်မှတ်မိတ္တူဖြင့်အမည်ပြောင်းလျှောက်ထားရန်ဖြစ်သည်။

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇)တွင်ကျန်ရစ်သူဇနီးအမည်ပေါက်ပြောင်းလဲပြီးသည့်အခါမှ ဇနီးဖြစ်သူကမှတ်ပုံတင်အရောင်းအဝယ်စာချုပ်အသစ်ချုပ်ဆိုပေးရမည်ဖြစ်သည်။

အထက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်မှသာဥပဒေနှင့်အညီပုံစံ(၇)အမည်ပေါက်သေဆုံးသောကိစ္စများအတွက်မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးဝယ်ယူသူမှ၎င်းအမည်ပေါက်ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန်ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service