၂၀၁၉-၂၀ ဘဏ္ဍနှစ်တွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၄၅ ခုခွင့်ပြုပေးခဲ့ဟုဆို

၂၀၁၉-၂၀ ဘဏ္ဍနှစ်တွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၄၅ ခုခွင့်ပြုပေးခဲ့ဟုဆို - Property News in Myanmar from iMyanmarHouse.com
11 Nov 2020 12:16 pm တွင် တင်ခဲ့သည်
688 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း၂၄၅ခု ကိုခွင့်ပြုပေးနိုင်ခဲ့ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီညွှန်ကြားဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ကပြောသည်။

ယင်းလုပ်ငန်းများသည် လုပ်ငန်းကဏ္ဍ ၉ခုကနေခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာ ၅ဒသမ ၆၈ဘီလီယံကျော်ရရှိခဲ့ကြောင်း ၎င်းကပြောသည်။

“၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်းမှာပြည်ပရင်းနှီးမြှုပ်နှံမှု FDI ခွင့်ပြုပေးနိုင်မှုအနေနဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ခွင့်ပြုပေးခဲ့တာကတော့စုစုပေါင်းအမေရိကန်ဒေါ်လာ ၅၅၂၅သန်းကျော်ဖြစ်ပါတယ်။အထူးစီးပွားရေးဇုန်ဥပဒေအရ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်းမှာရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင်စုစုပေါင်းပမာဏအမေရိကန်ဒေါ်လာ ၁၆၃သန်းကျော်ဖြစ်ပါတယ်။”ဟု ဦးသန့်စင်လွင်ကပြောသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ စက်မှုကဏ္ဍ၊လျှပ်စစ်ကဏ္ဍ၊ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊အိမ်ယာဖွံ့ဖြိုးရေးကဏ္ဍ၊အခြားဝန်ဆောင်မှုကဏ္ဍ၊ပို့ဆောင်ရေးကဏ္ဍတို့ ပါဝင်ကြောင်းသိရသည်။

ယင်းအပြင် မွေးမြူရေးကဏ္ဍ၊စက်မှုဇုန်တည်ဆောက်ရေးကဏ္ဍ၊ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ၊လယ်ယာကဏ္ဍနှင့်သတ္တုလုပ်ငန်းကဏ္ဍတို့လည်းပါဝင်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် လျှပ်စစ်ကဏ္ဍကအမေရိကန်ဒေါ်လာ၁ဒသမ၆၇ဘီလီယံဖြင့်အများဆုံးရင်းနှီးမြှုပ်နှံထားပြီး၊စက်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ၁ဒသမ ၁၂ဘီလီယံနှင့်အိမ်ယာဖွံ့ဖြိုးရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁ဒသမ ၁၁ဘီလီယံဖြင့်အများဆုံးရင်းနှီးမြှုပ်နှံထားကြကြောင်း ဦးသန့်စင်လွင်ကပြောသည်။

ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ခဲ့သည့်နိုင်ငံပေါင်း ၁၀နိုင်ငံထိရှိခဲ့ပြီးစင်္ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ၁ဒသမ ၈ဘီလီယံဖြင့်အများဆုံးလုပ်ကိုင်နေသောနိုင်ငံအဖြစ် ရပ်တည်နေသည်ဟု၎င်းကပြောသည်။

ထို့အပြင် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကအမေရိကန်ဒေါ်လာ ၁ဒသမ ၄ဘီလီယံဖြင့်ဒုတိယနေရာတွင်ရှိပြီး၊ဂျပန်နိုင်ငံက ၇၆၈မီလီယံဖြင့်တတိယနေရာတွင်ရပ်တည်နေကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများမှပြည်တွင်းလုပ်သားပေါင်း ၁သိန်း ၈သောင်းကျော်ကိုအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ခဲ့ပြီးပြည်ပလုပ်သားပေါင်း ၄၇၀၀ကျော်ကိုလည်းအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ခဲ့သည်ဟု သိရသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service