ကိုဗစ်ကာလ ရန်ကုန်မှာ လျှောက်သွားနေတဲ့ မျောက် ဖမ်းမိပြီ

ကိုဗစ်ကာလ ရန်ကုန်မှာ လျှောက်သွားနေတဲ့ မျောက် ဖမ်းမိပြီ - Property News in Myanmar from iMyanmarHouse.com
7 Nov 2020 10:59 am တွင် တင်ခဲ့သည်
1914 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ အလွန်များပြားနေသော ရန်ကုန်မြို့တွင် နေအိမ်တွင်သာ နေထိုင်ကြရန် အစိုးရက အမိန့်ထုတ်ပြန်ထားသော်လည်း မျောက်တစ်ကောင်မှာမူ မခန့်လေးစားဖြင့် ရန်ကုန်တစ်မြို့လုံး လည်ပတ်နေရာ ရက်သတ္တပတ်ခန့် လိုက်လံဖမ်းဆီးခဲ့ရပြီးနောက် ယခုအခါ ပြန်လည်ဖမ်းမိသွားပြီ ဖြစ်သည်။

ရန်ကုန်တိရ စ္ဆာန်ဥယျာဉ်မှ အရာရှိတစ်ဦးက ပြောကြားရာတွင် မျောက်ကို ပြန်လည်ဖမ်းမိပြီဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

“သူ့ကို မနေ့က မွန်းလွဲပိုင်းက ဖမ်းမိခဲ့ပါတယ်။ သူက ကျွန်တော်တို့ တိရ စ္ဆာန်ရုံက မဟုတ်ပါဘူး။ သူ့ကို မွေးထားတဲ့ တစ်ယောက်ယောက်ဆီက လွတ်လာတာ ဖြစ်နိုင်ပါတယ်။ ပိုင်ရှင်လာခေါ်တဲ့အထိ သူ့ကို ကျွန်တော်တို့ ထိန်းသိမ်းပေးထားမှာပါ” ဟု အမည်မဖော်လိုသော တိရ စ္ဆာန်ရုံ အလုပ်သမားတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များစွာတွင် အဆိုပါမျောက်ကို တွေ့မြင်လိုက်ရသည်ဟူသော သတင်းများထွက်ပေါ်ခဲ့သည်။

ပြီးခဲ့သော သောကြာနေ့ကမူ အဆိုပါမျောက်သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၉၄ လမ်းနှင့် သိမ်ကုန်းဘုန်းတော်ကြီးကျောင်းအနီးတွင် ရောက်ရှိနေခဲ့သည်။

ရပ်ကွက်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က တိရ စ္ဆာန်ရုံထံ ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း မျောက်မှာ လွတ်မြောက်သွားခဲ့ပြန်သည်။

စနေနေ့တွင်ကား ဗိုလ်တစ်ထောင်မြို့နယ်တွင် မျောက်ကို တွေ့ခဲ့ပြီး ယင်းနောက် မင်္ဂလာတောင်ညွန့်မြို့နယ်ဘက်သို့ ရောက်သွားပြန်ကာ တဖန်ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

“နိုဝင်ဘာလ ၁ ရက်မှာ မျောက်ကို သံလျက်စွန်းနားမှာ တွေ့တယ်ဆိုတဲ့ သတင်း ကျွန်တော်တို့ ထပ်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရောက်သွားချိန်မှာ မရှိတော့ဘူး။ သူ့ကိုရှာနိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်” ဟု တိရ စ္ဆာန်ရုံ အရာရှိတစ်ဦးက နောက်တစ်ရက်တွင် ပြောကြားသည်။

တိရ စ္ဆာန်ရုံ၏ ထုတ်ပြန်ချက်အရ အဆိုပါမျောက်သည် အထီးဖြစ်ပြီး ၎င်းတို့၏ မျောက် မဟုတ်ကြောင်း၊ တိရ စ္ဆာန်ရုံတွင် လက်ရှိအားဖြင့် မျောက်မများနှင့် မျောက်ပေါက်ကလေးများသာရှိကြောင်း ထုတ်ပြန်ထားသည်။

ကပ်ဘေးဒဏ် အပြင်းအထန်ခံနေရသော ရန်ကုန်တွင် အဆိုပါမျောက် လွတ်မြောက်သွားလာနေသည့်သတင်းမှာ အွန်လိုင်းတွင် ရေပန်းစားခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော ဇော်ဝင်းထွန်းအမည်ရှိ ဖေ့စ်ဘုတ်သုံးစွဲသူက အောက်တိုဘာ ၃၀ ရက် ရက်စွဲဖြင့် ဓာတ်ပုံတင်ကာ ဖော်ပြခဲ့ရာ အဆိုပါမျောက်မှာ အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်တွင် ထိုင်နေပုံကို တွေ့ရသည်။

ကျော်စိုးနိုင်အမည်ရှိ ဖေ့စ်ဘုတ်သုံးစွဲသူက မှတ်ချက်ပြုရာတွင် ကိုဗစ်ကာလအတွင်း နေအိမ်တွင်သာ နေထိုင်ရချိန် ရောက်သောအခါ အပြင်လောက၏ အရသာကို ပြန်လည်မက်မောမိကြောင်း၊ ထို့ကြောင့် လှောင်အိမ်ထဲတွင်သာ နေကြရသည့် တိရ စ္ဆာန်တို့၏ ဘဝများကို စာနာမိကြောင်း၊ အချိန်အတိုင်းအတာတစ်ခုအထိ သွားလာခွင့်ပေးထားသင့်ကြောင်း တောင်းဆိုကာ မှတ်ချက်ပြုထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Yangon cheers cheeky monkey who outwitted authorities from lockdown (Coconuts)

[Zawgyi]

ကိုဗစ္ကာလ ရန္ကုန္မွာ ေလွ်ာက္သြားေနတဲ့ ေမ်ာက္ ဖမ္းမိျပီ

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ား အလြန္မ်ားျပားေနေသာ ရန္ကုန္ျမိဳ႕တြင္ ေနအိမ္တြင္သာ ေနထိုင္ၾကရန္ အစိုးရက အမိန္႔ထုတ္ျပန္ထားေသာ္လည္း ေမ်ာက္တစ္ေကာင္မွာမူ မခန္႔ေလးစားျဖင့္ ရန္ကုန္တစ္ျမိဳ႕လံုး လည္ပတ္ေနရာ ရက္သတၱပတ္ခန္႔ လိုက္လံဖမ္းဆီးခဲ့ရျပီးေနာက္ ယခုအခါ ျပန္လည္ဖမ္းမိသြားျပီ ျဖစ္သည္။

ရန္ကုန္တိရ စၦာန္ဥယ်ာဥ္မွ အရာရွိတစ္ဦးက ေျပာၾကားရာတြင္ ေမ်ာက္ကို ျပန္လည္ဖမ္းမိျပီျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားသည္။

“သူ႔ကို မေန႔က မြန္းလြဲပိုင္းက ဖမ္းမိခဲ့ပါတယ္။ သူက ကၽြန္ေတာ္တို႔ တိရ စၦာန္ရံုက မဟုတ္ပါဘူး။ သူ႔ကို ေမြးထားတဲ့ တစ္ေယာက္ေယာက္ဆီက လြတ္လာတာ ျဖစ္ႏိုင္ပါတယ္။ ပိုင္ရွင္လာေခၚတဲ့အထိ သူ႔ကို ကၽြန္ေတာ္တို႔ ထိန္းသိမ္းေပးထားမွာပါ” ဟု အမည္မေဖာ္လိုေသာ တိရ စၦာန္ရံု အလုပ္သမားတစ္ဦးက ေျပာသည္။

ရန္ကုန္ျမိဳ႕တြင္း ျမိဳ႕နယ္မ်ားစြာတြင္ အဆိုပါေမ်ာက္ကို ေတြ႔ျမင္လိုက္ရသည္ဟူေသာ သတင္းမ်ားထြက္ေပၚခဲ့သည္။

ျပီးခဲ့ေသာ ေသာၾကာေန႔ကမူ အဆိုပါေမ်ာက္သည္ မဂၤလာေတာင္ညြန္႔ျမိဳ႕နယ္၊ ၉၄ လမ္းႏွင့္ သိမ္ကုန္းဘုန္းေတာ္ၾကီးေက်ာင္းအနီးတြင္ ေရာက္ရွိေနခဲ့သည္။

ရပ္ကြက္သားမ်ားႏွင့္ မီးသတ္တပ္ဖြဲ႔ဝင္တို႔က တိရ စၦာန္ရံုထံ ဆက္သြယ္အေၾကာင္းၾကားခ့ဲေသာ္လည္း ေမ်ာက္မွာ လြတ္ေျမာက္သြားခဲ့ျပန္သည္။

စေနေန႔တြင္ကား ဗိုလ္တစ္ေထာင္ျမိဳ႕နယ္တြင္ ေမ်ာက္ကို ေတြ႔ခဲ့ျပီး ယင္းေနာက္ မဂၤလာေတာင္ညြန္႔ျမိဳ႕နယ္ဘက္သို႔ ေရာက္သြားျပန္ကာ တဖန္ထြက္ေျပးလြတ္ေျမာက္သြားခဲ့သည္။

“ႏိုဝင္ဘာလ ၁ ရက္မွာ ေမ်ာက္ကို သံလ်က္စြန္းနားမွာ ေတြ႔တယ္ဆိုတဲ့ သတင္း ကၽြန္ေတာ္တို႔ ထပ္ရတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ေရာက္သြားခ်ိန္မွာ မရွိေတာ့ဘူး။ သူ႔ကိုရွာႏိုင္ဖို႔ ကၽြန္ေတာ္တို႔ အစြမ္းကုန္ၾကိဳးစားေနပါတယ္” ဟု တိရ စၦာန္ရံု အရာရွိတစ္ဦးက ေနာက္တစ္ရက္တြင္ ေျပာၾကားသည္။

တိရ စၦာန္ရံု၏ ထုတ္ျပန္ခ်က္အရ အဆိုပါေမ်ာက္သည္ အထီးျဖစ္ျပီး ၎တို႔၏ ေမ်ာက္ မဟုတ္ေၾကာင္း၊ တိရ စၦာန္ရံုတြင္ လက္ရွိအားျဖင့္ ေမ်ာက္မမ်ားႏွင့္ ေမ်ာက္ေပါက္ကေလးမ်ားသာရွိေၾကာင္း ထုတ္ျပန္ထားသည္။

ကပ္ေဘးဒဏ္ အျပင္းအထန္ခံေနရေသာ ရန္ကုန္တြင္ အဆိုပါေမ်ာက္ လြတ္ေျမာက္သြားလာေနသည့္သတင္းမွာ အြန္လိုင္းတြင္ ေရပန္းစားခဲ့သည္။

မဂၤလာေတာင္ညြန္႔ျမိဳ႕နယ္တြင္ ေနထိုင္ေသာ ေဇာ္ဝင္းထြန္းအမည္ရွိ ေဖ့စ္ဘုတ္သံုးစြဲသူက ေအာက္တိုဘာ ၃၀ ရက္ ရက္စြဲျဖင့္ ဓာတ္ပံုတင္ကာ ေဖာ္ျပခဲ့ရာ အဆိုပါေမ်ာက္မွာ အေဆာက္အအံုတစ္ခု၏ ေခါင္မိုးေပၚတြင္ ထိုင္ေနပံုကို ေတြ႔ရသည္။

ေက်ာ္စိုးႏိုင္အမည္ရွိ ေဖ့စ္ဘုတ္သံုးစြဲသူက မွတ္ခ်က္ျပဳရာတြင္ ကိုဗစ္ကာလအတြင္း ေနအိမ္တြင္သာ ေနထုိင္ရခ်ိန္ ေရာက္ေသာအခါ အျပင္ေလာက၏ အရသာကို ျပန္လည္မက္ေမာမိေၾကာင္း၊ ထို႔ေၾကာင့္ ေလွာင္အိမ္ထဲတြင္သာ ေနၾကရသည့္ တိရ စၦာန္တို႔၏ ဘဝမ်ားကို စာနာမိေၾကာင္း၊ အခ်ိန္အတိုင္းအတာတစ္ခုအထိ သြားလာခြင့္ေပးထားသင့္ေၾကာင္း ေတာင္းဆိုကာ မွတ္ခ်က္ျပဳထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Yangon cheers cheeky monkey who outwitted authorities from lockdown (Coconuts)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service