ဒုတိယအကြိမ် လော့ဒေါင်းချမည့် အင်္ဂလန်မှ ချမ်းသာကြွယ်ဝသူများထွက်ပြေးကြရာစင်းလုံးငှားလေယာဉ် ငှားရမ်းမှု မြင့်တက်

ဒုတိယအကြိမ် လော့ဒေါင်းချမည့် အင်္ဂလန်မှ ချမ်းသာကြွယ်ဝသူများထွက်ပြေးကြရာစင်းလုံးငှားလေယာဉ် ငှားရမ်းမှု မြင့်တက် - Property News in Myanmar from iMyanmarHouse.com
5 Nov 2020 11:02 am တွင် တင်ခဲ့သည်
1913 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကြာသပတေးနေ့ (နိုဝင်ဘာ ၅) ရက်တွင် အင်္ဂလန်တွင် စတင်ချမှတ်မည့် ဒုတိယအကြိမ် လော့ဒေါင်းမှ ထွက်ပြေးကြမည့် အင်္ဂလန်မှ ချမ်းသာကြွယ်ဝသူများသည် စင်းလုံးငှားလေယာဉ်များငှားရမ်းမှု မြင့်တက်လာနေကြောင်းဂျက်လေယာဉ်ငှားရမ်းမှု အကျိုးဆောင်တို့ကပြောကြားသည်။

ကြာသပတေးနေ့မတိုင်မီအင်္ဂလန်မှ ထွက်ခွာရန် သီးသန့်ဂျက်လေယာဉ် ငှားရမ်းမှုများသိသာစွာမြင့်တက်လာခဲ့ကြောင်းလေကြောင်းကုမ္ပဏီကြီးများမှတစ်ခုဖြစ်သောAir Partner က ပြောကြားသည်။

အဆိုပါကုမ္ပဏီသည် ပရီးမီးယားလိဂ်မှ ဘောလုံးသမားများ၊ အကျော်အမော်များ၊ တော်ဝင်မိသားစုနှင့် စက်မှုထိပ်သီး ၈ နိုင်ငံ( G8) မှ ၆ နိုင်ငံ၏ အစိုးရများအတွက် လေယာဉ်များစီစဉ်ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။

(မှတ်ချက်။ G8 တွင် ပါဝင်သော နိုင်ငံများမှာအမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ရုရှား၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့ ဖြစ်ကြသည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားကကရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်ခဲ့သောကြောင့် G8 အဖွဲ့မှ ယာယီထုတ်ပယ်ခဲ့သည်။

သို့သော် ၂၀၁၇ ခုနှစ်တွင်မူရုရှားက G8 မှ အပြီးအပိုင်နှုတ်ထွက်ကြောင်းကြေညာခဲ့ရာ G7 အဖွဲ့အဖြစ် ပြောင်းလဲသွားခဲ့သည်)

Air Partnerကုမ္ပဏီကထုတ်ပြန်ရာတွင် မကြာသေးမီရက်များအတွင်းသီးသန့်လေယာဉ်ငှားရမ်းရန် စုံစမ်းမှုများများပြားခဲ့ကြောင်းထုတ်ပြန်သည်။

“ဒီလိုလေယာဉ်ခရီးစဉ်စုံစမ်းမှု အများစုဟာဥရောပကသူတို့ရဲ့ ဒုတိယအိမ်နေရာတွေကိုသွားဖို့ဆန္ဒရှိတဲ့ တစ်သီးပုဂ္ဂလပုဂ္ဂိုလ်တွေကစုံစမ်းမေးမြန်းကြတာဖြစ်ပြီးလက်ရှိအချိန်မှာရာသီဥတု နွေးထွေးနေဆဲဖြစ်တဲ့ Canary ကျွန်းစုလိုမျိုးလူကြိုက်များတဲ့နေရာတွေကို ဖြစ်ပါတယ်” ဟုAir Partnerကုမ္ပဏီကပြောကြားသည်။

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာလေကြောင်းခရီးစဉ်အများစုရပ်နားထားရချိန်တွင် စင်းလုံးငှားသီးသန့်ဂျက်လေယာဉ်ခရီးစဉ်များ၏ ငှားရမ်းလိုအားသည် ယခုလအတွင်းဆက်လက်ရှိနေဦးမည်ဟုမျှော်လင့်ထားကြောင်းလည်းAir Partnerကုမ္ပဏီကဆက်လက်ပြောကြားသည်။

နိုဝင်ဘာလ ၅ ရက်တွင် အင်္ဂလန်တွင် လော့ဒေါင်းစတင်ချမှတ်မည်ဖြစ်ပြီးအင်္ဂလန်ပြည်သူများသည် မလုပ်မဖြစ် အကြောင်းကိစ္စမှလွဲပြီး ပြည်ပသို့ ခရီးသွားလာခြင်းကိုဒီဇင်ဘာလ ၂ ရက်အထိပိတ်ပင်ထားမည် ဖြစ်သည်။

လန်ဒန်မြို့၊ Biggin Hill အရပ်မှ စပိန်နိုင်ငံရှိ Canary ကျွန်းစုမှ အကြီးဆုံးကျွန်းဖြစ်သော Tenerife အထိလေယာဉ်ခရီးစဉ် တစ်ကြောင်းအတွက် လူ ၅ ဦးစာသီးသန့် ငှားရမ်းခမှာပေါင် ၂၄၀၀၀ (မြန်မာကျပ်ငွေ သိန်း ၄၀၀ ကျော်) ဖြစ်သည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Private jet bookings soar as wealthy flee second England lockdown (The Guardian)

 

[Zawgyi]

 

ဒုတိယအၾကိမ္ ေလာ့ေဒါင္းခ်မည့္ အဂၤလန္မွ ခ်မ္းသာၾကြယ္ဝသူမ်ားထြက္ေျပးၾကရာစင္းလံုးငွားေလယာဥ္ ငွားရမ္းမႈ ျမင့္တက္

ၾကာသပေတးေန႔ (ႏိုဝင္ဘာ ၅) ရက္တြင္ အဂၤလန္တြင္ စတင္ခ်မွတ္မည့္ ဒုတိယအၾကိမ္ ေလာ့ေဒါင္းမွ ထြက္ေျပးၾကမည့္ အဂၤလန္မွ ခ်မ္းသာၾကြယ္ဝသူမ်ားသည္ စင္းလံုးငွားေလယာဥ္မ်ားငွားရမ္းမႈ ျမင့္တက္လာေနေၾကာင္းဂ်က္ေလယာဥ္ငွားရမ္းမႈ အက်ဳိးေဆာင္တို႔ကေျပာၾကားသည္။

ၾကာသပေတးေန႔မတိုင္မီအဂၤလန္မွ ထြက္ခြာရန္ သီးသန္႔ဂ်က္ေလယာဥ္ ငွားရမ္းမႈမ်ားသိသာစြာျမင့္တက္လာခဲ့ေၾကာင္းေလေၾကာင္းကုမၸဏီၾကီးမ်ားမွတစ္ခုျဖစ္ေသာAir Partner က ေျပာၾကားသည္။

အဆိုပါကုမၸဏီသည္ ပရီးမီးယားလိဂ္မွ ေဘာလံုးသမားမ်ား၊ အေက်ာ္အေမာ္မ်ား၊ ေတာ္ဝင္မိသားစုႏွင့္ စက္မႈထိပ္သီး ၈ ႏိုင္ငံ( G8) မွ ၆ ႏိုင္ငံ၏ အစိုးရမ်ားအတြက္ ေလယာဥ္မ်ားစီစဥ္ေပးေနသည့္ ကုမၸဏီ ျဖစ္သည္။

(မွတ္ခ်က္။ G8 တြင္ ပါဝင္ေသာ ႏိုင္ငံမ်ားမွာအေမရိကန္ျပည္ေထာင္စု၊ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ဂ်ပန္၊ ရုရွား၊ ျဗိတိန္ႏွင့္ ဥေရာပသမဂၢတို႔ ျဖစ္ၾကသည္။ ၂၀၁၄ ခုႏွစ္တြင္ ရုရွားကကရိုင္းမီးယားေဒသကို က်ဴးေက်ာ္သိမ္းပိုက္ခဲ့ေသာေၾကာင့္ G8 အဖြဲ႔မွ ယာယီထုတ္ပယ္ခဲ့သည္။

သို႔ေသာ္ ၂၀၁၇ ခုႏွစ္တြင္မူရုရွားက G8 မွ အျပီးအပိုင္ႏႈတ္ထြက္ေၾကာင္းေၾကညာခဲ့ရာ G7 အဖြဲ႔အျဖစ္ ေျပာင္းလဲသြားခဲ့သည္)

Air Partnerကုမၸဏီကထုတ္ျပန္ရာတြင္ မၾကာေသးမီရက္မ်ားအတြင္းသီးသန္႔ေလယာဥ္ငွားရမ္းရန္ စံုစမ္းမႈမ်ားမ်ားျပားခဲ့ေၾကာင္းထုတ္ျပန္သည္။

“ဒီလိုေလယာဥ္ခရီးစဥ္စံုစမ္းမႈ အမ်ားစုဟာဥေရာပကသူတို႔ရဲ႕ ဒုတိယအိမ္ေနရာေတြကိုသြားဖို႔ဆႏၵရွိတဲ့ တစ္သီးပုဂၢလပုဂၢိဳလ္ေတြကစံုစမ္းေမးျမန္းၾကတာျဖစ္ျပီးလက္ရွိအခ်ိန္မွာရာသီဥတု ေႏြးေထြးေနဆဲျဖစ္တဲ့ Canary ကၽြန္းစုလိုမ်ဳိးလူၾကိဳက္မ်ားတဲ့ေနရာေတြကို ျဖစ္ပါတယ္” ဟုAir Partnerကုမၸဏီကေျပာၾကားသည္။

ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာေလေၾကာင္းခရီးစဥ္အမ်ားစုရပ္နားထားရခ်ိန္တြင္ စင္းလံုးငွားသီးသန္႔ဂ်က္ေလယာဥ္ခရီးစဥ္မ်ား၏ ငွားရမ္းလိုအားသည္ ယခုလအတြင္းဆက္လက္ရွိေနဦးမည္ဟုေမွ်ာ္လင့္ထားေၾကာင္းလည္းAir Partnerကုမၸဏီကဆက္လက္ေျပာၾကားသည္။

ႏိုဝင္ဘာလ ၅ ရက္တြင္ အဂၤလန္တြင္ ေလာ့ေဒါင္းစတင္ခ်မွတ္မည္ျဖစ္ျပီးအဂၤလန္ျပည္သူမ်ားသည္ မလုပ္မျဖစ္ အေၾကာင္းကိစၥမွလြဲျပီး ျပည္ပသို႔ ခရီးသြားလာျခင္းကိုဒီဇင္ဘာလ ၂ ရက္အထိပိတ္ပင္ထားမည္ ျဖစ္သည္။

လန္ဒန္ျမိဳ႕၊ Biggin Hill အရပ္မွ စပိန္ႏိုင္ငံရွိ Canary ကၽြန္းစုမွ အၾကီးဆံုးကၽြန္းျဖစ္ေသာ Tenerife အထိေလယာဥ္ခရီးစဥ္ တစ္ေၾကာင္းအတြက္ လူ ၅ ဦးစာသီးသန္႔ ငွားရမ္းခမွာေပါင္ ၂၄၀၀၀ (ျမန္မာက်ပ္ေငြ သိန္း ၄၀၀ ေက်ာ္) ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Private jet bookings soar as wealthy flee second England lockdown (The Guardian)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service