သားသမီးမွေးစားခြင်းနှင့် အမွေဆက်ခံခွင့်ရှိသောမွေစားသားသမီး

သားသမီးမွေးစားခြင်းနှင့် အမွေဆက်ခံခွင့်ရှိသောမွေစားသားသမီး - Property Knowledge in Myanmar from iMyanmarHouse.com
18 Oct 2020 11:25 am တွင် တင်ခဲ့သည်
4071 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာဝင်တို့သည် သားသမီးမွေးစားနိုင်ပေသည်။သို့ရာတွင်အောက်ပါပုဂ္ဂိုလ်တို့သည် သားသမီးမွေးစားခြင်းမပြုနိုင်ပါ။

၁။ အသက် ၁၈ နှစ်မပြည့် သေးသူများနှင့် ရူးသွပ်သူများသည် သားသမီး မမွေးစားနိုင်ပေ။

၂။ ရဟန်းတော်များသည် သားသမီး မမွေးစားနိုင်ပေ။

၃။ ဆွေမျိုးမတော်စပ်သူနှစ်ဦး သို့မဟုတ် လင်မယားမဟုတ် သူနှစ်ဦးပေါင်းစပ်၍ သားသမီး မမွေးစားနိုင်ပေ။

၄။ လင်နှင့်မယားသည် သားသမီးရင်းများရှိစေကာမူ သားသမီးမွေးစားခွင့်ရှိသည်။ လင်သည်လည်းကောင်း၊ မယားသည်လည်းကောင်း နှစ်ဦးသဘောတူညီချက် မရရှိဘဲ မိမိဆန္ဒတစ်ခုတည်းဖြင့် သားသမီး မမွေးစားနိုင်ပေ။

အမွေဆက်ခံခွင့်ရှိသော မွေးစားသားသမီး မနုကျယ်ဓမ္မသတ်အရ အမွေဆက်ခံခွင့်ရှိသော မွေးစားသားသမီးများမှာ ကိတ္တိမသားသမီးနှင့် အပတိဌသားသမီးများဖြစ်ကြောင်း ဖော်ပြထားပေသည်။

ကိတ္တိမသားသမီးမွေးစားရာတွင် ကိတ္တိမသားသမီးမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေအရ ကိတ္တိမမွေးစားစာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပြုလုပ်ချုပ်ဆိုရပါသည်။ သို့မှသာ မွေးစားခြင်း တရားဝင်ပြီး မွေးစားမိဘ၏ သားရင်းသမီးရင်းတို့နှင့် တန်းတူ အခွင့်အရေးရရှိမည်ဖြစ်သည်။

ကိတ္တိမမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေအရ မွေးစားစာချုပ်ချုပ်ဆိုမထားပါက အပတိဌ သားသမီးအဖြစ်သာခံစားခွင့်ရှိနိုင်ပေသည်။

အပတိဌသားသမီးဆိုသည်မှာ ဓမ္မသတ်ကျမ်းများအရ ကောက်ယူ၍ မွေးသောသားသမီးဟု ဖော်ပြထားပေသည်။ အပတိဌ သားသမီးများမှာ ကိတ္တိမသားသမီးများကဲ့သို့ မိဘအမွေကိုဆက်ခံရန် ရည်စူး၍ မွေးစားသောသားသမီးမဟုတ်ဘဲ အမှတ်မထင်ကောက်ယူမွေးစားခြင်းဖြစ်သည်။

သို့သော် အပတိဌသားသမီးများ၌လည်း အမွေခံစားခွင့်ရှိပေသည်။ မွေးစားမိဘများနှင့်အတူနေထိုင်မှသာ အမွေခံစားခွင့်ရှိပြီး ခွဲခြားနေထိုင်လျှင်မူ အမွေဆက်ခံခွင့် ဆုံးရှုံးမည်ဖြစ်သည်။

အပတိဌသားသမီးများအနေဖြင့် မွေးစားမိဘ၌ သားသမီး၊ မြေး၊ မြစ်နှင့် ကိတ္တိမမွေးစား သားသမီးများ မရှိသောအခါမှသာ အမွေခံစားခွင့်ရှိပေသည်။ မွေးစားမိဘနှစ်ပါးစလုံး ကွယ်လွန်မှသာ ရပိုင်ခွင့်ရှိပြီး ရရှိမည့် အမွေဝေစုမှာလည်း တစ်ဝက်သာဖြစ်သည်။ ကျန်တစ်ဝက်ကို မွေးစားမိဘ၏ ဆွေမျိုးများက ရခွင့်ရှိပေသည်။

ထို့ကြောင့် ကိတ္တိမမွေးစားသားသမီးများသည် မွေးစားမိဘများထံမှ အမွေကိုအပြည့်အဝ ဆက်ခံခွင့်ရှိပေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

သားသမီးေမြးစားျခင္းႏွင့္ အေမြဆက္ခံခြင့္ရွိေသာေမြစားသားသမီး

ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ ဗုဒၶဘာသာဝင္တို႔သည္ သားသမီးေမြးစားႏိုင္ေပသည္။သို႔ရာတြင္ေအာက္ပါပုဂၢိဳလ္တို႔သည္ သားသမီးေမြးစားျခင္းမျပဳႏုိင္ပါ။

၁။ အသက္ ၁၈ ႏွစ္မျပည့္ ေသးသူမ်ားႏွင့္ ႐ူးသြပ္သူမ်ားသည္ သားသမီး မေမြးစားႏိုင္ေပ။

၂။ ရဟန္းေတာ္မ်ားသည္ သားသမီး မေမြးစားႏိုင္ေပ။

၃။ ေဆြမ်ိဳးမေတာ္စပ္သူႏွစ္ဦး သို႔မဟုတ္ လင္မယားမဟုတ္ သူႏွစ္ဦးေပါင္းစပ္၍ သားသမီး မေမြးစားႏိုင္ေပ။

၄။ လင္ႏွင့္မယားသည္ သားသမီးရင္းမ်ား႐ွိေစကာမူ သားသမီးေမြးစားခြင့္႐ွိသည္။ လင္သည္လည္းေကာင္း၊ မယားသည္လည္းေကာင္း ႏွစ္ဦးသေဘာတူညီခ်က္ မရ႐ွိဘဲ မိမိဆႏၵတစ္ခုတည္းျဖင့္ သားသမီး မေမြးစားႏိုင္ေပ။

အေမြဆက္ခံခြင့္႐ွိေသာ ေမြးစားသားသမီး မႏုက်ယ္ဓမၼသတ္အရ အေမြဆက္ခံခြင့္႐ွိေသာ ေမြးစားသားသမီးမ်ားမွာ ကိတၱိမသားသမီးႏွင့္ အပတိဌသားသမီးမ်ားျဖစ္ေၾကာင္း ေဖာ္ျပထားေပသည္။

ကိတၱိမသားသမီးေမြးစားရာတြင္ ကိတၱိမသားသမီးေမြးစားျခင္း မွတ္ပုံတင္အက္ဥပေဒအရ ကိတၱိမေမြးစားစာခ်ဳပ္ကို စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ ျပဳလုပ္ခ်ဳပ္ဆိုရပါသည္။ သို႔မွသာ ေမြးစားျခင္း တရားဝင္ၿပီး ေမြးစားမိဘ၏ သားရင္းသမီးရင္းတို႔ႏွင့္ တန္းတူ အခြင့္အေရးရ႐ွိမည္ျဖစ္သည္။

ကိတၱိမေမြးစားျခင္း မွတ္ပုံတင္အက္ဥပေဒအရ ေမြးစားစာခ်ဳပ္ခ်ဳပ္ဆိုမထားပါက အပတိဌ သားသမီးအျဖစ္သာခံစားခြင့္႐ွိႏိုင္ေပသည္။

အပတိဌသားသမီးဆိုသည္မွာ ဓမၼသတ္က်မ္းမ်ားအရ ေကာက္ယူ၍ ေမြးေသာသားသမီးဟု ေဖာ္ျပထားေပသည္။ အပတိဌ သားသမီးမ်ားမွာ ကိတၱိမသားသမီးမ်ားကဲ့သို႔ မိဘအေမြကိုဆက္ခံရန္ ရည္စူး၍ ေမြးစားေသာသားသမီးမဟုတ္ဘဲ အမွတ္မထင္ေကာက္ယူေမြးစားျခင္းျဖစ္သည္။

သို႔ေသာ္ အပတိဌသားသမီးမ်ား၌လည္း အေမြခံစားခြင့္႐ိွေပသည္။ ေမြးစားမိဘမ်ားႏွင့္အတူေနထိုင္မွသာ အေမြခံစားခြင့္႐ွိၿပီး ခြဲျခားေနထိုင္လွ်င္မူ အေမြဆက္ခံခြင့္ ဆုံး႐ႈံးမည္ျဖစ္သည္။

အပတိဌသားသမီးမ်ားအေနျဖင့္ ေမြးစားမိဘ၌ သားသမီး၊ ေျမး၊ ျမစ္ႏွင့္ ကိတၱိမေမြးစား သားသမီးမ်ား မ႐ွိေသာအခါမွသာ အေမြခံစားခြင့္႐ွိေပသည္။ ေမြးစားမိဘႏွစ္ပါးစလုံး ကြယ္လြန္မွသာ ရပိုင္ခြင့္႐ွိၿပီး ရ႐ွိမည့္ အေမြေဝစုမွာလည္း တစ္ဝက္သာျဖစ္သည္။ က်န္တစ္ဝက္ကို ေမြးစားမိဘ၏ ေဆြမ်ိဳးမ်ားက ရခြင့္႐ွိေပသည္။

ထို႔ေၾကာင့္ ကိတၱိမေမြးစားသားသမီးမ်ားသည္ ေမြးစားမိဘမ်ားထံမွ အေမြကိုအျပည့္အဝ ဆက္ခံခြင့္႐ွိေပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service