အမေရိကန်အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ၂ ကြိမ် ကူးစက်ခံရကြောင်း သိပ္ပံပညာရှင်များအတည်ပြု

အမေရိကန်အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ၂ ကြိမ် ကူးစက်ခံရကြောင်း သိပ္ပံပညာရှင်များအတည်ပြု - Property News in Myanmar from iMyanmarHouse.com
13 Oct 2020 12:16 pm တွင် တင်ခဲ့သည်
1217 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ယခုနှစ်အစောပိုင်းတွင် အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် နှစ်ကြိမ်ကူးစက်ခံခဲ့ရကြောင်း အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်မှ သိပ္ပံပညာရှင်များက အတည်ပြုလိုက်သည်။

အဆိုပါဖြစ်ရပ်သည် အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် ၂ ကြိမ်ကူးစက်ခံရသည့် ပထမဆုံးဖြစ်ရပ်ဖြစ်ပြီး ကမ္ဘာနှင့် နှိုင်းယှဉ်လျှင်မူ ပဉ္စမမြောက် ပြန်လည်ကူးစက်ခံရသည့် ဖြစ်ရပ် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပျောက်ကင်းသွားပါကလည်း လူမှုအလှမ်းခွါခြင်းနှင့် ပါးစပ်နှာခေါင်းစည်း (mask) တပ်ခြင်းမှာ အရေးကြီးကြောင်း အဆိုပါဖြစ်ရပ်များက ပြသနေသည်။

လူ့ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်အပေါ် တုံ့ပြန်ပုံနှင့် စပ်လျဉ်း၍လည်း မေးခွန်းများ ပေါ်ပေါက်လာသည်။

နီဗားဒါးပြည်နယ်မှ ၂ ကြိမ်ကူးစက်ခံရသည့် ထိုလူနာသည် တစ်ကြိမ်နှင့် တစ်ကြိမ် ရက်သတ္တ ၆ ပတ်သာ အချိန်ကွာခြားကြောင်း ဆေးပညာဂျာနယ်ဖြစ်သော The Lancet တွင် တနင်္လာနေ့က ဖော်ပြခဲ့သည့် လေ့လာချက်တစ်ရပ်တွင် ရေးသားထားသည်။

အဆိုပါလူနာသည် ပထမအကြိမ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို ဧပြီလအတွင်းက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ချောင်းဆိုးခြင်းနှင့် မအီမသာပျို့အန်ခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရသည်။

ယင်းနောက် ရောဂါပျောက်ကင်းသွားခဲ့ပြီး မေလတွင် ရောဂါပြန်လည်ကူးစက်ခံခဲ့ရပြန်သည်။

ဒုတိယအကြိမ်ကူးစက်ခံရချိန်တွင်ကား ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မူးဝေခြင်း ရောဂါလက္ခဏာများဖြင့် အရေးပေါ် ကုသရေးဌာနသို့ မေလကုန်တွင် ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ဇွန်လအစောပိုင်းတွင် ရောဂါပြန်လည်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးရုံသို့ ရောက်သွားခဲ့သည်။

“ဒုတိယအကြိမ် ကူးစက်ခံရခြင်းတွင် ပထမအကြိမ်ထက် ရောဂါလက္ခဏာများ ပိုမိုပြင်းထန်သည်။” ဟု လေ့လာချက်တွင် ရေးသားထားသည်။

အဆိုပါလူနာသည် COVID-19 နှင့် ဒုတိယအကြိမ် စီးချင်းထိုးပွဲတွင်လည်း ရှင်သန်ကျန်ရစ်နိုင်ခဲ့သည်။

ဒုတိယအကြိမ် ကူးစက်ခံရချိန်တွင် ရောဂါပိုမိုပြင်းထန်သည့် ဒုတိယမြောက်ဖြစ်ရပ်လည်း ဖြစ်သည်။

အီကွေဒေါနိုင်ငံရှိ လူနာတစ်ဦးသည်လည်း ရောဂါဒုတိယအကြိမ် ကူးစက်ခံရမှုတွင် ပိုမိုပြင်းထန်စွာ ခံစားခဲ့ရသည်။

အဘယ်ကြောင့် ယခုကဲ့သို့ဖြစ်ရကြောင်း သိပ္ပံပညာရှင်များ အသေအချာ မသိကြသေးချေ။

သီအိုရီအရမူ ဗိုင်းရပ်စ်ကူးစက်ခံရပြီးလျှင် လူ့ခန္ဓာကိုယ် ကိုယ်ခံအားစနစ်က ပဋိပစ္စည်းများ ထုတ်လုပ်ရာ ဗိုင်းရပ်စ်တစ်မျိုးတည်းကို ဒုတိယအကြိမ် ထိတွေ့မိပါက ပိုမိုထိရောက်စွာ တိုက်ထုတ်နိုင်အောင် အထောက်အကူဖြစ်စေရမည် ဖြစ်သည်။

“ဒုတိယအကြိမ် ကူးစက်ခံရသူတစ်ဦးဟာ ဘာကြောင့် ပိုပြီး ပြင်းပြင်းထန်ထန်ခံစားရလဲဆိုတာမှာ အကြောင်းရင်းတွေ အများကြီး ရှိနေပါတယ်” ဟု ယေးလ်တက္ကသိုလ် ကိုယ်ခံအားဇီဝဗေဒ ပါမောက္ခတစ်ဦးဖြစ်သူ Akiko Iwasaki က ရှင်းပြသည်။

“ဥပမာအနေနဲ့ ပြောရရင် ဒုတိယအကြိမ် ကူးစက်ခံရမှုမှာ သူတို့တွေဟာ ဗိုင်းရပ်စ်တွေ ပမာဏများများ ကူးစက်ဝင်ရောက်ခံရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ပထမအကြိမ် ကူးစက်မှုတုန်းက ကိုယ်ခံအားစနစ်ရဲ့ တုန့်ပြန်မှုဟာ ရောဂါကို ကောင်းအောင်ထက် ပိုဆိုးအောင် လုပ်လိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါတွေက မှန်းဆချက် သက်သက်ပါ။ ဘာကြောင့်လဲဆိုတော့ သိပ္ပံပညာရှင်တွေမှာ သတင်းအချက်အလက်ရရှိနိုင်မှု တော်တော်နည်းနေသေးလို့ပါပဲ” ဟု ပါမောက္ခ Akiko က ပြောကြားသည်။

ယင်းဖြစ်ရပ်များနောက်တွင် ပေါ်ပေါက်လာသည့် အကြီးမားဆုံး မေးဖွယ်ရာမှာ ပြန်လည်ကူးစက်ခံရမှုများ မည်မျှကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်သနည်းဟူသော မေးခွန်းပင်။

လူတစ်ဦးသည် ၂ ကြိမ်ကူးစက်ခံရခြင်း ဟုတ်၊ မဟုတ်ဆိုသည်ကို အတည်ပြုနိုင်ရန် ခက်ခဲလှသည်။

ထိုသို့ အတည်ပြုဆုံးဖြတ်နိုင်ရန်အတွက် ပထမအကြိမ် နှာခေါင်းတို့ဖတ်ရယူထားမှုများနှင့် ဒုတိယအကြိမ် နှာခေါင်းတို့ဖတ်ရယူထားမှုများ ရှိနေရမည်ဖြစ်ပြီး ၎င်းတို့၏ ဗိုင်းရပ်စ်နမူနာများ၏ မျိုးဗီဇများကို နှိုင်းယှဉ်ကြည့်ရမည် ဖြစ်သည်။

အဆင့်အမြင့်ဆုံး ဆေးရုံနှင့် ဓာတ်ခွဲခန်းများတွင်သာ မျိုးဗီဇစမ်းစစ်ခြင်း (genome sequencing) လုပ်ကာ ရလဒ်များကို လေ့လာရန် ပစ္စည်းနှင့် လူအင်အား ရှိနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Scientists Confirm Nevada Man Was Infected Twice With Coronavirus (npr.org)

[Zawgyi]

အေမရိကန္အမ်ဳိးသားတစ္ဦး ကိုရိုနာဗိုင္းရပ္စ္ ၂ ၾကိမ္ ကူးစက္ခံရေၾကာင္း သိပၸံပညာရွင္မ်ားအတည္ျပဳ

ယခုႏွစ္အေစာပိုင္းတြင္ အသက္ ၂၅ ႏွစ္အရြယ္ရွိ အမ်ဳိးသားတစ္ဦး ကိုရိုနာဗိုင္းရပ္စ္ ႏွစ္ၾကိမ္ကူးစက္ခံခဲ့ရေၾကာင္း အေမရိကန္ျပည္ေထာင္စု၊ နီဗားဒါးျပည္နယ္မွ သိပၸံပညာရွင္မ်ားက အတည္ျပဳလိုက္သည္။

အဆိုပါျဖစ္ရပ္သည္ အေမရိကန္ျပည္ေထာင္စုတြင္ ကိုရိုနာဗိုင္းရပ္စ္ ၂ ၾကိမ္ကူးစက္ခံရသည့္ ပထမဆံုးျဖစ္ရပ္ျဖစ္ျပီး ကမၻာႏွင့္ ႏႈိင္းယွဥ္လွ်င္မူ ပဥၥမေျမာက္ ျပန္လည္ကူးစက္ခံရသည့္ ျဖစ္ရပ္ ျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရျပီး ေပ်ာက္ကင္းသြားပါကလည္း လူမႈအလွမ္းခြါျခင္းႏွင့္ ပါးစပ္ႏွာေခါင္းစည္း (mask) တပ္ျခင္းမွာ အေရးၾကီးေၾကာင္း အဆိုပါျဖစ္ရပ္မ်ားက ျပသေနသည္။

လူ႔ကိုယ္ခံအားစနစ္က ဗိုင္းရပ္စ္အေပၚ တံု႔ျပန္ပံုႏွင့္ စပ္လ်ဥ္း၍လည္း ေမးခြန္းမ်ား ေပၚေပါက္လာသည္။

နီဗားဒါးျပည္နယ္မွ ၂ ၾကိမ္ကူးစက္ခံရသည့္ ထိုလူနာသည္ တစ္ၾကိမ္ႏွင့္ တစ္ၾကိမ္ ရက္သတၱ ၆ ပတ္သာ အခ်ိန္ကြာျခားေၾကာင္း ေဆးပညာဂ်ာနယ္ျဖစ္ေသာ The Lancet တြင္ တနလၤာေန႔က ေဖာ္ျပခဲ့သည့္ ေလ့လာခ်က္တစ္ရပ္တြင္ ေရးသားထားသည္။

အဆိုပါလူနာသည္ ပထမအၾကိမ္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈကို ဧျပီလအတြင္းက စစ္ေဆးေတြ႔ရွိခဲ့ျခင္းျဖစ္ျပီး ေခ်ာင္းဆိုးျခင္းႏွင့္ မအီမသာပ်ဳိ ႔အန္ျခင္း ေရာဂါလကၡဏာမ်ား ခံစားခဲ့ရသည္။

ယင္းေနာက္ ေရာဂါေပ်ာက္ကင္းသြားခဲ့ျပီး ေမလတြင္ ေရာဂါျပန္လည္ကူးစက္ခံခဲ့ရျပန္သည္။

ဒုတိယအၾကိမ္ကူးစက္ခံရခ်ိန္တြင္ကား ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ မူးေဝျခင္း ေရာဂါလကၡဏာမ်ားျဖင့္ အေရးေပၚ ကုသေရးဌာနသို႔ ေမလကုန္တြင္ ေရာက္ရွိသြားခဲ့ျခင္း ျဖစ္သည္။

ဇြန္လအေစာပိုင္းတြင္ ေရာဂါျပန္လည္ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ျပီး ေဆးရံုသို႔ ေရာက္သြားခဲ့သည္။

“ဒုတိယအၾကိမ္ ကူးစက္ခံရျခင္းတြင္ ပထမအၾကိမ္ထက္ ေရာဂါလကၡဏာမ်ား ပိုမိုျပင္းထန္သည္။” ဟု ေလ့လာခ်က္တြင္ ေရးသားထားသည္။

အဆိုပါလူနာသည္ COVID-19 ႏွင့္ ဒုတိယအၾကိမ္ စီးခ်င္းထိုးပြဲတြင္လည္း ရွင္သန္က်န္ရစ္ႏိုင္ခဲ့သည္။

ဒုတိယအၾကိမ္ ကူးစက္ခံရခ်ိန္တြင္ ေရာဂါပိုမိုျပင္းထန္သည့္ ဒုတိယေျမာက္ျဖစ္ရပ္လည္း ျဖစ္သည္။

အီေကြေဒါႏိုင္ငံရွိ လူနာတစ္ဦးသည္လည္း ေရာဂါဒုတိယအၾကိမ္ ကူးစက္ခံရမႈတြင္ ပိုမိုျပင္းထန္စြာ ခံစားခဲ့ရသည္။

အဘယ္ေၾကာင့္ ယခုကဲ့သို႔ျဖစ္ရေၾကာင္း သိပၸံပညာရွင္မ်ား အေသအခ်ာ မသိၾကေသးေခ်။

သီအိုရီအရမူ ဗိုင္းရပ္စ္ကူးစက္ခံရျပီးလွ်င္ လူ႔ခႏၶာကိုယ္ ကိုယ္ခံအားစနစ္က ပဋိပစၥည္းမ်ား ထုတ္လုပ္ရာ ဗိုင္းရပ္စ္တစ္မ်ဳိးတည္းကို ဒုတိယအၾကိမ္ ထိေတြ႔မိပါက ပိုမိုထိေရာက္စြာ တိုက္ထုတ္ႏိုင္ေအာင္ အေထာက္အကူျဖစ္ေစရမည္ ျဖစ္သည္။

“ဒုတိယအၾကိမ္ ကူးစက္ခံရသူတစ္ဦးဟာ ဘာေၾကာင့္ ပိုျပီး ျပင္းျပင္းထန္ထန္ခံစားရလဲဆိုတာမွာ အေၾကာင္းရင္းေတြ အမ်ားၾကီး ရွိေနပါတယ္” ဟု ေယးလ္တကၠသိုလ္ ကိုယ္ခံအားဇီဝေဗဒ ပါေမာကၡတစ္ဦးျဖစ္သူ Akiko Iwasaki က ရွင္းျပသည္။

“ဥပမာအေနနဲ႔ ေျပာရရင္ ဒုတိယအၾကိမ္ ကူးစက္ခံရမႈမွာ သူတုိ႔ေတြဟာ ဗိုင္းရပ္စ္ေတြ ပမာဏမ်ားမ်ား ကူးစက္ဝင္ေရာက္ခံရတာမ်ဳိး ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ ပထမအၾကိမ္ ကူးစက္မႈတုန္းက ကိုယ္ခံအားစနစ္ရဲ ႔ တုန္႔ျပန္မႈဟာ ေရာဂါကို ေကာင္းေအာင္ထက္ ပိုဆိုးေအာင္ လုပ္လိုက္တာမ်ဳိးလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ဒါေတြက မွန္းဆခ်က္ သက္သက္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ သိပၸံပညာရွင္ေတြမွာ သတင္းအခ်က္အလက္ရရွိႏိုင္မႈ ေတာ္ေတာ္နည္းေနေသးလို႔ပါပဲ” ဟု ပါေမာကၡ Akiko က ေျပာၾကားသည္။

ယင္းျဖစ္ရပ္မ်ားေနာက္တြင္ ေပၚေပါက္လာသည့္ အၾကီးမားဆံုး ေမးဖြယ္ရာမွာ ျပန္လည္ကူးစက္ခံရမႈမ်ား မည္မွ်က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္လာႏိုင္သနည္းဟူေသာ ေမးခြန္းပင္။

လူတစ္ဦးသည္ ၂ ၾကိမ္ကူးစက္ခံရျခင္း ဟုတ္၊ မဟုတ္ဆိုသည္ကို အတည္ျပဳႏိုင္ရန္ ခက္ခဲလွသည္။

ထိုသို႔ အတည္ျပဳဆံုးျဖတ္ႏိုင္ရန္အတြက္ ပထမအၾကိမ္ ႏွာေခါင္းတုိ႔ဖတ္ရယူထားမႈမ်ားႏွင့္ ဒုတိယအၾကိမ္ ႏွာေခါင္းတို႔ဖတ္ရယူထားမႈမ်ား ရွိေနရမည္ျဖစ္ျပီး ၎တို႔၏ ဗိုင္းရပ္စ္နမူနာမ်ား၏ မ်ဳိးဗီဇမ်ားကို ႏႈိင္းယွဥ္ၾကည့္ရမည္ ျဖစ္သည္။

အဆင့္အျမင့္ဆံုး ေဆးရံုႏွင့္ ဓာတ္ခြဲခန္းမ်ားတြင္သာ မ်ဳိးဗီဇစမ္းစစ္ျခင္း (genome sequencing) လုပ္ကာ ရလဒ္မ်ားကို ေလ့လာရန္ ပစၥည္းႏွင့္ လူအင္အား ရွိႏိုင္မည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Scientists Confirm Nevada Man Was Infected Twice With Coronavirus (npr.org)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service