မိမိကုသခဲ့သည့်ဆေးဝါးများကို ပြည်သူများ အခမဲ့ရစေမည်ဟု ထရမ့်ကတိပြု
မိမိကုသခဲ့သည့်ဆေးဝါးများကို ပြည်သူများ အခမဲ့ရစေမည်ဟု ထရမ့်ကတိပြု - Property News in Myanmar from iMyanmarHouse.com
9 Oct 2020 12:21 pm တွင် တင်ခဲ့သည်
2728 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အိမ်ဖြူတော်သို့ မကြာသေးမီက ပြန်လည်ရောက်ရှိလာသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားရာတွင် COVID-19 ကူးစက်ခံရခြင်းမှာ ဘုရားသခင်၏ ကောင်းချီးပေးခံရခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။
သူ၏ ဆရာဝန် ဒေါက်တာရှောင်ကွန်လေက ပြောကြားရာတွင် သမ္မတွင် Covid-19 ရောဂါလက္ခဏာမရှိသည်မှာ ၂၄ နာရီကျော် ကြာခဲ့ပြီ ဖြစ်ပြီး အဖျားမရှိသည်မှာလည်း ၄ ရက်ကျော်ခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။
ဗွီဒီယိုဖိုင်တစ်ခုဖြင့် အမေရိကန်ပြည်သူများအားလုံးသို့ ထရမ့်က ပြောကြားသည့် သတင်းစကားတွင် မိမိအား ကုသမှုပေးခဲ့သည့် ဆေးဝါးကုသမှုများကို ပြည်သူများအားလုံးရသင့်ကြောင်းပြောကြားခဲ့ပြီး Regeneron Pharmaceuticals ကုမ္ပဏီမှ ထုတ်လုပ်သော ဆေးဝါးများကို ပြည်သူများ အခမဲ့ရစေရန် ကတိပြုကြောင်းလည်း ပြောကြားသည်။
မိမိစမ်းသပ်ကုသမှုခံယူခဲ့သည့် ပဋိပစ္စည်းပေါင်းစပ်ဆေးဝါး (antibody cocktail) ၏ ဆေးထောင်ပေါင်းများစွာမှာ ဖြန့်ချိရန် အသင့်အနေအထားခန့်တွင် ရှိနေပြီဖြစ်ကြောင်း၊ သို့သော် ဝမ်းနည်းစရာမှာ Regeneron ၏ ဆေးဝါးများကို ပြည်ထောင်စုကွပ်ကဲရေးက အတည်ပြုမပေးသေးကြောင်းလည်း ထရမ့်က ဆက်လက်ပြောကြားသည်။
“ဒီရောဂါ ကူးစက်ခံခဲ့ရတာဟာ ရုပ်ဖျက်ထားတဲ့ ကောင်းချီးတစ်မျိုးပါပဲ။ ကျွန်တော်ဟာ ဒီဆေးအကြောင်း ကြားသိခဲ့ရတယ်။ အဲဒီဆေးနဲ့ ကုပါရစေလို့ ကျွန်တော်ပြောခဲ့တယ်။ အဲဒါက မယုံနိုင်လောက်အောင်ပါပဲ” ဟု ထရမ့်က ဆိုသည်။
“ခင်ဗျားတို့ဟာ ဒါအတွက် အခကြေးငွေ ပေးစရာမလိုပါဘူး။ ဒီလိုဖြစ်လာရတာ ခင်ဗျားတို့အပြစ်မဟုတ်ပါဘူး။ ဒါက တရုတ်ပြည်ရဲ့ အပြစ်သာ ဖြစ်တယ်။ တရုတ်ပြည်ဟာ တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မှာ ဖြစ်တယ်။ ဒါဟာ တရုတ်ပြည်ရဲ့ အပြစ်ပဲ” ဟု ထရမ့်က အမေရိကန်ပြည်သူများကို ပြောကြားသည်။
ထရမ့်အား ထောက်ခံသူတို့က ပြောကြရာတွင် ထရမ့်သည် ဆေးရုံမှ ပြန်လာပြီးကတည်းက ကောင်းမွန်သော စံပြခေါင်းဆောင်တစ်ဦး ဖြစ်သည်ကို ပြသခဲ့ကြောင်း ပြောကြသည်။
သို့သော် အတိုက်အခံတို့က ပြောရာတွင်မူ ထရမ့်၏အပြုအမူမှာ ခုတမျိုးတော်ကြာတစ်မျိုး အပြောင်းအလဲ အလွန်မြန်လာကြောင်း ပြောကြသည်။
သမ္မတ ထရမ့် ဆေးရုံမှ ပြန်လာပြီးချိန်နှင့် အိမ်ဖြူတော်ရှိ အခြားတစ်ဦး COVID-19 ထပ်မံကူးစက်ခံရသည့်သတင်း ထွက်ပေါ်လာပြီးနောက်ပိုင်း အိမ်ဖြူတော်တွင် ကိုရိုနာဗိုင်းရပ်စ် ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်းသစ်များ ချမှတ်ခဲ့သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: My COVID-19 illness was 'blessing from God' ( israelhayom)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service