ပူစီနံရွက်ဧ။် ဆေးဘက် အသုံးဝင်ပုံများ
ပူစီနံရွက်ဧ။် ဆေးဘက် အသုံးဝင်ပုံများ - Property Knowledge in Myanmar from iMyanmarHouse.com
4 Oct 2020 11:47 am တွင် တင်ခဲ့သည်
29315 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
အိပ်မပျော်တဲ့ မိတ်ဆွေများအတွက် ကျွန်မလုပ်နေကျဆေးနည်းလေး ပေးပါရစေ။
အိပ်ဆေးသောက်အိပ်ခြင်းဟာ ရေရှည်မှာ မကောင်းပါဘူး။ ဒီနိုင်ငံမှာဆို အိပ်ဆေး လုံးဝ မပေးပါဘူး။ အရင်ကတော့ နွားနို့ပူပူလေးကို မအိပ်ခင် နာရီဝက်လောက်အလိုမှာ သောက်လိုက်ပြီးမှ အိပ်ရင် အိပ်ပျော်တယ်ဆိုလို့ သောက်ကြည့်ပါတယ်။ မဆိုးပါဘူး။ ဒါပေမယ့် နွားနို့သိပ်မကြိုက်တတ်တဲ့ ကျွန်မအတွက် သိပ်အဆင်မပြေပါဘူး။
ဒါနဲ့ အညာမှာနေတဲ့ မွေးသမိခင်ကို မေးရတော့တာပေါ့။ သမီးရေ အိပ်မပျော်ရင် ရေနွေးထဲကို ပူတီနာအရွက် ၅ ရွက် ၆ ရွက်ကို ထည့်ပြီး ခပ်နွေးနွေးလေး အနေအထားရောက်ရင် သောက်ပြီး အိပ်ယာထဲ ဝင်လိုက်ပါတဲ့။ ခဏနေရင် အိပ်ပျော်သွားလိုက်မယ်တဲ့။
တကယ်ကို အဟုတ် အိပ်ဆေးကောင်းလေးပါ။ အခုတော့အိမ်မှာ ပူတီနာကို အခင်းဖြစ်အောင်စိုက်ထား လိုက်ပါတော့တယ်။ သြော် နောက်တစ်ခုက ပူတီနာ အရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်းကျစေပါတယ်တဲ့။
ပူစီနံရွက်ထဲမှာ ပါဝင်တဲ့ ပူရှိန်းဓာတ်က အအေးမိခြင်း၊ နှာရည်ယို နှာပိတ်ခြင်းတို့ကို ပျောက်ကင်းစေသလို တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။
ပူစီနံရွက်ဟာ ဟင်းပွဲထဲမှာ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးလို ထည့်သွင်းအသုံးပြုလို့ရသလို mojito လိုမျိုး ကော့တေးလ်ထဲမှာလည်း ထည့်သွင်းနိုင်ပါတယ်။ ပူစီနံရွက်ထဲမှာ ပါဝင်တဲ့ ပူရှိန်းဓာတ်က အအေးမိခြင်း၊ နှာရည်ယို နှာပိတ်ခြင်းတို့ကို ပျောက်ကင်းစေသလို တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ ပူစီနံရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့
ပူစီနံရွက်ဆီကို နဖူးနဲ့ နားထင်ပေါ်မှာ ပွတ်ပေးခြင်းက ခေါင်းကိုက်ခြင်းကို (၁၅) မိနစ်ဆိုတဲ့ အချိန်တိုအတွင်းမှာ ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။ ပူစီနံရွက်ရဲ့ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေခြင်းနဲ့ ကြွက်သားတင်းမာမှု ပြေပျောက်စေခြင်းတို့က ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေတာပါ။
ကွန်ပျူတာအကြည့်များသူတွေ၊ ဝိုင်ဖိုင် အသုံးများသူတွေ ပူစီနံရွက်ဆီလေး ဆောင်ထားသင့်ပါတယ်။
အားနည်းနေတယ်လို့ ခံစားရပါက ပူစီနံရွက်လေး ရှူလိုက်ရုံနဲ့ စိတ်ပိုင်းဆိုင်ရာ တက်ကြွစေနိုင်ပါတယ်။ Wheeling Jesuit တက္ကသိုလ်က သုတေသနတစ်ခုရဲ့ အဆိုအရဆိုရင် ပူစီနံရွက်ဟာ လူကို ပိုမိုတက်ကြွစေခြင်း၊ စွမ်းဆောင်ရည်ကောင်းမွန်စေခြင်း၊ စိတ်အားထက်သန်စေခြင်းတို့နဲ့ ဆက်စပ်နေပါတယ်တဲ့။
ဘာလို့လဲဆိုတော့ ပူစီနံရွက်ဟာ အာရုံကြောမကြီးစနစ်ကို လှုံ့ဆော်ပေးနိုင်လို့ပါပဲ။ ဒါကြောင့် အလုပ်ထဲမှာ ပူစီနံရွက်ဆီလေး တစ်ပုလင်းလောက် ဆောင်ထားပြီး မူးဝေလာတိုင်း ရှူခြင်းဖြင့် တက်ကြွလန်းဆန်း စေနိုင်ပါတယ်။
အအေးမိချောင်းဆိုးခြင်းကို တိုက်ဖျက်ဖို့အတွက် မင်သော် (menthol) ကို နှစ်ပေါင်းများစွာကတည်းက အသုံးပြုလာခဲ့ကြပြီး ပူစီနံရွက်ထဲမှာ မင်သော်ပမာဏများစွာ ပါရှိပါတယ်။ Tea Mavens ဝက်ဘ်ဆိုဒ်တည်ထောင်သူ Lindsey Goodwin ကတော့ ပူစီနံရွက် လက်ဖက်ရည်ရဲ့အငွေ့ကို ရှူပေးရုံနဲ့ နှာခေါင်းအမြှေးပါး ပြဿနာတွေကို ရှင်းလင်းပေးနိုင်ပါတယ်တဲ့။
Maryland တက္ကသိုလ်၊ ဆေးဝါးဆိုင်ရာဋ္ဌာနရဲ့ အဆိုအရ ပူစီနံရွက်ဟာ အစာအိမ်ကြွက်သားတွေကို တည်ငြိမ်စေခြင်းဖြင့် သည်းခြေရည် စီးဆင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်တဲ့။ သည်းခြေရည် စီးဆင်းမှု ပိုမိုကောင်းမွန်လာတဲ့အခါ အစားအစာတွေလည်း အစာအိမ်ထဲကို ပိုမိုလွယ်ကူစွာ ရှောက်ရှိသွားစေနိုင်ပါတယ်။
ဒါကြောင့် လေအောင့်ခြင်း၊ ဗိုက်နာခြင်းနဲ့ ဝမ်းလျှောခြင်းတို့ကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် အစာစားပြီးတိုင်း ပူစီနီရွက်လက်ဖက်ရည် တစ်ခွက်လောက် သောက်ပေးခြင်းက အကြံကောင်းပါပဲ။
ပူစီနံရွက်က ကြွက်သားပြဿနာတွေကို ဖြေရှင်းပေးနိုင်ရာမှာ ထင်ရှားပါတယ်။ အထူးသဖြင့် သားအိမ်ခေါင်းနံရံ ကြွက်သားတွေကို ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးများ လစဉ်ဓမ္မတာလာချိန်မှာ ပူစီနံလက်ဖက်ရည် နှစ်ခွက်၊ သုံးခွက်ခန့် သောက်ပေးခြင်းက ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ပူစီနံလက်ဖက်ရည်ကို ပူစီနံဆီထက်တောင် အာနိသင် ပိုကောင်းမွန်တယ်လို့ ဆိုကြပါသေးတယ်။
မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ…..
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Original
[Zawgyi]
Credit: Original
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Pan Swal Taw Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service