ဒေါ်နယ်ထရမ့် ကိုဗစ်ကူးစက်ခံရမှုအပေါ် တရုတ်နိုင်ငံပိုင်မီဒီယာက လှောင်ပြောင်

ဒေါ်နယ်ထရမ့် ကိုဗစ်ကူးစက်ခံရမှုအပေါ် တရုတ်နိုင်ငံပိုင်မီဒီယာက လှောင်ပြောင် - Property News in Myanmar from iMyanmarHouse.com
3 Oct 2020 12:42 pm တွင် တင်ခဲ့သည်
1819 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်နိုင်ငံပိုင်သတင်းမီဒီယာဖြစ်သော Global Times ၏ အယ်ဒီတာက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတကတော် မီလာနီယာတို့ ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ် စစ်ဆေးတွေ့ရှိမှုနှင့် စပ်လျဉ်းပြီး COVID-19 နှင့် လောင်းကစားသည့်သဖွယ် ပြုလုပ်ခဲ့ခြင်းကြောင့် ပေးဆပ်ရခြင်းဖြစ်ကြောင်း ရေးသားကာ လှောင်ပြောင်လိုက်သည်။

Global Times ၏ အယ်ဒီတာချုပ် Hu Xijin က သူ၏တွစ်တာအကောင့်တွင် ရေးသားဖော်ပြခဲ့ပုံမှာ “သမ္မတ ထရမ့်နဲ့ first lady တို့ဟာ Covid-19 ကို လောင်းကစားသဖွယ်လုပ်တဲ့ ထရမ့်ရဲ့ လုပ်ဆောင်ပုံကြောင့် ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါက အမေရိကန်ရဲ့ ကပ်ရောဂါ အခြေအနေ ပြင်းထန်မှုကို ပြသနေပါတယ်။ ဒါက ထရမ့်နဲ့ အမေရိကန်ရဲ့ ပုံရိပ်အပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာပါလိမ့်မယ်။ ဒါ့အပြင် သူ့ရဲ့ ရွေးကောက်ပွဲပြန်ဝင်မှုအပေါ်မှာလည်း ဆိုးကျိုးထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်” ဟု ဖြစ်သည်။

Global Times သည် တရုတ်ပြည်၏ အာဏာရကွန်မြူနစ်ပါတီက တည်ထောင်ထားသော ဝါဒဖြန့်ချိရေး သတင်းမီဒီယာတစ်ခုလည်း ဖြစ်သည်။

ထရမ့်က ဗိုင်းရပ်စ် ကူးစက်ခံရသည့်အကြောင်းကို သောကြာနေ့ နံနက်အစောပိုင်းက ကြေညာခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးစတင်ချိန်မှ ယနေ့အထိ ရောဂါကူးစက်ခံထားရသူပေါင်း ၇ ဒသမ ၂ သန်းကျော်ရှိလာခဲ့ပြီ ဖြစ်သည်။

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သေဆုံးသူ ၂၀၇၀၀၀ ဦးကျော်ရှိပြီး ပြန်လည်ကျန်းမာသွားသူမှာ ၂ ဒသမ ၈ သန်းကျော်ရှိသည်ဟု သိရသည်။

သမ္မတ၏ ဆရာဝန် ရှောင်ကွန်လေ၏ ပြောကြားချက်ကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ရာတွင် လက်ရှိအချိန်တွင် သမ္မတနှင့် သမ္မတကတော် နှစ်ဦးလုံး ကျန်းမာရေးကောင်းကြကြောင်း၊ ပြန်လည်ကျန်းမာလာစေရန် အားမွေးနေစဉ်ကာလအတွင်း အိမ်ဖြူတော်အတွင်းရှိ နေအိမ်တွင်သာ နေထိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ရှောင်ကွန်လေ၏ ပြောကြားချက်ကို ဆက်လက်ဖော်ပြရာတွင် အိမ်ဖြူတော်ဆေးအဖွဲ့နှင့် မိမိတို့သည် သတိဝီရိယဖြင့် စောင့်ကြည့်သွား မည် ဖြစ်ကြောင်း၊ တိုင်းပြည်၏ အကြီးမြတ်ဆုံးဆေးပညာရှင်များနှင့် အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုအပေါ် အသိအမှတ်ပြုကြောင်း၊ သမ္မတအနေဖြင့် တိုင်းပြည်တာဝန်များကို ဆက်လက်ထမ်းဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း၊ အခြေအနေများကို ဆက်လက် သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အိမ်ဖြူတော်အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဟုပ်ဟစ်ခ်စ်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိရပြီးနောက် သမ္မတတွင်လည်း ကူးစက်ခံရသည့်သတင်းပေါ်ထွက်လာခြင်း ဖြစ်သည်။

ဟုပ်ဟစ်ခ်စ်နှင့် သမ္မတတို့သည် မင်နီဆိုးတားပြည်နယ်တွင် ကျင်းပခဲ့သော မဲဆွယ်စည်းရုံးရေးအတွက် ကလိဗ်လန်းမြို့သို့ Air Force One လေယာဉ်ဖြင့် အတူတူ သွားရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese state media mocks Trump's positive virus test: 'Paid the price for his gamble to play down' pandemic (MSN)

[Zawgyi]

ေဒၚနယ္ထရမ့္ ကိုဗစ္ကူးစက္ခံရမႈအေပၚ တရုတ္ႏိုင္ငံပုိင္မီဒီယာက ေလွာင္ေျပာင္

တရုတ္ႏိုင္ငံပိုင္သတင္းမီဒီယာျဖစ္ေသာ Global Times ၏ အယ္ဒီတာက အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ သမၼတကေတာ္ မီလာနီယာတို႔ ကိုရိုနာဗိုင္းရပ္စ္ ေပါ့စတစ္ စစ္ေဆးေတြ႔ရွိမႈႏွင့္ စပ္လ်ဥ္းျပီး COVID-19 ႏွင့္ ေလာင္းကစားသည့္သဖြယ္ ျပဳလုပ္ခဲ့ျခင္းေၾကာင့္ ေပးဆပ္ရျခင္းျဖစ္ေၾကာင္း ေရးသားကာ ေလွာင္ေျပာင္လိုက္သည္။

Global Times ၏ အယ္ဒီတာခ်ဳပ္ Hu Xijin က သူ၏တြစ္တာအေကာင့္တြင္ ေရးသားေဖာ္ျပခဲ့ပံုမွာ “သမၼတ ထရမ့္နဲ႔ first lady တို႔ဟာ Covid-19 ကို ေလာင္းကစားသဖြယ္လုပ္တဲ့ ထရမ့္ရဲ ႔ လုပ္ေဆာင္ပံုေၾကာင့္ ေပးဆပ္ခဲ့ရတာျဖစ္ပါတယ္။ ဒါက အေမရိကန္ရဲ ႔ ကပ္ေရာဂါ အေျခအေန ျပင္းထန္မႈကို ျပသေနပါတယ္။ ဒါက ထရမ့္နဲ႔ အေမရိကန္ရဲ ႔ ပံုရိပ္အေပၚ ဆိုးက်ဳိးသက္ေရာက္မႈေတြ ရွိလာပါလိမ့္မယ္။ ဒါ့အျပင္ သူ႔ရဲ ႔ ေရြးေကာက္ပြဲျပန္ဝင္မႈအေပၚမွာလည္း ဆိုးက်ဳိးထိခိုက္မႈေတြ ရွိလာႏိုင္ပါတယ္” ဟု ျဖစ္သည္။

Global Times သည္ တရုတ္ျပည္၏ အာဏာရကြန္ျမဴနစ္ပါတီက တည္ေထာင္ထားေသာ ဝါဒျဖန္႔ခ်ိေရး သတင္းမီဒီယာတစ္ခုလည္း ျဖစ္သည္။

ထရမ့္က ဗိုင္းရပ္စ္ ကူးစက္ခံရသည့္အေၾကာင္းကို ေသာၾကာေန႔ နံနက္အေစာပိုင္းက ေၾကညာခဲ့ျခင္းျဖစ္သည္။ အေမရိကန္ျပည္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးစတင္ခ်ိန္မွ ယေန႔အထိ ေရာဂါကူးစက္ခံထားရသူေပါင္း ၇ ဒသမ ၂ သန္းေက်ာ္ရွိလာခဲ့ျပီ ျဖစ္သည္။

ဂၽြန္ေဟာ့ပ္ကင္းတကၠသိုလ္၏ ထုတ္ျပန္ခ်က္အရ ေသဆံုးသူ ၂၀၇၀၀၀ ဦးေက်ာ္ရွိျပီး ျပန္လည္က်န္းမာသြားသူမွာ ၂ ဒသမ ၈ သန္းေက်ာ္ရွိသည္ဟု သိရသည္။

သမၼတ၏ ဆရာဝန္ ေရွာင္ကြန္ေလ၏ ေျပာၾကားခ်က္ကို အိမ္ျဖဴေတာ္က ထုတ္ျပန္ခဲ့ရာတြင္ လက္ရွိအခ်ိန္တြင္ သမၼတႏွင့္ သမၼတကေတာ္ ႏွစ္ဦးလံုး က်န္းမာေရးေကာင္းၾကေၾကာင္း၊ ျပန္လည္က်န္းမာလာေစရန္ အားေမြးေနစဥ္ကာလအတြင္း အိမ္ျဖဴေတာ္အတြင္းရွိ ေနအိမ္တြင္သာ ေနထိုင္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္သည္။

ေရွာင္ကြန္ေလ၏ ေျပာၾကားခ်က္ကို ဆက္လက္ေဖာ္ျပရာတြင္ အိမ္ျဖဴေတာ္ေဆးအဖြဲ႔ႏွင့္ မိမိတို႔သည္ သတိဝီရိယျဖင့္ ေစာင့္ၾကည့္သြား မည္ ျဖစ္ေၾကာင္း၊ တိုင္းျပည္၏ အၾကီးျမတ္ဆံုးေဆးပညာရွင္မ်ားႏွင့္ အဖြဲ႔အစည္းမ်ား၏ ကူညီပံ့ပိုးမႈအေပၚ အသိအမွတ္ျပဳေၾကာင္း၊ သမၼတအေနျဖင့္ တိုင္းျပည္တာဝန္မ်ားကို ဆက္လက္ထမ္းေဆာင္သြားႏိုင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း၊ အေျခအေနမ်ားကို ဆက္လက္ သတင္းထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

အိမ္ျဖဴေတာ္အၾကံေပးပုဂၢိဳလ္တစ္ဦးျဖစ္ေသာ ဟုပ္ဟစ္ခ္စ္သည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း ေတြ႔ရွိရျပီးေနာက္ သမၼတတြင္လည္း ကူးစက္ခံရသည့္သတင္းေပၚထြက္လာျခင္း ျဖစ္သည္။

ဟုပ္ဟစ္ခ္စ္ႏွင့္ သမၼတတို႔သည္ မင္နီဆိုးတားျပည္နယ္တြင္ က်င္းပခဲ့ေသာ မဲဆြယ္စည္းရံုးေရးအတြက္ ကလိဗ္လန္းျမိဳ ႔သို႔ Air Force One ေလယာဥ္ျဖင့္ အတူတူ သြားေရာက္ခဲ့ၾကသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese state media mocks Trump's positive virus test: 'Paid the price for his gamble to play down' pandemic (MSN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service