ကိုရိုနာဗိုင်းရပ်စ်မှာ အရေးမပါသည့်အရာဟုပြောခဲ့သည့် ဗြိတိန်နိုင်ငံသား

ကိုရိုနာဗိုင်းရပ်စ်မှာ အရေးမပါသည့်အရာဟုပြောခဲ့သည့် ဗြိတိန်နိုင်ငံသား - Property News in Myanmar from iMyanmarHouse.com
29 Sep 2020 11:32 am တွင် တင်ခဲ့သည်
41426 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်သည် ေ - ာက်ရေးမပါသည့်အရာဟု ယူဆခဲ့သည့် ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တစ်ဦးသည် ယခုအခါ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ရောက်ရှိနေပြီဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဗြိတိန်နိုင်ငံသား ခရစ် ဂရေးလေးက သူ့အား ရောဂါကူးစက်ဖွယ်မရှိဟု ယူဆခဲ့သည်။

ခရစ်က အထူးကြပ်မတ်ကုသဆောင် ကုတင်ပေါ်တွင် အောက်ဆီဂျင်ရှူနေရင်းဖြင့် သူပြောလိုသည့်သတင်းစကားကို ဗွီဒီယိုဖိုင် ရိုက်ကူးကာ ပြောကြားခဲ့သည်။

စပိန်နိုင်ငံတွင် အားလပ်ရက်အပန်းဖြေခရီးရောက်ရှိနေစဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကာ ယခုအခါတွင်ကား ဆေးရုံတွင် အောက်ဆီဂျင် mask ဖြင့် အသက်ရှူနေရပြီ ဖြစ်သည်။

အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့၊ Ancoats အရပ်မှ အရောင်းမန်နေဂျာတစ်ဦးဖြစ်သူ ခရစ်တွင် မည်သည့် ရောဂါအခံမျှ မရှိခဲ့။ ခရစ္စက ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်ကို ေ - ာက်ရေးမပါသည့်အရာဟု ပထမဆုံးပြောခဲ့သူဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ယခုအခါတွင်မူ သူ၏အမြင်များ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ခရစ်က လူငယ်များကို သူ၏အမှားမှတဆင့် သင်ခန်းစာယူကြစေရန်နှင့် ဗိုင်းရပ်စ်အန္တရာယ်ကို အထူးသတိထားကြရန် ပြောကြားလိုခြင်း ဖြစ်သည်။

ဗွီဒီယိုဖိုင်ထဲတွင် အသက်ကို ခက်ခက်ခဲခဲ အသက်ရှူနေရသော ခရစ်က “Tenerife မှာ ကျွန်တော်ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။ ကျွန်တော့်ကို ရောဂါမကူးနိုင်လောက်ဖူးလို့ ယူဆပြီး mask မတပ်ခဲ့ပါဘူး။” ဟု ပြောကြားထားသည်။

(မှတ်ချက်။ Canary ကျွန်းစုသည် စပိန်ပိုင်ဖြစ်ပြီး အာဖရိကတိုက်၏ အနောက်မြောက်ဘက် မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တည်ရှိသည်။ Tenerife ကျွန်းသည် Canary ကျွန်းစုတွင် အကြီးဆုံးကျွန်းတစ်ခု ဖြစ်သည်။)

“ဒီအတွက် အခုကျွန်တော်ပြန်ပြီး ပေးဆပ်နေရတာဖြစ်ပါတယ်။ ကျွန်တော့်မှာ ရောဂါအခံ မရှိပါဘူး။ ကျွန်တော့်လို အမှားမျိုး ဘယ်သူမှ ထပ်မဖြစ်စေချင်ပါဘူး”

“အခု ကျွန်တော် အထူးကြပ်မတ်ကုသဆောင်ထဲမှာပါ။ ကုသမှုတွေ ဆက်လက်ခံယူဖို့ စောင့်ဆိုင်းနေရပါတယ်”

“ကျွန်တော်ပေးတဲ့ ဒီသတင်းစကားကို ခင်ဗျားတို့ အလေးထားလက်ခံကြစေချင်ပါတယ်။ ဒီရောဂါက လူတိုင်းဖြစ်နိုင်ပါတယ်။ ကျေးဇူးပြုပြီး ဂရုစိုက်ကြပါ”

ခရစ်သည် လန်ဒန်မြို့ အနောက်မြောက်ဘက် Watford အရပ်ရှိ ဆေးရုံကုတင်ပေါ်မှ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင် လုပ်ငန်းစီမံကိန်းတစ်ခုအတွက် အခြေစိုက်နေခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း Canary ကျွန်းတွင် အားလပ်ရက်သွားရောက်စဉ် နေမကောင်းဖြစ်ခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီး ပြင်းထန်သည့် အဆုပ်ရောင်ဝေဒနာ ခံစားခဲ့ရကြောင်း ခရစ်က ပြောပြသည်။

“အားလပ်ရက်မှာ တချိန်လုံး နေမကောင်းဖြစ်နေခဲ့တယ်။ ခံတွင်းပျက်၊ အနံ့ပျောက်ပြီး ဇောချွေးတွေပြန်တယ်” ခရစ်က ပြောကြားရာတွင် အိမ်ပြန်လာချိန်တွင် အခြေအနေပိုမိုဆိုးရွားလာသောကြောင့် တနင်္ဂနွေနေ့ နံနက်တွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အခြေအနေကောင်းပြီဟု ယူဆခဲ့သည်။

သို့သော် အင်္ဂါနေ့ နံနက်တွင် အခြေအနေဆိုးရွားလာပြန်ကာ ဆေးရုံရှိ ကိုဗစ်ကုသဆောင်သို့ ရောက်ရှိသွားတော့သည်။ လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သည့် ဗွီဒီယိုဖိုင်အတွင်း ခရစ်က ဆက်လက်ပြောကြားရာတွင် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ဝေဒနာ ခံစားခဲ့ရပုံမှာ ငရဲပြည်ရောက်နေသကဲ့သို့ ခံစားရပြီး လက်လျှော့လိုက်ရန် အသင့်ဖြစ်နေခဲ့ကြောင်း ပြောကြားသည်။

“ကျွန်တော် အသက်ရှူလို့မရ၊ လမ်းလျှောက်မရ၊ လှုပ်မရနဲ့..ကျွန်တော်ဟာ ဖုတ်ကောင်လို ဖြစ်နေခဲ့တယ်။ ပဋိဇီဝဆေး ၄ မျိုး၊ စတီးရွိုက်ဆေးတွေ သောက်နေရပြီး အောက်ဆီဂျင်ကို ၂၄ နာရီလုံး တပ်ထားရပါတယ်။ လက်မှာဆိုလည်း ဆေးသမား တစ်ယောက်လိုမျိုး ဇကာပေါက် ဖြစ်နေပါပြီ”

“ကျွန်တော် ဒါတွေကို ဘာကြောင့် ပြောပြနေရလဲဆိုတော့ အရင်တုန်းက ကျွန်တော်ဟာ ဗိုင်းရပ်စ်ဆိုတာ ေ- ာက်ရေးမပါတဲ့ဟာ။ ငါတို့က အသက်ငယ်တယ်။ မကူးနိုင်ဘူး။ ဒါက ပြင်းထန်တဲ့ တုပ်ကွေးတစ်မျိုးပဲဖြစ်တယ်။ အစိုးရရဲ့ အကြံတွေ ဘာညာ..လျှောက်ပြောခဲ့တာ။ တကယ်တော့ မှားပါတယ်”

“ဒါဟာ တကယ်ဖြစ်နေတာပါ။ ဒီရောဂါက လူတိုင်းကို ကူးနိုင်ပါတယ်။ ကျွန်တော်ဟာ အသက် ၂၉ နှစ်အရွယ်ဖြစ်ပြီး ရောဂါအခံ မရှိပါဘူး။ ဒီရောဂါက သိပ်ကိုဆိုးပါတယ်။ ကျေးဇူး… ကျေးဇူးပြုပြီးတော့ နိုးထကြပါတော့။ ဂရုမစိုက်ဘဲ အပြင်ထွက်မယ်ဆိုတဲ့ လူငယ်တွေအနေနဲ့ ကျွန်တော့်ပုံကို ကြည့်ပြီး သတိပြုစေချင်ပါတယ်။ သူတို့အနေနဲ့လည်း ဒီလိုဖြစ်လာနိုင်တယ်လို့ တွေးထားစေလိုပါတယ်”

ခရစ်က ဆက်လက်ပြောကြားရာတွင် ဘဝဟူသည်မှာ တိုတောင်းလွန်းကြောင်း၊ အသက်ကို မစွန့်စားသင့်ကြောင်း၊ အခြားသူများအနေဖြင့် မိမိပြုလုပ်မိခဲ့သည့်အမှားမျိုး ထပ်တူမလုပ်စေလိုကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Brit, 29, thought ‘coronavirus was bull***t’ but is now ‘paying the price’ (Metro)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္မွာ အေရးမပါသည့္အရာဟုေျပာခဲ့သည့္ ျဗိတိန္ႏိုင္ငံသား

ကိုရိုနာဗိုင္းရပ္စ္သည္ ေ - ာက္ေရးမပါသည့္အရာဟု ယူဆခဲ့သည့္ ျဗိတိန္ႏိုင္ငံသား ကမၻာလွည့္ခရီးသည္တစ္ဦးသည္ ယခုအခါ အထူးၾကပ္မတ္ကုသေဆာင္ (ICU) တြင္ ေရာက္ရွိေနျပီျဖစ္သည္။

အသက္ ၂၉ ႏွစ္အရြယ္ရွိ ျဗိတိန္ႏိုင္ငံသား ခရစ္ ဂေရးေလးက သူ႔အား ေရာဂါကူးစက္ဖြယ္မရွိဟု ယူဆခဲ့သည္။

ခရစ္က အထူးၾကပ္မတ္ကုသေဆာင္ ကုတင္ေပၚတြင္ ေအာက္ဆီဂ်င္ရွဴေနရင္းျဖင့္ သူေျပာလိုသည့္သတင္းစကားကို ဗြီဒီယိုဖိုင္ ရိုက္ကူးကာ ေျပာၾကားခဲ့သည္။

စပိန္ႏိုင္ငံတြင္ အားလပ္ရက္အပန္းေျဖခရီးေရာက္ရွိေနစဥ္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရကာ ယခုအခါတြင္ကား ေဆးရံုတြင္ ေအာက္ဆီဂ်င္ mask ျဖင့္ အသက္ရွဴေနရျပီ ျဖစ္သည္။

အဂၤလန္ႏိုင္ငံ၊ မန္ခ်က္စတာျမိဳ ႔၊ Ancoats အရပ္မွ အေရာင္းမန္ေနဂ်ာတစ္ဦးျဖစ္သူ ခရစ္တြင္ မည္သည့္ ေရာဂါအခံမွ် မရွိခဲ့။ ခရစၥက ေျပာၾကားရာတြင္ ကိုရိုနာဗိုင္းရပ္စ္ကို ေ - ာက္ေရးမပါသည့္အရာဟု ပထမဆံုးေျပာခဲ့သူျဖစ္ေၾကာင္း ဝန္ခံေျပာၾကားခဲ့သည္။

ယခုအခါတြင္မူ သူ၏အျမင္မ်ား ေျပာင္းလဲသြားခဲ့ျပီျဖစ္သည္။ ခရစ္က လူငယ္မ်ားကို သူ၏အမွားမွတဆင့္ သင္ခန္းစာယူၾကေစရန္ႏွင့္ ဗိုင္းရပ္စ္အႏၱရာယ္ကို အထူးသတိထားၾကရန္ ေျပာၾကားလိုျခင္း ျဖစ္သည္။

ဗီြဒီယိုဖိုင္ထဲတြင္ အသက္ကို ခက္ခက္ခဲခဲ အသက္ရွဴေနရေသာ ခရစ္က “Tenerife မွာ ကၽြန္ေတာ္ဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရပါတယ္။ ကၽြန္ေတာ့္ကို ေရာဂါမကူးႏိုင္ေလာက္ဖူးလို႔ ယူဆျပီး mask မတပ္ခဲ့ပါဘူး။” ဟု ေျပာၾကားထားသည္။

(မွတ္ခ်က္။ Canary ကၽြန္းစုသည္ စပိန္ပိုင္ျဖစ္ျပီး အာဖရိကတိုက္၏ အေနာက္ေျမာက္ဘက္ ေျမာက္အတၱလႏၱိတ္သမုဒၵရာအတြင္း တည္ရွိသည္။ Tenerife ကၽြန္းသည္ Canary ကၽြန္းစုတြင္ အၾကီးဆံုးကၽြန္းတစ္ခု ျဖစ္သည္။)

“ဒီအတြက္ အခုကၽြန္ေတာ္ျပန္ျပီး ေပးဆပ္ေနရတာျဖစ္ပါတယ္။ ကၽြန္ေတာ့္မွာ ေရာဂါအခံ မရွိပါဘူး။ ကၽြန္ေတာ့္လို အမွားမ်ဳိး ဘယ္သူမွ ထပ္မျဖစ္ေစခ်င္ပါဘူး”

“အခု ကၽြန္ေတာ္ အထူးၾကပ္မတ္ကုသေဆာင္ထဲမွာပါ။ ကုသမႈေတြ ဆက္လက္ခံယူဖို႔ ေစာင့္ဆိုင္းေနရပါတယ္”

“ကၽြန္ေတာ္ေပးတဲ့ ဒီသတင္းစကားကို ခင္ဗ်ားတို႔ အေလးထားလက္ခံၾကေစခ်င္ပါတယ္။ ဒီေရာဂါက လူတိုင္းျဖစ္ႏိုင္ပါတယ္။ ေက်းဇူးျပဳျပီး ဂရုစိုက္ၾကပါ”

ခရစ္သည္ လန္ဒန္ျမိဳ ႔ အေနာက္ေျမာက္ဘက္ Watford အရပ္ရိွ ေဆးရံုကုတင္ေပၚမွ ေျပာၾကားခဲ့ျခင္းျဖစ္ျပီး ထိုေနရာတြင္ လုပ္ငန္းစီမံကိန္းတစ္ခုအတြက္ အေျခစိုက္ေနခဲ့ျခင္း ျဖစ္သည္။

ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း Canary ကၽြန္းတြင္ အားလပ္ရက္သြားေရာက္စဥ္ ေနမေကာင္းျဖစ္ခဲ့ေၾကာင္း၊ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိျပီး ျပင္းထန္သည့္ အဆုပ္ေရာင္ေဝဒနာ ခံစားခဲ့ရေၾကာင္း ခရစ္က ေျပာျပသည္။

“အားလပ္ရက္မွာ တခ်ိန္လံုး ေနမေကာင္းျဖစ္ေနခဲ့တယ္။ ခံတြင္းပ်က္၊ အနံ႔ေပ်ာက္ျပီး ေဇာေခၽြးေတြျပန္တယ္” ခရစ္က ေျပာၾကားရာတြင္ အိမ္ျပန္လာခ်ိန္တြင္ အေျခအေနပိုမိုဆိုးရြားလာေသာေၾကာင့္ တနဂၤေႏြေန႔ နံနက္တြင္ စမ္းသပ္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ျပီး အေျခအေနေကာင္းျပီဟု ယူဆခဲ့သည္။

သို႔ေသာ္ အဂၤ ါေန႔ နံနက္တြင္ အေျခအေနဆိုးရြားလာျပန္ကာ ေဆးရံုရွိ ကိုဗစ္ကုသေဆာင္သို႔ ေရာက္ရွိသြားေတာ့သည္။ လူမႈကြန္ရက္တြင္ လႊင့္တင္ခဲ့သည့္ ဗြီဒီယိုဖိုင္အတြင္း ခရစ္က ဆက္လက္ေျပာၾကားရာတြင္ ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ေဝဒနာ ခံစားခဲ့ရပံုမွာ ငရဲျပည္ေရာက္ေနသကဲ့သုိ႔ ခံစားရျပီး လက္ေလွ်ာ့လိုက္ရန္ အသင့္ျဖစ္ေနခဲ့ေၾကာင္း ေျပာၾကားသည္။

“ကၽြန္ေတာ္ အသက္ရွဴလို႔မရ၊ လမ္းေလွ်ာက္မရ၊ လႈပ္မရနဲ႔..ကၽြန္ေတာ္ဟာ ဖုတ္ေကာင္လို ျဖစ္ေနခဲ့တယ္။ ပဋိဇီဝေဆး ၄ မ်ဳိး၊ စတီးရြိဳက္ေဆးေတြ ေသာက္ေနရျပီး ေအာက္ဆီဂ်င္ကို ၂၄ နာရီလံုး တပ္ထားရပါတယ္။ လက္မွာဆိုလည္း ေဆးသမား တစ္ေယာက္လိုမ်ဳိး ဇကာေပါက္ ျဖစ္ေနပါျပီ”

“ကၽြန္ေတာ္ ဒါေတြကို ဘာေၾကာင့္ ေျပာျပေနရလဲဆိုေတာ့ အရင္တုန္းက ကၽြန္ေတာ္ဟာ ဗိုင္းရပ္စ္ဆိုတာ ေ- ာက္ေရးမပါတဲ့ဟာ။ ငါတို႔က အသက္ငယ္တယ္။ မကူးႏိုင္ဘူး။ ဒါက ျပင္းထန္တဲ့ တုပ္ေကြးတစ္မ်ဳိးပဲျဖစ္တယ္။ အစိုးရရဲ ႔ အၾကံေတြ ဘာညာ..ေလွ်ာက္ေျပာခဲ့တာ။ တကယ္ေတာ့ မွားပါတယ္”

“ဒါဟာ တကယ္ျဖစ္ေနတာပါ။ ဒီေရာဂါက လူတိုင္းကို ကူးႏိုင္ပါတယ္။ ကၽြန္ေတာ္ဟာ အသက္ ၂၉ ႏွစ္အရြယ္ျဖစ္ျပီး ေရာဂါအခံ မရွိပါဘူး။ ဒီေရာဂါက သိပ္ကိုဆိုးပါတယ္။ ေက်းဇူး… ေက်းဇူးျပဳျပီးေတာ့ ႏိုးထၾကပါေတာ့။ ဂရုမစိုက္ဘဲ အျပင္ထြက္မယ္ဆိုတဲ့ လူငယ္ေတြအေနနဲ႔ ကၽြန္ေတာ့္ပံုကို ၾကည့္ျပီး သတိျပဳေစခ်င္ပါတယ္။ သူတို႔အေနနဲ႔လည္း ဒီလိုျဖစ္လာႏိုင္တယ္လို႔ ေတြးထားေစလိုပါတယ္”

ခရစ္က ဆက္လက္ေျပာၾကားရာတြင္ ဘဝဟူသည္မွာ တိုေတာင္းလြန္းေၾကာင္း၊ အသက္ကို မစြန္႔စားသင့္ေၾကာင္း၊ အျခားသူမ်ားအေနျဖင့္ မိမိျပဳလုပ္မိခဲ့သည့္အမွားမ်ဳိး ထပ္တူမလုပ္ေစလိုေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Brit, 29, thought ‘coronavirus was bull***t’ but is now ‘paying the price’ (Metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service