အခွန်မဆောင်ထားသည့် ငွေဖြင့် သိန်း ၁၀၀၀ကျော်တန် အိမ်ခြံမြေ၊တိုက်ခန်းဝယ်ယူလျှင် အောက်တိုဘာ ၁ရက်ကစပြီး အခွန် ၁၀ ရာခိုင်နှုန်း ကျသင့်မည်

အခွန်မဆောင်ထားသည့် ငွေဖြင့် သိန်း ၁၀၀၀ကျော်တန် အိမ်ခြံမြေ၊တိုက်ခန်းဝယ်ယူလျှင် အောက်တိုဘာ ၁ရက်ကစပြီး အခွန် ၁၀ ရာခိုင်နှုန်း ကျသင့်မည် - Property News in Myanmar from iMyanmarHouse.com
28 Sep 2020 11:18 am တွင် တင်ခဲ့သည်
2369 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အခွန်မဆောင်မထားသည့်ငွေဖြင့် သိန်း ၁၀၀၀ကျော်တန်အိမ်နှင့်တိုက်ခန်းဝယ်ယူပါက အောက်တိုဘာ ၁ ရက်မှစတင်ပြီး အခွန် ၁၀ ရာခိုင်နှုန်းကျသင့်တော့မည်ဖြစ်သည်ဟု ၂၀၁၉ ပြည်ထောင်စု အခွန်ကောက်ဥပဒေတွင်ဖော်ပြထားသည်။

ထိုဥပဒေတွင် စည်းကျပ်မှုမှ ကင်းလွတ်နေသည့်ငွေဖြင့် တိုက်ခန်းနှင့် အိမ်ခြံမြေဝယ်ယူပါက သိန်းတစ်ထောင်ကျော် မှ သိန်း သုံးထောင်ကြား အခွန် ၁၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်သည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။

သို့သော် သိန်းတစ်ထောင်အောက် အိမ်ခြံမြေ၊တိုက်ခန်းများအတွက်သည် အခွန် ၆ ရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဟု ဥပဒေက ပြဌာန်းထားသည်။

သိန်း ၃၀၀၀ နှင့် သိန်း ၃၀၀၀၀ကြားကို အခွန် ၂၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်သည်။ ထိုထက်ပိုပါက အခွန် ၃၀ ရာခိုင်နှုန်းဖြစ်သည်။ ထိုအခွန်နှုန်းထားသည် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အစဖြစ်သည့် ၂၀၂၀ အောက်တိုဘာ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

စည်းကျပ်မှုမှ ကင်းလွတ်နေသည့် ငွေကြေးဆိုသည်မှာ အခွန်မဆောင်ထားသည့် ငွေကြေးဖြစ်သည်။ ယခုအချိန်စက်တင်ဘာလကုန်အထိ အခွန်မဆောင်ထားသည့် ငွေကြေးများဖြင့် ဝယ်ယူပါက သိန်းတစ်ထောင်အောက်ကို အခွန် ၃ ရာခိုင်နှုန်း၊ သိန်း သုံးထောင်ထိကို အခွန် ၅ ရာခိုင်နှုန်း၊ သိန်းတစ်သောင်းအထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း သုံးသောင်းအထိကို အခွန် ၁၅ ရာခိုင်နှုန်းနှင့် ထိုအထက်ကို ၃၀ ရာခိုင်နှုန်း စသည့်ဖြင့် အလွှာလိုက် အခွန်ဆောင်ခိုင်းခြင်းဖြစ်သည်။

အခွန်မဆောင်ထားသည့် ငွေကြေးများဖြင့် အိမ်၊ခြံမြေ၊ကားစသည့်တိုဝယ်ယူရာတွင် အခွန် ၃၀ ရာခိုင်နှုန်း တပြေးညီဆောင်ရမည်ဟု အစိုးရက လွှတ်တော်ကို တင်ပြသည့် ပြည်ထောင်စုအခွန်ကောက် ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

အခွန်နှုန်းထား ဖြေလျှော့ ပေးခြင်းသည် ငွေကြေးခဝါချမှုကို အားပေးသကဲ့သို့ဖြစ်နေပြီး အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် အကဲခတ်ရာတွင်လည်း ရလဒ်ပိုင်း ဆိုးရွားစေခဲ့သဖြင့် အခွန်သက်သာခွင့်ကို ပယ်ဖျက်ရခြင်းဟု စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင် ၁၃ ရက် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားထားသည်။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးစာရင်းတွင် ၂၀၁၆ ၌ မီးခိုးရောင်အဆင့်မှ လွတ်ခဲ့သော်လည်း ၂၀၁၉ တွင် ယင်းအဆင့်သို့ပြန်လည်ရောက်ရှိခဲ့သည်။

COVID-19 ကပ်ရောဂါ ဖြစ်နေချိန် အစိုးရက ခွင့်ပြုပေးထားသော ဝင်ငွေခွန်သက်သာခွင့်ကို လာမည့် ဘဏ္ဍာနှစ်တွင် ပယ်ဖျက်မည့် အစိုးရ၏အစီအစဉ်ကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအကြား ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ထိုကြောင့် လွှတ်တော်က အထက်ပါနှုန်းထားကို ပြန်လည်ပြင်ဆင်ပေးခဲ့ပြီး ပြည်ထောင်စုအစိုးရက ထိုနှုန်းထားများကို လိုအပ်သလို ပြင်ဆင်ခွင့်ကိုလည်း လွှတ်တော်က ခွင့်ပြုပေးခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အခြန္မေဆာင္ထားသည့္ ေငြျဖင့္ သိန္း ၁၀၀၀ေက်ာ္တန္ အိမ္ျခံေျမ၊တိုက္ခန္းဝယ္ယူလွ်င္ ေအာက္တိုဘာ ၁ရက္ကစၿပီး အခြန္ ၁၀ ရာခိုင္ႏႈန္း က်သင့္မည္

အခြန္မေဆာင္မထားသည့္ေငြျဖင့္ သိန္း ၁၀၀၀ေက်ာ္တန္အိမ္ႏွင့္တိုက္ခန္းဝယ္ယူပါက ေအာက္တိုဘာ ၁ ရက္မွစတင္ၿပီး အခြန္ ၁၀ ရာခိုင္ႏႈန္းက်သင့္ေတာ့မည္ျဖစ္သည္ဟု ၂၀၁၉ ျပည္ေထာင္စု အခြန္ေကာက္ဥပေဒတြင္ေဖာ္ျပထားသည္။

ထိုဥပေဒတြင္ စည္းက်ပ္မႈမွ ကင္းလြတ္ေနသည့္ေငြျဖင့္ တိုက္ခန္းႏွင့္ အိမ္ျခံေျမဝယ္ယူပါက သိန္းတစ္ေထာင္ေက်ာ္ မွ သိန္း သုံးေထာင္ၾကား အခြန္ ၁၀ ရာခိုင္ႏႈန္းေပးေဆာင္ရမည္ျဖစ္သည္ဟု ျပဌာန္းထားျခင္းျဖစ္သည္။

သို႔ေသာ္ သိန္းတစ္ေထာင္ေအာက္ အိမ္ျခံေျမ၊တိုက္ခန္းမ်ားအတြက္သည္ အခြန္ ၆ ရာခိုင္ႏႈန္းသာ ေပးေဆာင္ရမည္ဟု ဥပေဒက ျပဌာန္းထားသည္။

သိန္း ၃၀၀၀ ႏွင့္ သိန္း ၃၀၀၀၀ၾကားကို အခြန္ ၂၀ ရာခိုင္ႏႈန္းေပးေဆာင္ရမည္ျဖစ္သည္။ ထိုထက္ပိုပါက အခြန္ ၃၀ ရာခိုင္ႏႈန္းျဖစ္သည္။ ထိုအခြန္ႏႈန္းထားသည္ ၂၀၂၀-၂၁ ဘ႑ာေရးႏွစ္ အစျဖစ္သည့္ ၂၀၂၀ ေအာက္တိုဘာ ၁ ရက္တြင္ စတင္အသက္ဝင္မည္ျဖစ္သည္။

စည္းက်ပ္မႈမွ ကင္းလြတ္ေနသည့္ ေငြေၾကးဆိုသည္မွာ အခြန္မေဆာင္ထားသည့္ ေငြေၾကးျဖစ္သည္။ ယခုအခ်ိန္စက္တင္ဘာလကုန္အထိ အခြန္မေဆာင္ထားသည့္ ေငြေၾကးမ်ားျဖင့္ ဝယ္ယူပါက သိန္းတစ္ေထာင္ေအာက္ကို အခြန္ ၃ ရာခိုင္ႏႈန္း၊ သိန္း သုံးေထာင္ထိကို အခြန္ ၅ ရာခိုင္ႏႈန္း၊ သိန္းတစ္ေသာင္းအထိကို ၁၀ ရာခိုင္ႏႈန္း၊ သိန္း သုံးေသာင္းအထိကို အခြန္ ၁၅ ရာခိုင္ႏႈန္းႏွင့္ ထိုအထက္ကို ၃၀ ရာခိုင္ႏႈန္း စသည့္ျဖင့္ အလႊာလိုက္ အခြန္ေဆာင္ခိုင္းျခင္းျဖစ္သည္။

အခြန္မေဆာင္ထားသည့္ ေငြေၾကးမ်ားျဖင့္ အိမ္၊ျခံေျမ၊ကားစသည့္တိုဝယ္ယူရာတြင္ အခြန္ ၃၀ ရာခိုင္ႏႈန္း တေျပးညီေဆာင္ရမည္ဟု အစိုးရက လႊတ္ေတာ္ကို တင္ျပသည့္ ျပည္ေထာင္စုအခြန္ေကာက္ ဥပေဒၾကမ္းတြင္ ေဖာ္ျပထားသည္။

အခြန္ႏႈန္းထား ေျဖေလွ်ာ့ ေပးျခင္းသည္ ေငြေၾကးခဝါခ်မႈကို အားေပးသကဲ့သို႔ျဖစ္ေနၿပီး အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္း အျပန္အလွန္ အကဲခတ္ရာတြင္လည္း ရလဒ္ပိုင္း ဆိုး႐ြားေစခဲ့သျဖင့္ အခြန္သက္သာခြင့္ကို ပယ္ဖ်က္ရျခင္းဟု စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ဇူလိုင္ ၁၃ ရက္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေျပာၾကားထားသည္။

ျမန္မာႏိုင္ငံသည္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးစာရင္းတြင္ ၂၀၁၆ ၌ မီးခိုးေရာင္အဆင့္မွ လြတ္ခဲ့ေသာ္လည္း ၂၀၁၉ တြင္ ယင္းအဆင့္သို႔ျပန္လည္ေရာက္႐ွိခဲ့သည္။

COVID-19 ကပ္ေရာဂါ ျဖစ္ေနခ်ိန္ အစိုးရက ခြင့္ျပဳေပးထားေသာ ဝင္ေငြခြန္သက္သာခြင့္ကို လာမည့္ ဘ႑ာႏွစ္တြင္ ပယ္ဖ်က္မည့္ အစိုးရ၏အစီအစဥ္ကို ျပည္တြင္းစီးပြားေရးလုပ္ငန္း႐ွင္မ်ားအၾကား ေဝဖန္မႈမ်ား ထြက္ေပၚလာခဲ့သည္။

ထိုေၾကာင့္ လႊတ္ေတာ္က အထက္ပါႏႈန္းထားကို ျပန္လည္ျပင္ဆင္ေပးခဲ့ၿပီး ျပည္ေထာင္စုအစိုးရက ထိုႏႈန္းထားမ်ားကို လိုအပ္သလို ျပင္ဆင္ခြင့္ကိုလည္း လႊတ္ေတာ္က ခြင့္ျပဳေပးခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service